ညစ်ညမ်းသော အတွေး။
Vol. 150 Ch. 2090
ဝမ်မူယန် ထွက်သွားပြီး မကြာခင် ကျောက်စိမ်းဓား သူတော်စင် တံဆိပ် တောက်ပ လာသည်။
“ တော်ဝင် သမီးတော် ရင်ပြင်ကို အမြန်လာပါ။ ”
မဟာ သူတော်စင် နှစ်ပါး ပြန်လာပြီ ဖြစ်ကြောင်း လင်းယွန် ချက်ချင်း သိလိုက်သည်။ ဆယ့်ငါးမိနစ် အကြာတွင် မဟာ သူတော်စင် နှစ်ပါးရှေ့ ဆင်းသက်ကာ၊ အရိုသေပေး လိုက်သည်။
“ သခင်မ နှစ်ပါးကို နှုတ်ဆက်ပါတယ်။ ”
ထိုအသုံးအနှုန်းကို သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးကာ ခံယူ တတ်နေပြီ ဖြစ်၏။ အခြား တစ်ဖက်တွင် ကျောက်စိမ်းဓား သူတော်စင်မှ အေးစက်နေသည်။
“ ဒါက ဓားညီလာခံ ချန်ပီယံ ဖြစ်တဲ့ မင်းရဲ့ ဆုလာဘ်ပဲ။ ”
မဟာနေမင်း သူတော်စင် ဆေးလုံးနှင့် မဟာလမင်း သူတော်စင် ဆေးလုံး ပါဝင်သော ပုလင်းနှစ်ကို ထုတ်ပေးသည်။
“ ကျေးဇူးတင်ပါတယ် သခင်မ။ ”
လင်းယွန်မှ ပြုံးရွှင်စွာ သိမ်းဆည်း လိုက်သည်။
“ ကောင်းကင်ခွဲသူကို ... အချိန် နည်းနည်းတော့ ယူရဦးမယ်၊ ဒါပေမယ့် မုန်တိုင်း မဟာ သူတော်စင်က ကတိပေး ပြီးပြီမို့ မင်း လက်ထဲ အပ်ပါလိမ့်မယ်။ ”
ကျောက်စိမ်းဓား သူတော်စင်မှ ထပ်မံ ပြောကြားလာသည်။
“ ဒါဆို လုံလောက်ပြီ။”
လင်းယွန်မှ ကျေနပ်နေပြီ ဖြစ်ချေ၏။ အဆုံးတွင် ကြယ်ဓားအတွက် အထောက်အကူ ဖြစ်စေသော ဆေးလုံးများ ကောင်းကင် တာအိုဂိုဏ်း ၌ပင် ရှားပါးလေသည်။
သန့်ရှင်းသော သားတော် ကြောင့်သာ မဟုတ်သော် ကျောက်စိမ်းဓား သူတော်စင်နှင့် သတ်ဖြတ်ခြင်း မဟာ သူတော်စင် အကူအညီ ဖြင့်ပင် ရှားပါး နေသေး၏။
“ နောက်တစ်ခု ... ။ ”
ကျောက်စိမ်းဓား သူတော်စင်က သေတ္တာ တစ်လုံးကို လွှဲပေးကာ၊
“ ဒီသေတ္တာ ထဲမှာ ... နဂါးသွေးပါတဲ့ စစ်မှန်သော နဂါးသွေး မီးတောက် ဆေးလုံး ရှိတယ်၊ မင်းရဲ့ စီနီယာ အစ်မက အရှေ့ ပင်လယ်မှာ ဒီရတနာကို ရခဲ့တာ ...
... မင်းက နဂါး သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် လေ့ကျင့်မှန်း သိလို့ တွေ့ဆုံခြင်း လက်ဆောင် အဖြစ် ပေးလိုက်တယ်၊ ...
... အဋ္ဌမတန်း နဂါး သူတော်စင် သွေးရည်ကြည်ထက် ... ဆယ်ဆ အာနိသင် ရှိတယ်၊ အမှန်တော့ ... ဒီဆေးလုံးကို သန့်စင်ဖို့ နဂါးသွေး ကီလိုဂရမ် ငါးထောင်လောက် လိုတယ်၊ တန်ဖိုးက မှန်းဆလို့ မရဘူး၊ ...
... နတ်နဂါးအင်ပါယာ မှာတောင် အများအပြား မရှိသလို ... သန့်စင်ပြီးသား နတ်နဂါး သွေးတောင် သူ့ကို မယှဉ်နိုင်ဘူး၊ ဒါကြောင့် အုပ်စိုးရှင် သူတော်စင် ဆေးလုံး အဖြစ် ယူဆ နိုင်တယ်။ ”
“ စီနီယာ အစ်မနဲ့ ... ဘယ်တုန်းက တွေ့လာတာလဲ သခင်မ။ ”
ရုတ်တရက် ဖုန်ဝူကျိနားတွင် ထိုင်နေသော အမျိုးသမီးကို သတိရ မိသည်။ သို့သော် သူမ၏ နုပျိုလွန်းသော အသွင်ကြောင့် ဒုတိယ အစ်မ ဖြစ်လိမ့်မည်ဟု မထင်ခဲ့ချေ။
“ အဆင်ပြေပါတယ် ... မင်းရဲ့ စီနီယာ အစ်မက မင်းကို သဘောကျတယ် ... အစက သူမ ကိုယ်တိုင် သုံးဖို့ပဲ၊ ဒါပေမယ့် မင်းကို မြင်တော့ပေးဖို့ ဆုံးဖြတ်လိုက်တာ။ ”
ကျောက်စိမ်းဓား သူတော်စင်မှ စစ်မှန်သော နဂါးမီးတောက် ဆေးလုံးကို လွှဲပြောင်း ပေးအပ် လာသည်။
“ ဒါက ငါ မင်းကို ကတိ ပေးထားတဲ့ အဓိပတိ နဂါးလက်သီး ... ကျေးဇူးတင်ပါတယ်၊ ငါတို့ ဒေါသအိုး ရပြီ။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ပြုံးလျက် ဝင်ပြောကာ၊ ကျောက်စိမ်းတုံး တစ်တုံး ကမ်းပေး လာသည်။
“ ကျေးဇူးတင်ပါတယ် သခင်မ ... ဒါက ကျွန်တော့် တာဝန်ပါ။ ”
လင်းယွန်မှ ပြုံးသည်။
“ ဒီခရီးက အန္တရာယ် များတယ်၊ မင်းထွက်သွား ပြီးတဲ့နောက် အရိုးဖြူ ဓားမော့ သူတော်စင် ရောက်လာသေးတယ်။ ”
“ ယဲ့ချင်းရှန် ... နှိမ့်ချနေစရာ မလိုပါဘူး၊ ဓားညီလာခံ ခရီးစဉ်ကြောင့် နတ်ဘုရား သင်္ချိုင်း တောင်တန်းကို သွားဖို့ အခွင့်အရေး မင်းဆုံးရှုံး ခဲ့တယ်၊ အဲဒီအတွက် မင်းကို ငါလျော်ကြေး ပေးမယ်၊ ဒါပေမယ့် အခု မဟုတ်ဘူး၊ ...
... မင်းရဲ့ ပိုးစုန်းကြူး နတ်ဓား ဒုတိယ အပိုင်းကို ခွဲခြမ်းစိတ်ဖြာခြင်း အဆင့် ရောက်တဲ့ အခါ၊ တာအိုပုံစံ ထပ်သင်ပေးမယ်၊ ပြီးတော့ နိဗ္ဗာန်-ဒသမ အဆင့်ကို ရောက်ရင်၊ ...
... အမည်ခံ သူတော်စင် အဆင့်ကို တက်လှမ်းဖို့၊ သာမာန် ရတနာတွေက မင့်ကို ကူညီ နိုင်မှာ မဟုတ်ဘူး၊ ...
... ဒါပေမယ့် နဂါးပြာ မှတ်တမ်း မတိုင်မီ အမည်ခံ သူတော်စင် နယ်ပယ်ကို သေချာပေါက် ရောက်နေဖို့ လိုတယ်။ ”
“ ကျေးဇူးတင်ပါတယ် သခင်မ ... နိဗ္ဗာန် ဒသမ အဆင့်ကို တက်ဖို့ ... သံသယ နည်းနည်း ရှိနေပါတယ်။ ”
သူသည် နိဗ္ဗာန်-ဒသမမြောက် အသွင် ကူးပြောင်းရေးသို့ တက်ရောက်ရာ၌ အရင်း အမြစ်များ အားကိုးရန် စီစဉ်ထားသည်။
သို့သော် ထိုအကြောင်းကို သခင်မ နှစ်ယောက်အား ပြောပြပြီးနောက် ခေါင်းယမ်း ပြလာကြ၏။
“ ဒီလောက် လွယ်မယ် ဆိုရင် ... လူတိုင်းလိုလို ရောက်ရှိ ကုန်မှာပေါ့ ... နိဗ္ဗာန် ဒသမမြောက် အသွင် ကူးပြောင်းရေးက၊ ... အချိန်-အာကာသ ရတနာ၊ ...
... နဂါးသွေး အစစ်လို ရတနာ တစ်ခုနဲ့ ခိုင်မာတဲ့ အခြေခံ အုတ်မြစ်တစ်ခု လိုအပ်တယ်၊ မအောင်မြင်ရင် နောက်ဆက်တွဲ အကျိုးဆက် ဆိုးရွားပြီး အန္တရာယ်ရှိတယ်။ ”
အဆုံးတွင် နိဗ္ဗာန်-ဒသမ အသွင် ကူးပြောင်းရေးသို့ တက်ရောက်ခြင်း အပေါ်၊ သခင်မ နှစ်ယောက်မှ သဘောတူလိုက်၏။
“ မင်းက ဘုရင် အဆင့်နဲ့ ... နဂါး သွေးလွှတ်ကြော အဆင့်မှာ ပထမပဲ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုကံကြမ္မာ ရှိတဲ့ လူတွေက ... တခြား လူတွေထက် ပိုကံကောင်း နိုင်တယ်။ ”
သတ်ဖြတ်ခြင်း မဟာသူတော်စင်မှ ပြောကြားလာသည်။
“ အရှေ့ဘက် ပျက်စီမြေ တစ်ခုလုံးရဲ့ ကံကြမ္မာကို မင်းရထားတယ် ... ဘယ်သူကမှ မင်းနဲ့ မယှဉ်နိုင်ဘူး။ ”
ကျောက်စိမ်းဓား သူတော်စင်မှလည်း ခေါင်းညိမ့်ကာ သုံးသပ် စကားဝင် ပြောချေ၏။ ကံကြမ္မာကို မဟာ သူတော်စင်များ သည်ပင် ဤသို့ အရေးထား လိမ့်မည်ဟု မထင်ထား သောကြောင့် လင်းယွန်မှ အံ့ဩမိသည်။
“ ကံကြမ္မာဆိုတာ တကယ် ရှိတယ်၊ ဒါပေမယ့် ကောင်းကောင်း မဆုပ်ကိုင် နိုင်ရင် တခြား လူတွေက မင်းရဲ့ ကံကြမ္မာကို ... သိမ်းသွား နိုင်တယ်၊ ...
... မင်း အရင်က ... ဘဝ-သုံးပါး သစ်သီး သုံးဖူးတယ် မဟုတ်လား ... ဒါကြောင့် အမည်ခံ သူတော်စင် မဖြစ်ခင် ထပ် မသုံးသင့်ဘူး။ ”
“ ဒါက အရေးကြီးလို့လား။ ”
လင်းယွန်မှ ပြန်မေး၏။ သတ်ဖြတ်ခြင်း မဟာ သူတော်စင်မှ ခေါင်းညိတ်ပြီး၊
“ အချိန်တွေ ကုန်သွားပေမယ့် မင်းရဲ့ အသက်က မူလအတိုင်း ကျန်နေခဲ့ တယ်လေ၊ ခန္ဓာကိုယ်က သက်တမ်း တစ်ခုရှိပြီး နယ်ပယ် တစ်ခု ရောက်မှသာ တိုးလာနိုင်တာ၊ ...
... ဒီလိုမှ မဟုတ်ရင်၊ လူတိုင်း ... အချိန်အာကာသ ရတနာထဲမှာ အနှစ်တစ်ရာ နေပြီး၊ ပြိုင်ဘက်ကင်း ကုန်မှာပေါ့၊ မင်းရဲ့ နဂါး သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် ...
... တွေကြောင့်သာ အိုမင်းမှုက နှေးကွေး သွားပေမယ့် ... အချိန်ဆိုတာ အမြဲ ရွေ့လျားဆဲ ပါပဲ။ ”
လင်းယွင်က ခေါင်းညိတ်ပြပြီး၊ သတ်ဖြတ်ခြင်း မဟာ သူတော်စင် ပြောသည်ကို နားလည်ကြောင်း ဖော်ပြသည်။
မေးခွန်းများ ဖြေဆိုပြီးနောက် ကျောက်စိမ်းဓား သူတော်စင်မှ ပြန်လည် ထွက်ခွာ သွားတော့၏။
“ သခင်မ ... ဝမ်မူယန် ကိစ္စ ... ။ ”
“ စိတ်မပူနဲ့ ... ပိုင်ဇီယွင်က သူ့ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက် စေလွှတ် ထားတယ်။ ”
“ ဒါပေမယ့် ... သာမန် လူတွေက သူ့ကို စောင့်ကြည့်နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန်မှ သတိထားပြီး ပြောလိုက်၏။ ဝမ်မူယန် ဟူသည် မှော်ဆန်လွန်းပြီး၊ အမည်ခံ သူတော်စင်ပင် သူမ၏ ညှို့အားဒဏ်ကို ခံနိုင်ရည် ရှိမည် မဟုတ်ချေ။
သူမသည် တစ်စုံ တစ်ယောက်ကို လှည့်စားရန် ဆွဲဆောင်မှု ရှိသော ပညာရပ်အား အကောင် အထည်ဖော် ရန်ပင် မလိုဘဲ လှည့်စားနိုင်မည်။
တစ်စုံ တစ်ယောက်တွင် ဆန္ဒများ ရှိနေခဲ့သော်၊ သူမက နှိုးဆွကာ အနားကပ်လာ ပေမည်။
“ မင်းဘာတွေ စိတ်ပူနေလဲ ငါသိတယ်၊ ဒါပေမယ့် သက်သက် သာသာ နေပါ၊ ပိုင်ဇီယွင် လှုပ်ရှားပြီ ဆိုထဲက ... သူလည်း စောင့်ကြည့် နေမှာပါ။ ”
သူမသည် ကျောက်စိမ်းဓား သူတော်စင် အပေါ်၊ ယုံကြည်မှု ရှိသည်။ ပိုင်မိသားစု၌ သူမ အာဏာမှာ မြင့်မားချေ၏။
ကောင်းကင် တာအိုဂိုဏ်းအတွင်း သူမ ဂုဏ်သတင်းမှာ အမြစ်တွယ်နေပြီ ဖြစ်ပြီး၊ ဝမ်-မိသားစု ထက်ပင် ပိုခိုင်မာသည်။
“ မင်းကို ပြောစရာ နှစ်ခု ရှိတယ်။ ”
သတ်ဖြတ်ခြင်း မဟာ သူတော်စင် အသွင်သည် ချက်ချင်း လေးနက် သွား၏။
“ ငါတို့မှာ ပြဿနာ နှစ်ရပ် ရှိတယ်၊ ပထမ တစ်ခုက ... ထျန်ရွှမ်ဇီက နတ်တာအို ဂိုဏ်းကို စိန်ခေါ်ပြီး ... မြင့်မြတ်မြေ (၆)ပါးဆီ အလှည် လာမယ့် အစီစဉ် စနေပြီ။ ”
ထိုသတင်းကြောင့် လင်းယွန် တစ်ယောက် မှင်တတ်သွား တော့သည်။
“ ဒုတိယ ကိစ္စကတော့ ... (၈)လပိုင်း (၁၅)ရက်နေ့မှာ နဂါးပြာ မှတ်တမ်း အရှေ့ဘက် ပျက်စီးမြေပေါ် ဆင်းသက်လိမ့်မယ်။ ”
(၄)လသာ ကျန်ရှိ ပေတော့၏။
“ နတ်နဂါး သံတမန် မုရွယ်လင်က ဒီသတင်းကို ကိုယ်တိုင် ကြေညာ ခဲ့ပါတယ်၊ သူမ ကိုယ်တိုင် ဦးစီးမယ်။ ”
စကား အနည်းငယ် ပြောပြီးနောက် လင်းယွန်က အိမ်ပြန်လာ ခဲ့သည်။ သူ့၌ အချိန် နည်းလွန်း ချေပြီ။
ထျန်ရွှမ်ဇီ သို့မဟုတ် နဂါးပြာ မှတ်တမ်း၊ မည်သည့် အကြောင်းအရာ မဆို ကြီးစွာသော ဖိအား ဖြစ်ချေ၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာသည်။ ဤကာလအတွင်း ပိုးစုန်းကြူး နတ်ဓား ကိုသာ နားလည်မှု ရယူမိ၏။
“ ဘာလဲ ... နင် ပျင်းနေတာလား။ ”
ခရမ်းငယ်က အပြင်မှ ပြန်လာပြီး အော်ငေါက် လိုက်သည်။
“ တိုးတက်မှုက သိပ် မဆိုးပါဘူး၊ ပိုးစုန်းကြူး နတ်ဓားကို ... ပြည့်စုံလု နီးပါး ကျွမ်းကျင်လာပြီ။ ”
ထိုနောက် ခရမ်းငယ်က လင်းယွန်၏ အရင်အမြစ်များကို သတိရ သွားကာ မနာလို ဖြစ်လာ မိသည်။
“ နင့်ရဲ့ သခင်မတွေနဲ့ ... စီနီယာ အစ်မက တကယ် ရက်ရောတာပဲ၊ ငါ့မှာတော့ ပေးစရာ မရှိဘူး။ ”
“ ဝမ်မူယန်ကို တွေ့ခဲ့လား။ ”
လင်းယွန်က ထိုအချင်းအရာ အပေါ် လျစ်လျူရှုကာ မေးမြန်းလိုက်၏။ ခရမ်းငယ်မှ ကုတင်ပေါ် ပက်လက် လှန်ချလိုက်ပြီး၊
“ အဲဒီ မိစ္ဆာမက ... ဟန်ဆောင် ကောင်းတယ်၊ ယင်-နန်းတော် အတွင်းမှာ သူ့အချိန် တွေကို ဖြုန်းတီးနေတယ်၊ သူ့ အနားမှာ ...
... ယောက်ျားတွေ အများကြီး သူ့အပေါ် တကယ် စွဲလန်း နေကြ သလိုပဲ၊ အခုတော့ သူ အပြင် သွားပြီမို့ ... ငါပြန်လာတာ။ ”
“ အပြင်သွားပြီလား ... ဒါက။ ”
အပြင်သွား ခြင်းသည် ပုံမှန်သာ ဖြစ်သော်လည်း၊ လင်းယွန်မှ တစ်ခုခု အဆင် မပြေနိုင်ဟု ခံစား လာရသည်။
“ ဟဲဟဲ ... ၊ နင် ဒီလိုလုပ်မယ် ဆိုတာ ငါသိတယ်၊ ဒါကြောင့် သူ့ရနံ့ကို ... ငါမှတ်ထား လိုက်တယ်၊ ငါ့အထင် သူ မနေနိုင်တော့လို့ ယောက်ျား သွားရှာတာနေမယ်။ ”
ခရမ်းငယ် စကားကြောင့် လင်းယွန်မှ ထိန်လန့်ကာ၊ ‘မကောင်းတော့ဘူး ... မြန်မြန် လိုက်ရအောင်၊ ’ -ဟု ပြောကြား လိုက်၏။
သူမက လင်းယွန်နောက် ပြေးလိုက်လာပြီး၊
“ ဟား ဟား ဟား ... ၊ နင်က လူယုတ်မာမှန်း ငါသိသားပဲ။ ”
-ဟု လှောင်ပြောင် ရယ်မော တော့သည်။
***