#ပိုင်ကျန်း#
Vol. 23 Ch. 335
ခွန်းလွန်ကောင်းကင်ဘုံရေကန်အောက်တွင် ပေတစ်ရာ့ငါးဆယ်မှစ၍ သန့်စင်သည့်အော်ရာတင်မက ကြယ်စွမ်းအားများလည်းပါရှိသည်။
ရှီရှန်းကလည်း ဖိအားကို စတင်ခံစားရသည်။
ကြယ်စွမ်းအားက ပင်ကိုအားဖြင့် ပြင်းထန်ပြီး အရာအားလုံးကို ဖိနှိပ်နေသည့်သက်ရောက်မှုရှိသည်။
ကြယ်စွမ်းအား၏ဖိနှိပ်မှုအောက်တွင် ကိုယ်ခန္ဓာထဲက မရီဒျန်များ၏ လှည့်ပတ်မှုနှင့် သွေးစီးဆင်းမှုအားလုံးက နှောင့်နှေးလာသည်။
ရုပ်ပိုင်းဆိုင်ရာကိုယ်ထည်ပင်လျှင် ဤနေရာ၌ အကျဉ်းကျနေပုံရသည်။
အကယ်၍အချိန်မီမထွက်နိုင်ပါက ဤနေရာ၌ ဖိနှိပ်ခံရမည်ဖြစ်ကာ ဤအလွန်အမင်းပြင်းထန်သည့် ဖိနှိပ်မှုသဘောတရားကြောင့် သေဆုံးရပေမည်။
ရှီရှန်းက ကြယ်စွမ်းအားကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။
ဤနေရာတွင်သူက ရေထဲက ငါးတကောင်ကဲ့သို့ မဟုတ်သော်လည်း ဤနေရာ၏ ကြယ်စွမ်းအားကို စုပ်ယူကာ ကိုယ်တိုင် အသုံးပြု၍ရသည်။
ထိုအချိန်တွင် ရှီရှန်းကိုယ်ထဲက ကြယ်တာရာကောင်းကင်ဒန်တျန်က အထဲသို့ ဧရာမကြယ်စွမ်းအားကို စတင်သွန်ထည့်လေတော့သည်။
ကြယ်တာရာကောင်းကင်ဒန်တျန်ထဲတွင် ယခုလေးတင်ပုံဖော်လာသည့် ဒုတိယကြယ်တစ်လုံးရှိနေခဲ့သည်။
ဤဒုတိယကြယ်က မှေးမှိန်နေသည်။
သို့စေကာမူ ဒုတိယကြယ်ကို လင်းနိုင်စေကတည်းက ဤသည်က ကြီးမားသည့် တိုးတက်မှုတခုပေတည်း။
မည်သို့ပင်ဆိုစေကာမူ ရှီရှန်းက အမှောင်ည၌မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး အပြင်းအထန်လေ့ကျင့်ခဲ့ကာ ကျင့်ကြံရန်အတွက် ကြယ်ကျောက်တုံးကို အသုံးပြုခဲ့သည်။
ဒုတိယကြယ်ကမူ တိတ်ဆိတ်နေခဲ့သည်။
ယခုတွင်မူ ဤသက်ရောက်မှုမျိုးက ရှီရှန်းကို အလွန်အမင်းအံ့ဩသင့်သွားစေသည်။
တခြားတဖက်တွင် ယဲ့ချိုးပိုင်က ပေခုနှစ်ဆယ်အနက်ကိုရောက်နေပြီဖြစ်ကာ ထိုနေရာက ဖိနှိပ်မှုနှင့် လိုက်ဖက်ကိုက်ညီအောင် လုပ်ဆောင်နေသည်။
အငြင်းသန်သူဂျီဂျီနှင့် မုစီချန်းတို့က ပေရှစ်ဆယ်ကို ရောက်နေကြလေပြီ။
လူတိုင်းက ထိုပုံရိပ်သုံးခုကို ကြည့်နေကြသည်။
ဤသုံးယောက်ထဲက မည်သူကပို၍အားကောင်းသည်၊ အားနည်းသည်ကို သူတို့မသိကြပေ။
ရှောင်ဟိုင်နှင့်ရှီရှန်းတို့နှစ်ယောက်ကမူ လူတိုင်းကို ဆွံအသွားအောင် လုပ်ပစ်ခဲ့သည်။
"အတိတ်က ခွန်းလွန်ကောင်းကင်ဘုံရေကန်မှာ အမြဲလိုလို ပေငါးဆယ်၊ ခြောက်ဆယ်ပဲ ငုပ်လျှိုးနိုင်ကြပြီး ရပ်သွားကြရတယ်"
"ပြီးခဲ့တဲ့နှစ်တွေမှာ အကောင်းဆုံးက ပေတစ်ရာ့တစ်ဆယ်ပဲ"
"ဒီသုံးယောက်က အဲဒီအနက်ကို ချိုးဖျက်နိုင်မလားဆိုတာ ငါလည်းမသိဘူး"
တစ်ယောက်က သိပ်အကောင်းမြင်မနေသဖြင့် ခေါင်းခါယမ်းသည်။
"ပြောဖို့ခက်တယ်၊ ပိုင်ကျန်းဆိုတာက ရေတံခွန်တခုလိုပဲ၊ ပိုင်ကျန်းပြီးရင် ဖိနှိပ်မှုသဘာ၀က ဆယ်ဆကျော် တိုးလာလိမ့်မယ်"
"ပြီးတော့ အဲဒီလူက အခုအဆင့်မြင့်ရာထူးနဲ့အာဏာရှိနေပြီး ဧကရာဇ်ငွေရောင်ချပ်၀တ်စစ်တပ်ရဲ့ တပ်မှူးလည်းဖြစ်တယ်"
"ဒီလိုလူမျိုးကတောင် ပေတစ်ရာ့တစ်ဆယ်ထိပဲရောက်နိုင်တယ်၊ ဒီသုံးယောက်မှာ အခက်အခဲတချို့ရှိလာနိုင်တယ်"
အကောင်းမြင်နေကြသည့်လူများလည်းရှိသည်။
"အဲဒီဂျီဂျီက ရှင်းယွန်ဓားဂိုဏ်းရဲ့ အတွင်းတပည့်တွေထဲက နံပါတ်တစ်ပဲ၊ တချိန်တည်းမှာ သူက ဓားဂိုဏ်းရဲ့ လက်ရှိဆရာရဲ့ အနီးစပ်ဆုံးတပည့်လည်းဖြစ်သေးတယ်"
"ကြယ်ကြွေဓားဂိုဏ်းက အရင်ကလောက် မကောင်းတော့ဘူးဆိုပေမယ့် နောက်ခံကတော့ အတော်လေးအားကောင်းနေသေးတယ်၊ ကြယ်ကြွေဓားဂိုဏ်းပြန်လည်ရှင်သန်ဖို့အတွက် မျှော်လင့်ချက်တခုလို့ ပြောရင်လည်း ပြဿာနာမရှိလောက်ဘူး"
"ပြီးတော့ မုစီချန်း၊ သူကလူသိနည်းပေမယ့် မုမိသားစုရဲ့အမွေခံဖြစ်ပြီး သူ့ပါရမီကလည်း အားမနည်းဘူး"
"ဒီလူနှစ်ယောက်အတွက် ပေတစ်ရာအနက်ကို ရောက်ဖို့ဆိုတာက ပြဿာနာကြီးတော့ မဟုတ်ပါဘူး"
"အဲဒီယဲ့ချိုးပိုင်အတွက်ကတော့....အဲဒါက ခက်ခဲလိမ့်မယ်"
ဤသည်ကိုကြားသောအခါ လူတိုင်းက ပေ၇၀အနက်ရှိ ယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြသည်။
ယခုယဲ့ချိုးပိုင်က ဤနေရာ၌ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သည်။
မဖြစ်နိုင်တော့မှာကိုတောင် ငါကြောက်နေမိတယ်!
မှန်ပေသည်။ ယဲ့ချိုးပိုင်အတော်လေး ဝေးဝေးသို့သွားနိုင်သည်ဟု နှလုံးသားထဲကနေ တွေးတောကြသည့် အမြင်ကျယ်သည့် လူများလည်းရှိသည်။
မည်သို့ပင်ဆိုစေကာမူ အစကနေအဆုံးထိ သူတို့မျက်လုံးထဲတွင် ယဲ့ချိုးပိုင်က အမြန်နှုန်းက မမြန်ဆန်လျှင်ပင် တည်ငြိမ်စွာ တိုက်ခိုက်ပြီး နောက်ဆုတ်မည့် လက္ခဏာမရှိပေ။
ဆန့်ကျင်စွာပင် ပို၍တိုက်ခိုက်လေလေ၊ သူကပို၍ပင်ရဲရင့်လာလေလေဖြစ်သည်။
သို့စေကာမူ ရလဒ်ကိုမမြင်ရဘဲ ဤအရာအားလုံးကို မသိနိုင်ပေ။
ထိုအချိန်တွင် ကနဦးကလူက လှုပ်ရှားသည်။
သူ့ကိုယ်တဝိုက်၌ ဓားဆန္ဒက စတင်ထိုးတက်လာသည်။ သူကလည်း မဟာဓားဂိုဏ်းအဆင့်ပင်။
ယခုလိုငယ်ရွယ်သည့်အရွယ်မှာပင် သူက မဟာဓားဂိုဏ်းနယ်ပယ်သို့ ရောက်နိုင်သည်။
ယဲ့ချိုးပိုင်လည်း မျက်လုံးဖွင့်ကာ ကြည့်လိုက်သည်။
လူငယ်မျိုးဆက်များအတွင်း ဤလူငယ်က သူမြင်ဖူးသည့် တစ်ဦးတည်းသော မဟာဓားဂိုဏ်းအဆင့်ပင်။
ဤနယ်နိမိတ်မဲ့နယ်မြေ၌ ပုန်းလျှိုးနေသည့်ကျားများ၊ ငုပ်လျှိုးနေသည့်နဂါးများ ရှိနေသည်မှာ သေချာနေလေပြီ။
ချက်ချင်းဆိုသလို သူ့၏ခြေလှမ်းက စတင်ခဲ့သည်။
ဓားဆန္ဒကထိုးတက်ကာ ပတ်ပတ်လည်အော်ရာ၏ဖိသိပ်မှုကို ခုခံနေသည်ယ
ဤသို့ပင် ပေကိုးဆယ်အနက်သို့ ရောက်လာခဲ့သည်။
ဘေး၌ရှိနေသည့်မုစီချန်းက သူ့ထက်မသာနိုင်တော့။
မူလကရှက်တတ်ပြီးအရွယ်မရောက်သေးပုံရသည့်မျက်နှာလေးက ထိုအခိုက်အတန့်၌ အေးစက်သွားပြီး မျက်လုံးများက ရေခဲပြာအော်ရာဖြင့် ဖုံးလွှမ်းသွား၏။
ရေခဲကွင်းတစ်ခုက သူ့ကို၀န်းရံကာ အော်ရာ၏ဖိသိပ်မှုအောက်တွင် တုန်ခါပြီး လှိုင်းများကို ထုတ်ပေးနေသည်။
သို့စေကာမူ မုစီချန်း ပေကိုးဆယ်ကို သွားရန်အတွက် ဤသည်ကို အသုံးချခဲ့သည်။
ယဲ့ချိုးပိုင်ကလည်း ရေခဲအငွေ့အသက်ကို ခံစားရပြီး ဤသည်က အတော်လေးရင်းနှီးနေသည်။
သူ့တွင် ဤသည်ကို တွေးတောရန် အချိန်မရှိပါ။
ယဲ့ချိုးပိုင်မျက်လုံးများကိုမှိတ်ကာ ဤနေရာ၌ဖိနှိပ်မှုကို ဆက်လက်ကျင့်သားရအောင် လုပ်နေခဲ့သည်။
ထိုနှစ်ယောက်ကြောင့် သူက အလျင်စလိုပြုမူရမည်ဟု မည်သောအခါမှ မခံစားရခဲ့ပါ။
ဤသည်ကိုမြင်သောအခါ လူတိုင်းက ညင်သာစွာ ခေါင်းခါယမ်းမိကြသည်။
အငြင်းသန်သူဂျီဂျီနှင့် မုစီချန်းတွင် မကြာသေးခင်နှစ်များက စံချိန်ကို ချိုးဖျက်ရန် အခွင့်အလမ်းတခုရှိသည်။
သို့သော် ယဲ့ချိုးပိုင်ကမူ ဤနေရာတွင် ရပ်သွားရလောက်သည်။
တစ်မိနစ်နှင့်တစ်စက္ကန့်ကုန်ခမ်းသွား၏။
နောက်ထပ်ခုနှစ်ရက်က မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားသည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်ပိတ်ရန်အတွက် ဆယ့်သုံးရက်ကျန်သေးသည်။
ခွန်းလွန်ကောင်းကင်ဘုံရေကန်က တခြားသူများက ရပ်သွားကြသလို တချို့က နောက်ဆုတ်သွားကြသည်။
တချို့ကမူ အောက်ခြေက ဖိအားကို မခံနိုင်တော့သဖြင့် ကောင်းကင်ဘုံရေကန်အပေါ်ကနေ အနက်ပိုင်းက အခြေအနေကို ကြည့်နေသည်။
ရုတ်တရက် ဂျီဂျီနှင့် မုစီချန်းတို့က ထပ်မံရှေ့တိုးလိုက်ကြလေရာ ပေတစ်ရာကို ရောက်သွားကြသည်။
ဤပိုင်ကျန်းနေရာက ခွဲခြားထားသည့် နေရာတခုပင်။
ဤနေရာက ဖိနှိပ်မှုက ဆယ်ဆတိုးလာပေလိမ့်မည်။
နှစ်ဦးစလုံးက ပိုင်ကျန်းသို့ရောက်လာကြသည်။
သူတို့မျက်နှာကအနည်းငယ်လေးနက်သွားကြ၏။
ဓားဆန္ဒနှင့် တကိုယ်လုံးရှိ ရေခဲရောင်ခြည်များက အရူးအမူးထိုးတက်လာကာ ဤဖိနှိပ်မှုကို ခုခံနေသည်။
တခြားတဘက်တွင် ယဲ့ချိုးပိုင်က မည်သည့်စွမ်းအားကိုမှ မထုတ်လွှတ်ဘဲ ဤဖိနှိပ်မှုကို သူ့ရုပ်ပိုင်းဆိုင်ရာကိုယ်ခန္ဓာအား ထိခိုက်ရန် ခွင့်ပြုပေးထားသည်။
ချက်ချင်းဆိုသလို လူတိုင်း၏ အထိတ်တလန့်ဖြစ်နေသည့် အကြည့်များအောက်တွင် နောက်ဆုံး၌ ယဲ့ချိုးပိုင် မျက်လုံးများကို ဖွင့်လိုက်လေသည်။
အဆင့်သုံးဆင့်က တစ်ဆင့်တည်းအဖြစ် ပေါင်းစပ်သွားကာ ပိုင်ကျန်းသို့ သွားနေသည်။
"သူထပ်ပြီးနက်နက်သွားနိုင်မှာလား"
"ပေရှစ်ဆယ်၊ ဂျီဂျီနဲ့ မုစီချန်းလောက် မကောင်းသေးဘူးဆိုပေမယ့် ဒါက ဂုဏ်ယူဖို့လုံလောက်ပါတယ်"
"ဒီအနက်က လက်ရှိကျင့်ကြံသူအများကြီးကို ကျော်လွန်သွားပြီ၊ ဒါကိုပြောနေစရာတောင်မလိုဘူး၊ ဒီလူရဲ့လက်ရှိအခြေအနေက နတ်ဘုရားတ၀က်နယ်ပယ် နောက်ဆုံးအဆင့်သာရှိသေးတယ်"
သိုင်းဧကရာဇ်အဆင့်နှင့် နတ်ဘုရားတ၀က်အဆင့်ကြား ခွန်အားအရာ၌ ကွာဟချက်က အလျားလိုက်ကွာဟချက်တခုပမာ။
လူတိုင်းက ယဲ့ချိုးပိုင်ရှေ့သို့ ထပ်မသွားနိုင်တော့ဘူးဟု တွေးနေကြစဉ် ယဲ့ချိုးပိုင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါကမလုံလောက်သေးဘူး"
ထိုသို့ဆိုပြီးနောက် လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် သူရှေ့သို့ လှမ်းကာ ပေကိုးဆယ်သို့ သွားနေသည်။
သူရှေ့ကို ဆက်သွားနိုင်သေးတာလား!
ယဲ့ချိုးပိုင် ပေကိုးဆယ်သို့ရောက်လာသော်လည်း သူ့ကိုယ်ခန္ဓာက ဆက်လက်ရွေ့လျားနေသေးပြီး ထပ်လှမ်းလိုက်ကာ ပေတစ်ရာအနက်သို့ရောက်သွားသည်။
ဤမြင်ကွင်းကိုမြင်ရသောအခါ တည်ငြိမ်နေသည့်ပင်လယ်ပမာဖြစ်နေသည့် လူတိုင်း၏နှလုံးသားတွင် ပြင်းထန်သည့်မုန်တိုင်းတစ်ခုပေါက်ကွဲကာ မုန်တိုင်းထန်နေသည့်ပင်လယ်တစ်ခု အစပျိုးသွားသည့်အလား ဖြစ်သွားခဲ့သည်။
ပေ၇၀ကနေ ပေတစ်ရာအထိ!
အလယ်မှာ တချက်လေးမှရပ်မနေခဲ့သလို တုံ့ဆိုင်းပြီးလည်း မနေခဲ့ဘူး!
ဤသည်က ထောင်ချီလှသည့်စစ်သည်များအကြားရှိ မည်သူမှမရှိသည့်နယ်မြေတခုကို ဖြတ်သန်းခြင်းနှင့်တူသည်။
ဂျီဂျီနှင့်မုစီချန်းတို့အတွက် ပေခုနှစ်ဆယ်ကနေ ပေတစ်ရာကို သွားရန်အတွက် ရက်အနည်းငယ်ကြာခဲ့သည်။
ယဲ့ချိုးပိုင်ကရော!
ပေခုနှစ်ဆယ်နက်သည့်နေရာ၌ ရက်အနည်းငယ်မျှနေပြီးနောက် ပေတစ်ရာသို့ တစ်ချက်တည်းဖြင့် ရောက်လာခဲ့သည်။
ဤလူကဤလောက်မြန်မြန်အမီလိုက်လာလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ဂျီဂျီ၏ နှလုံးသားထဲတွင် ပြိုင်ဆိုင်လိုသည့်စိတ်ဓာတ်က ပြန်လည်နိုးထလာသည်။
သူ့အတွက်မူ အစကနေအဆူံထိ သူက ဂိုဏ်း၏ဂုဏ်ယူရာဖြစ်ပြီး ကြယ်ကြွေဓားဂိုဏ်းအား ပြန်လည်နိုးထစေမည့် မျှော်လင့်ချက်ဖြင့် လာခဲ့ခြင်းပင်။
တခြားသူများ၏ ကျော်ဖြတ်ခြင်းကို သူမည်သို့အလွယ်တကူ ခွင့်ပြုပေးနိုင်မည်နည်း။
ဤသည်ကို တွေးမိသောအခါ ဂျီဂျီ အနည်းငယ်အံကြိတ်လိုက်သည်။
ရေကန်အောက်ခြေ၌ ဓားဆန္ဒက အကြမ်းပတမ်းထိုးတက်လာသည်။
ဂျီဂျီ၏မျက်ခုံးနှစ်ခုကြား၌ သေးငယ်သည့် ငွေရောင်ဓားတစ်စက် ပေါ်လာခဲ့ပြီး ဓားဆန္ဒက ထပ်မံမြှင့်တက်သွားပြန်သည်။
ထိုအချိန်တွင် ဂျီဂျီ၏ ဓားပညာအဆင့်က ဓားသခင်တစ်၀က်အဆင့်သို့ ချိုးဖျက်သွားကာ ရှေ့သို့တလှမ်းလှမ်းလိုက်ပြီး ငွေရောင်ချပ်၀တ်စစ်တပ်ခေါင်းဆောင်၏စံချိန်ကို ချိုးဖျက်ပစ်လိုက်သည်။
ပေတစ်ရာ့တစ်ဆယ်!
အပိုင်း(336) coming။