← Chapters

ထိပ်တန်းကြယ်သခင်တစ်ယောက်နှင့် တိုက်ခိုက်ခြင်း

Vol. 66 Ch. 914

ထိပ်တန်းကြယ်သခင်တစ်ယောက်နှင့် တိုက်ခိုက်ခြင်း

Vol. 66 Ch. 914

တန်းယွမ်သည် ရွှေပိုင်နက်သားရဲကို ဖုံးကွယ်ထားရန် အကြံပေးခဲ့သောကြောင့် တစ်ဖက်လူ၏ တည်နေရာကို မသိသော်လည်း ယဲ့ချန်က ၎င်းကို လျင်မြန်စွာ သိမ်းဆည်းလိုက်သည်။ ကုန်းမန်၏ နောက်လိုက်ခြောက်ယောက်က ကီလိုမီတာသောင်းချီအဝေးတွင် ရှိနေပြီး သူ၏လက်ရှိခွန်အားဖြင့် အာရုံခံရန် မဖြစ်နိုင်သော်လည်း နတ်လှံက စွမ်းဆောင်နိုင်ခဲ့သည်။ လျှပ်စီးပမာ ဖြတ်ခနဲရောက်ရှိလာသော ထိုခြောက်ယောက်သည် ရွှေရောင်အလင်းတစ်ခု ဖြတ်ခနဲ လက်သွားသည်ကိုသာ မြင်လိုက်ရ၏။ ထိပ်တန်းကြယ်သခင်၏ နာမည်မှာ ဟယ်မူဖြစ်ပြီး ပါရမီရှိကာ ကြယ်ကို စွန့်ခွာနိုင်သော အဆင့်မြင့် ရှင်းဟွမ်တစ်ယောက် ဖြစ်သည်။ ထာဝရပြည်ထောင်တွင် ဤမျိုးနွယ်က အာဏာအကြီးဆုံးဖြစ်ကာ သူက ကုန်းမန်နှင့်အတူ အမှောင်မြို့သို့ ဝင်ရောက်ခဲ့သော်လည်း ပါရမီအရာတွင် ရွှမ်မူအောက် နိမ့်ကျသည်။ တစ်ဖက်လူက သေမင်း၏အာရုံကို ဆွဲဆောင်နိုင်သော ထိပ်တန်းပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း သူက လူမသိသူမသိ ဖြစ်သောကြောင့် ဖားယားရန် ဆုံးဖြတ်ထားသည်။

ဟယ်မူသည် ရွှေရောင်အလင်းကို မြင်လိုက်ရသော နေရာထံ ရောက်လာသောအခါ ယဲ့ချန်နှင့် နောက်လိုက်များကို မြင်လိုက်ရသည်။ ဟင်းလင်းပြင်နတ်လှံကိုလည်း ယဲ့ချန်က သိမ်းဆည်းထားပြီး ထွက်မသွားရသော အကြောင်းအရင်းမှာ ရွှေပိုင်နက်သားရဲအတွက် အကောင်းဆုံးအစာဖြစ်သည့် မြို့ပျက်၏ မူလကျောက်များ ဖြစ်သည်။ ဤမျှများပြားသော မူလကျောက်များဖြင့်ဆိုလျှင် သူက နောက်ထပ်တစ်ကောင်နှစ်ကောင်ကို သားဖောက်ရန် ပြဿနာမရှိပေ။ ဟယ်မူတို့ခြောက်ယောက် ရောက်ရှိလာသောအခါ ပတ်ဝန်းကျင်မှ အပျက်အစီးများကြောင့် ဧရာမတိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိလိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိနေဆဲဖြစ်ရာ သူက စိတ်ရှုပ်သွားပြီး အသေအချာစစ်ဆေးလိုက်သောအခါ နယ်ခြားသရဲတစ်ကောင်နှင့် ပိုင်နက်သားရဲတစ်ကောင် တိုက်ခိုက်ခဲ့ကြောင်း နားလိုက်လိုက်၏။ ၎င်းတို့၏ အရှိန်အဝါသက်သက်ကပင် ကြောက်စရာကောင်းလွန်းနေပြီး သူ့ထက် ပို၍အစွမ်းထက်ကြောင်း ပြောနိုင်သည်။

"ပိုင်နက်သားရဲတစ်ကောင်နဲ့ နယ်ခြားသရဲတစ်ကောင် ဒီနေရာမှာ ဘာကြောင့် တိုက်ခိုက်ထားတာလဲ။ ဟင် ရွှမ်ရဲ သေပြီ"

ဟယ်မူသည် နောက်ထပ်အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး ရှင်းဟွမ်များ သေဆုံးချိန်တွင် ကျန်ရစ်ခဲ့သော အသက်အမှတ်အသားကြောင့် ဆိုးရွားစွာ မျက်နှာပျက်သွားခဲ့သည်။ ရွှမ်ရဲနှင့် ရွှမ်မူတွင် မူလက ညီအစ်ကိုခုနစ်ဦးရှိသော်လည်း နှစ်ယောက်တည်းသာ ကျန်ရစ်သောကြောင့် ရွှမ်ရဲသေလျှင် ရွှမ်မူက ဒေါသူပုန်ထမည်ဖြစ်သောကြောင့် သူက တုန်ရီနေသည်။ အကယ်၍ သူသာ တရားခံကိုသိလျှင် ပြဿနာမရှိသော်လည်း တရားခံမမိလျှင် စမ်းသပ်မှုတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူများ အားလုံးကိုသတ်ရန် လက်တုံ့နေမည် မဟုတ်ပေ။

ဟယ်မူ၏ အကြည့်စူးစူးသည် ယဲ့ချန်တို့အုပ်စုထံ ကျရောက်လာပြီး တစ်ခုခု သိထားရမည်ဟု တွေးလိုက်သည်။ ထိပ်တန်းကြယ်သခင်တစ်ယောက်၏ ဖိအားမျိုး ကျဆင်းလာသောကြောင့် ယဲ့ချန်၏နောက်လိုက်များမှာ မွန်းကြပ်သော ခံစားချက်မျိုး ဖြစ်ပေါ်လာကြသည်။ ကျန်တစ်ဖက်တွင် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ပိုင်ဆိုင်ထားသော ယဲ့ချန်နှင့် ခြင်္သေ့ကြီးအတွက် ထိုဖိအားက မပြောပလောက်ပေ။ နင်အာသည်လည်း ပုံရိပ်ယောင်ချီများ ထုတ်ဖော်ထားသဖြင့် ခန္ဓာကိုယ်အား ဖိအားက ဖောက်ထွင်းသွားသယောင် ဖြစ်သည်။ သူက ထိုသုံးယောက်ကို တအံ့တသြကြည့်လိုက်ပြီး သူ၏ဖိအားကို ခုခံနိုင်မည်ဟု မျှော်လင့်မထားခဲ့သည့်အပြင် အလယ်အဆင့် ကြယ်သခင်များဖြစ်ကြောင်း သိလိုက်ရသည်။

"ဒီနေရာမှာ ဘာတွေဖြစ်နေကြတာလဲ"

အပြင်လောကမှ ဝင်ရောက်လာသော အဆင့်နိမ့်ကြယ်သခင်များ၏ စမ်းသပ်ချက်က အောက်ဘုံဖြစ်ပြီး အလယ်အဆင့် ကြယ်သခင်များ၏ စမ်းသပ်ချက်က အခြားနေရာတွင် ကျင်းပသည်။ အချိန်တိုအတွင်း အခွင့်အရေး ကြီးကြီးမားမား မကြုံခဲ့လျှင် အဆင့်တက်ရန် မလွယ်ကူသောကြောင့် ဟယ်မူက မျက်မှောက်ကြုတ်၍ မောက်မာစွာ မေးလိုက်သည်။

"ဒီနေရာမှာ ဘာတွေဖြစ်ခဲ့တာလဲ။ ရွှမ်ရဲကို ဘယ်သူသတ်တာလဲ ပြောစမ်း"

လေထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး ဟယ်မူ၏ နောက်လိုက်ငါးယောက်သည်လည်း ယဲ့ချန်တို့ကို ရန်လိုစွာ စိုက်ကြည့်နေကြ၏။ သို့သော် ယဲ့ချန်၏ နောက်လိုက်များသည် ကြောက်ရွံ့စွာ နောက်ဆုတ်သွားရမည့်အစား အမိန့်ကို စောင့်ဆိုင်းနေဟန်ဖြင့် တည်ငြိမ်နေကြသည်။

"ရွှမ်ရဲကို ငါ သတ်တာပဲ"

ယဲ့ချန်က ဟယ်မူကို တည်ငြိမ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။ ဟယ်မူ၏အမြင်တွင် ရွှမ်ရဲသည် ပိုင်နက်သားရဲနှင့် နယ်ခြားသရဲ၏ တိုက်ပွဲကြောင့် သေဆုံးသွားသည်ဟု မှတ်ယူထားသော်လည်း တစ်ဖက်လူက တည်ငြိမ်စွာ ဝန်ခံလာမည်ဟု ထင်မထားခဲ့ပေ။

"မောက်မာလှချည်လား။ မင်းလိုကောင်က ရှင်းဟွမ်တစ်ယောက်ကို သတ်ရဲတယ်ပေါ့"

သူက ဒေါသတကြီးဖြစ်သွားပြီး တစ်ဖက်လူက မျက်စိထဲထည့်ထားသော ဟန်ပန်မျိုး မရှိသောကြောင့် ညာလက်ကိုယမ်းကာ အဖြူရောင်အလင်းတစ်ခုအား လည်ပင်းထံ ပစ်ခတ်လိုက်သည်။ အမှောင်မြို့တွင် စည်းမျဥ်းစည်းကမ်း တင်းကြပ်သော်လည်း ရွှမ်မူထံမှတဆင့် တန်းယွမ်သည် အောက်ဘုံကို အပြင်လူများ မမြင်နိုင်စေရန် ဖုံးကွယ်ထားကြောင်း သူက သိထားသည်။ ထို့အပြင် ရွှမ်မူက တရားခံကိုသတ်ရန် အရိပ်ပြခဲ့သောကြောင့် စမ်းသပ်ချက်ကို ဝင်ရောက်နှောင့်ယှက်ရဲသော သတ္တိမျိုးရှိနေခြင်း ဖြစ်သည်။ လက်ရှိခွန်အားဖြင့် ထိပ်တန်းကြယ်သခင်တစ်ယောက်ကို မယှဥ်နိုင်သော်လည်း ဟင်းလင်းပြင်နတ်လှံ ရှိနေသောအခါ ယဲ့ချန်အတွက် စိုးရိမ်စရာ မရှိချေ။

"ထိပ်တန်းကြယ်သခင်တစ်ယောက်က ဘယ်လောက်သန်မာလဲဆိုတာ သိချင်တယ်"

ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာ ဟယ်မူ၏ အလင်းတန်းအား လက်သီးနှင့် ထိုးချလိုက်သည်။ အစွမ်းထက်အင်အားနှစ်ရပ်က ဘုန်းခနဲ ထိမှန်သွားသောအခါ ဟင်းလင်းပြင်အတွင်း စွမ်းအင်လှိုင်းများ ပြန့်ထွက်လာပြီး ယဲ့ချန်မှာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရ၍ ဝိညာဥ်အသိစိတ်က ပြိုကွဲလုနီးပါးဖြစ်နေသည်။

"လာစမ်း"

အစွမ်းထက် ရန်သူတစ်ယောက်နှင့် တိုက်ခိုက်ခြင်းသည် ကောင်းကင်ဖျက်ဆီးရေးခန္ဓာကို သန်မာလာစေသောကြောင့် သူ၏တိုက်ခိုက်လိုစိတ်က ပြင်းထန်နေသည်။ ဟယ်မူသည် တစ်ဖက်လူမှာ သူ၏တိုက်ကွက်ကို ခုခံနိုင်ခဲ့သောကြောင့် ဒေါသတကြီးဖြစ်နေပြီး ထိပ်တန်းကြယ်သခင်အဆင့်မျိုးဖြင့် အလယ်အဆင့် ကြယ်သခင်တစ်ယောက်ကို မနိုင်လျှင် လူရယ်စရာ ဖြစ်သွားပေလိမ့်မည်။

"ကြည့်ရတာ အခေါင်းကို မမြင်ရသေးရင် မျက်ရည်ကျမှာ မဟုတ်ဘူး"

ဟယ်မူ၏ခန္ဓာကိုယ်က အဖြူရောင် ကြယ်တစ်စင်းပမာ တောက်ပလာပြီး ပြင်းထန်စွာ တိုက်ခိုက်နေသောကြောင့် နောက်လိုက်များကို ဆုတ်ခွာသွားစေသည်။ ကောင်းကင်ကြယ်သခင်ငါးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ရန်လိုနေသော်လည်း ခြင်္သေ့ကြီးနှင့် နင်အာက ကြောက်လန့်ခြင်းမရှိဘဲ တစ်ဖက်မှ လှုပ်ရှားလာလျှင် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်ထားကြသည်။ ထို့အပြင် မာရာ၊ ရှီကြွယ်စသော နောက်လိုက်များသည်လည်း သတ္တိရှိစွာဖြင့် တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။ သို့သော် ကောင်းကင်ကြယ်သခင်များ၏ အမြင်တွင် ယဲ့ချန်ကိုသတ်နိုင်လျှင် နောက်လိုက်များကို ခြောက်လှန့်နိုင်မည် ဖြစ်သောကြောင့် တိုက်ခိုက်ရန် အလျင်မလိုကြပေ။ လူတိုင်းက အာရုံစိုက်နေစဥ် တိုက်ပွဲက ပြင်းထန်သထက်ပြင်းထန်လာပြီး ယဲ့ချန်၏တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်နေကာ နတ်ခန္ဓာကြောင့်သာ မဟုတ်လျှင် သေဆုံးသွားခဲ့နိုင်သည်။

သူ၏ဒဏ်ရာများက အလျင်အမြန် ပြန်လည်ကောင်းမွန်လာနေပြီး နတ်လှံ၏ဖိအားဖြင့် သန့်စင်ခံခဲ့ရသောအခါ နတ်ခန္ဓာသည် မူလထက် ပို၍အစွမ်းထက်လာသောကြောင့် ကုသနှုန်းလည်း ပို၍မြန်ဆန်လာ၏။ ဟယ်မူသည် တိုက်ပွဲအချိန် ကြာလေလေ စိုးရိမ်လေလေဖြစ်လာပြီး သူ၏တိုက်ကွက်များက အလယ်အဆင့် ကြယ်သခင်တစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်သော်လည်း အကြောင်းမထူးခဲ့ပေ။ ထိပ်တန်းကြယ်သခင်တစ်ယောက်သည် အလယ်အဆင့် ကြယ်သခင်တစ်ယောက်ကို သုံးကွက်အတွင်း သတ်ဖြတ်ရန်​ ပြဿနာမရှိသော်လည်း လက်ရှိတွင် သူက ဒေါသပေါက်ကွဲနေ၏။ တစ်ဖက်လူက ထပ်ကာထပ်ကာ ဒဏ်ရာရနေသော်လည်း ပြန်လည်ကောင်းမွန်လာနေပြီး တိုက်ပွဲကို နှစ်သက်နေဟန်ဖြင့် ပြန်လည်တိုက်ခိုက်နေသည်။ ယဲ့ချန်က သားရဲရိုင်းတစ်ကောင်ပမာ ဒဏ်ရာများကို လျစ်လျူရှု၍ တိုက်ခိုက်နေသောကြောင့် ကောင်းကင်ကြယ်သခင်ငါးယောက်မှာ တအံ့တသြဖြင့် တိုက်ပွဲအခြေအနေကို သိချင်နေကြ၏။ ယေဘူယျသဘောပြောရလျှင် ဟယ်မူ၏ခွန်အားဖြင့် အလယ်အဆင့် ကြယ်သခင်တစ်ယောက်ကို သတ်ဖြတ်ရန် လုံလောက်သော်လည်း တစ်ဖက်လူမှာ ကိုင်တွယ်ရ အလွန်ခက်ခဲနေပုံပေါ်သည်။

"ဘန်း ဘန်း ဘန်း"

တိုက်ပွဲက အပြင်းထန်ဆုံးဖြစ်လာပြီး အရှိန်အဝါနှစ်ခုက ထိပ်ဆုံးသို့ ရောက်ရှိနေကာ ပတ်ဝန်းကျင်၌ အချိန်လေဟာနယ်ချီများ လှိုင်းထန်နေသည်။ ပျက်စီးလိုက် ပြန်လည်ကောင်းမွန်လိုက် ဖြစ်နေသော ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာက ပို၍သန်မာလာနေပြီး ယဲ့ချန်၏ကိုယ်တွင်းရှိ ကြယ်ကိုးလုံးမှာ ဘီးလုံးများပမာ တဝီဝီ လည်ပတ်နေကြ၏။ တိုက်ပွဲက အလွန်ကြာမြင့်နေပြီး ဟယ်မူသည် ယဲ့ချန်ကို အပေါ်စီးမှ ဖိနှိပ်တိုက်ခိုက်ထားပြီး သတ်ဖြတ်ရန် ခြေတစ်လှမ်းသာ လိုအပ်သော်လည်း ရှေ့မတိုးနိုင်ခဲ့ပေ။

အချိန်သုံးရက် ကုန်ဆုံးသွားပြီး ယဲ့ချန်က ပို၍ရဲရင့်လာကာ ခွန်အားမှာ ဖြည်းဖြည်းချင်း မြင့်တက်လာနေသည်။ မူလတွင် သူက လုံးဝဖိနှိပ်ခံထားရသော်လည်း သုံးရက်အကြာတွင် တစ်ကွက်နှစ်ကွက် ပြန်လည်တိုက်ခိုက်နိုင်ခဲ့သည်။ ဟယ်မူသည် တိုက်ပွဲကြောင့် တုန်လှုပ်နေရပြီး တစ်ဖက်လူ၏ ရုပ်ခန္ဓာမှာ ကြေမွမတတ် တိုက်ခိုက်ခံခဲ့ရသော်လည်း မ​သေသည့်အပြင် မောပန်းဟန်လည်းမရှိဘဲ ပိုမိုအစွမ်းထက်လာနေသည်။

"ဒီကောင်က အလယ်အဆင့် ကြယ်သခင်ရော ဟုတ်ရဲ့လား။ ဘာတွေဖြစ်နေတာလဲ"

ကောင်းကင်ကြယ်သခင်ငါးယောက်မှာ တုန်လှုပ်နေသော အမူအရာဖြင့် တိုက်ပွဲကို စောင့်ကြည့်နေကြသည်။

"ဒါက ဒဏ္ဍာရီလာ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာလား"

ဟယ်မူသည် ရုတ်တရက် ထိုအကြောင်းကို သတိရလိုက်ပြီး စကြဝဠာအတွင်း ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးက အလွန်ရှားပါးကြောင်း သိထားသည်။ အကယ်၍ သူသာ တစ်ဖက်လူကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း မသတ်ဖြတ်နိုင်သော အချက်ကြောင့်သာ မဟုတ်လျှင် ဤသို့တွေးမိမည် မဟုတ်ပေ။

"ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာဖြစ်နေရင် ဒီကောင့်ကို အသက်ရှင်ခွင့်ပေးလို့ မရဘူး။ ငါ့ဝှက်ဖဲကို အသုံးပြုရမယ်"

ဟယ်မူ၏ သတ်ဖြတ်လိုစိတ်က ရာနှုန်းပြည့် ထွက်ပေါ်လာကာ အမှောင်မြို့၏ အကြီးအကဲများသာ သိသွားလျှင် ယဲ့ချန်သည် ပစားပေးခြင်းခံရပေလိမ့်မည်။ အကယ်၍ လူသားတစ်ယောက်သာ အစွမ်းထက်လာလျှင် ရှင်းဟွမ်မျိုးနွယ်အတွက် ခြိမ်းခြောက်မှု ဖြစ်သောကြောင့် သူက သတ်ဖြတ်ရှင်းလင်းရ​ပေလိမ့်မည်။

All Chapters