← Chapters

အပျက်အစီးနယ်မြေ

Vol. 66 Ch. 916

အပျက်အစီးနယ်မြေ

Vol. 66 Ch. 916

အမှောင်မြို့ရှိ ကုန်းမန်၏ နန်းတော်အတွင်းတွင် အောက်ဘုံမှ ပြန်လည်ရောက်ရှိလာသော ဟယ်မူက ဒူးထောက်၍ ခေါင်းငုံ့နေခဲ့သည်။

"မင်းပြောတာက အောက်ဘုံမှာ နယ်ခြားသရဲတွေ တိုက်ခိုက်တာကို ခံခဲ့ရတယ်ပေါ့"

ကုန်းမန်၏လေသံက ဒေါသကြောင့် တင်းမာနေပြီး နောက်လိုက်ခြောက်ယောက်ကို စေလွှတ်လိုက်သော်လည်း ရွှမ်ရဲ၏သတင်းမှအပ အခြားအချက်အလက်များ မသိခဲ့ရပေ။ ဟယ်မူ၏စကားအရ အလွန်ကြီးမားသော သရဲတစ်ကောင်နှင့် ရင်ဆိုင်ခဲ့ရပြီး ထိပ်တန်းကြယ်သခင်အဆင့် စွမ်းအားရှိသည်ဟု ဆိုသည်။ အလွန်ကျယ်ဝန်းသော ထို​နေရာ၌ ဤအဖြစ်မျိုး မကြာခဏ ဖြစ်ပွားတတ်ပြီး စစ်သူကြီးတစ်ယောက်က သွားရောက်နှိမ်နင်းရသော်လည်း တန်းယွမ်သည် မြင်ကွင်းကို ပိတ်ဆို့ထားသောကြောင့် မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ရွှမ်ရဲကို ဘယ်သူသတ်တာလဲ"

ရွှမ်မူ၏စကားသံက ရေခဲပမာ အေးစက်နေသည်။

"ယဲ့ချန်ပါ"

ဟယ်မူက အမှန်အတိုင်း ပြောလိုက်ပြီး ယဲ့ချန်၏ ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့သည်။ အကယ်၍ တရားခံကို လိမ်လည်လိုက်လျှင် ဉာဏ်များ၍ ကောက်ကျစ်သော ရွှမ်မူက သံသယဝင်နိုင်ချေရှိပြီး အတွင်းကျကျ စုံစမ်းလာနိုင်သည်။

"ငါ ထင်ထားတဲ့ အတိုင်းပါလား။ နိမ့်ကျတဲ့ လူသားတစ်ယောက်က ငါ့ညီကို သတ်ရဲတယ်ပေါ့။ မင်းကို အလောင်းရော ဝိညာဥ်ပါ မကျန်အောင် ဖျက်ဆီးပစ်မယ်ကွ"

ရွှမ်မူ၏ သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲသွားကာ အော်ဟစ်ကြုံးဝါးနေစဥ် ဟယ်မူ၏မျက်လုံးများတွင် မကျေနပ်သော အရိပ်အယောင် ဖြတ်ခနဲ လက်လာသည်ကို မည်သူမှ သတိမထားခဲ့ပေ။ ရွှမ်မူနှင့် ကုန်းမင်သည် ဟယ်မူမှာ ယဲ့ချန် စေလွှတ်လိုက်သော သူလျှိုဖြစ်ကြောင်းကို လုံးဝ သတိမပြုမိကြပေ။

အမှောင်မြို့ကို နယ်မြေများ အပိုင်းလိုက်ခွဲခြားထားပြီး အပျက်အစီးနယ်မြေသည် တစ်ခုအပါအဝင်ဖြစ်ကာ လူဦးရေသန်းတစ်ရာကျော် နေထိုင်သောကြောင့် စျေးများ၊ စားသောက်ဆိုင်များ စသဖြင့် စုံလင်စွာ တည်ရှိ၏။ ၎င်းက သေးငယ်သော တိုင်းပြည်တစ်ခုနှင့် တူညီပြီး ရွေးချယ်ခံရသော ပါရမီရှင်များနှင့် နယ်ခံများ ပူးတွဲနေထိုင်သော လူမှုစနစ်ကို ဖွဲ့စည်းထားသည်။ ဤစနစ်တွင် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများစွာ အသက်ရှင်ရပြီး အချင်းချင်း စိန်ခေါ်ခွင့်ရှိသော်လည်း သေခြင်းရှင်ခြင်း တိုက်ပွဲကွင်း၌သာ ခွင့်ပြုထားသည်။ ကောင်းကင်ကြယ်သခင်က ယဲ့ချန်တို့ကို ဤနေရာအထိ ခေါ်ဆောင်လာပြီး ပြန်လည်ထွက်ခွာသွားသောအခါ လမ်းကြောင်းမှာ ပြန်ပိတ်သွားသောကြောင့် လာလမ်းအတိုင်း ပြန်မထွက်နိုင်တော့ပေ။

"သေမင်းက တကယ် အကြံကြီးလွန်းတယ်"

ယဲ့ချန်က အခြေအနေကို ချက်ချင်းနားလည်လိုက်ပြီး သေမင်းသည် ပါရမီရှင်များစွာကို စုဆောင်းခဲ့သော်လည်း သစ္စာတရားကို ရာနှုန်းပြည့် မယုံကြည်သောကြောင့် ဤသို့သော စနစ်မျိုး ဖန်တီးထားခြင်းဖြစ်သည်။ ဤမျှနီးကပ်သော စနစ်တွင် နေထိုင်ရသူများမှာ အချင်းချင်း တွေ့မြင်နေရသဖြင့် အမှောင်မြို့ကို ရန်လိုစိတ်မရှိလျှင် သူက ချက်ချင်းသစ္စာပေးနိုင်သည်။ မကောင်းသော အကြံဖြင့် ရောက်လာသူများမှာ နယ်မြေများတွင် ထာဝရပိတ်မိသွားကာ အပြင်ထွက်နိုင်မည် မဟုတ်ပေ။ ပါရမီရှင်များ အချင်းချင်း မျိုးပွားကြသောအခါ မျိုးဆက်သစ်များကို သူက သိမ်းသွင်းစည်းရုံး၍ လေ့ကျင့်ပေးရန် အလွန်လွယ်ကူပေသည်။ ပါရမီရှင်များအနေဖြင့် အမှောင်မြို့တွင် ထာဝရပိတ်မိကာ သေမင်း၏ မျိုးဆက်ပြန့်ပွားရေး လက်နက်များအဖြစ် အသုံးချခံခဲ့ရပြီး နောက်မျိုးဆက်များမှာ သူ၏အသေခံတပ်သားများ ဖြစ်လာခဲ့ကြသည်။ မြို့တွင်းရောက်နေသော ပါရမီရှင်များ၏ သစ္စာတရားက သံသယဝင်စရာရှိသော်လည်း မျက်စိအောက်၌ ကြီးပြင်းလာသော ငယ်သားများက အကြွင်းမဲ့ သစ္စာရှိကြ၏။

လမ်းများပေါ်တွင် သွားလာနေကြသော ကျင့်ကြံသူများသည် အသစ်ရောက်လာသူများကို စိုက်ကြည့်နေကာ ဤလူမှုစနစ်တွင် လူတိုင်းက ရင်းနှီးလွယ်သောကြောင့် နေ့တိုင်းရောက်လာနေသော ဂိုဏ်းဝင်အသစ်များကို အတိအကျသိနိုင်၏။ သူတို့တွင် အနိမ့်ဆုံးမှာ အဆင့်နိမ့်ကြယ်သခင်များဖြစ်ပြီး ထိပ်တန်းကြယ်သခင် အရေအတွက်ကလည်း မနည်းပေ။ ဤစနစ်၏ ကြောက်စရာအကောင်းဆုံး အချက်သည် မရေမတွက်နိုင်သော မျက်လုံးအစုံ၏ စောင့်ကြည့်နေခြင်းဖြစ်ကာ သစ္စာရှိမရှိကို ချက်ချင်းသိနိုင်သည်။ အချိန်တစ်ရက် ဟန်ဆောင်ရန် ပြဿနာမရှိသော်လည်း နှစ်ရာချီသည်အထိ ဤနေရာတွင် ပိတ်မိနေလျှင် အကျိုးဆက်က အင်မတန် ထိရောက်ပေလိမ့်မည်။

"အကြံကြီးလွန်းတယ်"

ယဲ့ချန်သည် သေမင်း၏အစီအမံကြောင့် ထိတ်လန့်သွားကာ ဤလူမှုစနစ်တွင် ပိတ်မိနေလျှင် သူကိုယ်တိုင်ပင် အမှောင်မြို့မှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ကံကောင်းသည်မှာ သူ၏နောက်ခံအဖြစ် တန်းယွမ်ရှိနေပြီး အပြင်ထွက်နိုင်ရန် လမ်းတစ်ခု ဖန်တီးရန် မခက်ပေ။ သန်းတစ်ရာကျော်က ဘီလီယံချီသော ကြယ်များ၏ လူဦးရေနှင့်ယှဥ်လျှင် မများသော်လည်း ကြီးမားနေဆဲပင်ဖြစ်သည်။ သူက ခြင်္သေ့ကြီးနှင့် နင်အာကို အတူတကွခေါ်ဆောင်သွားကာ ကျန်ဆယ်ယောက်ကို လူခွဲရန် ညွှန်ကြားလိုက်ပြီး လူစုနေလျှင် အာရုံစိုက်ခြင်း ခံရနိုင်သောကြောင့်ဖြစ်သည်။ သူက ဒန်တန်အတွင်း စစ်ဆေးလိုက်ကာ အောက်ဘုံမှ စုဆောင်းလာသော မူလကျောက်များကို အသုံးပြုထားသောကြောင့် နောက်ထပ် ရွှေပိုင်နက်သားရဲနှစ်ကောင် အကောင် ပေါက်လာရန် နီးကပ်နေပြီဖြစ်ရာ သုံးကောင်အထိ ပိုင်ဆိုင်ရန် မဝေးကွာတော့ပေ။

"မင်းတို့က မြို့ကို အခုမှရောက်တာလား"

ကုန်သည်တစ်ယောက်ပမာ ဝတ်ဆင်ထားသော လူတစ်ယောက် ရောက်ရှိလာကာ တစ်ချက်ပြုံး၍ မေးလိုက်ခြင်းဖြစ်သည်။ သူက လျှပ်စီးမျိုးနွယ်မှ အဆင့်နိမ့် ကြယ်သခင်တစ်ယောက်ဖြစ်ကာ အသက်သုံးဆယ်အရွယ် လူအသွင်ပြောင်းထားပြီး နှုတ်ခမ်းမွေးစစနှင့် ကောက်ကျစ်သော အသွင်ကို ပိုင်ဆိုင်ထားသည်။

"ငါ့နာမည်က ရှောင်ရင်ဖြစ်ပြီး ဒီနယ်မြေမှာ ကျော်ကြားတဲ့ ကုန်သည်တစ်ယောက်ဖြစ်တယ်။ ငါက စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်ကိုင်ပြီး လူသစ်တွေကို ကူညီပေးနေကျဖြစ်တယ်"

ရှောင်ရင်က အပေါ်ယံတွင် ပြုံးပြထားသော်လည်း စိတ်ထဲတွင် အသစ်ရောက်လာသူများကို ပါးပါးလှီးအမြတ်ထုတ်ရန် ကြံစည်နေ၏။

"ဘယ်လိုစီးပွားရေးမျိုးလဲ"

ယဲ့ချန်က တည်ငြိမ်သော မျက်နှာထားဖြင့် မေးခွန်းပြန်ထုတ်လိုက်သည်။ နင်အာနှင့် ခြင်္သေ့ကြီးက တစ်ခုခုကို သတိထားမိလိုက်သော်လည်း တိတ်တဆိတ် လိုက်ပါလာကြပြီး တစ်ဖက်လူ၏အကြံကို စောင့်ကြည့်နေကြသည်။

"မင်းတို့က အပျက်အစီးနယ်မြေကို ရောက်ကာစဆိုတော့ အခြေကျဖို့အတွက် အိမ်တစ်လုံးဝယ်ဖို့ လိုအပ်တယ်။ သာမန်အိမ်တွေက ခရမ်းရောင်ရွှေငါးရာနဲ့ ခြောက်ရာအကြား ရှိပြီး စျေးအကြီးဆုံးကတော့ သောင်းချီတယ်။ မင်းဝယ်ချင်တယ်ဆိုရင် မိတ်ဆက်ပေးနိုင်ပြီး သုံးဆယ်ရာခိုင်နှုန်း လျှော့စျေးရှိတယ်။ မင်းမှာ ပိုက်ဆံမလောက်ဘူးဆိုရင် မြို့တော်အုပ်ချုပ်ရေးခန်းမမှာ အလုပ်ရှာနိုင်တယ်။ လျှို့ဝှက်နယ်မြေတွေကိုသွားပြီး သားရဲတွေနဲ့ ရတနာတွေကို အမဲလိုက်နိုင်တဲ့အပြင် အခြားကျင့်ကြံသူတွေကို စိန်ခေါ်လောင်းကြေးထပ်နိုင်တယ်။ ငါက မင်းတို့အတွက် ပွဲစားအဖြစ် ဆောင်ရွက်ပေးမယ်။ ပြီးတော့ ဒီမြို့မှာ ခရမ်းရောင်ရွှေကို ငွေကြေးအဖြစ် အသုံးပြုပြီး ငွေလဲချင်တယ်ဆိုရင်လည်း ငါ ကူညီပေးနိုင်တယ်"

ရှောင်ရင်က တစ်ချက်ပြုံး၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ ယဲ့ချန်က လက်မောင်းကာအတွင်း စစ်ဆေးလိုက်သောအခါ ခရမ်းရောင်ရွှေ ခြောက်သန်းကျော်နှင့် လက်နက်များ၊ ချပ်ဝတ်များနှင့် ရတနာများ တောင်ပုံရာပုံရှိသည့်အပြင် ကောင်းကင်လှေများ၊ မိုးတိမ်နတ်လှေများနှင့် နတ်ဆိုးတိုက်လှေများလည်း ရှိနေခဲ့သည်။ ချမ်းသာကြွယ်ဝမှုအရာတွင် လက်ရှိ၌ သူက ထိပ်တန်းမဟာမိတ်၏ စွမ်းအားရှင်များအောက် နိမ့်ကျခြင်းမရှိပေ။ သူက မျက်လုံးများကျဥ်းမြောင်းကာ လိမ်ညာလှည့်စားရန် ရောက်ရှိလာသော ရှောင်ရင်ကို စောင့်ကြည့်နေသော်လည်း ရိုးအသော ပုံဖမ်း၍ ခေါင်းညိတ်ပြလိုက်သည်။

"ငါ အိမ်တစ်လုံး လိုချင်တယ်"

သူက ခဏတာစဥ်းစား၍ အပျက်အစီးနယ်မြေတွင် အခြေချကာ ဤနေရာနှင့် ရင်းနှီးစေရန်အတွက် လိုအပ်သောအရာကို ဝယ်ယူချင်ခဲ့သည်။ ခြံဝန်းတစ်ခု ပိုင်ဆိုင်ထားလျှင် ထိုနေရာ၌ ကျင့်ကြံ၍ တန်းယွမ်ထံမှ သတင်းကိုစောင့်ရင်း ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်နိုင်ပေလိမ့်မည်။ သူက အသေးစိတ် လေ့လာကြည့်ခဲ့သောအခါ ဤနယ်မြေကို သေမင်းသည် အပေါ်ယံသာ စောင့်ကြည့်ကြောင်း နားလည်လိုက်သည်။ သေမင်း၏အမြင်၌ ၎င်းသည် လူဦးရေ ထူထပ်သည့်အပြင် အချင်းချင်းစောင့်ကြည့်နေသော မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများကြောင့် စိတ်အေးလက်အေး လျစ်လျူရှုထားနိုင်သည်။ ဤအချက်က သူ့အတွက် အခွင့်ကောင်းဖြစ်လာခဲ့ပြီး အမှောင်မြို့၏ အကြီးအကဲများ နှစ်သောင်းချီစုဆောင်းထားသော ပါရမီရှင်များကို သိမ်းသွင်းရန် ကြံစည်ထားသည်။ ဤနေရာက အင်အားတိုးချဲ့ရန် အရေးတကြီး လိုအပ်နေသော ယဲ့ချန်အတွက် ဘူမိနက်သန် အောင်မြေတစ်ခုနှင့်ပင် တူညီနေသည် မဟုတ်ပါလော။

"မင်းက ဘယ်လိုအိမ်မျိုးကို လိုချင်တာလဲ"

"အကောင်းဆုံးကိုပြော၊ ငွေကို စိတ်ပူစရာ မလိုဘူး"

ယဲ့ချန်၏စကားကြောင့် ရှောင်ရင်၏မျက်လုံးများ တောက်ပလာကာ အမွေးရိတ်ရန် ထွက်ပေါ်လာသော သိုးဝဝကြီးတစ်ကောင်ကို အလွတ်ပေးစရာ အကြောင်းမရှိပေ။

"အကောင်းဆုံးအိမ်က ဒီနေရာနဲ့ မိုင်ခြောက်ဆယ်ကျော်ဝေးပြီး အချင်းဝက်နှစ်မိုင်အထိ ကျယ်ဝန်းတယ်။ အရင်တုန်းက ထိပ်တန်းကြယ်သခင်တစ်ယောက် နေထိုင်ခဲ့ပြီး ပေါက်စျေးကတော့ ခရမ်းရောင်ရွှေတစ်သိန်း ပေးရမယ်"

သူက စကားပြောနေရင်း ယဲ့ချန်၏မျက်နှာထားကို အကဲခတ်နေကာ ငွေတစ်သိန်း ထုတ်ပေးနိုင်ခြင်း ရှိမရှိ စပ်စုနေခဲ့သည်။

"ဒီလောက်ပဲဆိုရင် ငါ့ကို ခေါ်သွားပြ"

လက်မောင်းကာအတွင်းရှိ ငွေပမာဏအရ ဤငွေတစ်သိန်းသည် မ​ပြောပလောက်သဖြင့် ယဲ့ချန်က တည်ငြိမ်စွာ ရှိနေသည်။ ထို့ကြောင့် ရှောင်ရင်သည် အပျော်လွန်သွားကာ သူကိုယ်တိုင်ပင် ဤပမာဏမျိုး လက်မဖွာနိုင်ပေ။ အချို့သော ထိပ်တန်းကြယ်သခင်များပင် ဤဖောက်သည်ကဲ့သို့ ရက်ရက်ရောရော ငွေမသုံးစွဲနိုင်သောကြောင့် လူချမ်းသာတစ်ယောက်ဟု မှတ်ယူလိုက်သည်။ သူက ယဲ့ချန်၏ပေါင်ကို ဖက်တွယ်ကာ ငွေရှာရန် စဥ်းစားခြင်းမရှိလျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

"ကျေးဇူးပြုပြီး လိုက်ခဲ့ပေးပါ"

သူ၏အမူအရာက ပိုမိုယဥ်ကျေးလာကာ နှိမ့်ချစွာ ခေါင်းညွှတ်၍ လမ်းပြလိုက်သည်။

"ယဲ့ချန် ဒီကောင့်ကို မင်း ဘယ်လိုကစားမလို့လဲ"

ခြင်္သေ့ကြီးက လှောင်ပြုံးပြုံးကာ အသံဖြင့် ဆက်သွယ်လာခဲ့သည်။

"လောလောဆယ်တော့ သူက အသုံးဝင်တယ်။ အရင်ဆုံး အချိုကျွေးပြီး လက်သပ်မွေးထားရမှာပေါ့"

ယဲ့ချန်က ရယ်မော၍ ပြန်ဖြေလိုက်လေသည်။

All Chapters