← Chapters

သေချာပေါက် လွမ်းနေမယ်။

Vol. 150 Ch. 2087

သေချာပေါက် လွမ်းနေမယ်။

Vol. 150 Ch. 2087

ဖရိုဖရဲ တိုက်ပွဲကြီးသည် သွေးတပ်ရင်း ရောက်ရှိလာ ပြီးနောက် အဆုံးသတ် သွားသည်။ မည်သူမျှ မျှော်လင့် မထားသော အရာ ဖြစ်၏။

ကျောက်ဝူကျိ သေဆုံးခြင်းကြောင့် တိုက်ပွဲများ ရပ်တန့်မည် မဟုတ်ကြောင်း လူ အများမှ ယူဆမိသည်။

ဤတိုက်ပွဲသည် အုပ်စိုးရှင် သူတော်စင် ဓားပိုင်ရှင်နှင့် သက်ဆိုင် လေရာ၊ မြင့်မြတ်မြေ နှစ်ခုကြား တိုက်ပွဲ အဆင့်သို့ ကူးပြောင်းသွား နိုင်၏။

လက်ရှိ မြင်ကွင်းများ အရ ကောင်းကင် တာအိုဂိုဏ်း၏ အခြေခံ အုတ်မြစ်သည် သူတို့ ထင်ထား သလောက် ရိုးရှင်း ဖြစ်မည် မဟုတ်ချေ။

အနက်ရောင် ငှက်မွှေး နန်းတော်မှ သူတော်စင် သည်သာ တိုက်ပွဲအတွင်း ပါဝင် ခဲ့မည် ဆိုသော် သူတော်စင် တိုက်ပွဲ အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။

နဝမမြော သမီးတော်၏ သွေးတပ်ရင်း ရောက်ရှိ လာခြင်းနှင့် အတူ၊ ဤတိုက်ပွဲများ၏ ဇာတ်ကောင်မှာ ထွက်ခွာသွား နိုင်ခဲ့သည်။

ထိုလူယုတ်မာသည် နဝမမြောက် သမီးတော်၏ ခါးကို ဖက်ထား ခြင်းကြောင့်၊ သူတို့ မဆိုနှင့် သူတော်စင် တစ်ပါးပင် တိုက်ခိုက် ဝံမည် မဟုတ်ချေ။

“ ဒီကောင် နဝမမြောက် သမီးတော်နဲ့ ဘယ်လိုလုပ် သိတာလဲ၊ တိုက်ဆိုင် လွန်းတယ် မဟုတ်လား။ ”

အနက်ရောင် ငှက်မွှေး နန်းတော်သည် တောင်ပိုင်း လွင်ပြင်၏ အုပ်စိုးရှင် ဖြစ်ချေ၏။ သို့သော် နတ်နဂါး အင်ပါယာကို ရင်ဆိုင်ရန် သတ္တိမရှိချေ။

အင်ပါယာသည် ၎င်းတို့၏ စိတ်ကူး စိတ်သန်းများထက် ကျော်လွန်၍ ကြီးမားသော နယ်မြေတစ်ခု ဖြစ်သည်။

ဧကရာဇ် ကိုးပါးသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က ပေါ်ထွန်း လာခဲ့ပြီး ခွန်လွန်၏ ဗဟိုဒေသများကို သိမ်းပိုက် ထားသည်။

“ သူ ဒီအတိုင်း ထားသွားတာလား။ ”

မရဏ မိုးကြိုး တောင်ထိပ်သခင်မှ ဤရလာဒ်ကို မျှော်လင့် မထားသောကြောင့် မယုံကြည်နိုင် ဖြစ်နေမိသည်။

“ ငါ မသိဘူး ... ။ ”

မုချွန်မှ ခေါင်းခါ၏။ လင်းယွန်နှင့် ဆုစီယာ တို့ကြား ဆက်ဆံရေး အကြောင်းကို သူလည်း မသိချေ။

“ ဝှစ် ... ။ ”

သိရှိထားသော ယဲ့ဇီလင်က ပါးစပ်ပိတ် ထားသည်။ ထိုအချိန်၌ သူတော်စင် ရောင်ဝါများ လွှမ်းခြုံလျက်၊ အနက်ရောင် ပုံရိပ်တစ်ရိပ် ဆင်းသက် လာသည်။

ဤလူကို မြင်သောအခါ အနက်ရောင် ငှက်မွှေး နန်းတော်မှ အကြီးအကဲ များနှင့် တပည့် များက လျင်မြန်စွာ ဦးညွှတ် လိုက်သည်။

“ ယန်-ဓားသူတော်စင် သခင်ကို နှုတ်ဆက် ပါတယ်။ ”

ဤသူတော်စင် သခင်သည် ကောင်းကင် ငရဲမြို့တော်တွင် တပ်စွဲထားသော အနက်ရောင် ငှက်မွှေး နန်းတော်၏ သူတော်စင် ဖြစ်၏။

သူတို့၏ ဝှက်ဖဲ ဖြစ်ပြီး အခြေအနေ ဆိုးရွားပါက ဓားကို သိမ်းပိုက်ရန် အမှောင်ထဲမှ စောင့်ကြည့်နေသူ ဖြစ်သည်။

အသက် အရွယ်အားဖြင့် နှစ်ပေါင်း တစ်ထောင် နီးပါး သက်တမ်းရှိကာ သူတော်စင် ဘုရင် ဖြစ်လာရန် နီးစပ်နေ ချေပြီ။

“ သူတော်စင် သခင် ... ။ ”

အနက်ရောင် ငှက်မွှေး နန်းတော်မှ အဖွဲဝင်တိုင်း ဝမ်းသာသွား၏။ ဓားဂိုဏ်းနှင့် မရဏ မိုးကြိုး တောင်ထိပ် သခင်အား ဖမ်းကာ အတင်းအကြပ် ဖိအားပေးနိုင်မည်။

“ ဝေါ့ ... ။ ”

သို့သော် ယန်ဓား သူတော်စင် သခင်မှ ရုတ်တရက် သွေးတစ်လုတ် အန်လိုက်သဖြင့်၊ လူတိုင်း မျက်လုံးပြူး သွား၏။

“ ဟား ဟား ဟား ... ငါ့လက်ဖဝါးကို အကြာကြီး ခံနိုင်ရည်ရှိဖို့ ဆိုးတာ မလွယ်ပါဘူး။ ”

ရယ်မောသံနှင့်အတူ အမျိုးသမီး တစ်ဦး ဆင်းသက် လာသည်။ ဤသည်မှာ ဖုန်ဝူကျိပင် သတိထားရသော လျှို့ဝှက် ဆန်းကြယ်သည့် အမျိုးသမီး ဖြစ်၏။

“ ထွက်သွားစမ်း ... ၊ အုပ်စိုးရှင်ဓား နောက်ကို လိုက်ဝံ့ရင် ငရဲမြို့တော်က မင်းတို့ ဌာနခွဲကို ဖျက်ဆီးပစ်မယ်။ ”

အနက်ရောင် ငှက်မွှေး နန်းတော်မှ လူများဒေါသထွက် ကုန်၏။ ရှေ့လှမ်း တက်ကာ သူတို့၏ ဌာနခွဲအား ဘယ်သတ္တိဖြင့် ဖြိုခွဲရဲ သနည်းဟု မေးရန် ပြင်လိုက်သည်။

“ ဒါ သူတော်စင် ဘုရင်ပဲ ... ချက်ချင်း ပြန်သွားကြ ... ။ ”

ယန်ဓား သူတော်စင် သခင်မှ ထိတ်လန့်တကြား လှည့်ထွက် သွားသဖြင့် ချက်ချင်း လိုက်ပါသွား ကြသည်။

တစ်စက္ကန့်မျှပင် ထပ်မနေရဲတော့ချေ။ ကျန်ဆယ်ပါးသော မြင့်မြတ်မြေများ မှလည်း တိတ်တဆိတ် ထွက်ခွာ သွားတော့သည်။

ဤတိုက်ပွဲသည် ရယ်စရာ အဆုံးသတ် ဖြစ်သွားသည်။ ခွန်လွန် တခွင်သို့ ယဲ့ချင်းရှန် အမည် ပျံ့နှံ့ပေလိမ့်မည်။

“ ဓားဂိုဏ်းရဲ့ အကူအညီအတွက် ကျေးဇူးတင်တယ်။ ”

မရဏ မိုးကြိုး တောင်ထိပ် သခင်မှ မုချွမ်အား ကျေးဇူးတင် စကား ပြောကြား လိုက်သည်။

“ ငါတို့ အားလုံးက ... အရှေ့ဘက် ပျက်စီးမြေကပဲ၊ ဒီလောက် အထိ ယဉ်ကျေးဖို့ မလိုပါဘူး၊ မြန်မြန် ... သူတို့နောက် လိုက်ကြ ရအောင်၊ ယဲ့ချင်းရှန်က မြင့်မြတ်သော မဟာမိတ် မြို့တော်ဆီ သွားလိမ့်မယ်။”

“ ကောင်းပြီ ... ။ ”

သူတို့က ချက်ချင်းပင် သွေးတပ်ရင်း နောက်သို့ လိုက်သွား၏။ လူတိုင်း ထွက်ခွာသွား ပြီးနောက်၊ ဆံပင် ဖြူဖြူနှင့် လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ကောင်းကင်မှ ဆင်းသက်လာသည်။

သူ့လည်ပင်းတွင် အရိုးလည်ဆွဲ တစ်ခု ဆွဲထားကာ၊ နောက်ကျော၌ အရိုးဖြူ ဓားမော့ တစ်လက် ပိုးလွယ်ထား၏။

မျက်ဝန်းများ၌ မီးလျှံများ တောက်လောင် နေပြီး ကြောက်မက်ဖွယ် ဖိအားကို ထုတ်ဖော် ထားလေသည်။

ဤပုဂ္ဂိုလ်သည် အရှေ့ဘက် ပျက်စီးမြေ၏ အနက်ရောင် တောင်တန်း သူတော်စင် ခုနစ်ပါး အနက်မှ အရိုးဖြူဓား သူတော်စင် ဖြစ်သည်။

“ နဝမမြောက် သမီးတော် ... ကယ်တင်ခြင်း သွားတာ ကံကောင်းပါတယ် ။ ”

အရိုးဖြူဓား သူတော်စင်မှ ရေရွတ် လိုက်သည်။ ထိုအချိန်တွင် နောက်ထပ် ပုံရိပ် နှစ်ရိပ် ဆင်းသက် လာ၏။

အရိုးဖြူဓား သူတော်စင်က ခံစားချက် မရှိသော မျက်နှာဖြင့် လှည့်ကြည့် လိုက်သည်။

“ ကောင်းကင် တာအိုဂိုဏ်းက ငါ့ကို စောင့်ကြည့်ဖို့ ... သူတော်စင် နှစ်ပါးတောင် စေလွှတ် လိုက်တာလား၊ အထင်ကြီးလွန်း နေပါပြီ။ ”

ကျောက်စိမ်းဓား သူတော်စင်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ကိုယ်ဟန် ပြင်ယူ လိုက်သည်။

သူတို့ ရောက်လာသည်မှာ ကြာပြီ ဖြစ်သော်လည်း ရုတ်ရုတ်သဲသဲ မဖြစ်စေလို သောကြောင့် အမှောင်ထဲမှ ရပ်ကြည့်နေ ခဲ့ခြင်း ဖြစ်သည်။

“ အရိုးဖြူဓားက ဘယ်တုန်းက လက်ပါးစေ တစ်ယောက် ဖြစ်လာ ရတာလဲ။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ အေးစက်စွာ မေးသည်။ ထျန်ရွှမ်ဇီသည် ဓားကို သိမ်းပိုက်ရန် ကျွမ်းကျင်သူ တစ်ဦး စေလွှတ် လိုက်ကြောင်း သတင်း ရရှိခဲ့သည်။

ယင်းသည် အရိုးဖြူဓား သူတော်စင် ဖြစ်နေ၏။ ၎င်းက ပြုံးပြီး၊

“ အနက်ရောင် တောင်တန်းရဲ့ ... သူတော်စင် ခုနစ်ပါးက သူနဲ့ နှစ်ပေါင်း နှစ်ရာ တိုင်တိုင် ခင်မင် ရင်းနှီးခဲ့တယ်၊ ဒီပတ်သတ်မှု အပေါ် ... နားလည်မှု မလွဲပါနဲ့။ ”

“ ဒီကိစ္စကို မစွက်ဖက်နဲ့ ... ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ အေးစက်စွာ ပြောကြား လိုက်သည်။

“ ဘာတွေ စိုးရိမ် နေတာလဲ။ ”

အရိုးဖြူဓား သူတော်စင်မှ အပျော်သဘော မျိုးဖြင့် ပြုံးရယ်ကာ မေးလိုက်သည်။ သို့သော် ကျောက်စိမ်းဓား သူတော်စင်၏ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်ကို ပြသလာ သဖြင့်၊

“ အမျိုးသမီး တွေက ... တကယ် ကြောက်စရာ ကောင်းတယ်၊ ကိစ္စ တစ်ခုကို ရှင်းရှင်း လင်းလင်း မလုပ်ဘဲ၊ တစ်ချိန်လုံး တိုက်ခိုက်ချင် နေတယ်၊ ကောင်းပြီ ငါ့ကို ခွင့်ပြုပါဦး။ ”

အရိုးဖြူဓား သူတော်စင်မှ ပြုံးပြီး ကောင်းကင်ပေါ် ပျံတက် ပေျာက်ကွယ်သွား တော့သည်။

တောင်နက်ဂိုဏ်း၏ သူတော်စင် ခုနစ်ပါးသည် အရှေ့ဘက် ပျက်စီးမြေ၏ တန်ခိုးရှင်များ ဖြစ်ချေ။ ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုမျိုး ပေပင်။

ထို့ကြောင့် ရွေးချယ်ခွင့် ရှိသော် တိုက်ပွဲ မစတင်လိုချေ။

“ နင် သူတို့ နောက်ကို လိုက်သွား ... နတ်နဂါး အင်ပါယာက ... အဲဒီကောင်မလေး အတွက် စိတ်ပူတယ် ... ။ ”

ကျောက်စိမ်းဓား သူတော်စင်က သက်ပြင်းချလျက် နောက်ကြောင်း ပြန်လှည့် ကြည့်ကာ၊

“ ငါ ဓားစံအိမ်ကို သွားလိုက်မယ်။ ”

-ဟု ပြောကြားလိုက်သည်။

နဝမမြောက် သမီးတော်နှင့် လင်းယွန် ကြားတွင် မရေရာသော ဆက်ဆံရေး ရှိသည်ကို မြင်သာနေ၏။ ယင်းက သူတို့ မျှော်လင့်ထား သည်ထက် ကျော်လွန်နေခဲ့သည်။

ထို့ကြောင့် သူတို့ထဲက တစ်ယောက်မှ အန္တရာယ် တစ်စုံတစ်ရာ မကျရောက် စေရန်၊ ခရီးထွက် ရပေမည်။

တစ်ဖက်တွင် အဘိုးအိုသည် အုပ်စိုးရှင် ဓားကို ငှားပေးခဲ့သဖြင့် လျှို့ဝှက် ဓားစံအိမ် သို့လည်း လည်ပတ်ရန် လိုလာ၏။

လင်းယွန် ဖန်တီး ထားသော အရှုပ် အထွေးသည် အလွန်များသည်။ ဤမျှသော ရုတ်ရုတ်သဲသဲ ဖြစ်လာမည်ဟု မမျှော်လင့် ထားမိချေ။

ရှင်းရှင်းဆို ရသော် ဓားစံအိမ်သည် လင်းယွန်ကြောင့် အလွန် အရှက် ရခဲ့ပြီး သူမ သန့်ရှင်းရေး လုပ်ပေးရ ပေမည်။

နဂါး ဦးချိုပါသော မြင်းက လင်းယွန်နှင့် ဆုစီယာတင်လျက် လျင်မြန်စွာ ပြေးလွှားနေ၏။ ထိုနှုန်းသည် အမည်ခံ သူတော်စင် များပင် လိုက်မမီချေ။

မိုးကုပ် စက်ဝိုင်း အစပ်၌ မြို့တစ်မြို့ အသွင်အပြင်ကို မှုန်ဝါးဝါး မြင်လိုက်ရသော အခါမှသာ မြင်းက ရပ်သွားသည်။

“ စီယာ ... ဒီကို ဘာလာလုပ် တာလဲ။ ”

လင်းယွန်မှ မေးသည်။

“ ငါ တောင်ပိုင်း နယ်စပ်မှာ ... ရှိနေတာ ကြာပြီ၊ လွန်ခဲ့တဲ့ ရက်နည်းနည်း လောက်က ... ဓားညီလာခံ အကြောင်း ... ကြားမိတယ်၊ ဒါကြောင့် နင် ... ဖြစ်မယ်လို့ မှန်းဆပြီး လာခဲ့တာ၊ ထင်တဲ့ အတိုင်းပဲ။ ”

ဆုစီယာက လင်းယွန်၏ ရင်ဘတ်ကို မှီလိုက်သည်။ လေပြေများက သူမ ဆံပင်ကို လူးလွန့် သွားစေ၏။

“ ငါမှန်း ဘယ်လို သိလဲ။ ”

ထိုမေးခွန်းကို ဆုစီယာမှ ချက်ချင်း ပြန်မဖြေဘဲ၊ လင်းယွန်၏ ကျောပြင်ပေါ် ရိုက်ချ လိုက်သည်။

“ ငတုံး ... မေ့နေပြီလား ... နင်ရဲ့ လက်ချောင်းမှာ ... ငါ့ခေါင်းစည်းကြိုး ရှိတယ်၊ ဒါကြောင့် နင် ဘယ်လို ပုံစံမျိုး ဖြစ်နေပါစေ မှတ်မိတယ်။ ”

သူတို့ နောက်ဆုံး တွေ့ခဲ့ရ သည်မှာ ကြာပြီဖြစ်သည်။ သူတို့ ကြားတွင် မည်သည့် အတား အဆီးမှ မရှိချေ။ သာမန် စုံတွဲ တွေထက် ပိုရင်းနှီး၏။

စကားလုံး များစွာ ပြောစရာ မလိုဘဲ အချင်းချင်း နားလည် ကြသည်။ ပန်းသင်္ချိုင်းနှင့် သူ့ကြား ဆက်နွယ်မှု လိုပင်။

သို့သော် ဆုစီယာ နှင့်မူ သူသည် သူမ လက်ထဲမှ ဓားတစ်လက်သာ ဖြစ်ချင်သည်။ စေလိုရာ စေညွှန်နိုင်၏။

“ ငါတို့ ရောက်ပြီ ဆိုတော့ ... အခု သွားလို့ရပြီ။ ”

ဆုစီယာက ဇာတ်ကြိုးကို လက်ပြောင်း ယူလိုက်ပြီး ရှေ့တွင်ရှိသော ထည်ဝါသော မြို့ထံ မေးဆတ်ပြ လိုက်သည်။

၎င်းသည် တောင်ပိုင်း နယ်စပ်ရှိ မြင့်မြတ်သော မဟာမိတ် အဖွဲ့၏ အဓိက မြို့ ဖြစ်သည့် မိုးကြိုးမြို့ ဖြစ်သည်။

ဤမြို့တွင် နယ်မြေများကြား သွားလာ နိုင်သော တည်နေရာရွေ့ပြောင်း အစီရင် တစ်ခု ရှိသည်။

“ ငါနဲ့ မလိုက်ဘူးလား။ ”

“ မလိုက်တော့ဘူး၊ ငါက ... ရိုးရာမှော် ကိုးကွယ်မှု ဘာသာသာရေး ဂိုဏ်းနဲ့ တိုက်ခိုက် နေရတယ်၊ အချိန် မရဘူး။ ”

ဆုစီယာက လည်ပြန် လှည့်ကြည့်ကာ ဖြေလာသဖြင့် နှာခေါင်းချင်း တိုက်မိသွားသည်။ ယင်းကြောင့် လင်းယွန်၏ နှလုံးသွေးများ ပွက်ပွက်ဆူ လာ၏။

ရမ္မက် ပေပင်။ သူမ အရမ်းလှ၏။ ညစ်ညမ်းသော အကြံဖြင့် တစ်စုံတစ်ရာ တွေးတော နေစဉ်မှာပင်၊ ဆုစီယာမှ သူ့နှုတ်ခမ်းကို ကိုက်လိုက်သည်။

“ အား ... ။ ”

“ ဝှစ် ... ။ ”

နာကျင်မှုကြောင့် မှင်တတ်နေစဉ် သူမက သူ့အား တွန်းချလိုက်၏။ လေထဲ ဂျွမ်းပစ်ကာ မြေပြင်ပေါ် ဆင်းသက်ပြီးနောက် နှုတ်ခမ်းမှ သွေးကို သုတ်ကာ ကြည့်မိသည်။

“ ရက်စက်တယ် ... ။ ”

“ ယောက်ျား တစ်ယောက်ရဲ့ နှလုံးသားက သံမဏိလို ... မာကြော နေရမယ် မဟုတ်လား၊ မိန်းမတွေ ကတော့ မင်းဓားဆွဲတဲ့ ဓားရဲ့ အရှိန်လိုပဲ။ ”

“ ဒုတိယ အဆိုကို ငါနားမလည်ဘူး။ ”

“ အဓိပ္ပါယ် အတူတူပါပဲ ... မရဏမူလ အမည်ခံ သူတော်စင် တစ်ပါးကို သတ်နိုင်ရုံနဲ့ ငါနင့်ကို အထင်ကြီးလိမ့်မယ် မထင်နဲ့ ...

... ငါ သူတို့အယောက် တစ်ရာအထိ သတ်နိုင်တယ်၊ သူတော်စင် တာအိုကို ဖွဲ့စည်း နိုင်ရင်တောင် ဘာမှ မဟုတ်သေးဘူး။ ”

ဆုစီယာမှ သူ့ကို နှိမ့်ချစွာ ရှုမြင်နေ သောကြောင့် လင်းယွန်၏ နှုတ်ခမ်းများ တုန်ယင် သွားသည်။

“ သူတော်စင် လမ်းကို ... မြန်မြန် တက်လှမ်းပါ၊ အဲဒီအချိန် ငါ့ကို လာရှာ၊ နင့် အတွက် လက်ဆောင် တစ်ခု ရှိတယ်။ ”

စကားဆုံး သည်နှင့် မြင်းဇာတ်ကြိုးကို ဆွဲကာ ထွက်ခွာတော့၏။ သို့သော် ရုတ်တရက် သတိရဟန်ဖြင့် မြင်ကို ရပ်လျက် ပြန်လှည့် ကြည့်ကာ၊

“ ငါ့ကို လွမ်းမနေနဲ့ ... သေချာပေါက် ငါနင့်ကို လွမ်းနေမယ် ဆိုတာ ... နင်သိတယ် မဟုတ်လား။ ”

-ဟု ပြောကြားလာ တော့သည်။

***

All Chapters