← Chapters

အမှားနှင့် အမှန်။

Vol. 150 Ch. 2088

အမှားနှင့် အမှန်။

Vol. 150 Ch. 2088

လင်းယွန်သည် ထက်မြက် သောကြောင့် သူမ ဆိုလိုသည်ကို သဘာဝ ကျကျ နားလည် ပေ၏။

တစ်စုံ တစ်ယောက်ကို လွမ်းဆွတ် ရခြင်းသည် နာကျင်ဖွယ် ဖြစ်ချေ၏။ သို့သော် အကြင်သူသည် ထိုနာကျင်မှုကို ခံနိုင်သော် သူမသည်လည်း ခံနိုင်ရည် ရှိပေမည်။

ဆုစီယာက အလျင်စလို ထွက်ခွာ သွားသည်။ သူမ အတွက် ပြင်ဆင်ထားသည့် ခရမ်း-ရွှေရောင် နဂါး သရဖူကို ပေးအပ်ရန် အခွင့်အရေးပင် မရှိခဲ့ချေ။

“ ဘာကြည့် နေတာလဲ လိုက်သွားချင် လို့လား။ ”

ရယ်မောသံ နှင့်အတူ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ရောက်ရှိလာသည်။ အားလုံးကို သူမ မြင်ခဲ့ပုံရ၏။

“ သခင်မ ... ။ ”

လင်းယွန်မှ ဝမ်းသာသွားသည်။ အုပ်စိုးရှင် ဓားကို ရယူနိုင် ပါက သခင်မ နှစ်ယောက်သည် ရပ်ကြည့်နေမည် မဟုတ်ကြောင်း နားလည် ထားသည်။

ထို့ကြောင့် အနက်ရောင် ငှက်မွှေး နန်းတော်ကို သူ မကြောက်ခြင်း ဖြစ်သည်။

“ မင်းက နဝမမြောက် သမီးတော်နဲ့ ဘယ်အချိန် တုန်းက သိနေခဲ့တာလဲ၊ သူနဲ့ဆို သိပ်အဆင် မပြေဘူး။ ”

ဆုစီယာသည် နတ်နဂါး အင်ပါယာ၏ တော်ဝင် မျိုးနွယ်သွေးကို ပိုင်ဆိုင် ထားကြောင်း သူမ သိရှိထား၏။

“ သူက နဝမမြောက် သမီးတော်လား။ ”

လင်းယွန်က အံသြသွားသည်။

“ သူ့ကို ဧကရာဇ် နန်းတော် ကမှန်း သိပေမယ့် ... မင်းသမီး ဖြစ်နေမယ် လို့တော့ မထင်ထားဘူး။ ”

တော်ဝင် ဧကရာဇ် နန်းတော်ဟူသည် နတ်နဂါးမျိုးရိုး၏ ဆွေတော်မျိုးတော် များမှ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း နှစ်များ အတွင်း၊ ၎င်းရှိ လူတိုင်းသည် နတ်နဂါး သွေးကို ပိုင်ဆိုင်ကြ သော်လည်း၊ နှစ်တွေ ကြာလာသည်နှင့် အမျှ များစွာ လျော့နည်းလာ၏။

‘နဂါး အမွေခံ’ဘွဲ့ကို နတ်နဂါးသွေး ပိုင်ဆိုင်ထားသူ များသာ ရရှိနိုင်၏။ နဂါးအမွေခံ ဘွဲ့ဟူသည် သန့်ရှင်းသော သားတော် ရာထူးနှင့် ဆင်တူသည်။

“ နဂါးအမွေခံက ဧကရာဇ် ရောင်ဝါကို လေ့ကျင့်ဖို့ ... ငယ်ရွယ်စဉ် တည်းက နိမ့်ကျတဲ့ နယ်ပယ်တွေကို စေလွှတ် ခံရတယ်၊ ဒါကြောင့် ပယင်း နယ်မြေမှာ ... မင်း သူနှင့် ရင်းနှီးခဲ့တာ မဟုတ်လား။ ”

“ ဟုတ်ကဲ့ ... ။ ”

“ ဒီကောင်မလေး သတ္တိရှိတယ်။ ”

“ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးပြီး၊

“ ဒီအကြောင်းကို ငါ မပြောသင့်ဘူး ... ၊ ဒါပေမယ့် မင်းသေချာ စဉ်းစားဖို့တော့ လိုတယ်၊ သူနဲ့ ပေါင်းသင်းချင်ရင် အတားအဆီးတွေ၊ အခက်အခဲတွေ အများကြီး ရှိလိမ့်မယ်။ ”

“ ကျွန်တော် မကြောက်ပါဘူး ... ။ ”

လင်းယွန်မှ ပြန်ဖြေ၏။ သူသည် ဓားနတ်ဘုရား တစ်ပါး ဖြစ်လို၏။ ဧကရာဇ် ကိုးပါးကိုပင် စိတ်ကူးထဲ မရှိချေ။

ထို့ကြောင့် ဓားနတ်ဘုရား အဖြစ်သို့ သွားရာလမ်းနှင့် နှိုင်းယှဉ်သော် သတ်ဖြတ်ခြင်း မဟာ သူတော်စင် သတိပေးသော အခက်အခဲ ဟူသည် ရယ်စရာ ဖြစ်သည်။

“ ကျွန်တော်က စိတ်မပျက်စေဘူး မဟုတ်လား။ ”

လင်းယွန်က အုပ်စိုးရှင် ဓားကို ကမ်းပေး လိုက်သည်။ သူ့ ယုံကြည်မှုသည် သတ်ဖြတ်ခြင်း မဟာ သူတော်စင်ထံ ကူးစက်သွား၏။

ထိုအချိန်က သက်တံဓား သူတော်စင် သည်လည်း စိန်ခေါ်မှုများကို မကြောက်ဝံ့သူ ဖြစ်ခဲ့သည်။

အုပ်စိုးရှင်ဓားကို လက်ခံရယူပြီး၊

“ မင်းက မင်းဆရာနဲ့ တော်တော် တူတယ်။ ”

-ဟု မှတ်ချက်ပေး လိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းယွန်မှ ပြုံးလိုက်သည်။ သူက ရုတ်တရက် တစ်ခုခုကို တွေးမိပြီး၊

“ သခင်မ ... ဒီဓားက ဆရာ့ကို ကူညီ ပေးနိုင်မှာလား။ ”

-ဟု မေးမိ၏။

“ မင်းရဲ့ မျှော်လင့်ချက် အားလုံးကို ... ဒီပေါ်မှာ ထားဖို့ မစဉ်းစားနဲ့၊ ဒီဓားကို ယူရတဲ့ ရည်ရွယ်ချက်က တျန်ရွှမ်ဇီကို ကိုင်တွယ်ဖို့ပဲ၊ ထျန်ရွှမ်ဇီက ဒီဓားကို ငှားဖို့ ဘယ်သူ့ အရှိန်အဝါကို သုံးခဲ့တယ် ထင်လဲ၊ ...

... ဒီကောင်က မဟာ သူတော်စင် တစ်ပါး ဆိုပေမယ့် အရမ်း အရှက်မဲ့ လွန်းတယ်၊ ဒီလိုမျိုး ကျန့်ဝူမင်က ဘယ်တော့မှ လုပ်မှာ မဟုတ်လို့ ငါနဲ့ ဇီယွင်က ဝင်ပါရတာပဲ။ ”

ဧကရီသည် ထျန်ရွှမ်ဇီအတွက် ကောင်းကင်ဘုံကို ဓားစံအိမ်မှ ငှားပေးခဲ့ပုံ ရလေသည်။

သတ်ဖြတ်ခြင်း မဟာ သူတော်စင်ကို ကြည့်ပြီး အတိုင်းအတာ တစ်ခု အထိ၊ ဆရာ သခင် အပေါ် မနာလို ဖြစ်လာ၏။

“ ဓားဂိုဏ်းက လူတွေ အဆင်ပြေရဲ့လား သခင်မ ... ။”

“ အဆင်ပြေပါတယ် ... ဇီယွင်လည်း ရှိနေတာကိုး။ ”

လင်းယွန်မှာ အံ့သြ သွားသည်။ နောက်ဆုံးတွင် မဟာ သူတော်စင် နှစ်ပါးကို တစ်ပြိုင်နက်တည်း စေလွှတ်လိုက်ခြင်းမှာ မယုံနိုင်စရာ ဖြစ်နေ၏။

“ အံ့ဩနေတာလား။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးသည်။

“ မင်းထွက်သွားပြီး မကြာခင်မှာပဲ အရိုးဖြူဓား သူတော်စင် ရောက်လာခဲ့တယ်၊ မင်းကောင်မလေး ကြောင့်သာ မဟုတ်ရင် ... ဒီနေ့ကိစ္စက လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ ”

“ အရိုးဖြူဓား သူတော်စင်က ဘာအတွက် လာတာလဲ။ ”

လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်၏။ အရိုးဖြူဓား သူတော်စင် အကြောင်းကို သဘာဝ ကျကျ သူ သိထားသည်။

“ ဓားကြောင့် ပဲပေါ့ ... တခြား ဘာများ ရှိပါ့ဦးမလဲ၊ နတ်ဘုရား လက်ရာကို ရင်ဆိုင်ဖို့ ကောင်းကင်ဘုံနဲ့ ... ဒီဓား ပေါင်းစပ်ရမယ် မဟုတ်လား၊ ...

... ကဲ အခု မင်းအတွက် တိုက်ပွဲ ပြီးသွားပြီဖြစ်လို့ ကောင်းကင် တာအိုဂိုဏ်းကို ပြန်ပါ၊ ဓားကို လောလောဆယ် ငါ သိမ်းထား လိုက်မယ်။ ”

ထိုအချိန်တွင် ကျောက်စိမ်းဓား သူတော်စင်သည် ဓားစံအိမ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူမ ရှေ့တွင် မုန်တိုင်း မဟာ သူတော်စင် ထိုင်နေ၏။ သူမက ဓားကို စားပွဲပေါ် ဖြည်းညှင်း စွာ ချလိုက်သည်။

“ မင်း ဒီဓားကိုပဲ သုံးနေတုန်းလား။ ”

မုန်တိုင်း မဟာ သူတော်စင်မှ ဓားကို ကြည့်ကာမေးသည်။ ထိုဓား အမည်မှာ ‘နှင်းမြူ’ ဖြစ်၏။

၎င်းကို လွန်ခဲ့သော နှစ်ပေါင်း ငါးရာက သူကိုယ်တိုင် သွန်းလုပ်ခဲ့ခြင်း ဖြစ်ပြီး ခွန်လွန်၌ ကျော်ကြားသော ဓားတစ်လက် ဖြစ်သည်။

“ ဒါက ဓားကောင်း တစ်လက်ပဲ။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ပြန်ပြောသည်။

“ ပိုကောင်းတဲ့ တစ်ခု ရှိတယ် ... လဲကိုင်မလား။ ”

မုန်တိုင်း မဟာ သူတော်စင်မှ ပြုံးလျက် မေး၏။ သူဟူသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ပန်းပဲဆရာ အနည်းငယ် အနက်မှ တစ်ဦး ဖြစ်သည်။

ကျော်ကြားသော ဓားသမား များစွာနှင့် ကောင်းမွန်သည့် ဆက်ဆံရေး ရှိပြီး၊ ပိုင်ဇီယွင် သည်လည်း ၎င်တို့အနက်မှ တစ်ယောက် ဖြစ်ချေ၏။

“ ဒီဓားကိုပဲ နှစ်သက်တယ် ... ပြောင်းဖို့ မလိုပါဘူး၊ ဒီနေ့ ဖြစ်ပျက် ခဲ့တာတွေ အတွက် စိတ်မကောင်းပါဘူး၊ ငါတောင်းရင် မင်းငှားမှာ မဟုတ်ဘူး ဆိုတာ ငါသိတယ်၊ ဒါကြောင့် ဒီနည်းလမ်းကို သုံးလိုက်ရတာ။ ”

“ အဆင်ပြေ ပါတယ် ... လူငယ်တွေ သတ္တိမရှိရင် ဘယ်လိုလုပ် ... လူကြီး ဖြစ်လာ နိုင်မှာလဲ၊ ရှောက်ယွီက ဒဏ်ရာ ပြင်းပေမယ့် အသက် အန္တရာယ်တော့ မရှိပါဘူး။ ”

မုန်တိုင်း မဟာ သူတော်စင်မှ ပြုံးကာ ခေါင်းညိမ့်ပြသည်။ ခေါင်းမာပုံ မပေါ်တော့ချေ။ သိသိသာသာ ပြောင်းလဲ သွား၏။

၎င်းအမူအရာသည် ကျောက်စိမ်းဓား သူတော်စင်ကို အံ့အားသင့် စေသည်။ ဤအဖြစ် အပျက် များသည် ဓားစံအိမ် အတွက် အလွန် အရှက်ရဖွယ် ဖြစ်၏။

သို့သော် မုန်တိုင်း မဟာ သူတော်စင်တွင် မည်သည့် ဒေါသ အရိပ်အယောင် ကိုမျှ မတွေ့ရ သဖြင့်၊ သူမ နားမလည် ဖြစ်နေမိသည်။

၎င်းသာ စိတ်ဆိုးသော် လျော်ကြေးပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်၏။

“ ဒီမှာ ... ဓားညီလာခံ ချန်ပီယံ အတွက် ဆုလာဘ် တွေပဲ၊ အဲဒီ ကောင်လေးက ချက်ချင်း ထွက်သွားတော့ ... သူ့ကိုယ်စား ယူသွားပေး လိုက်ပါ။ ”

မဟာနေမင်း သူတော်စင်နှင့် မဟာလမင်း သူတော်စင် ဆေးလုံး အလုံး (၃၀)ပါ ပုလင်း(၂) လုံးကို ထုတ်ပေးလာသည်။

၎င်းတို့သည် ဓားသမား တစ်ယောက် အတွက် အလွန် အဖိုးတန်သော ရတနာ တစ်ခု ဖြစ်ပြီး ကောင်းကင် တာအိုဂိုဏ်း ၌ပင် များများ စားစား မရှိချေ။

သို့သော် လက်ရှိ အခြေအနေ အပေါ် မယုံကြည်နိုင် သေးသဖြင့် ကျောက်စိမ်းဓား သူတော်စင်မှ မယူဝံ့ဘဲ ကြည့်နေလိုက်၏။

“ ကောင်းကင်ခွဲသူ ကိုတော့ ပြန်ပြုပြင်ဖို့ အချိန်တစ်ခု ယူရမယ်၊ ငါသူ့ကို အရှုံး မပေးဘူး၊ လက်ရှိ သူ့ကျင့်ကြံမှုနဲ့ ... အုပ်စိုးရှင် ဓားကို အသုံး မပြုနိုင်သေးတဲ့ အတွက် ... သူနဲ့ လိုက်ဖက်မဲ့ ဓားကို သွန်းလုပ်မယ်။ ”

မုန်တိုင်း မဟာ သူတော်စင်မှ စိတ်ရင်းအမှန်ဖြင့် ပြောကြား လိုက်တော့သည်။

“ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”

ကျောက်စိမ်းဓား သူတော်စင်မှ ခေါင်းညိမ့် လိုက်သည်။ ကျောက်စိမ်းဓား သူတော်စင် စိုးရိမ် နေသည်ကို နားလည်ဟန်ဖြင့်၊ မုန်တိုင်း မဟာ သူတော်စင်မှ ပြုံးလိုက်သည်။

“ အဲဒါကို အရမ်းကြီးတွေး မနေပါနဲ့ ... ငါတကယ့်ကို စိတ်မ၀င်စား ပါဘူး၊ ဒီကလေးက ဓားစံအိမ် စောင့်မျှော်နေတဲ့ လူ ဖြစ်နိုင်တယ်။ ”

“ ဘာကိုလဲ။ ”

“ ကောင်းကင် နဂါးတံဆိပ်ရဲ့ ပိုင်ရှင် အစစ်အမှန် ကိုပေါ့ ... ဒါပေမယ့် အခု မသေချာ သေးပါဘူး၊ သူတော်စင် လမ်းကို ရောက်ပြီး မှသာ အတည်ပြု နိုင်မယ်။ ”

မုန်တိုင်း မဟာ သူတော်စင်မှ မရေမရာ အဖြေ ပြန်ပေးသည်။ အဝေး တစ်နေရာမှ နေ၍ ဖုန်ဝူကျိ တစ်ယောက် ရပ်ကြည့်နေ၏။

ကျောက်စိမ်းဓား သူတော်စင် ကိုယ်တိုင် ကိုယ်ကျ ရောက်လာ သောကြောင့် အနည်းငယ် ကြောက်ရွံ့ သွားမိသည်။

၎င်းသည် မျက်နှာကို ဓားရောင်ဝါဖြင့် ကွယ်ထားလေရာ၊ ခံစားချက်များအား အကဲဖမ်း မ၍ ဖြစ်နေ၏။

ထိုသို့သော ကျွမ်းကျင် ပညာရှင်ကို ဧည့်ခံရန်အတွက် အရည်အချင်း ပြည့်မီသည်မှာ ဓားစံအိမ်၌ အဘိုးအိုသာ ရှိသည်။

“ ဘာတွေ ကြည့်နေတာလဲ။ ”

ရုတ်တရက် ဖုန်ယွီ ရောက်လာ၏။

“ ငါတို့ အဖိုးကို ... ။ ”

ဖုန်ဝူကျိမှ ပြန်ဖြေသည်။ သူနှင့် ကျောက်စိမ်းဓား သူတော်စင် ကြားတွင် ကြီးမားသော ကွာဟချက် ရှိသည်။

သူ့အနေဖြင့် မဟာ သူတော်စင် အဖြစ် တက်လှမ်းနိုင်ခဲ့ လျှင်ပင်၊ သူမကို ရင်မဆိုင်နိုင် သေးချေ။

တစ်ဖက် လူသည် မဟာ သူတော်စင် နှောင်းပိုင်းသို့ ရောက်ရှိ နေသည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး၊ အချိန်မရွေး ဧကရာဇ်ဘုံသို့ လှမ်းနိုင် ပေသည်။

“ အိုး ... ကျောက်စိမ်းဓား သူတော်စင် မဟုတ်လား၊ ဘာအတွက် ရောက်လာ ရတာလဲ၊ ကြည့်ရတာ စိတ်မကောင်း ဖြစ်နေပုံ ရတယ်။ ”

ထိုအချိန်တွင် ကျောက်စိမ်းဓား သူတော်စင်က စကားသံကို ကြားကာ သူတို့ထံ လှည့်ကြည့် လာ၏။ ဖုန်ဝူကျိမှ ကြောက်ရွံ့ သွားလေသည်။

“ မင်းအသံကို ... တိုးတိုးပြောလို့ မရဘူးလား။ ”

ဖုန်းယွီမှ ပြန်မဖြေဘဲ ပြုံးလျက် ကျောက်စိမ်းဓား သူတော်စင်နှင့် မုန်တိုင်း မဟာ သူတော်စင် ရှိရာသို့ ပျံသန်း သွားတော့၏။

“ အစ်မပိုင် ... ဘယ်တုန်းက ရောက်နေတာလဲ၊ ရောက်တာတောင် ညီမကို အကြောင်း မကြားဘူး။ ”

အခန်းထဲ ရောက်သည်နှင့် ဖုန်ယွီက ကျောက်စိမ်းဓား သူတော်စင်ထံ လျှောက်လှမ်း သွား၏။

ကျောက်စိမ်ဓား သူတော်စင်နှင့် ဆရာသခင်ကြား ဆက်ဆံရေးကို သူမ သိသည်။ လင်းယွန်ကဲ့သို့ သခင်မ အဖြစ် မခေါ်ဆိုဝံ့ သဖြင့်၊ အစ်မပိုင် ဟုသာ ရည်ညွှန်းမိ၏။

သူမ သုံးလိုက်သော နာမ်စားကို ကြားသောအခါ မုန်တိုင်း မဟာ သူတော်စင် မျက်နှာ စိမ်းလန်း သွားသည်။

ကေျာက်စိမ်းဓား သူတော်စင်သည် သူနှင့် မျိုးဆက် အတူတူ ဖြစ်သော်လည်း၊ သူ့သမီးမှ ‘အစ်မပိုင်’ဟု သုံးနှုန်းနေ၏။

ယဉ်ကျေးမှု မရှိရာ ကျနေသည် ဖြစ်ရာ၊ ဖုန်ယွီကို ပြစ်တင် ရှုံ့ချတော့မည့် အချိန်တွင်၊ ကျောက်စိမ်းဓား သူတော်စင်မှ ပြုံးလျက်၊

“ ငါ အလျင်လို လာတယ်၊ ဒါကြောင့် ... မင်းကို အကြောင်းကြားဖို့ အချိန် မရခဲ့ဘူး။ ”

-ဟု ပြန်လည် ဖြေကြားလာသည်။

“ ဟဲဟဲ ... ဒီမှာ ဘာလို့ ရက်အနည်းငယ် ကြာအောင် မနေတာလဲ၊ ဒီအဘိုးကြီးနဲ့ ဘာတွေ ပြောနေတာလဲ၊ သူက အမြဲ တွန့်တိုပြီး စိတ်ပုတ် လွန်းတယ်၊ လာ ... ယွီအာ လိုက်ပြပေးမယ်။ ”

ဖုန်ယွီက ကျောက်စိမ်းဓား သူတော်စင် လက်မောင်းကို ဆွဲကာ အပြင်သို့ ခေါ်ဆောင် သွားတော့သည်။

ကျောက်စိမ်ဓား သူတော်စင် သည်လည်း ဤနေရာမှ ထွက်ခွာချင်နေပြီ ဖြစ်ရာ ပြုံးလျက် လိုက်သွား တော့သည်။ စားပွဲပေါ်မှ ပုလင်း နှစ်လုံးကို လှမ်းယူရန်လည်း မမေ့ခဲ့ချေ။

“ အဖေ ... ။ ”

ဖုန်ဝူကျိ တစ်ယောက် ချွေးများ ရွဲနစ်လျက် အခန်းထဲ ဝင်ရောက် လာသည်။ မုန်တိုင်း မဟာ သူတော်စင်မှ သက်ပြင်းချပြီး၊

“ ဒီကောင်မလေးက အပြင် လူတွေကို ဘယ်လို ကူညီရမယ် ဆိုတာ တကယ် သိတယ်၊ ကြည့်ရတာ ... ငါ့ကို လုံးဝ အလေးမထား တော့ပါလား။ ”

“ ကျွန်တော် လိုက်ခေါ် ပေးရမလား။ ”

“ မေ့လိုက်ပါ ... ။ ”

မုန်တိုင်း မဟာ သူတော်စင်မှ ခေါင်းယမ်းလျက်၊

“ အဲဒီတုန်းက ငါအမှားတစ်ခု လုပ်ခဲ့တယ်၊ သက်တံပြောတာ မှန်တယ်၊ တစ်ချို့ အရာတွေ အပေါ် လျစ်လျူရှုလို့ မရဘူး၊ တကယ်တော့ အမှားနဲ့ အမှန်ကို ခွဲခြားနိုင်ဖို့ လိုတယ်။ ”

ထိုစကားကို ကြားသောအခါ ဖုန်ဝူကျိမှ ထိတ်လန့် သွားသည်။ သူ့အဖေသည် ရှုံးနိမ့် ကြောင်း ဝန်ခံလိုက် ချေပြီ။

ဤလူအိုကြီးသည် သက်တံဓား သူတော်စင်ကို ပြိုင်ဘက်အဖြစ် မှတ်ယူကာ အမြဲ ခေါင်းမာသည့် အဘိုးအို ဖြစ်သည်။

***

All Chapters