← Chapters

#အနက်ဆုံး#

Vol. 23 Ch. 336

#အနက်ဆုံး#

Vol. 23 Ch. 336

ဂျီဂျီ၏လှုပ်ရှားမှုက သူကိုယ်တိုင်အတွက်မဟုတ်ဘဲ ကြယ်ကြွေဓားဂိုဏ်း၏ကျော်ကြားမှု ပြန်လည်ရှင်သန်လာစေရန်အတွက်ဖြစ်သည်။ 

သူခွန်းလွန်ကောင်းကင်ဘုံရေကန်သို့ လာရခြင်းက ကိုယ်တိုင်၏ အချုပ်အနှောင်များကို ချိုးဖျက်ခြင်းအပြင် တခြားတဖက်တွင် ရှင်းယွန်ဓားဂိုဏ်း၏နာမည်ကို တိုက်ကြီးတခုလုံးတွင် ပြန်လည်ပျံ့နှံ့သွားစေချင်သည်။ 

မည်သို့ပင်ဆိုစေကာာမူ ဤ‌နာမည်က အချိန်အကြာကြီးပျောက်ကွယ်နေခဲ့သည်။ 

တချိန်တည်းမှာပင် ကြယ်ကြွေဓားဂိုဏ်းအား ဤနယ်မြေက နက်နက်ရှိုင်းရှိုင်းနာကျင်စေခဲ့သည်။ 

ယဲ့ချိုးပိုင် ဤသည်ကိုလျစ်လျူရှုထားသည်။ 

ပိုင်ကျန်းကိုရောက်လာပြီးနောက် သူ့၏ ပထမဆုံးခံစားချက်က ပတ်ပတ်လည်ဖိအားက ဆယ်ဆကျော်အထိ တိုးလာခြင်းပင်။ 

ဤနေရာက ဖိနှိပ်မှုသဘာ၀က ရှေ့က တစ်ပေကနေ ပေတစ်ရာအထိ စုပေါင်းမှုရလဒ်ဟုပင် ပြော၍ရသည်။ 

ယဲ့ချိုးပိုင်ကိုယ်၌ သွေးစက်များ စတင်ပေါ်ပေါက်လာသည်။ 

ဆရာပေးသည့်ဆေးလုံးကြောင့်သာ မဟုတ်ပါက ယဲ့ချိုးပိုင်၏ကိုယ်က အတော်လေးအစွမ်းထက်လာပေလိမ့်မည်။ 

အကယ်၍ ဤနေရာ၌ ခုခံရန်အတွက် ဓားဆန္ဒကိုသာအသုံးမပြုပါက ဤနေရာက ဖိနှိပ်ခြင်းသဘာ၀က ယဲ့ချိုးပိုင်ကိုယ်ကို ပြိုလဲသွားစေရန် လုံလောက်သည်။ 

သို့စေကာမူ ယဲ့ချိုးပိုင်က အတော်လေးနာကျင်နေရသည့်တိုင် ဓားဆန္ဒကို အသုံးပြုရန် ဆန္ဒမရှိသေးပေ။ 

သို့သော် ရိတ်သိမ်းမှုကလည်း အတော်လေးကြွယ်၀လာသည်။ 

အာဒိကပ္ပဓားသိုင်းက အရူးအမူး‌ပြေးလွှားနေသည်။ 

မရီဒျန်များထဲက ဝိဉာဉ်စွမ်းအင်က အတော်လေးပြည့်နှက်နေပြီး ဒန်တျန်ထဲသို့ တခုပြီးတခုပို့ဆောင်ခြင်းခံရသည်။ 

သူ့ဘေးတွင် မုစီချန်းက ရေခဲကွင်းများ၏ ၀န်းရံခြင်းကိုခံထားရသည်။ 

ရေခဲအဓိပ္ပာယ်က ‌ပတ်ပတ်လည်အော်ရာကို ရေခဲအဖြစ် သိပ်သည်းစေပြီးနောက် ပေါက်ကွဲထွက်သွားသည်။ 

သို့စေကာမူ ဤသည်က ဤဖိနှိပ်ခြင်းသဘာ၀ကိုခုခံရာ၌ အတော်လေးထိရောက်သည်။ 

ထို့နောက် ရှေ့တလှမ်းလှမ်းကာ ဂျီဂျီနှင့်အတူ လျှောက်လှမ်းလိုက်သည်။ 

ဂျီဂျီနှင့်မုစီချန်းတို့က ငွေရောင်ချပ်၀တ်စစ်တပ်ဗိုလ်မှူး၏ စံချိန်ကို တန်းတူယှဉ်နေသည်။

ထိုအချိန်တွင် ခွန်းလွန်ကောင်းကင်ဘုံရေကန်အနီးက ဧရာမသားရဲပေါ်၌ မုဖူရှန်း လက်နှစ်ဖက်ကို ကျော၌ထားကာ သူ့မျက်လုံးများကလေးနက်နေပြီး ခွန်းလွန်ရေကန်အောက်ခြေသို့ သူထိုးဖောက်မြင်ချင်သည့်အလား ကြည့်နေသည်။ 

ပုံမှန်ကျီစယ်ပြီး ကပြက်ကချော်နေတတ်သည့် အသွင်ကိုပြောင်းကာ သူမေးလိုက်သည်။ 

"တပ်မှူးယန်၊ သူတို့ခင်ဗျားရဲ့စံချိန်ကို ချိုးဖျက်နိုင်လား"

ဘေးက ငွေချပ်၀တ်၀တ်ထားသည့်လူက လက်နှစ်ဖက်ကို ညင်သာစွာဆုပ်သည်။ 

"အရှင်မင်းသားကိုတင်ပြပါတယ်၊ ပေတစ်ရာရောက်တဲ့အခါကျရင် ဆယ်ပေတိုင်းက ဖိအားက အကြီးအမားတိုးလာပါလိမ့်မယ်"

ဤသည်ကိုကြားသောအခါ မုဖူရှန်းရယ်မောလိုက်သည်။ 

"ဒီတော့ဘယ်သူမှ ခင်ဗျားရဲ့စံချိန်ကို မချိုးဖျက်နိုင်ဘူးလို့ ဆိုလိုတာလား"

တပ်မှူးယန်စကားမပြောပေ။ 

သို့စေကာမူ ထိုယုံကြည်မှုအပြည့်မျက်နှာက သူ့နှလုံးသား၌တွေးတောနေသည်ကို ဖော်ပြနေသည်။ 

မုဖူရှန်းပြောသည်။ 

"ဒါပေမယ့်ခင်ဗျားသိလား"

"ကျုပ်ဒီမတိုင်ခင်က တွေ့ခဲ့တဲ့လူနဲ့ပတ်သက်ပြီး တခုကိုယုံကြည်ခဲ့တယ်"

တပ်မှုးယန်၏မျက်နှာ၌ အနည်းငယ် ဝေခွဲမရဖြစ်နေသည့်အကြည့်တခုပေါ်လာသည်။ 

"ကျုပ်သူတို့ကို အောက်ခြေကိုသွားပြီး အထက်ကမ္ဘာရဲ့လျို့ဝှက်ချက်က ဘာများလဲဆိုတာ ကြည့်ခိုင်းခဲ့တယ်"

တပ်မှူးယန်ထိတ်လန့်သွားပုံရသည်။ 

ခွန်းလွန်ရေကန်က ပေနှစ်ရာ့ငါးဆယ်နက်သည်။ 

သူဖြစ်ခဲ့စဉ်ကပင် သူကအတော်လေးပါရမီရှိပြီး အချိန်တိုအတွင်းမှာပင် ငွေရောင်ချပ်၀တ်စစ်တပ်၏ တပ်မှူးနေရာကို ရယူနိုင်ခဲ့သည်ကပင် အတော်လေးထိတ်လန့်စရာ ကောင်းနေလေပြီ။ 

သို့စေကာမူ သူပင်လျှင် ပေတစ်ရာ့တစ်ဆယ်အထိသာရောက်နိုင်ပြီး ဤသည်က အကန့်အသတ်ဖြစ်သည်။ 

မုဖူရှန်းဆိုလိုတာက ထိုသုံးယောက်ကို အောက်ခြေသို့ စေလွှတ်လိုက်ခြင်းပင်။ 

ဤလူသုံးယောက်က မည်ကဲ့သို့သော အလားအလာမျိုးများ ရှိလေသနည်း။ 

မုဖူရှန်းက ဒီလောက်အကောင်းမြင်နိုင်တာလား!

မုဖူရှန်းက ကပြက်ကချော်ရှိပုံရပြီး သူ့ဘ၀ကို ရိုးစင်းစွာ ဖြတ်သန်းခဲ့ကာမူ သူ့နေ့စဉ်ဘ၀၌ မိတ်ဆွေများစွာရှိခဲ့သည်။ 

သို့စေကာမူ သူ့နှလုံးသားထဲ၌ သူကအတော်လေးဂုဏ်ယူနေမိသည်။ 

မုဖူရှန်း၏ချီးကျုးခြင်းကိုခံရသည့်လူများက အတော်လေးနည်းပါးသည်။ 

အချိန်ကတဖြည်းဖြည်းကုန်ဆုံးသွား၏။ 

ခွန်းလွန်ကောင်းကင်ဘုံရေကန် ပိတ်ရန်အတွက် ကိုးရက်သာကျန်တော့သည်။ 

ထိုအချိန်တွင် ခွန်းလွန်ရေကန်၏ အနက်တနေရာ၌ ဖြစ်ပျက်ခဲ့သည့်မြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ 

ထို့နောက် ပိုင်ကျင်းအနက်၌ ယဲ့ချိုးပိုင်ရက်များစွာနေခဲ့သည်။ 

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ယဲ့ချိုးပိုင်ဤနေရာ၏ဖိနှိပ်မှုနှင့် လိုက်လျောညီထွေအောင် လုပ်နေခဲ့သည်။ 

ယခုတွင်မူ အလိုက်သင့်ပြောင်းလဲမှုက ပြီးဆုံးသွားခဲ့ပါပြီ။ 

ယဲ့ချိုးပိုင်အနက်သို့ထပ်သွားကာ ရှေ့တလှမ်းလှမ်းရင်း ပေတစ်ရာ့တစ်ဆယ်သို့ ရောက်လာကာ စံချိန်ကို တန်းတူရယူနိုင်လာသည်။ 

တချိန်တည်းမှာပင် ဂျီဂျီနှင့် မုစီချန်းတို့က ဤနေရာ၌နေနေကြသေးသည်။ 

ယဲ့ချိုးပိုင် ဤလူနှစ်ယောက်ကို ကြည့်ပင်မကြည့်ဘဲ အနက်သို့ဆက်သွားလိုက်သည်။ 

လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် ပေ၁၃၀, ပေ၁၄၀သို့ ငုပ်လျှိုးသွားသည်။ 

....

ပေတစ်ရာ့ငါးဆယ်ရောက်သည့်တိုင် မရပ်သေးဘဲ ဤသည်က ငွေရောင်ချပ်၀တ်စစ်တပ်ဗိုလ်မှူး၏စံချိန်ကို ချိုးဖျက်ပစ်ခဲ့သည်။ 

ဤသည်တင်မက ပါရမီရှင်နှစ်ဦးဖြစ်သည့် ဂျီဂျီနှင့်မုစီချန်းတို့ကိုပင် တိုက်ရိုက်ဖြတ်ကျော်ပစ်ခဲ့သည်။  

မူလကယဲ့ချိုးပိုင်ကို အကောင်းမမြင်ခဲ့သည့်လူများက တိတ်တဆိတ်သက်ပြင်းချလိုက်မိကြသည်။ 

သူတို့အမြင်အရမ်းကျဉ်းခဲ့သည်။ 

ယဲ့ချိုးပိုင်က အနှေးဆုံးကနေ စတင်ခဲ့ပြီး ယခုလိုအနက်မျိုးကို ရောက်နိုင်လိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။ 

ဤမြင်ကွင်းကိုမြင်ရသောအခါ ပေတစ်ရာ့တစ်ဆယ်တွင်ရှိသည့် ဂျီဂျီက နှလုံးသားထဲကနေ သက်ပြင်းချလိုက်မိသည်။ 

သူ့အတွက် ယဲ့ချိုးပိုင်ကို ကျော်ရန်ဟူသည် မဖြစ်နိုင်တာကို သူသိသည်။ 

ပေတစ်ရာ့ငါးဆယ်ကို ရောက်ရန်ဟူသည် မလွယ်လွန်းသလို သူရှေ့ထပ်တိုးရန်ကိုပင် ကြောက်နေခဲ့သည်။ 

ဤသည်ကိုတွေးတောရင်း ဂျီဂျီ ပြိုင်ဆိုင်လိုသည့်စိတ်ကူးများကို ဖယ်ရှားပစ်သည်။ 

ယခုသူလုပ်ရန်လိုသည်က တတ်နိုင်သမျှ နက်နက်သွားကာ သူ့ခွန်အားကို တိုးအောင် လုပ်ရန်ဖြစ်သည်။ 

ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုင် ပေတစ်ရာ့ခြောက်ဆယ်ကိုရောက်သွားသည်။ 

ထိုနေရာတွင် သူက အောက်ခြေက အလင်းနှင့် ပတ်ပတ်လည်ကြယ်များ၏ စွမ်းအားကိုပင် မြင်နိုင်လေပြီ။ 

ဤနေရာ၌ ဖိနှိပ်ခြင်းသဘာ၀က အရည်အသွေးပိုင်းပြောင်းလဲမှုကို ဖြတ်သန်းသွားခဲ့သည်။ 

ကြယ်စွမ်းအားနှင့်အတူ ဖိနှိပ်ခြင်းသက်ရောက်မှုတခုရှ်ိလာသည်။ 

ယဲ့ချိုးပိုင်၏သွေးနှင့် ဝိဉာဉ်စွမ်းအင်လှုပ်ရှားမှုများက ဖိနှိပ်ခံလိုက်ရသည်။ 

အချိန်ကျလာလေပြီ။ 

ယဲ့ချိုးပိုင် ဓားဆန္ဒကို ဤနေရာ၌ ပြသခဲ့ရလေတော့သည်။ 

ဓားဆန္ဒက ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ယဲ့ချိုးပိုင်တကိုယ်လုံးက ဆူပွက်လာသည်။ 

မဟာဓားဂိုဏ်း၏အဓိပ္ပာယ်က ဤရေကန်ထဲတွင် အဆက်မပြတ်ရစ်ဝဲနေသည်။ 

ယင်းနောက်တွင်သာ လူတိုင်းက ဤယဲ့ချိုးပိုင်က ဓားသမားတစ်ယောက်ဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ 

ပြီးတော့ သူကအခုမှပြသတာ!

ဒီမတိုင်ခင်က ယဲ့ချိုးပိုင်က ဒီဖိနှိပ်ခြင်းသဘာ၀ကို ခုခံနိုင်ခဲ့တာမလား!

ဤသည်ကိုတွေးမိသွားသောအခါ လူတိုင်းက နှလုံးသားထဲတွင်ပင် အေးစက်သွားသည့်ပမာ ခံစားလိုက်ရသည်။ 

ဤသို့သာဆိုပါက ဤကောင်လေးက အတော်လေးကြောက်စရာကောင်းနေလေပြီ။ 

တခြားတဘက်တွင် ရှီရှန်းကလည်း လူတိုင်းကို အဝေးသို့ထားခဲ့ကာ ပေနှစ်ရာ့သုံးဆယ်သို့ ရောက်လာခဲ့သည်။ 

ဤနေရာရှိကြယ်စွမ်းအားက အတော်လေးကြီးမားကာ ပြင်းထန်သည်။ 

အောက်ခြေ၌ ကြယ်ရောင်များ တဖျပ်ဖျပ်လင်း၀င်းနေကာ ရေကန်တခုလုံး၏ အောက်ခြေကို လင်း၀င်းစေသည်။ 

ရှီရှန်း ကြယ်စွမ်းအားကို ခုခံခြင်းမရှိချေ။ 

ယင်းအစား ဖရိုဖရဲကြယ်မှတ်တမ်းကို ဖွင့်လှစ်ကာ ဤကြီးမားသည့်ကြယ်စွမ်းအားကို ကြယ်တာရာကောင်းကင်၏ ဒန်တျန်၌ စု‌စည်းပြီး မှေးမှိန်နေသည့် ဒုတိကြယ်ကို အဆက်မပြတ်ဖြည့်နေသည်။ 

ဤအဆင့်ကိုရောက်လာသောအခါ ဒုတိယကြယ်၌ အလင်းတန်းတခု ပေါ်လာသည်။ 

အလင်းက အတော်လေးအားနည်းစေကာမူ ဤသည်က ရှီရှန်း၏နယ်ပယ်ကို တိုက်ရိုက်ချိုးဖျက်သွားစေပြီး သိုင်းဧကရာဇ်တ၀က်နယ်ပယ်သို့ ရောက်သွားစေသည်။ 

တချိန်တည်းမှာပင် ရုပ်ပိုင်းဆိုင်ရာကိုယ်ကလည်း အကြီးအမားအားကောင်းလာခဲ့သည်။ ရှီရှန်းဤသည်ကိုခံစားနေရသည်။ 

အကယ်၍သူကသာ သိုင်းဧကရာဇ်နယ်ပယ် အစောပိုင်းအဆင့်စွမ်းအားရှင်ကို ထပ်တွေ့မည်ဆိုပါက သူ့ကိုသတ်ပစ်နိုင်ပေသည်။ 

ထိုအချိန်၌ ကြယ်တာရာကောင်းကင်၏ ဒန်တျန်၌ ပထမကြယ်က စတင်တောက်ပလာသည်။ 

ဤသည်က ကြယ်တာရာကောင်းကင်၌ စုဝေးနေသည့်ကြယ်စွမ်းအားဖြစ်ပြီး အချင်းချင်းဆွဲငင်ကာ ထိစပ်နေကြ၏။ 

ဤသို့ဖြင့် အောက်ခြေက ကြယ်နှင့်ဥက္ကာခဲများကလည်း သူ့ကိုဆွဲဆောင်နေသည်။ 

ရှီရှန်းထပ်၍ရှေ့တိုးကာ ဖြည်းညင်းစွာပင် တဆင့်ပြီးတဆင့် သူဆက်၍ငုပ်သွားသည်။ 

သူမြင်ချင်သည်။ 

ထိုအရာက မည်ကဲ့သို့ပစ္စည်းမျိုးလေနည်း။ 

မည်သည့်အတွက်ကြောင့် ဤသည်က ကြယ်တာရာကောင်းကင်၏ ဒန်တျန်အတွင်းက ပထမကြယ်နှင့်အတူ တောက်ပစွာ လင်း၀င်းနေရလေသနည်း။ 

တချိန်တည်းမှာပင် ကောလဟာလအရ အရည်အသွေးကို တိုးတက်အောင် လုပ်နိုင်သလားဆိုတာကိုလည်းသူသိချင်သည်။ 

နှစ်ရက်ကြာပြီး နောက်ဆုံးတွင် ရှီရှန်း အောက်ခြေကိုရောက်လာခဲ့သည်။ 

ပေနှစ်ရာ့ငါးဆယ်!

ဤနေရာ၌ လက်သီးနှစ်ဆုပ်ခန့်အရွယ်ရှိ ကျောက်တုံးတစ်တုံးရှိပြီး ကျောက်တုံးက အပေါက်များဖြင့် ပြည့်နေသည်။ 

ထိုတွင်းပေါက်ထဲတွင် တောက်ပနေသည့်ကြယ်များရှိနေသည်။ ထို့ထဲတွင် ကြယ်စွမ်းမားက အဆက်မပြတ်ပေါ်လွင်နေသည်။ 

ကြယ်တာရာကောင်းကင်၏ဒန်တျန်၌ ပထမကြယ်ကလည်း တောက်ပသည့် ကြယ်ရောင်နှင့်အတူ စတင်တောက်ပလာသည်။ 

ဤသည်က အမှန်တကယ်ပင် ကြယ်တာရာကောင်းကင်၏ ဒန်တျန်ကို ဖော်ပြကာ ဤကျောက်တုံးပေါ်၌ တောက်ပနေစေသည်။ 

ထိုအချိန်တွင် ရှီရှန်းနှင့် ဤကြယ်ဥက္ကာခဲက ဆက်နွှယ်မှုတစ်မျိုးမျိုး တည်ဆောကမထားပုံရသည်။ 

သူ့၏ကြယ်တာရာဒန်တျန်၌ ပုံရိပ်ယောင်တခုက တဖြည်းဖြည်းပေါ်ပေါက်လာသည်။ 

အပိုင်း(337) coming။ 

All Chapters