#မု၀မ်အာ၏အကြံဉာဏ်က တိုက်ပွဲအရှိန်ကို ပြောင်းလဲပစ်တယ်#
Vol. 23 Ch. 332
ယခု နင်းချန်ရှင်းတွင် သိုင်းဧကရာဇ်နယ်ပယ် အလယ်အလတ်အဆင့်ခွန်အားရှိသည်။
သို့သော် အကယ်၍ဤမျှသာဆိုပါက ကျန်သောသူများအဖို့ ဤမျက်နှာစိမ်းမွန်းစတားသုံးကောင်ကို ရင်ဆိုင်ရခြင်းဖြင့် သူတို့ထဲကတယောက်ကိုပင် အလွယ်တကူသတ်ပစ်နိုင်မည်မဟုတ်။
ဤမျက်နှာစိမ်းမွန်းစတားသုံးကောင်ကို ရင်ဆိုင်ရစဉ် နင်ချန်ရှင်းကဲ့သို့ တစ်ယောက်ကိုပင် အလွယ်တကူ မဖမ်းနိုင်လေရာ တစ်ဦးနှင့်တစ်ဦးယှဉ်ပြိုင်ရာ၌ အခြေအနေကိုသာ ထိန်းသိမ်းထားနိုင်သည်။
ထို့ကြောင့်လည်း ဧကရာဇ်မင်းဆရာ၊ ခုန်ကျန်းရန်နှင့် တခြားသူများက တချိန်လုံး ဖိနှိပ်ခံနေရသည်။
ဤအချက်ကြောင့် နင်းချန်ရှင်း၏တာအိုဝါဒ၌ ဤမိစ္ဆာအုပ်စုပေါ်၌ ထိန်းချုပ်နိုင်သည့် သက်ရောက်မှုတခုရှိနေခြင်းပင်။
နင်းချန်ရှင်း ဗိုလ်ချုပ်ကြီးကို ဆက်လက်ထိန်းချုပ်နေပြီး ခရမ်းရောင်မိုးကြိုးဖြင့် ၀န်းရံစေကာ ကျန်သော မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူနှစ်ဦးထံ ပြေး၀င်သွားစေသည်။
နောက်တွင် မု၀မ်အာက တိုက်ခိုက်ခြင်းမရှိသော်လည်း အသုံးမကျတာတော့မဟုတ်ပေ။
သူမက လက်စွပ်ထဲက ဆေးလုံးများကို ကျင့်ကြံသူများလက်ထဲသို့ ပစ်ပေးနေခဲ့သည်။
အကယ်၍ တစ်ယောက်ယောက်က အော်ရာအများကြီး သုံးစွဲမိသွားပါက ပြန်လည်ကုသပေးသည့်ဆေးလုံးတချို့ ပစ်ပေးလိုက်သည်။
အကယ်၍ ခွန်အားကတူညီပါက ထိုနေရာသို့ အပိုဆေးလုံးများပစ်ပေးလိုက်သည်။
သို့စေကာမူ လူများလှသည့်အတွက် မု၀မ်အာနှစ်ခုစလုံးကို မကိုင်တွယ်နိုင်ချေ။
ဤသည်ကို တွေးမိသောအခါ မု၀မ်သးအု အဂ္ဂိရတ်ဆေးပြင်းဖိုကို ထုတ်ယူကာ ထိုနေရာ၌ ချက်ချင်းပင် ဆေးလုံးကို သန့်စင်တော့သည်။
တစ်ဦးချင်းစီအတွက်အသုံးပြုသည့် ဆေးလုံးက လူတိုင်းအတွက် အသုံးမ၀င်လေရာ တစ်ဖွဲ့လုံးအတွက် အပိုဆေးလုံးကို သန့်စင်ပါကရော မည်သို့ဖြစ်မည်နည်း။
အပိုင်းများစွာခွဲထုတ်ပစ်ရမည်လား!
မဟုတ်ဘူး၊ ဒါက အရင်ကနဲ့ ဘာမှမခြားနားဘူး!
ဒါဆိုအသေးငယ်ဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ!
ရှုသွင်းနေသရွေ့ အပိုဆုတစ်ခုရနိုင်မယ်၊ ဒါကပိုမကောင်းဘူးလား!
ဤသည်ကိုတွေးမိသောအခါ မု၀မ်အာ၏မျက်လုံးများက တိကျသည့်အချက်ကို ဖမ်းဆုပ်မိသွားသည့်အလား လင်း၀င်းသွားသည်။
မိစ္ဆာအရာများ၏စုပ်ယူခြင်းကနေ ကာကွယ်တားဆီးရန်လည်း လိုအပ်ပြီး တချိန်တည်းမှာပင် အပိုဆုလည်းရှိရပေမည်။
နင်းချန်ရှင်းတာအိုဝါဒကို တွေးမိစဉ် ထို့ထဲတွင် မိစ္ဆာအရာများပေါ်၌ ထိန်းချုပ်ခြင်းသက်ရောက်မှုတခုရှိသည်။
ထို့နောက်သူမအော်ဟစ်လိုက်သည်။
"အစ်ကိုချန်ရှင်း၊ ထွက်သက်လေကို အသုံးပြုလိုက်"
ဤသည်ကိုကြားသောအခါ နင်းချန်ရှင်းနှလုံးသားကို ထောက်လိုက်စဉ် ဗုဒ္ဓစွမ်းအင်စီးကြောင်းတခုက မု၀မ်အာ၏ အဂ္ဂိရတ် ဆေးပြင်းဖို၌ စုဝေးလာသည်။
မု၀မ်အာ စတင်ဆေးလုံးဖန်တီးလေတော့သည်။
ဆေးလုံးဖန်တီးမှုဖြစ်စဉ်၌ သူမက အကြံဆိုးတစ်ချို့ကို တွေးမိသွားသည့်အလား ရွှတ်နောက်နောက်ပြုံးလိုက်လေသည်။
ထိုအချိန်တွင် မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူနှစ်ယောက်ကို ရင်ဆိုင်ရင်း နင်းချန်ရှင်း၏ ဖိအားက ပြင်းထန်စွာကျဆင်းသွားသည်။
ဗိုလ်ချုပ်ကြီးက ခရမ်းရောင်မိုးကြိုးများဖြင့် ၀န်းရွထားသည့် ကောင်းကင်တောသေနတ်ကိုကိုင်ကာ မိစ္ဆာနှင်အခင်းအကျင်းကို စီမံရင်း ပစ်လွှတ်လိုက်လေသည်။
မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူနှစ်ယောက်၏ မျက်နှာများက အကြီးအကျယ်ပြောင်းလဲသွားကြပြီး ထိုးနှက်ပြီးနောက် အလျင်အမြန် ဆုတ်သွားကြသည်။
သို့သော် မိစ္ဆာနှင်ခရမ်းရောင်မိုးကြိုး၏ သက်ရောက်မှုကို ခံနေရဆဲပင်။
မျက်နှာစိမ်းမိစ္ဆာနှစ်ယောက်က ပါးစပ်ကနေ မီးခိုးရောင်သွေးများ အန်လိုက်ကြသည်။
ထိုသွေး၌ မိစ္ဆာဝိဉာဉ်များက လှိုင်းထနေသည်။
မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူတစ်ယောက်က အခြေအနေမကောင်းတော့သည်ကို တွေ့လိုက်ရသဖြင့် အော်ဟစ်လိုက်သည်။
"မြန်မြန်ရင်ဆိုင်ကြ၊ ဒီမှာ ကောက်ရိုးပင်ကြီးတစ်ပင်ရှိနေတယ်"
ထိုစကားလုံးများကိုကြားပြီးနောက်တွင် ကျန်သောမျက်နှာစိမ်းမိစ္ဆာကျင့်ကြံသုများက သူတို့၏တိုက်ခိုက်မှုကို တိုးမြှင့်လိုက်သည်။
သူတို့ထဲတွင် ခုန်ကျန်းဟန်နှင့်ကျန်သောသိုင်းဧကရာဇ်လေးယောက်က ထောက်ကူနိုင်ရန်အတွက် ရုန်းကန်နေရသည်။
နောက်ပိုင်းတွင် မိုးကြိုးကျဆင်းလာသည်။
ဤသည်က မိုးကြိုးကပ်ဘေးပေတည်း။
လူတိုင်းထိတ်လန့်သွားကြသည်။
စစ်မြေပြင်၌ ကောင်းကင်ဘုံဆေးလုံးတလုံးကို မည်သူကဖန်တီးလိုက်လေသနည်း။
ဤလူက နောက်ဘက်တွင်ရှိနေသည့် မု၀မ်အာပေတည်း။
မု၀မ်အာက ပျော်ရွှင်မြူးထူးတတ်ပုံပေါ်သော်လည်း သူမ၏အားထုတ်မှုများက စံအိမ်တော်က ထိုတပည့်သားများထက် မနိမ့်ကျဘဲ အဂ္ဂိရတ်ပညာရပ်ကို တိတ်တဆိတ် လေ့ကျင့်နေခဲ့သည်။
ယခုတွင်မူ ဤသည်က ကောင်းကင်ဘုံဆေးလုံးကို သန့်စင်ရန်အတွက်ပင် ဖြစ်နိုင်နေခဲ့ပါပြီ။
မု၀မ်အာ လက်ထဲတွင် ဆေးလုံးနှစ်လုံးကို ညှစ်ထားသည်။ ဤနှစ်လုံးစလုံးက ကောင်းကင်အဆင့်ဖြစ်သည်။
တစ်လုံးကအပြာရောင်ဖြစ်ပြီး ကျန်တစ်လုံးက အဖြူရောင်ဖြစ်သည်။
မု၀မ်အာ အပြာရောင်ဆေးလုံးကိုအရင် ပစ်လွှတ်လိုက်သည်။
ချက်ချင်းဆိုသလို အပြာရောင်ဆေးလုံးက လေထဲတွင် ပေါက်ကွဲသွား၏။ မြူခိုးများက စစ်မြေပြင်ကို ဖုံးလွှမ်းသွားသည်။
ကျင့်ကြံသူများရှူသွင်းလိုက်စဉ် သူတို့အားလုံး လန်းဆန်းလာသလို ခံစားလိုက်ကြရသည်။
ကိုယ်ထဲကအော်ရာများက အလျင်အမြန်ပင် ပြန်လည်သက်သာလာနေကြပြီး တချိန်တည်းမှာပင် လေ့ကျင့်ခန်းများ၏စွမ်းအားကလည်း အဆပေါင်းများစွာ တိုးတက်လာခဲ့သည်။
ဤမြင်ကွင်းကို ခံစားမိသောအခါ ထိုအစွမ်းထက်လူများက ကြောက်လန့်သွားကြသည်။
ကောင်းကင်ဘုံဆေးလုံးတလုံးတွင် အုပ်စုလိုက်သက်ရောက်မှုရှိနိုင်သည်လား!
သို့သော် တဖက်က မိစ္ဆာသတ္တဝါများကလည်း ထိုဆေးလုံး၏အငွေ့များကို ရှူသွင်းလိုက်ကြသည်။
ရုပ်ပိုင်းဆိုင်ရာခွန်အားများက စတင်ကြီးထွားလာကြသည်။
မျက်နှာစိမ်းမွန်းစတားတစ်ကောင်က ကျယ်လောင်စွာရယ်မောလိုက်သည်။
"ဆေးလုံးကကောင်းတယ်ဆိုပေမယ့် ရန်သူရဲ့ခွန်အားကိုပါ အားဖြည့်ပေးတာလား၊ ဒါနဲ့ စွန့်ပစ်လိုက်တဲ့ဆေးနဲ့ ဘာများခြားသွားလဲ"
ထိုစကားလုံးများကို ကြားသောအခါ အစွမ်းထက်လူများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။
နှစ်ဖက်လုံးကတိုးတက်မှုရှိသည်။
အခြေအနေကမပြောင်းလဲသေးပါ။
ဒီအဂ္ဂိရတ်ပညာရှင်က စိတ်ပိုင်းဆိုင်ရာ နေမကောင်းဖြစ်နေတာလားဟ!
ကောင်းကင်ဘုံဆေးလုံးကိုသန့်စင်လိုက်ပေမယ့် အလုပ်မလုပ်ဘူး!
ဟုန်ရင်ပင်လည်း စိတ်ရှုပ်သွားသည်။
ယုတ္တိတန်စွာပြောရမည်ဆိုပါက မု၀မ်အာက သဘာ၀အရ ရွှင်မြူတတ်သော်လည်း သူမက ဤမျှတော့ မတုံးအသင့်ပေ။
မိစ္တာသတ္တဝါအုပ်စုပင်လျှင် လှောင်ပြောင်သည့်အပြုံးများကို ပြသနေသည်။
ဒါပေမယ့် အဂ္ဂိရတ်ပညာနဲ့ပတ်သက်ပြီး ဦးနှောက်မှာ တခုခုမှားယွင်းသွားတာလား!
မု၀မ်အာကမူ ထိုလူများ၏အကြည့်ကို လျစ်လျုရှုထားကာ ဟုန်ရင်ကို ပါးနပ်စွာ တချက်ကြည့်လိုက်သည်။
ဤသည်ကိုမြင်သောအခါ ဟုန်ရင်အနည်းငယ်အံ့ဩသင့်သွားပြီးနောက် ပြုံးကာ ခေါင်းခါယမ်းလိုက်မိသည်။
ကြည့်ရသည်မှာ ဤကောင်မလေးက အကြံဆိုးတချို့ရှိပုံရသည်။
ထို့နောက်ချက်ချင်းဆိုသလို သူမ မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူသုံးယောက်ကို ဆက်လက်တိုက်ခိုက်နေသည်။
ထိုအချိန်တွင် လူတိုင်းက ကြောက်လန့်လှောင်ပြောင်နေသည့်အကြည့်များအောက်တွင် မု၀မ်အာ လက်ထဲက အဖြူရောင်အဆင်းရှိသည့် ကောင်းကင်အဆင့်ဆေးလုံးကို ပစ်လိုက်သည်။
ဆေးလုံးကလူတိုင်း၏ခေါင်းပေါ်သို့ ရောက်သွားကြပြီး ယခင်ကကဲ့သို့ တူညီသည့် မြူခိုးများအဖြစ် ပေါက်ကွဲသွား၏။
အစွမ်းထက်ကျင့်ကြံသူများက သက်ပြင်းချလိုက်ကြသော်လည်း သူတို့မြူခိုးများကို ရှုရှိုက်နေကြဆဲပင်။
အကယ်၍သူတို့သာမြူများကို မစုပ်ယူပါက ဤမိစ္ဆာများကသာ ရှူသွင်းသွားပါက ခွန်အားအရာက လုံး၀ဟန်ချက်ပျက်သွားပေလိမ့်မည်။
မိစ္ဆာများကလည်း အထင်အမြင်သေးစွာ ရယ်မောရင်း ဝေလငါးတကောင်မျိုချနေသည့်အလား ဆေးစွမ်းအားကို အငမ်းမရ စုပ်ယူလိုက်ကြသည်။
သို့သော် များစွာသောမိစ္ဆာများက ဆေးစွမ်းမားက စုပ်ယူလိုက်ကြသည့်အခိုက်အတန့်၌ ရုပ်ပိုင်းဆိုင်ရာကိုယ်က အရင်ကကဲ့သို့ သန်မာလာခြင်းမရှိတော့ဘဲ အဖြူရောင်မီးတောက်များကို စတင် ထုတ်လွှတ်လေတော့သည်။
ထို့နောက် ကိုယ်ခန္ဓာကို ပကတိမျက်စိဖြင့် မြင်နိုင်သည့်အမြန်နှုန်းနှင့် စတင်တိုက်စားပျက်စီးစေသည်။
မိစ္ဆာများအားလုံး ဟစ်ကြွေးကြသည်။
ဘာတွေဖြစ်နေတာလဲ!
အင်အားစုကြီးများက ဤမြင်ကွင်းကို ပဟေဠိဖြစ်နေသည့်အမူအရာဖြင့် ကြည့်နေကြသည်။
အခုဆေးလုံးကြောင့်လား!
ဒါပေမယ့် ဒီဆေးလုံးနှစ်လုံးက တူနေတာ သိသာထင်ရှားနေတာပဲလေ!
မု၀မ်မာသန့်စင်ထားသည့် ဆေးလုံးနှစ်လုံးက ဆေးပြင်းဖိုတစ်ခုတည်းက သန့်စင်ထားခြင်းပင်။
သို့စေကာမူ သူတို့၏မု၀မ်အာ၏ထိန်းချုပ်နိုင်စွမ်းကို လျစ်လျူရှုထားခဲ့ကြသည်။
ယခုတွင်မူ မု၀မ်အာ၏ ကြောက်မက်ဖွယ် ထိန်းချုပ်မှုစွမ်းအားက သူမအား အနည်းငယ် ထွေပြားအောင် လုပ်စေနိုင်ခဲ့ပြီး ဆေးလုံးနှစ်လုံးကို ဆေးပြင်းဖိုတခုတည်းတွင် အနည်းငယ်ပြောင်းလဲအောင် လုပ်စေခဲ့သည်။
ဆေးလုံးတစ်လုံးက လုံး၀ပြုပြင်ထိခိုက်ထားခြင်းမရှိသည့်ဆေးလုံးပင်။
ကျန်တစ်လုံးတွင်မူ နင်းချန်ရှင်းတာအိုဝါဒ၏စွမ်းအားကို ပေါင်းထည့်ထားသည်။
ဤသည်က မိစ္ဆာထိန်းချုပ်နိုင်သည့် သက်ရောက်မှုကို ရရှိအောင်မြင်သွားစေခဲ့သည်။
သို့သော် ဤသည်က သိုင်းဧကရာဇ်နယ်ပယ်က မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူများအပေါ်တွင်မူ သက်ရောက်ခြင်းမရှိ။
သို့စေကာမူ မိစ္ဆာသေးလေးများအပေါ်၌ ကြီးမားသည့် အကျိုးသက်ရောက်မှုတခုရှိသည်။
ယခုတွင်မူ ဤမိစ္ဆာများက ဤဆေး၏ ဆိုးကျိုးအောက်တွင်ပင် တစ်၀က်ကျော်က တိုက်ရိုကိထိခိုက်သွားသည်။
ကြောက်လန့်အောင်လုပ်ပြီးနောက်တွင် အစွမ်းထက်လူများက စတင်ပြန်လည် တိုက်စစ်ဆင်ကြတော့သည်။
တချိန်တည်းမှာပင် နင်းချန်ရှင်းက ဗိုလ်ချုပ်ကြီးကို ထပ်မံထိန်းချုပ်ကာ ထက်ရှသည့်သေနတ်ကိုကိုင်လျက် မျက်နှာစိမ်းမိစ္ဆာသတ္တဝါတကောင်ကို ထိုးဖောက်ပစ်ခဲ့သည်။
ဟုန်ရင်နှင့်အတူရင်ဆိုင်နေသည့် မျက်နှာစိမ်းမိစ္ဆာကျင့်ကြံသူကိုကြည့်ရင်း အခြေအနေက မှားယွင်းနေကြောင်း သိလိုက်ရသောအခါ ဦးဆောင်သူ၏မျက်နှာက အတော်လေးကြည့်ရဆိုးသွားသည်။
ယခုလိုအားနည်းသည့်နယ်မြေ၌ ယခုလိုအရာမျိုးကို ပက်ပင်းကြုံရလိမ့်မည်ဟု သူမည်သို့ တွေးတောမိပေမည်နည်း။
ထို့ကြောင့် သူတို့၏ခွန်အားကို ထိန်းသိမ်းရန်အတွက် သူကဒေါသတကြီးအော်ဟစ်သည်။
"နောက်ဆုတ်ကြ"
ထို့နောက် ချက်ချင်းဆိုသလို လက်နှစ်ဖက်လုံးက ဟင်းလင်းပြင်ကိုဆုပ်ကိုင်ကာ နှစ်ခြမ်းကွဲသွားအောင် ဆွဲဖြဲပစ်လိုက်သည်။
ကိုယ်ခန္ဓာစွမ်းအားနှင့်အတူ လေဟာပြင်၌ အနက်ရောင်အပေါက်တခု အမှန်တကယ် ပွင့်လာခဲ့သည်။
ချက်ချင်းဆိုသလို သူအရင်ပြေး၀င်သွား၏။ ကျန်သောမျက်နှာစိမ်းမိစ္ဆာများကလည်း ထိန်းချုပ်မှုကနေ လွတ်မြောက်သွားကြပြီး အနက်ရောက်အပေါက်ထဲသို့ ၀င်သွားကြသည်။
ထိုမိစ္ဆာလေးများကမူ မု၀မ်အာ၏ ဆေးလုံးကြောင့် ဤနေရာ၌သေဆုံးမှုများခဲ့သည်။
သို့သော် ဟုန်ရင်၏အမိန့်အရ သုံးယောက်က အသက်ရှင်ကျန်ခဲ့ကာ ယွန်ဟွမ်မြို့သို့ ပြန်လည်ဖမ်းဆီးခံခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့မည်သည့်နေရာကလာပြီး မည်ကဲ့သို့သော် သတ္တဝါမျိုးများဖြစ်သည်ကို သူမသိချင်သည်။
အပိုင်း(333) coming။