← Chapters

ကျောက်တျန်းယွီ။

Vol. 150 Ch. 2093

ကျောက်တျန်းယွီ။

Vol. 150 Ch. 2093

အဝါရောင် သခင်မှာ ပါးစပ်မှ သွေးများ စီးကျလျက် လွင့်ပျံ သွားခဲ့သည်။ မျက်ဝန်းများမှ မယုံနိုင်ဖွယ် ပြူးကျယ်နေ၏။

လင်းယွန်က ဆက်နေရန် ရည်ရွယ်ချက် မရှိခဲ့ဘဲ ထွက်ပြေးလိုက် လေသည်။

“ ငါ့လက်ကိုဖြတ်ပြီး ထွက်သွားချင်လား။ ”

အနီရောင် သခင်မှ လိုက်မီလာပြီး၊ ကြက်သွေးရောင် ဝတ်မှုန်များ ထုတ်လွှတ်ကာ ဖမ်းရန် ပြင်၏။

ဝတ်မှုန်ထိရာ လမ်းတစ်လျှောက် မြက်ပင်များ ညှိုးနွမ်ကုန်သည်။ ဝတ်မှုန်တွင် အဆိပ် ရှိနေ၏။ ထိုအချိန်တွင် အဝါရောင် သခင် သည်လည်း လိုက်မီ လာသည်။

“ မင်းတို့ နှစ်ယောက်က ငါ့ကို ဒေါသ ထွက်အောင် လုပ်နေတာလား။ ”

လင်းယွန် မျက်လုံးအတွင်း လူသတ်ရန် ရည်ရွယ်ချက်နှင့် သွေးရောင် လွှမ်းလာတော့၏။

“ ပန်းတွေ ပွင့်ပြီ။ ”

ဟောက်သံ နှင့်အတူ ရေတံခွန် တစ်စင်း ကောင်းကင်မှ ဆင်းသက် လာ၏။ ဤတုန်လှုပ် ခြောက်ခြားဖွယ်ရာ ဖြစ်စဉ်သည် အနီရောင် သခင်၏ သူတော်စင် တာအို ဖြစ်သည်။

“ ရွှပ် ... ။ ”

လင်းယွန်မှ ပိုးစုန်းကြူး နတ်ဓား ဒသမမြောက် ပုံစံကို အသုံးပြုလိုက် သဖြင့်၊ ကနဦး သူတော်စင် တာအိုမှာ အသုံးမဝင် တော့ချေ။

“ ဝှစ် ... ။ ”

ဓားရောင်ခြည်သည် ကြက်သွေးရောင် သူတော်စင် တာအိုကို ချေမှုန်းပြီး အနီရောင် သခင် လွင့်စဉ် သွား၏။

“ ဉာဏ်ကြီးရှင် ဓားသမား။ ”

ဤမြင်ကွင်းကို မြင်လိုက်သော အခါ အဖြူဝတ် လူငယ်၏ မျက်လုံးများ မှေးစင်း သွားသည်။ သို့သော် လှုပ်ရှားရန် ရည်ရွယ်ချက် မရှိပေ။

လင်းယွန်ကို သိမ်းသွင်း နိုင်သော် ယဲ့ချင်းရှန်နှင့် တိုက်ရန် အသုံးပြုနိုင်မည်ဟု ထင်မြင် လာသည်။

၎င်းသည် နဂါးမျိုးရိုးမှ လာသော ရွှေမျိုးဆက် ပါရမီရှင် တစ်ပါး အဖြစ် ယုံကြည် လိုက်သည်။

“ သူ့ရဲ့ ခွန်အားကို အရင် ကြည့်ရအောင်။ ”

နတ်သားတော်က လျှပ်စီး ကဲ့သို့ ကောင်းကင်ပေါ် ပျံတက် လာသည်။ သူ့ထံမှ ခရမ်းရောင် လျှပ်စီးများ လင်းလက် လာ၏။

အသက်ရှူကြပ် စေသည့် ဖိအားများ ဖြစ်ပေါ်လာသည်။ တစ်ကမ္ဘာ လုံးရှိ လျှပ်စီး စွမ်းအင်များ အားလုံး ဆင့်ခေါ်ခံလိုက်ရပုံ ပေါ်နေ၏။

လူငယ်သည် သခင် နှစ်ပါးထက် သာလွန်သော အဆင့်သစ်တွင် ရှိနေသဖြင့် လင်းယွန်မှ ထိတ်လန့် လာသည်။

မော့ကြည့် လိုက်ချိန်၌ ကောင်းကင်မှ ဆင်းလာသော လျှပ်စီး လက်ညှိုး တစ်ချောင်း မြင်လိုက်ရသည်။

“ ဝှီး ... ။ ”

ထိုလက်ချောင်းသည် ထာဝရ တည်မြဲ နေသော ကျောက်တိုင် ကြီး ကဲ့သို့၊ လျင်မြန်စွာ ဆင်းသက် လာ၏။

“ သွေးလ နတ်သားတော် ... ။ ”

လင်းယွန် တစ်ယောက် အံ့သြမိ၏။ လေးနက်သော အမူအရာဖြင့် ခွန်အားကို တွက်ဆ ချိန်ထိုး လိုက်သည်။

နေလထီး သို့မဟုတ် ကြယ်ဓား နှစ်လက်သည်သာ ဤလက်ညှိုးကို ခံနိုင်ရည် ရှိနိုင်ပေမည်။

သို့သော် ဝှက်ဖဲများ မထုတ်လို သဖြင့်၊ ပိုးစုန်းကြူး နတ်ဓား၏ နောက်ဆုံး ပုံစံသုံးကာ ကံစမ်းရန် အတွေးရ လာ၏။ ယုချင်းဖန်၏ မှတ်စုများ ခေါင်းထဲ ပြန်ပေါ်လာသည်။

“ နည်းနည်းတော့ အားနည်း နေသေးတယ်။ ”

သွေးလ နတ်သားတော်က ကောင်းကင်မှ နေ၍ စိတ်ပျက် လက်ပျက်ဖြင့် ကြည့်နေသည်။ သူသည် ဤလူအပေါ် အလွန်အကြူး တွက်ထားမိပုံ ရ၏။

ဤလူတွင် ကြယ်ဓား ပိုင်ဆိုင်ထား သော်လည်း သူ့တိုက်ခိုက်မှုကို မခံနိုင်ကြောင်း ပြောနိုင်သည်။

၎င်းလုပ် နိုင်သည်မှာ သူ့ကိုယ်သူ ကာကွယ်ရေးသာ ဖြစ်မည်။ သို့သော် ကြယ်ဓား ရှိပါက ထုတ်ဖော်သင့်ပြီ ဖြစ်၏။

ထိုအချိန်တွင် လင်းယွန်က လျှပ်စီး လက်ညှိုးထံ သူ့ဓားကို ညွှန်ပြ လိုက်သောအခါ၊ ပတ်ဝန်းကျင်ရှိ ညှိုးနွမ်းနေသော အပင်များ ပြန်လည် ရှင်သန်လာ၏။

အကန့် အသတ်မဲ့ အသက်စွမ်းအားမျိုး ပေပင်။ ၎င်းစွမ်းအားက ဓားထဲသို့ စီးဝင်ကာ ဓားရောင်ဝါ အဖြစ် ထင်ရှားလာ၏။

“ ဟမ့် ... ။ ”

ပြီးနောက် ဓားအလင်း အဖြစ်၊ လျှပ်စီး လက်ညှိုးထံ ပြေးဝင် သွားတော့သည်။ လျှပ်စီး ရူရ် ပြိုကျမည့် အရိပ်အယောင် ပြသနေ သဖြင့်၊ သွေးလ နတ်သားတော်က သူ၏ မဟာ တာအိုကို အားဖြည့် ပေးလိုက်ရ၏။

ယင်းကြောင့် လင်းယွန် ရပ်နေသော မြေပြင်သည် တွင်းနက်ကြီး အဖြစ် မီးလောင် ပျက်စီးကာ သူ့ကို မြေမြှပ်တော့သည်။

“ ဝှစ် ... ။ ”

သွေးလ နတ်သားတော်က ထိုမီးတောင် တွင်းဝသို့ ဆင်းသက်လာ၏။ ဒဏ်ရာရ နေသည့် သခင် နှစ်ပါး သည်လည်း လိုက်ပါလာသည်။

အနီရောင် သခင်က သူမ နှုတ်ခမ်းကို လျှာဖြင့် သပ်လျက်၊ ဤသို့သော ပါရမီရှင်သည် မထမြောက်မီ သေရခြင်းမှာ နှမျောစရာဟု ခံစားနေမိသည်။

“ နတ်သားတော်နဲ့ တွေ့တာ ... သူ ကံဆိုးတယ်၊ မဟာ တာအိုရဲ့ အစွမ်းအောက်မှာ အရာ အားလုံးက ဘာမှ မဟုတ်ပါဘူး။ ”

လင်းယွန်က ငွေလမင်းမျက်နှာဖုံးဖြင့် ရောင်ဝါကို ဖုံးကာ မီးတောင် အတွင်း ပုန်းနေ ခဲ့သည်။

အဝါရောင် သခင် စကားကို ကြားသော်မှ တုန့်ပြန်ဝံ့ခြင်း မရှိချေ။

( ကြည့်ရတာ ဝမ်မူယန်က သူ့ကို စောင့်ကြည့် နေမှန်းသိလို့ ဖယ်ရှားဖို့ ကြိုးခဲ့ပုံ ရတယ်၊ ဒီကောင်က တကယ့် သေွးလ သားတော်ပဲ။ )

လင်းယွန်က တွေးတော နေခဲ့သည်။

“ ဆင်း ... ။ ”၏

“ ဟုတ်ကဲ့ ... ။ ”

“ ဝှစ် ... ။ ”

သွေးလ နတ်သားတော်က အမိန့်ပေး၏။ သခင်နှစ်ပါးက မီးတောင် အတွင်း ခုန်ဆင်းကာ ရှာဖွေကြ သော်လည်း လင်းယွန်ကို မတွေ့ချေ။

ငွေလမင်း မျက်နှာဖုံးနှင့် လိပ်နက် အသွင်ပြောင်း ခြင်းသည် သူ့အရိပ် အာဝါသကို ဖုံးကွယ်နိုင်၏။

ယင်းက သူ့အား ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေပြီး အပြင်လူ အမြင်၌ ကျောက်တုံး တစ်ခုလို ဖြစ်စေသည်။

သခင်နှစ်ပါးက လင်းယွန် အနားမှ အကြိမ်ပေါင်း များစွာ ဖြတ်သွားနေ သော်လည်း သတိမထား မိချေ။

အနီရောင် သခင်မှ မျက်မှောင်ကြုတ်ကာ၊

“ ဘာလို့ သွေးရနံ့ ရပြီး အလောင်း မရှိရတာလဲ။ ”

-ဟု ရေရွတ်လိုက်သည်။

“ မဟာ တာအိုအောက်မှာ သူ ထွက်ပြေး နိုင်စရာ အကြောင်း မရှိဘူး၊ အလောင်းတောင် မကျန် တော့တာ နေမယ်။ ”

အဝါရောင် သခင်မှ ပြန်ဖြေ၏။

“ မင်းတို့ နှစ်ယောက် ဘေးမှာ ... ၊ ဒီလောက်ထိ ရှင်းရှင်း လင်းလင်း ရှိနေတာကို သတိ မထားမိ ရအောင် မျက်စိကန်း နေတာလား ...

... ကိုယ့်ကိုကိုယ် ဖုံးကွယ်ထား ပုံက စိတ်ဝင်စားဖို့ ကောင်းတယ် ... မင်း ငါ့ကို သင်ပေးလို့ ရမလား ... ။ ”

သွေးလ နတ်သားတော်က ပြုံးကာ ပြောလာသဖြင့် သခင်နှစ်ပါး ခမျာ တုန်လှုပ် သွား၏။

“ မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ... သွေးလ နတ်သားတော်က အမြင်စူးရှတယ်။ ”

လင်းယွန် အံ့သြမှုကို ထိန်းလျက် သခင်နှစ်ပါး ဘေး၌ ပြန်ပေါ် လာသည်။ ယင်းကြောင့် သခင် နှစ်ပါးက ထိန်လန့်စွာ နောက်ဆုတ်လိုက်၏။

တစ်ဖက်လူသာ သတ်လိုက သူတို့ သေပြီး ဖြစ်ပေမည်။

“ မရဏ လျှပ်စီး မျက်လုံး မရှိရင်တော့ မင်းကို ငါ ရှာမတွေ့ နိုင်ပါဘူး၊ မင်းရဲ့ သွေးသား စွမ်းအင်ကို လုံးလုံး ဖုံးကွယ်ထား နိုင်တာပဲ၊ သူတော်စင် တစ်ပါးမှ မဟုတ်ရင် ရှာနိုင်မှာ မဟုတ်ဘူး။ ”

“ ငါ နားလည်ပြီ။ ”

သွေးလ နတ်သားတော်က လင်းယွန်ကို သဘောကျ သောကြောင့် အပြုံးဖြင့်၊

“ သွေးလ ဂိုဏ်းက ခွန်လွန်ကို တဖန် လွှမ်းမိုးတော့မယ်၊ မင်းရဲ့ အရည်အချင်း တွေက ငါ့အာရုံကို ဖမ်းစားတယ်၊ ငါတို့နဲ့အတူ ပူးပေါင်းဖို့ စိတ်ဝင်စားလား၊ ...

... ဉာဏ်ကြီးရှင် ဓားသမား တစ်ယောက် လိုနေတယ်၊ မင်းခေါင်းညိတ် သရွေ့ လိုချင်တာ မှန်သမျှ ငါပေးနိုင်တယ်။ ”

“ မင်း ဘယ်သူ့ကို တိုက်ချင်နေတာလဲ။ ”

လင်းယွန်က စိတ်ဝင်စားစွာ ပြန်မေး ကြည့်လိုက်သည်။

“ အရှေ့ဘက် ပျက်စီးမြေက ယဲ့ချင်းရှန်၊ သူ့အကြောင်း ကြားဖူးတယ် မဟုတ်လား ... ၊ ငါနဲ့ လက်တွဲရင် သူ့ကံကြမ္မာကို သိမ်းပိုက် နိုင်အောင် ကူညီပေးမယ်၊ သူပိုင်ဆိုင် သမျှ အရာအားလုံး မင်းအပိုင်ပဲ။ ”

သွေးလ နတ်သားတော်၏ အသံသည် သံလိုက်ဓာတ် ရှိပြီး နားထောင် ကောင်းလှ၏။ ၎င်းသည် ဝမ်မူယန်၏ စွမ်းရည်နှင့် ဆင်တူ ပေသည်။

သတိ မထားမိသော် သူ့စကားကို နားထောင်မိပေမည်။ တုံ့ပြန်မှု မရှိသည်ကို မြင်ပြီးနောက် သွေးလ နတ်သားတော်က ဆုကြေးကို ထပ်ထည့်၏။

“ ယဲ့ချင်းရှန် ထက်တောင် သန်မာတဲ့ လူတစ်ယောက် ရှိသေးတယ် မင်း ကြားဖူးမှာပါ၊ သူ့ကို ပန်းသင်္ချိုင်းလို့ ခေါ်တယ်၊ ငါနဲ့ လက်တွဲဖို့ ဆန္ဒရှိတယ် ဆိုရင်၊ ...

... ငါတို့ နှစ်ယောက်လုံးက သမိုင်းကို ဖန်တီးနိုင်ပြီး၊ သူတော်စင် တာအိုရဲ့ ကံကြမ္မာ အားလုံးကို ခံစားရ လိမ့်မယ်။ ”

နတ်သားတော် သတ်ချင်သည့် လူနှစ်ယောက်သည် သူ ဖြစ်နေသောကြောင့် လင်းယွန်မှ အံ့ဩသွားသည်။

“ မျက်နှာဖုံးအောက်က ... ငါ ဘယ်သူလဲ ဆိုတာ မင်း မသိချင်ဘူးလား။ ”

“ မလိုပါဘူး ... မင်း ဘယ်သူလဲ ဆိုတာ ငါဂရုမစိုက်ဘူး၊ မင်း ငါ့နဲ့ လက်တွဲဖို့ ဆန္ဒရှိနေ သရွေ့ ... ငါတို့က မိတ်ဆွေတွေ၊ အခု မင်းက အားနည်း နေသေးတဲ့ အတွက် နဂါးပြာ မှတ်တမ်းမှာ နေရာ မရနိုင်ဘူး၊ ...

... ဒါပေမယ့် ငါတို့ပူးပေါင်းပြီး အဲဒီ နှစ်ယောက်ကို သတ်နိုင်ရင်တော့ မင်းကို အာမခံချက် ငါပေးနိုင်တယ်။”

သွေးလ နတ်သားတော်မှ ပြုံးပြသည်။ သူသည် ယုံကြည်မှု ရှိပြီး ရိုးသားသော အသွင် ပြသထား၏။ အခြားသူ တစ်ဦးသာ ဆိုသော် တစက္ကန့်မျှ မစဉ်းစားဘဲ သဘောတူ မိပေ လိမ့်မည်။

ဉာဏ်ကောင်း သည်ဟု ယူဆ သူများသည် သွေးလ နတ်သားတော်ကို ပြန်၍ အသုံးချရန်ပင် တွေးတော လာနိုင်ကြ၏။

“ အရင်က တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့ ကြိုးစားခဲ့တာ ရယ်စရာလို့ မင်း ထင်လား။ ”

“ ဘာဖြစ်လို့လဲ ... ဘုံအကျိုးစီးပွား ရှိနေသရွေ့ ရန်ငြိုးဆိုတာ မရှိဘူး၊ အနာဂတ်မှာ မင်းက ငါ့ရဲ့ရန်သူ ဖြစ်လာပြီး ... ငါ့ထက် သန်မာခဲ့ရင် အညံခံ ပေးမယ်။ ”

“ ဒါဆို ငါက မင်းကို သတ်ဖို့ အခွင့်အရေးကို စောင့်နေတာ ဆိုရင်ရော ... ။ ”

လင်းယွန်က အပြုံးဖြင့် မေးကြည့်လိုက်သည်။

“ ဘဝဟာ စိတ်လှုပ်ရှားစရာ ကောင်းဖို့ လိုတယ်၊ မင်းနားမှာ မြွေဟောက် တစ်ကောင် ရှိနေတာက ... ခွေးတစ်ကောင် ရှိနေတာထက် ပိုကောင်းတယ် မဟုတ်လား။ ”

နတ်သားတော်၏ အယူအဆကြောင့် လင်းယွန်မှ တိတ်ဆိတ် သွားသည်။ ဤလူသည် သူ့ကိုယ်သူနှင့် သူ၏ ရန်သူများ အပေါ် ရက်စက် ကြမ်းကြုတ်သူ ဖြစ်ကြောင်း သိလိုက်ရ၏။

“ ကဲ ... ၊ မင်းရဲ့ ဒဏ်ရာတွေ ပြန်ကောင်း လာပြီမို့ ... အခု ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။ ”

သူ့အကြံကို ထုတ်ဖော် ခံလိုက်ရသဖြင့် လင်းယွန်မှ ရှက်ရွံသွားသည်။

“ ငါ မြွေတွေကို မကြိုက်ဘူး၊ ကြောင်တွေပဲ ကြိုက်တယ်။ ”

“ ဟမ့် ... ။ ”

ထိုအဖြေကြောင့် သွေးလ နတ်သားတော် တစ်ယောက် မျက်မှောင်ကြုတ် လိုက်သည်။ ပြီး တစ်ခုခုကို စဉ်းစားမိ ဟန်ဖြင့် ပိုင်ရှောင်ထံ လှည့်ကြည့် လိုက်၏။

သေလုမျောပါး ဖြစ်နေသော ပိုင်ရှောင်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားသည်။

“ သွေးလ နတ်သားတော် မင်း ထွက်သွားသင့်တယ် ... မဟုတ်ရင် မင်း ထွက်သွား နိုင်တော့မှာ မဟုတ်ဘူး။ ”

လင်းယွန်က သတိပေး စကား ဆိုလိုက်၏။ ထိုအချိန်တွင် လူတစ်စု ပျံသန်းနေ လာသည်ကို လှမ်းမြင် လိုက်ရသည်။

သူတို့အားလုံး ထံမှ အမည်ခံ သူတော်စင် ရောင်ဝါများ ဖြာထွက် နေခဲ့၏။ ခေါင်းဆောင်က တောက်ပသော နေမင်းကဲ့သို့ ရောင်ဝါမျိုး ထုတ်လွှတ်ထားသည်။

“ ရွှေ ကိုယ်ရံတော် ... ။ ”

“ ဟုတ်တယ် ငါပဲ၊ ကျောက်တျန်းယွီ ... ကောင်းကင် တာအိုဂိုဏ်းရဲ့ နယ်မြေမှာ အပြစ် ကျူးလွန်ဝံ့ သလား၊ မင်းကို သတ္တိတွေ ဘယ်သူ ပေးခဲ့တာလဲ။ ”

အဖွဲ့ကို ဦးဆောင်နေသည့် အဖြူဝတ် လူငယ်လေးမှ အမှောင်ထု တစ်ခုလုံးကို လွင့်စင် လင်းလက် သွားစေသည့် ရောင်ဝါဖြင့် ဟိန်းဟောက် လာ၏။

သွေးလ နတ်သားတော်၏ အမည်မှာ ကျောက်တျန်းယွီ ဖြစ်သည်။

“ ပိုင်မိသားစုလား ... နတ်ဘုရား သင်္ချိုင်း တောင်တန်း ကိုတောင်ဝင်ဖို့ ... အရည်အချင်း မရှိတဲ့ မင်းလိုလူက၊ ငါ့ကို မေးခွန်း ထုတ်နေတာလား၊ ...

... ငရဲ သစ်ခွ ခြံဝင်းရဲ့ သန့်ရှင်းသော သမီးတော်တောင် ငါ့ရှေ့မှာ ဒီလောက် မာန်မာန မပြဝံဘူး။ ”

သွေးလ နတ်သားတော်က ပိုင်ရှုရင် ရောက်လာသည်ဟု ထင်မိခဲ့သည်။ သို့သော် အခြားသော ရွှေမျိုးဆက် ဉာဏ်ကြီးရှင်လေး မျှသာ ဖြစ်သဖြင့် စိတ်ပျက် သွားတော့၏။

***

All Chapters