← Chapters

အန္တရာယ် ကျရောက်ပြီ ... ။

Vol. 150 Ch. 2091

အန္တရာယ် ကျရောက်ပြီ ... ။

Vol. 150 Ch. 2091

ဝမ်မူယန် တစ်ယောက် ကောင်းကင် တာအိုဂိုဏ်းမှ ထွက်ခွာ ပြီးနောက် အလင်းတန်း အဖြစ် ပြောင်းလဲ ပျောက်ကွယ် သွား၏။

ခဏအကြာတွင် လျှပ်စီးများ လက်လာ သဖြင့်၊ အလင်းတန်း အဖြစ် ပျံသန်းနေ သည်ကို မြင်လိုက် ရသည်။

ကောင်းကင် တာအိုဂိုဏ်း၏ နောက်ကေျာတွင် နတ်ဆိုး သားရဲများ ပေါများသည့် တောင်တန်းကြီး ရှိ၏။

လင်းယွန်ပင် ထိုတောင်တန်းရှိ အမည်ခံ သူတော်စင် သားရဲ တစ်ကောင်နှင့် လေ့ကျင့် တိုက်ခိုက် ဖူးသည်။

တောင်ထိပ် တစ်နေရာတွင် စုတ်ပြတ် နေသော နန်းတော် တစ်လုံးရှိသည်။ နန်းတော် ရှေ့၌ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး ရပ်နေ၏။

အမျိုးသား နဖူးတွင် ရွှေတံဆိပ် တစ်ခု ရှိနေပြီး၊ အဝါရောင် ၀တ်စုံကို ဆင်မြန်းထား ချေပြီ။

အမျိုးသမီး၏ နဖူး၌မူ ကြက်သွေးရောင် တံဆိပ်ရှိကာ အနီရောင် ၀တ်စုံကို ဆင်မြန်းထား ခဲ့၏။ ၎င်းတို့ အဝတ်အစား များတွင် အထူး အစီရင်များ ပါရှိသည်။

ရုတ်တရက် သူတို့၏ မျက်လုံးများ တောက်ပကာ မျက်ဆန် အတွင်း၌ သွေးလ တစ်စင်း ထွက်ပေါ်လာ၏။

“ ဝှစ် ... ။ ”

သွေးလမင်းက တရွေ့ရွေ့ ကြီးမား လာနေပြီး၊ သူတို့ရှေ့၌ ညှို့အားပြင်းသော အမျိုးသမီး အဖြစ် ဆင်းသက်လာသည်။

၎င်းထံမှ စွဲမက်ဖွယ် ရနံ့ တစ်ခု ပျံ့လွင့် နေသည်။ ဤသည်မှာ ဝမ်မူယန်ဖြစ်၏။ သူမကို မြင်သောအခါ ရိုသေစွာ ဦးညွှတ်လျက်၊

“ မြင့်မြတ်သော သမီးတော်ကို ဂါရဝ ပြုပါတယ်။ ”

-ဟု နှုတ်ဆက် လိုက်သည်။

“ ကျွီ ... ။ ”

ထိုစဉ် စုတ်ပြတ်နေသော နန်းတော် တံခါးပွင့်လာပြီး ကြည့်ကောင်းသည့် လူငယ် တစ်ယောက် ထွက်လာ၏။

ထိုလူငယ်သည် ထူးခြားသော အသွင်အပြင်မျိုး ရှိပြီး ဝမ်မူယန်ထံ တည့်တည့် လျှောက်လှမ်း လာသည်။

“ ငါ မင်းကို စောင့်နေတာ ကြာပြီ။ ”

“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”

လူငယ်က ပြုံးလျက် ပြောကြား လာ၏။ ကောင်းကင်၌ လျှပ်စီးများ လက်လာပြီး၊ လူငယ် အသွင်အပြင်ကို ထပ်လောင်း မြင်သာ စေသည်။

“ မင်းတို့ နှစ်ယောက် ဒီမှာစောင့်၊ ငါ နတ်သမီးနဲ့ ဆွေးနွေးစရာ ရှိတယ်။ ”

“ နားလည် ပါပြီ။ ”

လူငယ်နှင့် ဝမ်မူယန်က နန်းတော်ထဲ ဝင်ရောက် လာခဲ့သည်။ နန်းတော် ခေါင်မိုးတွင် ပျက်စီးနေပြီး၊ ပန်းချီကား အဟောင်းများကို နံရံ၌ တွဲလျောင်း ချိတ်ဆွဲထား၏။

အားလုံးထက် ထူးခြားနေ သည်မှာ ကြက်သွေးရောင် လမင်း ပန်းချီကား ဖြစ်သည်။ ၎င်းအနားတွင် စားပွဲခုံများ ရှိ၏။

ဝမ်မူယန်မှ ကြက်သွေးရောင် လမင်းကို ငေးကြည့် လိုက်သည်၊ သူမ၌ မြင်နေကျ ပုံမှန် စိတ်နေ စိတ်ထားမျိုး မရှိတော့ချေ။

“ ကောင်းကင် တာအိုဂိုဏ်းနဲ့ အနီးဆုံး နေရာမှာ ... သွေးလဂိုဏ်းရဲ့ အခြေစိုက်စခန်း ရှိတယ်လို့ ... ဘယ်သူက ထင်မှာလဲ၊ လာထိုင် ခုံကို ... ငါ သန့်ရှင်းရေး လုပ်ထားတယ်။ ”

လူငယ်က တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။ သူ့သည် ယောက်ျား ပီသပြီး၊ အမျိုးသမီးများ အတွက် ငြင်းဆန်ရန် ခက်ခဲစေသော လွှမ်းမိုးနိုင်စွမ်း ရှိ၏။

သို့သော် ဝမ်မူယန်သည် ၎င်းကို မသိသည့် အလား အေးစက်နေ ခဲ့သည်။ ပန်းချီကားများ ထံသာ အာရုံစိုက် နေ၏။

လူငယ်က ပြုံးပြီး သူမ ဘေးနားသို့ လျှောက်လှမ်း သွားကာ လက်ဖက်ရည် ခွက်ကို ထုတ်ယူ လိုက်သည်။

“ ပလောက် ... ပလောက် ... ။ ”

ရေနွမ်းကြမ်း လောင်းထည့် လိုက်ရာ၊ ဆွဲမက်ဖွယ် ရနံ့များ နန်းတော်တစ်ခွင် ပျံ့နှံ့ သွားတော့၏။

“ မူယန် ... လက်ဖက်ရည်သောက်၊ မင်းအတွက် ဒီတိမ်ဖုံးသော လမင်းကို အထူး ပြင်ဆင်ပေး ထားတာ။ ”

ဝမ်မူယန်က စကား မပြောဘဲ၊ လက်ဖက်ရည် ခွက်ကို လှမ်းယူပြီး အရသာ မြည်းစမ်း၏။ ထိုမြင်ကွင်းကြောင့် လူငယ်က ကျေနပ်စွာ ပြုံးတော့သည်။

သို့သော် ဝမ်မူယန်မှ ခွက်ကို စားပွဲပေါ် ချလိုက်ပြီး၊

“ အဲဒီလူ ပြန်ရောက်ပြီ ... ။ ”

-ဟု ပြောကြား လာ၏။

“ ငါ သိတယ် ... ။ ”

လူငယ်က ခေါင်းညိမ့်သည်။

“ သူက ကိုင်တွယ် ဖြေရှင်းရ ခက်တဲ့ လူတစ်ယောက်ပဲ၊ ထက်မြက်ပြီး သူတော်စင် သုံးပါးနဲ့ ... ကောင်းမွန်သော ဆက်ဆံရေး ရှိတယ်၊ သူ ငါ့ကို သံသယ ဝင်နေပြီ။ ”

“ ဘာဖြစ်လဲ ... သက်သေ မရှိဘဲ ကောင်းကင်ဘုံ ယင်နန်းတော်က သမီးတော်ကို ဘယ်သူမှ မထိနိုင်ပါဘူး၊ ဒီလို နိဗ္ဗာန်-နဝမ အသွင်ပြောင်းမှုမှာပဲ ရှိတဲ့၊ ...

... လူတစ်ယောက်က ငါတို့နဲ့ သွေးလ နတ်သမီးကို ဘာများ လုပ်နိုင်မှာလဲ၊ ခြောက်လ အတွင်း အမည်ခံ သူတော်စင် နယ်ပယ် ရောက်အောင် သူ လုံးပမ်း ပါစေ၊ ဒါက အစီအစဉ်ကို မထိခိုက် နိုင်ပါဘူး။ ”

လူငယ်မှ ပြုံးကာ နှစ်သိမ့်သည်။

“ ဘာပဲ ဖြစ်ဖြစ် ... အမှားအယွင်း မရှိအောင် သေချာလုပ်ရမယ်။ ”

ဝမ်မူယန်က သတိ ထပ်ပေးသည်။

“ စိတ်မပူနဲ့ ... သူ နိဗ္ဗာန် ဒသမမြောက် အသွင် ကူးပြောင်းမှုကို မတတ်နိုင် ခဲ့တာ ငါတို့ ကြားတယ်၊ ဒါကြောင့် သူ့ ထက်မြက်တယ် ဆိုရင်တောင် ကျင့်ကြံမှုက သူ့အတွက် အားနည်းချက် ဖြစ်နေလိမ့်မယ်။ ”

“ မဟုတ်ဘူး ... ၊ သူ ကျရှုံးခဲ့တာ ဟုတ်ပုံမရဘူး၊ ရည်ရွယ်ချက် ရှိရှိ ပြန်ဆုတ် ခဲ့တာ နေမယ် ... ၊ ငါ သူ့ကို စစ်ဆေးကြည့်ခဲ့ ပြီးပြီ၊ ဒဏ်ရာ လုံးဝ မရှိဘူး။ ”

“ ဒါဆိုလည်း ဘာမှ စိုးရိမ်စရာ မရှိပါဘူး၊ အရှုံးပေး လိုက်တယ် ဆိုတည်းက ကြောက်လို့ ပဲပေါ့၊ ဒီအကြောက်တရားက သူ့ အနာဂတ်ကို ထိခိုက် စေလိမ့်မယ်၊ အမည်ခံ သူတော်စင် အဆင့် ရောက်ဖို့တောင် ခက်ခဲနိုင်တယ်။ ”

“ လျှော့မတွက်နဲ့ ... သူက ဒီလောက် မရိုးရှင်းဘူး ... သူ့မှာ တခြား နည်းလမ်းတွေ ရှိသေးရင် အစီအစဉ် ပျက်သွားနိုင်တယ်။ ”

ဝမ်မူယန်က ခေါင်းခါပြ လိုက်သည်။ လူငယ်၏ အကြည့်များ ပြောင်းသွားပြီး၊

“ ဒါဆို သူနဲ့ ရန်မဖြစ်နဲ့ ... ။ ”

“ ဒီလောက် လွယ်ပါ့ မလားလို့ ... သံသယ ဖြစ်မိတယ်။ ”

“ ဘာလို့လဲ ... သူ့မှာ တခြား အထောက်အထားတွေ ရှိနေလို့လား။ ”

လူငယ်က ပြန်မေးသည်။ အနည်းငယ် တုံ့ဆိုင်းသွား သော်လည်း ထင်ကြေးများကို မမျှဝေ တော့ရန် ဝမ်မူယန်မှ ဆုံးဖြတ်၏။

လူငယ်သည် ယင်းကို သဘာဝ ကျကျ သတိပြုမိပြီး၊ သူ မသိနိုင်သည့် အခြားအရာများ ရှိနေသည်ဟု တွေးမိကာ ငြိမ်သက်သွားသည်။

သို့သော် ရုတ်တရက် လူသတ် လိုသော ရည်ရွယ်ချက် များဖြင့် မျက်ခုံးပင့် ကြည့်လာ ခဲ့သည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

ထို့နောက် သူ့လက်ညှိုးဖြင့် ညွှန်ပြ လိုက်သော အခါတွင် စွမ်းအင် အလင်းတန်း ပြေးထွက် သွားပြီး၊ နံရံ ပြိုကျသွားသည်။

နံရံအပြင်တွင် လူတစ်ဦး ရပ်နေ၏။ ဤပြိုကျမှု အရှိန်ကြောင့် ထိုသူက လွတ်ရာသို့ ခုန်ဆုတ် သွားလေသည်။

ယင်းသည် ကောင်းကင်တာအိုဂိုဏ်း၏ ရွှေကိုယ်ရံတော် ပိုင်ရှောင် ဖြစ်၏။ ဝမ်မူယန် အပေါ် စောင့်ကြည့်ရန် တာဝန်ပေး ခံထား ရသည်။

ယနေ့တွင် အထောက်အထား အချို့ကို တွေ့ရှိခဲ့ပြီး သွေးလဂိုဏ်း၏ နတ်သမီး ဖြစ်မှန်း သိလိုက်ရသည်။

လင်းယွန်မှ သူမအား သန့်ရှင်းသော သမီးတော် မျှသာ ဖြစ်မည်ဟု ထင်ကြေးပေး ခဲ့ဖူး၏။

လက်ရှိ သူမ၏ အဆင့်အတန်းသည် ထင်ထား သည်ထက် ပိုမြင့်ကာ၊ ဆယ်စုနှစ် များစွာ တည်းကပင် သွေးလဂိုဏ်းမှ တစ်စုံ တစ်ခု စီစဉ်နေကြောင်း သိလာရ၏။

( ဒီကောင်က သန်မာတယ်။ )

လူငယ်ကို ကြည့်ပြီး၊ ပိုင်ရှောင်၏ မျက်လုံးများ မှေးစင်း ကြောက်ရွံ့သွား လေသည်။

သူ ဟူသည် မရဏ မူလ အမည်ခံ သူတော်စင် အဆင့်သို့ ရောက်ရှိခဲ့ သည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး၊ သူတော်စင် တစ်ပါးပင် မမြင်နိုင်သော ရောင်ဝါ ဖုံးကွယ်နည်းကို လေ့ကျင့်ထားသည်။

ဤလူငယ်သည် သူတော်စင် မဟုတ်ချေ။ ထို့ကြောင့် သွေးလ ဂိုဏ်း၏ သားတော် ဖြစ်နိုင် မည်ဟု မှန်းဆမိသည်။

ထိုသို့ တွေးမိသည်နှင့် ဦးရေပြားများ ထုံကျင်လာ တော့သည်။ ပိုင်ရှောင် လက်၌ ဝမ်မူယန်နှင့် စကားဝိုင်းကို ဖမ်းယူရန် ရွှေရောင်ပုတီးစေ့ကို ကိုင်ထား၏။

“ ဝှစ် ... ။ ”

ဤအရာကို ဂိုဏ်းသို့ ပြန်ပို့ရပေမည်။ ချက်ချင်း ရွေ့လျားမှု ပညာရပ်ကို အကောင် အထည် ဖော်ပြီး၊ အလင်းတန်း အဖြစ် ဆုတ်ခွာ လှည့်ပြေး တော့၏။

နန်းတော် အပြင်တွင် ရပ်စောင့်နေသော အမျိုးသားနှင့် အမျိုးသမီးမှ သတိထားမိ လာပြီး အလျင်အမြန် လိုက်ပါ လာခဲ့သည်။

အမျိုးသားမှာ အမျိုးသမီးထက် ပိုမြန်၏။ ပိုင်ရှောင်ကို ကျော်တက်ပြီး လမ်းပိတ်လိုက် လေသည်။

နှစ်ယောက်အား သူတော်စင် ရောင်ဝါများ စုစည်းလျက် လက်ဖဝါးခြင်း ရိုက်ချပစ်လိုက်၏။

“ အဝါရောင် သခင်။ ”

ပိုင်ရှောင်မှ မျက်မှောင်ကြုတ် မိသည်။ ဤပုဂ္ဂိုလ်သည် သွေးလဂိုဏ်း သခင် ခုနစ်ပါး အနက်မှ တစ်ပါး ဖြစ်သည်။

အမျိုးသမီးမှာ အနီရောင် သခင် ဖြစ်ပြီး သူ့ကို မီးလျှံများဖြင့် လောင်မြိုက်ရန် ကြိုးစား နိုင်၏။

ပိုင်ရှောင် ခမျာ ထိတ်လန့်စွာဖြင့် နန်းတော်ရှေ့ ပြန်လည် ဆင်းသက် လိုက်ရ သည်။ သို့သော် ချက်ချင်းပင် ထပြေး မိ၏။

“ ဒီမှာ နေ ... ။ ”

နန်းတော် အတွင်းရှိ လူငယ်က ကြောက်မက်ဖွယ် ကောင်းသော မရဏ မူလ ရောင်ဝါဖြင့် အော်ငေါက်ကာ လက်ကို မြောက်လိုက်သည်။

“ ဂျိန်း ... ။ ”

မိုးခြိမ်းသံများ မြည်ဟည်းလျက် လူငယ်မျက်ဝန်းမှ ခရမ်းရောင် အလင်းများ တိုးထွက်လာ၏။

ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်း လာတော့သည်။ ကောင်းကင်မှ လျှပ်စီးလက်ဝါး တစ်ဖက် ကျဆင်းလာ၏။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

ထိုလျှပ်စီး လက်ဖဝါးက ပိုင်ရှောင်၏ ရင်ဘတ်ပေါ် ထိမှန်ကာ နှလုံးသားကို တိုက်ရိုက် ချေမွှေ တော့၏။

“ မရဏ လျှပ်စီး မျက်လုံး ... ၊ မင်း ... မင်းက တကယ့်ပဲ သွေးလဂိုဏ်းရဲ့ နတ်သားတော်ပဲ။ ”

ပိုင်ရှောင် တစ်ယောက် ထိတ်လန့်စွာ ရေရွတ်လိုက်သည်။ လူငယ်က လက်ဝှေ့ယမ်းပြီး သူ့ထံမှ ရွှေပုတီးစေ့ကို ဆွဲယူခေျမွ ပစ်တော့၏။

“ မူယန် ... မင်း အရင် ပြန်သွားနှင့် ... ယဲ့ချင်းရှန်ကို ဆက်ဆံဖို့ နည်းလမ်းရှာ ပေးမယ်၊ နေလ နတ်ရူရ်နဲ့ ပတ်သက် ပြီးတော့လည်း စိတ်အေးအေး ထားပါ။ ”

ဝမ်မူယန်မှ စကား ပြန်မပြော တော့ဘဲ၊ ကြက်သွေးရောင် အလင်းအဖြစ် ပျောက်ကွယ် သွားတော့သည်။

လင်းယွန်နှင့် ခရမ်းငယ်မှာ နတ်ဆိုး သားရဲများ ပေါကြွယ်ဝသော တောင်တန်းကြီး အပေါ် ဖြတ်ပျံ နေသည်။

“ မိုးခြိမ်းသံက တကယ့်ကို ကြောက်စရာ ကောင်းတယ်။ ”

ခရမ်းငယ်မှ ကောင်းကင်ပေါ်ရှိ လျှပ်စီးများကို မော့ကြည့်ကာ တိုးတိုးလေး ပြောသည်။

နှစ်ယောက်သား ဝမ်မူယန် နောက်ကို လိုက်နေလျက်မှ ခြေရာခံ ရနံ့များ ပျောက်ကာ တောင်တန်း အတွင်း တဝဲလည်လည် ဖြစ်နေခဲ့သည်။

“ အဲဒါ ... ။ ”

မိုးချိန်းသံကြောင့် လှည့်ကြည့် လိုက်ရာ၊ တောင်ထိပ် တစ်ခု ပေါ်သို့၊ ပြုတ်ကျ လာသည့် လက်ဖဝါးကြီးကို မြင်လိုက်ရသည်။

“ ဒါ ကောင်းကင် တာအို ဂိုဏ်းက လူတစ်ယောက်ပဲ ... မျက်နှာဖုံး ပေးပါဦး။ ”

လျှပ်စီးများ အောက်တွင် ထိုလူ၏ မျက်နှာကို မမြင်ရ သော်လည်း၊ အဝတ်အစား အရ ကောင်းကင် တာအို ဂိုဏ်းမှ ဖြစ်ကြောင်း သိရှိလိုက်သည်။

ထို့ကြောင့် ငွေလမင်း မျက်နှာဖုံးကို တောင်းယူကာ၊ နေနတ်ဘုရားအား ဖမ်းဆီးခြင်း ပညာရပ်ဖြင့် ပြေးလွှား လိုက်တော့သည်။

တောင်ကြီးနှင့် နီးကပ်လာသော အခါ လေထုထဲ၌ သူတော်စင် ရောင်ဝါများ ရစ်သိုင်း နေသည်ကို ခံစားလာရ၏။

အမည်ခံ သူတော်စင်များကြား ရန်ပွဲ ဖြစ်သင့့်သည်။ တစ်ချိန်တည်း မှာပင် သွေးရနံ့ ကိုလည်း ရရှိလာ၏။

“ ဝှစ် ... ။ ”

တောင်ထိပ်ပေါ် ဆင်းသက် လိုက်သော အခါတွင်၊ ပိုင်ရှောင် ဖြစ်မှန်း သိလိုက်ရသည်။ ရင်ဘတ်၌ ဒဏ်ရာပြင်းထန်၏။

အနား ချဉ်းကပ်သွားပြီး၊ လက်ကောက် ဝတ်ကို ဆုပ်ကိုင် စစ်ဆေးမိသည်။ ကံကောင်း စွာဖြင့် အသက်ရှင် နေသေး၏။

ခန္ဓာကိုယ် ထဲသို့ နဂါးပြာ စွမ်းအင်ကို သွန်းလောင်း လိုက်ရာ မျက်နှာ တဖြည်းဖြည်း ပြန်၍ နီရဲလာသည်။

သတိ ပြန်လည်လာပြီး လက်ကို မြှောက်လိုက်သော်လည်း ခွန်အား မလုံလောက် သေးချေ။

“ နောက်မှာ ... ။ ”

ထို့ကြောင့် ခက်ခက်ခဲခဲဖြင့် သတိပေး စကားပြော လိုက်ရသည်။ သူ့စကားကြောင့် မြွေပွေး တစ်ကောင်မှ စိုက်ကြည့်ခံ ရနေ သလိုမျိုး လင်းယွန် ခံစားရ၏။

ထို့နောက်တွင် မီးတောက်များ ဖုံးလွှမ်း နေသော ဓားမြှောင် တစ်လက် လေကို ခွင်းကာ ပျံ့လွင့် လာသည်ကို မြင်လိုက်ရသည်။

***

All Chapters