← Chapters

မနောငွေများဝယ်ယူခြင်း

Vol. 66 Ch. 917

မနောငွေများဝယ်ယူခြင်း

Vol. 66 Ch. 917

"အပျက်အစီးနယ်မြေမှာ အင်အားစုကြီး သုံးခုရှိပြီး ခေါင်းဆောင်တွေက အလွန်အစွမ်းထက်တဲ့ ထိပ်တန်းကြယ်သခင်တွေ ဖြစ်တယ်။ သူတို့က ဒီနေရာကို အုပ်ချုပ်ပြီး ဝင်ရောက်ခွင့်ရဖို့အတွက် ခက်ခဲပြီး ပါရမီရှင်တွေ အများကြီး ပိုင်ဆိုင်ထားတယ်။ ဒီပတ်ဝန်းကျင်ကို ကောင်းကင်ကံဂိုဏ်းက အုပ်ချုပ်ပြီး ငါက အကြီးအကဲတွေနဲ့ ရင်းနှီးတယ်။ အနာဂတ်မှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကိုသာ လာပြောလိုက်"

ရှောင်ရင်သည် ယဲ့ချန်တို့သုံးယောက်ကို အိမ်ထံ ခေါ်ဆောင်သွားရင်း ရှင်းပြနေခြင်းဖြစ်သည်။ သူက သာမန်ပွဲစားတစ်ယောက် ဖြစ်သောကြောင့် ကောင်းကင်ကံဂိုဏ်း၏ အကြီးအကဲများနှင့် ရင်းနှီးစရာမရှိသောကြောင့် ယဲ့ချန်က တိတ်ဆိတ်နေလိုက်သည်။ ထို့နောက် သူတို့၏မြင်ကွင်းအတွင်း တောကြီးတစ်ခု ဝင်ရောက်လာကာ ပြန့်ကြဲနေသော အိမ်တော်များတွင် ကျင့်ကြံသူများ နေထိုင်ကြောင်း သိလိုက်ရ၏။ အိမ်တစ်လုံး ဝယ်နိုင်သူများမှာ အစွမ်းထက်သူများချည်းဖြစ်ကာ အဆင့်တစ်နှင့် နှစ် မျိုးနွယ်ဝင်များ ဖြစ်ကြသည်။ သူက ခရမ်းရောင်ရွှေ တစ်သိန်းကျော် အသုံးပြုကာ တောင်ခြေရှိ အိမ်တစ်လုံးကို ဝယ်ယူလိုက်ပြီး ပတ်ဝန်းကျင်မှာ တိတ်ဆိတ်၍ ရေစီးသံ တသွင်သွင်ကိုသာ ကြားရသည်။

ယဲ့ချန်က ငွေတစ်သိန်းကျော်ကို အလွယ်တကူ ထုတ်သုံးလိုက်သောအခါ ရှောင်ရင်၏မျက်လုံးများမှာ လောဘမီး တောက်လောင်နေသည်။ ဤငွေတစ်သိန်းတွင် သူက အနည်းဆုံး ငါးထောင်ခန့် ကော်မရှင်ရမည်ဖြစ်သောကြောင့် အလွန်ကျေနပ်နေကာ နှစ်ပေါင်းများစွာ ပိုက်ဆံရှာခဲ့သည်ထက် ပို၍ဝင်ငွေဖြောင့်လာသည်။

"ဒီအိမ်က သိပ်မဆိုးဘူး။ ငါ သဘောကျတယ်။ ပွဲစားခယူလိုက်။ အပျက်အစီးနယ်မြေမှာ ဆန်းကျယ်တဲ့နေရာတွေ ရှိလား၊ ပြီးတော့ ငါက ဒီနေရာအကြောင်း အသေးစိတ် သိချင်တယ်"

ယဲ့ချန်က ငွေသုံးထောင်ကို ရှောင်ရင်ထံ ပစ်ပေးကာ မေးလိုက်သောအခါ ချမ်းသာလွန်းနေသဖြင့် တစ်ဖက်လူကို စိတ်လှုပ်ရှားစေခဲ့သည်။

"အပျက်အစီးနယ်မြေရဲ့ အဆုံးမှာ လျှို့ဝှက်နယ်မြေတစ်ခုကို ဦးတည်နေတဲ့ လမ်းကြောင်းရှိတယ်။ ဒီနေရာကို သေမင်းက ရှာတွေ့ခဲ့ပေမယ့် နယ်ခံမျိုးနွယ်တွေက အစွမ်းထက်တဲ့အတွက် ဝင်ရောက်ဖို့ မလွယ်ဘူး။ ဒီနယ်မြေမှာ အချိန်​​လေဟာနယ်ချီက အဆပေါင်းရာချီ သိပ်သည်းတဲ့အတွက် တစ်ရက်ကျင့်ကြံရင် တစ်နှစ်ကျင့်ကြံတာနဲ့ ညီမျှတယ်။ ဒါပေမယ့် နယ်ခံမျိုးနွယ်တွေ ရှာတွေ့သွားရင် သေချာပေါက် ဖမ်းဆီးခံရမှာဖြစ်လို့ အလွန်အန္တရာယ်များတယ်။ တကယ်လို့ မင်း စိတ်ဝင်စားရင် ငါက ဝင်ပေါက်ကို ခေါ်သွားပေးမယ်။ ဒါပေမယ့် မသွားတာ ကောင်းလိမ့်မယ်။ ချမ်းသာတဲ့ လူတစ်ယောက်အနေနဲ့ ဒီလိုနေရာမျိုးမှာ သေသွားရင် နှမြောစရာကောင်းလွန်းတယ်"

တစ်ဖက်လူ၏ ဖော်ပြချက်အရ ဤနယ်မြေသည် နတ်ဘုံနှင့် တူညီနေသောကြောင့် ယဲ့ချန်က စိတ်လှုပ်ရှားသွားပြီး အမှောင်မြို့နှင့် နတ်ဘုံက ဆက်စပ်နေခြင်း ဖြစ်နိုင်သကဲ့သို့ အတွေးများနေခြင်းလည်း ဖြစ်နိုင်သည်။

"ရေခဲမီးနယ်မြေလို့ ခေါ်တဲ့ နယ်မြေတစ်ခုကိုလည်း သေမင်းက ဖန်တီးထားပြီး သားရဲတွေကို အမဲလိုက်ပြီး ငွေရှာနိုင်တယ်။ စုစုပေါင်း အဆင့်ခြောက်ခုရှိပြီး အသန်မာဆုံး ကျင့်ကြံသူတွေတောင် အဆင့်ငါးအထိသာ ရောက်နိုင်ကြတယ်။ နောက်ဆုံးအဆင့်ကို ရောက်နိုင်ရင် သေမင်းက ထိပ်တန်းကျင့်စဥ်တစ်ခု ပေးအပ်မှာဖြစ်ပြီး ရတနာတွေကိုလည်း ရနိုင်လိမ့်မယ်"

မူလတွင် ရှောင်ရင်သည် ယဲ့ချန်ကို သတင်းထိမ်ချန်ထားရန် ကြံစည်ခဲ့သော်လည်း ငွေမျက်နှာကြောင့် အသေးစိတ် ရှင်းပြခဲ့သည်။ ဤသို့ဖြင့် ယဲ့ချန်သည် အပျက်အစီးနယ်မြေရှိ အင်အားစုများနှင့် အခြေအနေများကို ခရေစေ့တွင်းကျ သိခဲ့ရသည်။ ၎င်းတွင် သန်မာသူများက ဘုရင်များသဖွယ်ဖြစ်ကာ အားနည်းသူများကို အလုပ်ခိုင်းစေနိုင်သောကြောင့် အင်အားစုတစ်ခု တည်ထောင်ရန် သင့်တော်နေသည်။

"ငါ့မှာ မင်းအတွက် အလုပ်ရှိတယ်။ ဒီစာရင်းထဲက ရတနာတွေကိုရှာပြီး ဝယ်လာခဲ့"

ယဲ့ချန်က ရှောင်ရင်ထံ စာရင်းတစ်ခု လှမ်းပေးလိုက်ပြီး စျေးကြီးသော ရတနာများကို မှတ်သားထားသည်။ စုစုပေါင်း အရေအတွက်က ခုနစ်ဆယ်ဖြစ်ပြီး တစ်ခုချင်းစီ၏ တန်ဖိုးသည် ခရမ်းရောင်ရွှေသိန်းချီသောကြောင့် အားလုံးကို ဝယ်ယူရန်အတွက် ဆယ်သန်းကျော် လိုအပ်ပေလိမ့်မည်။

"ရတနာအများစုကို ကျုပ်ရှာပေးနိုင်ပေမယ့် ဒီနှစ်ခုက ဘာတွေလဲ။ ခရမ်းရောင်ကျောက်နဲ့ တန်းကန်ကျောက်ဆိုတာက.."

ရှောင်ရင်သည် တစ်ခါမှမကြားဖူးသော အမည်နှစ်ခုကို ထောက်ပြ၍ ယဲ့ချန်ကို စိတ်ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်သည်။

"ဒါက ခရမ်းရောင်ကျောက်"

ယဲ့ချန်သည် သိုလှောင်အိတ်အတွင်းမှ ကောင်းကင်မူလကြယ်၏ တွင်းထွက်တစ်မျိုးကို ထုတ်ပြလိုက်သည်။ ၎င်းကို သူက ကောင်းကင်မူလကြယ်၌သာ မြင်တွေ့ဖူးပြီး စကြဝဠာအတွင်း မရှိသော်လည်း အမှိုက်တစ်စပမာ အဖိုးတန်ခြင်း မရှိပေ။

"ဒါကို ဘယ်လိုအသုံးပြုရတာလဲ"

ရှောင်ရင်သည် ၎င်းထံမှ ချီစွမ်းအင်များကို အာရုံမခံနိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒီကျောက်က အဖိုးတန်ပြီး ငါ အသုံးချတတ်ပါတယ်။ တစ်တုံးကို ခရမ်းရောင်ရွှေသုံးထောင်ပေးပြီး မင်းရှာနိုင်သမျှ အကုန်ယူမယ်။ အရေအတွက် များမယ်ဆိုရင်တော့ ရောင်းသူနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးချင်တယ်"

ယဲ့ချန်က ဆန်းကျယ်စွာ ပြုံးလိုက်သောအခါ တစ်ဖက်လူ၏စိတ်ထဲတွင် ခရမ်းရောင်ကျောက်မှာ အမှန်တကယ် အဖိုးတန်သည်ဟု သံသယများ ဖြစ်တည်လာသည်။ စကြဝဠာအတွင်း အံ့သြစရာများစွာရှိပြီး အသုံးမဝင်ဟု ထင်ရသော်လည်း အဖိုးတန်သည့် ရတနာများရှိသည် မဟုတ်ပါလော။

"တန်းကန်ကျောက်ဆိုတာကရော"

"ဒါပဲ"

"ငါက ဒါမျိုး တစ်နေရာရာမှာ မြင်ဖူးပါတယ်။ နေပါဦး၊ ဒါက မနောငွေ မဟုတ်ဘူးလား။ အသုံးမဝင်တဲ့ ကျောက်ပဲ"

ယဲ့ချန်က မနောငွေတစ်ပြားကို ထုတ်ပြလိုက်သောအခါ ရှောင်ရင်မှာ အလွန်အံ့သြနေခဲ့သည်။

"ဘာ"

ရှောင်ရင်၏စကားကြောင့် ယဲ့ချန်က မင်သက်သွားကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပုံပေါ်သည်။

"ငါက ဒါမျိုးတွေ အများကြီး ရှာပေးနိုင်တယ်"

ရှောင်ရင်က ခပ်ညစ်ညစ် ပြုံးလိုက်ပြီး ချက်ချင်းကတိပေးလိုက်သည်။

"တကယ်လား၊ ဘယ်လောက်များများ ငါ လိုချင်တယ်"

"ငါ ချက်ချင်းသွားရှာလိုက်မယ်"

သူက ယဲ့ချန်အတွက် ရတနာများဝယ်ရန် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားခဲ့သည်။ သူ၏အမြင်တွင် တစ်ဖက်လူသည် ဖောက်သည်ကြီးတစ်ယောက်ဖြစ်ကာ ပိုက်ဆံများစွာ ရှိနေသောကြောင့် အသုံးမဝင်သည့် မနောငွေများကိုပင် လိုချင်နေသည်။ ခြင်္သေ့ကြီးနှင့် နင်အာက ထွက်ခွာသွားသော ရှောင်ရင်၏ကျောကို တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။

"ယဲ့ချန် မင်း ဘာအကွက်တွေ ရွှေ့နေတာလဲ"

ခြင်္သေ့ကြီးက ယဲ့ချန်၏အကြံကို နားမလည်သောကြောင့် စပ်စုလိုက်သည်။

"အခုမှ အစရှိသေးတယ်၊ စောင့်ကြည့်ပါဦး။ လောလောဆယ်တော့ ကျင့်ကြံလိုက်ရအောင်"

ယဲ့ချန်က ဆန်းကျယ်စွာပြုံး၍ တန်းယွမ် ဆက်သွယ်လာမည့် အချိန်ကို မသိသောကြောင့် ကြိုးကြိုးစားစား ကျင့်ကြံရန် ကြံစည်ထားသည်။ သူတို့သုံးယောက်က တံခါးပိတ်ကျင့်စဥ် ဝင်နေချိန်တွင် ရှောင်ရင်သည် အပျက်အစီး နယ်မြေတစ်ခုလုံးတွင် ရတနာများ လိုက်လံဝယ်ယူနေခဲ့သည်။ သူ ယူဆောင်လာသမျှ ရတနာများကို ယဲ့ချန်က ငွေကြေးအမြောက်အများပေး၍ ဝယ်ယူခဲ့သောကြောင့် ပွဲခအဖြစ် ခရမ်းရောင်ရွှေတစ်သိန်းကျော် ရရှိလိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်က ငွေကို မျက်တောင်မခတ်ဘဲ သုံးစွဲနိုင်သော သူဌေးကြီးတစ်ယောက် ဖြစ်လာခဲ့သည်။ သူက ရတနာများကို လိုက်လံဝယ်ယူနေသော သတင်းက ပတ်ဝန်းကျင်ကို အုတ်အော်သောင်းတင်းဖြစ်သွားစေပြီး သူဌေးတစ်ယောက်၏ ကိုယ်စားပြုအဖြစ် ရတနာများကို ပေါက်စျေးထက် လေးငါးဆပိုပေးကာ ဝယ်ယူနေကြောင်း သိသွားခဲ့သည်။

"ခရမ်းရောင်ကျောက်က ဘာလဲ။ ငါက တစ်ခါမှ မကြားဖူးဘူး"

"တန်းကန်ကျောက် ဟုတ်လား၊ ဒါက ထိပ်တန်းမဟာမိတ်ရဲ့ မနောငွေ မဟုတ်ဘူးလား။ ဒီနေရာမှာ ဒါတွေက အမှိုက်လိုပဲ၊ တစ်ပြားမှတောင် မတန်ဘူး။ ဒီကောင်က တကယ်ကြီး လိုက်ဝယ်နေတာလား"

ဤအဖြစ်က မြို့နေလူထုကို ဆူညံသွားစေပြီး မနောငွေများကို စုဆောင်းကာ လာရောက်ရောင်းချစေခဲ့သည်။ သူတို့အတွက် အသုံးမဝင်သော ဤကျောက်တုံးများကို လွှင့်ပစ်ထားသော်လည်း လက်ရှိတွင် ဝယ်လက်ပေါ်လာသောအခါ အရူးအမူး လိုက်လံရှာဖွေခဲ့ကြသည်။ အချို့ကမူ ၎င်းတို့ကို အမှိုက်ပမာ စွန့်ပစ်ခဲ့မိသည့်အတွက် နောင်တရနေကြပြီး အချိန်ခဏအတွင်း ယဲ့ချန်သည် မနောငွေသန်းရာချီကို စုဆောင်းနိုင်ခဲ့ကာ အားလုံးကို မငြင်းဆန်ဘဲ ဝယ်ယူခဲ့သည်။ ရှောင်ရင်က လက်ရှိတွင် အကျိုးအမြတ်များစွာ ဖြစ်ထွန်းနေပြီး ပွဲခအဖြစ် ခရမ်းရောင်ရွှေသုံးသိန်းကျော် ပိုင်ဆိုင်နေသည်။ ယဲ့ချန်ကမူ ခရမ်းရောင်ရွှေသုံးသန်းကျော် အသုံးပြုကာ အပျက်အစီးနယ်မြေတွင် အသုံးမဝင်သော မနောငွေအားလုံးကို ဝယ်ယူခဲ့သည်။

"ယဲ့ချန် ဒီမနောငွေကို ဘာလုပ်မလို့လဲ၊ ဒါတွေက အပျက်အစီးနယ်မြေမှာ သုံးမရဘူးမလား"

သူ၏လုပ်ရပ်ကို ခြင်္သေ့ကြီးရော နင်အာပါ နားမလည်နိုင် ဖြစ်နေကြသည်။ ကျင့်ကြံခြင်းလောကတွင် လူတိုင်းသည် ခွန်အား တိုးတက်စေရန်အတွက် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသောကြောင့် စီးပွားရေးလုပ်ကိုင်ရာတွင် ကမ္ဘာကူးပြောင်းလာသည့် ယဲ့ချန်က ကွက်ကျော်မြင်နိုင်စွမ်း ရှိနေသည်။

"အချိန်ကျလာရင် မင်းတို့ သိလာမှာပါ"

သူက တစ်ချက်ပြုံး၍ အသေးစိတ် ရှင်းမပြခဲ့ပေ။ နောက်ပိုင်းတွင် သူတို့သည် အိမ်အတွင်းမှ ထွက်ခွာ၍ မိုပင်းနှင့် အခြားနောက်လိုက်များကို ဆက်သွယ်ခဲ့သည်။ မိုပင်းသည်လည်း ယဲ့ချန်၏ ငွေကြေးအကူအညီဖြင့် ဤနယ်မြေတွင် ခြေကုပ်တစ်ခု ရယူထားနိုင်သည်။ ထို့နောက် သူက မနောငွေ၏စျေးနှုန်းကို ခရမ်းရောင်ရွှေဆယ်စအထိ တိုးပေးလိုက်သောအခါ အားလုံးကို နောက်တစ်ကြိမ် လှုပ်ခတ်သွားစေပြန်သည်။ ရှောင်ရင်သည် ၎င်း၏အသုံးဝင်ပုံကို စဥ်းစားမရသော်လည်း ယဲ့ချန် လိုအပ်နေသမျှ ရှာဖွေဝယ်ယူပေးခဲ့လေသည်။

All Chapters