#ရေကန်အောက်ခြေက ကြယ်စွမ်းအား#
Vol. 23 Ch. 334
ဤကမ္ဘာထဲတွင် ကျင့်ကြံသူများက ထာ၀ရရှင်သန်နေထိုင်ရန်အတွက် ဘာမဆိုလုပ်ကြသည်။
ဂိုဏ်းများကြားတွင်လည်း အမြတ်အစွန်းများအတွက် ပြင်းထန်စွာတိုက်ခိုက်ကြသည်။
တနေ့တွင် ဤသည်က သူ့ကိုထိခိုက်လာစေလိမ့်မည်။
ပြီးတော့ အဲဒီယဲ့ချိုးပိုင်၊ ဒီကလေးအုပ်စုလည်းရှိသေးတယ်!
လုချန်ရှန်းက အစီအရင်အသစ်ကို စဉ်းစားနေခဲ့သည်။
လုချန်ရှန်းတွေးတောမှုထဲတွင် ဤအစီအရင်က လူများ၏နှလုံးသားများကို သန့်စင်စေနိုင်ပြီး တချိန်တည်းမှာပင် နှလုံးသားထဲက အကြမ်းဖက်မှုများကို ပျောက်ကွယ်သွားစေအောင် လုပ်ပစ်နိုင်ရပေမည်။
ဤနည်းလမ်းဖြင့် တိုက်ခိုက်နေကြသည့်လူများက ငြိမ်သက်သွားကောင်း ငြိမ်သက်သွားနိုင်ပေသည်။
ထို့ကြောင့် လူတစ်ယောက်၏စိတ်အခြေအနေကို ငြိမ်သက်စေပြီး အစီအရင်ထဲတွင် နှလုံးသားသန့်စင်ခြင်းဂါထာကို အစီအရင်တခုအဖြစ် ပြောင်းကာ ပျံ့နှံ့မှုကို ရရှိစေပြီး သက်ရောက်မှုကို အားကောင်းစေမည်။
သန့်စင်ခြင်းသက်ရောက်မှုအတွက်မူ လုချန်ရှန်း သူ့၏တတိယတပည့်နင်းချန်ရှင်းကို တွေးလိုက်မိသည်။
တာအိုဝါဒစွမ်းအားတွင် ဤသက်ရောက်မှုရှိသညိ။
နှလုံးသန့်ရှင်းဂါထာကိုသုံးပြီး တာအိုဝါဒစွမ်အားနှင့်ပေါင်းစပ်ကာ ကြီးမားသည့် အစီအရင်တခုကို ဖန်တီးခြင်းပင်။
အကယ်၍ ဤနှစ်ခုကိုပေါင်းစပ်နိုင်ပါက တိုက်ခိုက်နေသည့်သူများအား ရပ်တန့်နိုင်ကောင်းရပ်တန့်နိုင်ပေလိမ့်မည်။
သူကဤသည်ကို လက်တွေ့အကောင်အထည်ဖော်လိုခြင်းဖြစ်သည်။
လျိုကျိယုက စံအိမ်တော်သို့ အရင်ကကဲ့သို့ပင် အချိန်မီရောက်လာခဲ့ပြီး သူ့လက်ထဲတွင် မုန့်များစွာနှင့် ဝိဉာဉ်အစားအစာများ ယူလာသည်။
လုချန်းရှန်း သူ့အတွေးများကို နှောက်ယှက်လာသည့် လျိုကျိယုကို ခွင့်လွှတ်လိုက်သည်။
လျိုကျိယုလျှောက်လာပြီး အပြုံးဖြင့်ပြောသည်။
"စီနီယာ၊ ဒီမုန့်တွေနဲ့ ဝိဉာဉ်အစားအစာတွေကို လာပြီး စမ်းကြည့်ပါဦး၊ ဒါတွေကို ကျွန်တော့်နယ်မြေကယူလာတာပါ၊ ဒါတွေက စီနီယာရဲ့အရဿာနဲ့ ကိုက်ညီသလားဆိုတာကိုတော့ ကျွန်တော်လည်းမသိဘူး"
ဝိဉာဉ်အစားအစာများထဲတွင် ကောင်းကင်နှင့်မြေကြီးမှ ရတနာမျိုးစုံကို အတူတကွ စုစည်းထားသည်။
ဤကောင်ကင်၊ သတ္တုနှင့် မြေကြီးရတနာများကို အဆင့်နိမ့်လတ္တီကျူနယ်နိမိတ်တွင် ဖန်တီး၍မရပါ။
လုချန်ရှန်းလျှောက်သွားပြီး သေတ္တာကို ဖွင့်လိုက်သည်။
ထိုစဉ် ကောင်းကင်ထိထိုးတက်သွားသည့် အော်ရာတခုကို သူခံစားလိုက်ရသည်။
သို့စေကာမူ ဤသည်က လုချန်ရှန်းအား အရမ်းကြီးမဆွဲဆောင်စေနိုင်ပါ။
အနံ့က အရေးအကြီးဆုံးပင်။
သူတချက်စမ်းကြည့်လိုက်သည်။
ဟမ်!
မဆိုးဘူး!
လုချန်ရှန်းခေါင်းညိတ်ကာ ခုံကိုယူပြီး ထိုင်လိုက်သည်။
လျိုကျိယုကမူ သူ့ကိုယ်သူဤနေရာနှင့် ရင်းနှီးနေသည့်အသွင် လုချန်ရှန်းနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ပုံမှန်အတိုင်း စကားစမြည်ပြောဆိုသည်။
"စီနီယာလု၊ မကြာသေးခင်က အတော်လေးစိတ်၀င်စားစရာကောင်းတဲ့ ဖြစ်ရပ်တခုဖြစ်ပျက်ခဲ့တယ်"
လုချန်းရှန်းက ဝိဉာဉ်အစားအစာကို စားသုံးရင်း အိုး ဟူသောအသံကိုသာပြုသည်။
ဒါကငါနဲ့ဘာဆိုင်လို့လဲ!
လုချန်ရှန်း၏တုံ့ပြန်မှုအပေါ် လျိုကျိယုက အံ့ဩသင့်ခြင်းမရှိဘဲ ဆက်ပြောသည်။
"နယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်တွေက ဒီလတ္တီကျူထဲမှာ ပြန်ပေါ်လာခဲ့တယ်"
"အခု ကောင်းကင်မီးနယ်မြေနဲ့ ခရမ်းမိုးကြိုးနယ်မြေတို့က သုတ်သင်ခံရပြီး လက်ရှိပစ်မှတ်က ကန္တာရနယ်မြေနဲ့ အနီးဆုံး ကောင်းကင်ဘုံဝိဉာဉ်နယ်မြေပါ"
လုချန်ရှန်း၏လက်က အနည်းငယ်တုံ့ဆိုင်းသွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဝိဉာဉ်နယ်မြေလား!
အဲဒီနယ်မြေကို ဟုန်ရင်တာ၀န်ယူထားတာမလား!
ထို့နောက် လုချန်ရှန်းတည်ငြိမ်စွာမေးသည်။
"နယ်မြေပြင်ပက ဒီမိစ္ဆာမျိုးနွယ်တွေရဲ့ မူလဇစ်မြစ်က ဘာတဲ့လဲ"
ဤသည်ကိုကြားသောအခါ လျိုကျိယု အနည်းငယ်အံ့ဩသင့်သွားသည်။
ဤသည်က အချိန်အကြာကြီးအတွင်း လုချန်ရှန်းကိုယ်တိုင် စိတ်ပါပါနှင့် သူ့ကို မေးခွန်းတခုမေးမြန်းသည့် ပထမဆုံးအကြိမ်ပေတည်း။
သူက နယ်မြေပြင်က မိစ္ဆာမျိုးနွယ်တွေကို စိတ်၀င်စားနေတာများလား!
မဟုတ်ဘူး၊ လုချန်ရှန်းက အမှောင်နယ်မြေကိုတောင် ဂရုမစိုက်ဘူးလေ၊ ဒီလိုမိစ္ဆာမျိုးနွယ်ကို သူကဘယ်လိုဂရုစိုက်မှာတုန်း!
လျိုကျိယုသူပြောခဲ့သည်ကို စဉ်းစားလိုက်သည်။
ကြယ်ငါးပွင့်အကြီးအကဲတဖြစ်လဲ လျိုကျိယုက အားကောင်းသည့်ခွန်အားကို အားကိုးထားရုံတင်မက သူ့တွင် စကားလုံးများနှင့် စိတ်ခံစားမှုများကို စစ်ဆေးနိုင်စွမ်းလည်းရှိသည်။
လုချန်ရှန်းက နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်ကို စိတ်မ၀င်စားလေရာ အချက်သုံးချက်သာရှိတော့သည်။
ဤပြောဆိုချက်၌ ကောင်းကင်မီးနယ်မြေ၊ ခရမ်းမိုးကြိုးနယ်မြေနှင့် ကောင်းကင်ဘုံဝိဉာဉ်နယ်မြေတို့ပါ၀င်သည်။
ရှေ့နှစ်ခုက ဖျက်ဆီးခံခဲ့ရပြီဖြစ်လေရာ ရှင်ကျန်နေသည့်တခုတည်းသောနယ်မြေက ကန္တာရနယ်မြေနှင့် အနီးကပ်ဆုံးနယ်မြေပေတည်း။
ထို့ကြောင့် လုချန်းရှန်းက ကောင်းကင်ဘုံနယ်မြေ၏ လုံခြုံရေးကို ပူပန်နေခြင်း ဖြစ်ရပေမည်။
ထို့အတွက်ကြောင့် လျိုကျိယု ကောင်းကင်ဘုံဝိဉာဉ်နယ်မြေကို နှလုံးသားထဲကနေ မှတ်တမ်းတင်ထားလိုက်သည်။
လုချန်ရှန်းမေးသည့်မေးခွန်းကို ဆက်၍ ရှင်းပြလိုက်သည်။
"နယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်စုတွေက အလယ်အလတ်လတ္တိကျူနယ်မြေက မိစ္ဆာအင်အားစုတခုပါ"
"သူတို့ရဲ့ခွန်အားကို တိုးလာအောင်လုပ်ဖို့ လူသားကျင့်ကြံသူတွေကို ကျွေးမွေးတတ်ကြတယ်"
"အလယ်အလတ်လတ္တီကျူပိုင်နက်အတွင်းမှာတော့ ဒီမိစ္ဆာမျိုးနွယ်ရဲ့ခွန်အားက အရမ်းအားမကောင်းပေမယ့် သူတို့မှာ တစ္ဆေသွေးရဲ့ အရိပ်အယောင်တခုရှိတယ်"
တစ္ဆေကလန်၏ သွေးအကြောင်းကို ပြောလာသောအခါ လုချန်ရှန်း၏မျက်နှာက တဖြည်းဖြည်းလေးနက်လာသည်။
"တစ္ဆေကလန်က အဆင့်မြင့်လတ္တီကျူပိုင်နက်အင်အားစုတခုပဲ၊ တစ္ဆေကလန်၀င်ဖြစ်နိုင်မယ့်အခွင့်အရေးတွေက အရမ်းနည်းပါးတယ်ဆိုပေမယ့် အခွင့်အရေးက လုံလောက်ပြီး တစ္ဆေကလန်ရဲ့သွေးကို အသက်သွင်းလိုက်တာနဲ့ သူတို့က တစ္ဆေကလန်ရဲ့အဖွဲ့၀င်ဖြစ်လာနိုင်တယ်"
လုချန်ရှန်းညင်သာစွာခေါင်းညိတ်သည်။
ယေဘုယျအားဖြင့် ဤနယ်မြေပြင်ပက မိစ္ဆာမျိုးနွယ်များက အလယ်အလတ်အဆင့်လတ္တီကျူများနှင့် မရောနှောနိုင်ကြပေ။
ထို့ကြောင့် ကျင့်ကြံသူများကိုကျွေးမွေးရန်နှင့် ကိုယ်ပိုင်ခွန်အားကို တိုးတက်အောင်လုပ်ရန် အဆင့်နိမ့်လတ္တီကျူနယ်ပယ်ကို လာရောက်ခြင်းဆိုပါက သူတို့တွင် အဆင့်မြင့်တစ္ဆေမျိုးနွယ်နှင့် အကြောင်းရင်း ဆက်စပ်မှုတခုရှိရပေမည်။
အနှစ်ချုပ်ကြည့်ပါက ဤနယ်မြေအပြင်ပက မိစ္ဆာမျိုးနွယ်စုများနှင့် ပတ်သက်၍မရပေ။
ဤသည်ကိုတွေးမိသောအခါ လျိုကျိယုထွက်သွားပြီးနောက် လုချန်ရှန်း ဟုန်ရင်ထံ အသံပို့လွှတ်လိုက်သည်။
"နယ်မြေအပြင်က မိစ္ဆာမျိုးနွယ်နဲ့ ထိပ်တိုက်မရင်ဆိုင်နဲ့"
ဟုန်ရင်၏အဖြေကို ကြားရသောအခါ လုချန်ရှန်း သတိလစ်မတတ်ပင်ဖြစ်သွားသည်။
"ပနိပက္ခကစတင်ပြီးပါပြီ၊ အသင်းငယ်တစ်သင်းက ဖျက်ဆီးခံလိုက်ရပြီး မိစ္ဆာမျိုးနွယ်က ကျွန်မတို့ကိုတိုက်ခိုက်ဖို့အတွက် အဓိကအင်အားစုကို စေလွှတ်ဖို့ ပြင်ဆင်နေပါတယ်"
ထို့ကြောင့် လုချန်ရှန်းစကားထပ်ပြောချင်စိတ်ပင်မရှိတော့။
ဒီတပည့်တွေနှင့် ဆက်ဆံရေးဖြတ်တောက်ပစ်ဖို့ အချိန်ရှိသေးလား!
အွန်လိုင်းကရောရလား!
ဒါအရမ်းအရေးကြီးနေပြီ.....
မေ့လိုက်တော့၊ အစီအရင်ကို အရင် ကိုင်တွယ်ကြရအောင်
.....
နယ်နိမိတ်မဲ့နယ်မြေက ခွန်းလွန်နှင်းတောင်တန်း၌ ခွန်းလွန်ကောင်းကင်ဘုံရေကန် ဖွင့်လှစ်ပြီး ကိုးရက်ပင် ကြာသွားလေပြီ။
နှင်းတောင်ထက်တွင် ဧရာမသားရဲကြီးများရှိနေကြသည်။
မုဖူရှန်း လက်နှစ်ဖက်ကို ကျောတွင်ချထားကာ ရေကန်အောက်ခြေသို့ ကြည့်ရင်း နူးညံ့စွာရေရွတ်သည်။
"မင်းအောက်ခြေကိုရောက်နိုင်ဖို့ ငါမျှော်လင့်ပါတယ်..."
ထိုအချိန်တွင် ကောင်းကင်ဘုံရေကန်အောက်ခြေ မီတာငါးဆယ်အနက်တွင် ယဲ့ချိုးပိုင်ရောက်နေလေပြီ။
အငြင်းသန်သူနှင့်မုစီချန်းတို့ကမူ ပေခုနှစ်ဆယ်အနေအထားကိုပင် ရောက်နေခဲ့သည်။
ရှီရှန်းနှင့်ရှောင်ဟိုင်တို့က ကျန်းတစ်ရာခန့်နေရာသို့ ရောက်နေကြသည်။
လူတိုင်းက ယဲ့ချိုးပိုင်ကို အထိတ်တလန့် ကြည့်နေကြသည်။
မူလက ယဲ့ချိုးပိုင်က အနှေးဆုံးလူဖြစ်သည်။ ယခုသူက ပေငါးဆယ်ကိုပင် ရောက်နေလေပြီ။
ဤသည်အပြင် ခရီးသွားအရှိန်ကလည်း မြန်သထက်ပိုမြန်လာကာ နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်ကို ချိုးဖျက်သွားခဲ့သည်။
ဤသည်က လူတိုင်းအား ယဲ့ချိုးပိုင်အား နောက်ထပ်အထင်မသေးရဲတော့ချေ။
နှေးကွေးစွာသွားနေသော်လည်း တည်ငြိမ်သည်။
ပေငါးဆယ်သို့ ငုပ်လျှိုးနိုင်သည့်လူတစ်ယောက်ကို ဤပါရမီရှင်အုပ်စု၌ အထက်စီးဆန်၍ရသည့်သူတစ်ယောက်အဖြစ် သတ်မှတ်၍ရနေလေပြီ။
သူက မုစီချန်းနှင့် အငြင်းသန်သူ ဂျီဂျီတို့ နောက်တွင် ဒုတိယလိုက်သည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ရှေ့သို့ ထပ်မံရွေ့လျားသွားပြန်ကာ ပေခြောက်ဆယ်သို့ ငုပ်လျှိုးသွား၏။
ဖိနှိပ်မှုခံစားချက်က တဖန်ပြန်လည် တဟုန်ထိုး ထိုးတက်လာပြန်သည်။
သို့စေကာမူ ယခင်ကကဲ့သို့ အရမ်းကြီး ဖိနှိပ်နေခြင်းမရှိတော့။
ဤသည်က ယဲ့ချိုးပိုင် ကောင်းကင်ဘုံရေကန်၏ ဖိနှိပ်မှုကို အဆက်မပြတ် လိုက်လျောညီထွေအောင် လုပ်ရသည့် အကြောင်းရင်းလည်းဖြစ်သည်။
ထို့နောက် ယဲ့ချိုးပိုင် ထပ်မံငုပ်လျှိုးကာ ဆက်လက်ရှေ့တိုးသွားပြန်သည်။
ယခုတကြိမ်တွင်သူက ပေနှစ်ဆယ်သို့ တိုက်ရိုက် ငုပ်သွားကာ ဂျီဂျီ၊ မုစီချန်းတို့နှင့်အတူ လျှောက်လှမ်းလိုက်သည်။
လူတိုင်း၏အမူအရာများက ပြောင်းလဲသွားကြပြီး ဘေးနယ်သတ်မျဉ်းကလူနှစ်ဦးပင် ယဲ့ချိုးပိုင်ကို စိုက်ကြည့်လိုက်မိကြသည်။
ကြည့်ရသည်မှာ သူတို့အရင်က ယဲ့ချိုးပိုင်ကို လျှော့တွက်မိခဲ့ပုံပင်။
ထို့ကြောင့် အငြင်းသန်သူ(ဂျီဂျီ)က ထပ်မံငုပ်လျှိုးကာ ပေရှစ်ဆယ်သို့ ရောက်သွားသည်။
သူကယဲ့ချိုးပိုင်ထက် သာလွန်ချင်နေတာလား!
လူတိုင်းက ယဲ့ချိုးပိုင် နောက်ထပ်လှုပ်ရှားမှုများပြုလုပ်မလားဟု မြင်ချင်နေကြစဉ် ယဲ့ချိုးပိုင် ထပ်မံရွေ့လျားခြင်းမရှိတော့။
ယဲ့ချိုးပိုင် ဤကိစ္စနှင့်ပတ်သက်၍ ငြင်းခုံနေရန် ရည်ရွယ်ချက်မရှိ။
ဤသို့လုပ်မည့်အစား ခွန်အားကို တိုးတက်တည်ငြိမ်အောင်လုပ်နေခြင်းက ပိုကောင်းသည်။
ထိုစဉ် ပေရာနှင့်ချီနက်သည့် ကျောက်တုံးတစ်တုံးမွေးဖွားလာသည်။
သူ့တာအိုအခြေခံက ပို၍ပို၍တည်ငြိမ်လာတာကို ရှီရှန်းခံစားလိုက်ရသည်။
သို့စေကာမူ အရည်အသွေးတိုးတက်လာသည်ဟုတော့ သူမခံစားရသေးပါ။
ထို့ကြောင့် ရှီရှန်းထပ်မံငုပ်လျှိုးကာ ပေတစ်ရာ့ငါးဆယ်သို့ သွားလိုက်သည်။
ထိုနေရာအောက်တွင် ကြယ်စွမ်းအား၏တည်ရှိမှုကို ရှီရှန်းအမှန်တကယ်ပင် ခံစားနေရသည်။
ကောင်းကင်ဘုံရေကန်အောက်မှာ ကြယ်စွမ်းအားနှင့် ဆက်စပ်နေတာ တခုခုများ ရှိနေတာလား!
သို့သော် ဤနေရာသို့ ရောက်သောအခါ ရှီရှန်းရပ်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် ကြယ်စွမ်းအား၏ ပြင်းထန်သော ဖိနှိပ်မှုက ပိုင်ကျန်း(ကျန်းတစ်ရာထက်) အများကြီးပို၍အားကောင်းနေသောကြောင့်ပင်။
အပိုင်း(335) coming။