ဓားသမား ... ။
Vol. 150 Ch. 2094
ကောင်းကင် တာအို ဂိုဏ်းမှ အချိန်မရွေး သူတော်စင် ဖြစ်နိုင်သော ရွှေအစောင့် (၁၀)ဦး စေလွှတ်ခဲ့သည်။
သို့သော် ကျောက်တျန်းယွီမှ ဂရုမစိုက်ဘဲ လင်းယွန်ကို နှမျောဟန်ဖြင့် လှည့်ကြည့်သည်။
“ မင်း အရည်အချင်းကို ... သဘောကျ ပေမယ့် ... လိမ္မာပါးနပ်မှု မရှိတာ သနားစရာပဲ၊ ဉာဏ်ကြီးရှင် ဓားသမားလား ... မဟာ တာအို ရှေ့မှာ ဘာမှ မဟုတ်ပါဘူး။ ”
ပြောပြီးသည်နှင့် တပြိုင်နက်၊ ကျောက်တျန်းယွီ မျက်ဝန်းများ၌ ခရမ်းရောင် လျှပ်စီးများ လင်းလက်လာသည်။
ဤသည်မှာ မရဏ လျှပ်စီး မျက်လုံးများ ဖြစ်၏။ လင်းယွန်က အန္တရာယ် အပေါ် သတိ ပြုမိသဖြင့်၊ ပန်းသင်္ချိုင်းကို ဆွဲထုတ်မိသည်။
“ ဝုန်း ... ။ ”
သို့သော် ကျောရိုး တစ်လျှောက် စိမ့်တက်လာပြီး၊ မဟာ တာအို ဖြစ်သော မိုးကြိုးစွမ်းအင်များ ထိမှန်သွား၏။
ကျယ်လောင်သော ပေါက်ကွဲ သံကြီးနှင့်အတူ လင်းယွန် တစ်လျှောက် ချက်ချင်း လွင့်ထွက် သွားလေသည်။
“ သူ့ကို သတ် ... ။ ”
ကျောက်တျန်းယွီက ရွှေကိုယ်ရံတော် ခေါင်းဆောင်ထံ ပြေးဝင်ကာ၊ အဝါရောင် သခင် နှင့်၊ အနီရောင် သခင်ကို အမိန့်ပေးခဲ့သည်။
သူ လှုပ်ရှား လာသော အခါတွင် ကြီးစိုးလွန်းသည့် ခရမ်းရောင် လျှပ်စီး လက်ဖဝါးကြီး ထွက်ပေါ်လာ၏။
“ ဝှစ် ... ။ ”
ထိုလက်ဖဝါးကို ရင်ဆိုင်ရန် ပိုင်မိသားစု ရွှေမျိုးဆက် ဉာဏ်ကြီးရှင်က သူ့လက်ဖဝါးအား ဆန့်ထုတ်လိုက်သည်။
မီးလက်ဖဝါး တစ်ဖက် ပြေးထွက် သွားပြီးနောက် ခရမ်းရောင် လက်ဖဝါးနှင့် ထိမိ သွားခဲ့၏။
“ ဘုန်း ... ။ ”
အင်အားစု နှစ်ရပ်သည် သူတော်စင် တာအိုများဖြင့် အားဖြည့် ထားသောကြောင့် မိုင်တစ်ရာ အတွင်း ဖြစ်စဉ်များ ပြည့်နှက် ကုန်သည်။
ကျောက်တျန်းယွီက ပြုံးပြီး ဆက်၍ တိုက်ခိုက်တော့သည်။ သူ၏ မဟာ တာအိုကို ဤလူများ ခံနိုင်မည်ဟု မယုံချေ။
ရွှေအစောင့်များ၏ ဖွဲ့စည်းပုံ ချက်ချင်း ပြိုပျက်သွားသည်။ အနီရောင် သခင် ပင်လျှင် ဤအဆင့် တိုက်ပွဲအတွင်း ဝင်ရောက် နိုင်ခြင်း မပြုနိုင်ချေ။
“ မဟာ တာအို ... ။ ”
သူမ မျက်ဝန်းများ တောက်ပ လာ၏။ ၎င်းအဆင့် တာအို အမျိုးအစားကို ဆုပ်ကိုင် နိုင်ရန် စိတ်ပိုင်းဖြတ် မိသည်။
အဆုံးတွင် သူတော်စင် တာအိုသည် ကောင်းကင် မူလ အဆင့်သို့ ရောက်ရှိသော်၊ စိတ်ဝိညာဉ်နှင့် ပေါင်းစည်းရမည် ဖြစ်သည်။
ထိုအချိန်တွင် ၎င်းကို ပြောင်းလဲရန် မဖြစ်နိုင်တော့ချေ။ နောင်တွင် သူတော်စင် မူလ အဖြစ် သန့်စင်နိုင်မည်။
လင်းယွန်က သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ကာ ကောင်းကင်ယံ တိုက်ပွဲထံ မော့ကြည့် မိသည်။
မဟာ တာအိုကို ဆုပ်ကိုင် ထားသူသည် နယ်ပယ်တူ ပြိုင်ဘက်(၁၀)ဦး အပေါ် အနိုင်ယူ နိုင်သည်။
“ မင်းက မတ်တပ် ရပ်နိုင် သေးတာလား၊ ဒါကြောင့်လည်း ... သွေးလ နတ်သားတော်က မင်းကို ထူထူး ခြားခြား တန်ဖိုးထား နေတာ အံ့သြစရာ မဟုတ်တော့ ပါဘူး၊ ဒါပေမယ့် မင်းငါ့ဆီက လက်ဖဝါး ဘယ်လောက် ယူနိုင်မလဲ တွေးမိတယ်။ ”
အဝါရောင် သခင်က ပြုံးပြပြီး ရုတ်တရက် ကောင်းကင်မှ ဆင်းလာ၏။
လင်းယွန်သည် မသေခဲ့ သော်လည်း မျက်နှာက ဖြူဖျော့လျက် ဒဏ်ရာ ပြင်းထန် ချေ၏။
ငွေလမင်း မျက်နှာဖုံး ရှိသည်မှာ ကံကောင်းသည်။ သို့သော် အဝါဝတ် သခင်ကို မြင်ချိန်၌ တည်ငြိမ်သွားပြီး၊
“ ကျောက်တျန်းယွီက မင်းတို့ကို ကစားနေတာ၊ အခုချိန် ကောင်းကင် တာအို ဂိုဏ်းရဲ့ သူတော်စင် တစ်ပါး ရောက်လာ ရင်တောင် ... သူ ထွက်သွား နိုင်တယ်၊ ဒါပေမယ့် မင်းကော ဘယ်လိုလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
“ မင်း ငါ့ကို ခြောက်လှန့် မနေနဲ့ ... ၊ သုံးကြိမ် အတွင်း မင်းကို ငါ သတ်နိုင်တယ်။ ”
အဝါရောင် သခင်မှ အေးစက်စွာ ပြော၏။ လင်းယွန်၏ လက်ရှိ အခြေအနေ အရ သူ့ထံမှ လက်ဖဝါး သုံးချက် ခံယူနိုင်မည် မဟုတ်ချေ။
“ ဧကရီ ... မင်းဘာကို စောင့်နေတာလဲ။ ”
လင်းယွန် စကား ဆုံးသည်နှင့် ပျံသန်း လာသော အဝါရောင် သခင် ခေါင်းပေါ်၌ လက် သေးသေးလေး တစ်ဖက် ပေါ်လာသည်။
လေဟာနယ် အတွင်း ပုန်းနေသော ခရမ်းငယ် လှုပ်ရှားလာခြင်း ဖြစ်၏။ သူမ နဖူးမှ ရွှေရောင်နှင့် ကြက်သွေးရောင် ရူရ်များ ပွင့်ပြီး အဝါရောင် သခင်၏ သူတော်စင် ရောင်ဝါများ ချက်ချင်း ပြိုကျသွားသည်။
“ ဘာတွေ ဖြစ်နေတာလဲ ... ။ ”
အဝါရောင် သခင်မှ ကြောက်လန့် တကြား လက်ကို ရုတ်သိမ်းကာ ချက်ချင်း ပြန်လှည်ပြေး တော့၏။ သို့သော် လင်းယွန်မှ အလွတ် မပေးချေ။ ဓားဖြင့် ခုတ်ပိုင်းချ လိုက်၏။
“ ဝှစ် ... ။ ”
ရုတ်တရက် အဝါရောင် သခင်၏ မျက်လုံးပြူးလျက် ပြန်မော့ကြည့် နေသော အသွင်ကြောင့် အနီရောင် သခင် ခမျာ မျက်နှာပျက်ယွင်း သွား၏။
ထိုအချိန်တွင် လင်းယွန်မှာ ခရမ်းငယ်နှင့်အတူ ထွက်ပြေး နေပြီ ဖြစ်သည်။
“ ငါအခု ... သန်မာနေပြီ တွေ့လား၊ သူတော်စင် တာအို ဆိုတာ ငါ့ရှေ့မှာ ဘာမှ မဟုတ်ဘူး ... ငါ့သာ မရှိရင် နင်သေနေပြီ။ ”
ခရမ်းငယ်က လင်းယွန်ကို ကျောပိုးလျက်မှ ဂုဏ်ယူ ဝင့်ကြွားစွာ ပြောကြားလိုက်၏။
“ ဒါက ကနဦး တာအိုပဲ ... မဟာ တာအိုဆိုရင် လွယ်လွယ်နဲ့ ကိုင်တွယ်နိုင်မှာ မဟုတ်ပါဘူး။ ”
လင်းယွန်က တုန့်ပြန် ပြောဆိုပြီး လှည့်ကြည့်မိစဉ် သူတို့နောက် လိုက်လာသည့် အဝါဝတ် သခင်ကို မြင်လိုက်ရသည်။
သို့သော် ခရမ်းရောင် ရေခဲဖီးနစ်၏ အမြန်နှုန်း မဟုတ်သော်မှ သူမ လိုက်မီနိုင်သော အဟုန်မျိုး မဟုတ်ချေ။
(၁၅) မိနစ်ခန့် ပျံသန်းပြီးနောက်၊ ခရမ်းငယ်က တောင်ကုန်းကြီး တစ်ခုပေါ် ဆင်းသက် လိုက်၏။
မြေပြင်တွင် ကျောက်တုံး တစ်တုံး နောက်ကွယ်၌ သတိလစ် နေသော ပိုင်ရှောင်နှင့် နဂါးလေးကို မြင်လိုက် ရသည်။
“ နင်က ဝက်တစ်ကောင်လို အရမ်းလေးတယ် ဆင်းတော့ ... ။ ”
ခရမ်းငယ်မှ အော်ဟစ်ပြီး လင်းယွန်ကို လွှတ်ချတော့သည်။ လင်းယွန် ခမျာ မျက်နှာ နီရဲလျက် ချက်ချင်း ကိုယ်ဟန် ထိန်းညှိ လိုက်ရ၏။
ဤသည်မှာ ကလေးမလေး တစ်ဦး၏ ကယ်တင်ခြင်းကို ပထမဆုံး အကြိမ် ခံရခြင်း ဖြစ်သည်။
အချိန်အနည်းငယ် အနားယူ ပြီးနောက် ပိုင်ရှောင်၏ ဒဏ်ရာများကို ကုသရန် နဂါးပြာ စွမ်းအင်များ ပေးပို့လိုက်၏။
“ ဟေး ... တစ်စုံ တစ်ယောက်ကို ကယ်တင်ဖို့ ကြိုးစား နေတာလား၊ အခုတောင် နင့်ကို ငါက ခက်ခက်ခဲခဲ သယ်လာခဲ့ရတာ။ ”
“ ငါ အဆင်ပြေပါတယ် ... ငါ့ဒဏ်ရာ တွေက ပြင်းထန်ပေမယ့် မသေလောက် ပါဘူး။ ”
လင်းယွန်က စိုးရိမ်တကြီး အော်ဟစ် နေသော ခရမ်းငယ်ကို နှစ်သိမ့် လိုက်သည်။
ပိုင်ရှောင် နှလုံးသားသားမှာ ကွဲအက် နေခဲ့ပြီး နဂါးပြာ အရိုးဖြင့်ပင် အမြန် သက်သာ နိုင်ခြင်း မရှိခေျ။
မသေရုံသာ ကုသပေး နိုင်ပြီး ဂိုဏ်းသို့ ပြန်ခေါ် သွားရပေမည်။ အဆုံးတွင် ပိုင်ရှောင် ခန္ဓာကိုယ် အတွင်းရှိ မဟာ တာအိုကို သူ ဖယ်ရှားနိုင်ခြင်း မရှိချေ။
“ နင်က ... လူမိုက် ... ။ ”
ဓားရည်ရွယ်ချက်နှင့် စမ်းကြည့်နိုင် သော်လည်း အန္တရာယ် များသည်။ ခရမ်းငယ်မှ စိတ်မပြေ သေးဘဲ၊ လင်းယွန်ကို မျက်နှာလွှဲ ထားသည်။
“ ယဲ့ချင်းရှန် ... မင်းပဲ။ ”
ပိုင်ရှောင်မှ မျက်လုံး ဖွင့်ကြည့်လာ၏။ သတိပြန်ရ သော်လည်း ကောင်းစွာ စကား မပြောနိုင်သေးချေ။
လင်းယွန်က ပြုံးပြီး၊
“ ဘယ်လို သိတာလဲ။ ”
-ဟု ပြန်မေးလိုက်သည်။
ပိုင်ရှောင်က မဖြေချေ။ နဂါးပြာ အရိုးကို သဘာဝကျကျ သတိ ပြုမိပြီး၊ ယဲ့ချင်းရှန် စင်စစ် မဟုတ်ကြောင်းလည်း သူ သိထားသည်။
လင်းယွန်မှ ပြုံးပြီး ဆက်မမေး တော့ဘဲ၊ သူ့ဒဏ်ရာများကို ကုစားရန် ထိုင်ချလိုက်သည်။ သတိရလာပြီ ဖြစ်သဖြင့် ပိုင်ရှောင် အတွက် စိတ်ပူစရာ မလိုတော့ချေ။
“ ငါရဲ့ ... ရွှေဝိညာဉ် ပုတီးစေ့ ဖျက်ဆီး ခံလိုက်ရတာ နှမျောစရာ၊ မဟုတ်ရင် ဝမ်မူယန် အပေါ် ဝမ်မိသားစုတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ”
ပိုင်ရှောင်မှ မကျေမနပ်ဖြင့် ပြောဆို လိုက်မိ၏။ ဝမ်မူယန်ကို ဆက်၍ ခြေရာခံရန် မဖြစ်နိုင်တော့မှန်း သိလိုက်သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ရွှေအစောင့်များ ရောက်ရှိ လာသည်။ ခရမ်းငယ်က ရှေးမစွ တည်းကပင် သတိထားမိပြီး ထွက်ခွာသွားခဲ့သည်။
လင်းယွန်က ထွက်ခွာရန် ဆန္ဒ မရှိသဖြင့်၊ မျက်နှာဖုံးကို ဖယ်ရှားလိုက်သည်။ လူအုပ်စုက မြေပြင်ပေါ်သို့ ဆင်းသက်စဉ် ဒဏ်ရာများ ပြည့်နှက်နေ သည်ကို သတိထား မိ၏။
အများစုသည် ခန္ဓာကိုယ် အနှံ့ မီးလောင်ကျွမ်းခံ လိုက်ရသကဲ့သို့ အနက်ရောင် အကွက်များ ရှိနေပြီး အချိုသည် ဆံပင်များ မရှိတော့ချေ။
အဖြူဝတ် လူငယ် သည်သာ အခြေအနေ အကောင်းဆုံး ဖြစ်၏။ အဝတ်အစား စုတ်ပြဲပြီး ဒဏ်ရာ အနည်းငယ်သာ ရရှိထားသည်။
သူ့အမည်သည် ပိုင်ယွင်ဖေး ဖြစ်ပြီး ပိုင်မိသားစု မျိုးဆက်သစ်များ ကြား၌ ပိုင်ရှုရင် ပြီးနောက် ဒုတိယ လိုက်သည်။
သို့သော် နတ်ဘုရားသင်္ချိုင်း တောင်တန်း အတွက် ဝင်ခွင့် ခွဲတမ်း မရခဲ့ချေ။
“ မင်းက ဒီမှာ ဘာလုပ်နေတာလဲ။ ”
ပိုင်ယွင်ဖေးက အံ့အားသင့်စွာဖြင့် လင်းယွန်ကို ကြည့်ပြီးမေးသည်။ ယဲ့ချင်းရှန်ကို သူ ကြည့်မရချေ။ ပိုင် မိသားစု အတွက် ရွံမုန်း စရာ အရိုင်းအစိုင်းကောင် ဖြစ်သည်။
“ ယွင်ဖေး ... သူ့အပေါ် ယဉ်ကျေးပါ၊ သူက ငါ့အသက်ကို ကယ်ခဲ့တယ်။ ”
ပိုင်ရှောင်မှ ဝင်ပြောသည်။
“ သူလား ... ။ ”
ပိုင်ယွင်ဖေးက မျက်မှောင်ကြုတ် လိုက်၏။ ဤသို့ဆိုသော် ကျောက်တျန်းယွီနှင့် အစောပိုင်း တိုက်ခိုက် နေသူသည် ယဲ့ချင်းရှန် ဖြစ်ချေမည်။
မည်သို့ပင် ဆိုစေကာမူ ပိုင်ရှောင်ကို ကယ်တင် ပြီးနောက် ပြောစရာ မရှိတော့ချေ။
“ ငါတို့ အမည်ခံ သူတော်စင်တေွရဲ့ ကိစ္စတွေမှာ မင်း ဝင်စွက်ဖက်ဖို့ မကြိုးစားပါနဲ့၊ မဟုတ်ရင် ဘယ်လို သေသွားရ မှန်းတောင် သိလိုက်မှာ မဟုတ်ဘူး၊ မဟာ တာအို ပိုင်ရှင် တွေက မင်းနဲ့ အလှမ်းဝေးတယ်။ ”
ဓားတာအိုတွင် ယဲ့ချင်းရှန် အရည်အချင်း ရှိမှန်း သိသော်လည်း ဂရုမစိုက်ချေ။ သူ့၌လည်း မာန ရှိသည်။ ပိုင်ရှောင်က အေးစက်စက် အသံဖြင့်၊
“ ယွင်ဖေး ... ငါ့အသက်ကို ကယ်ခဲ့တာ မင်း မဟုတ်ဘူးနော်။ ”
-ဟု သတိပေး လိုက်သည်။
“ သူ့အတွက် ပြောတာပါ၊ ဉာဏ်ကြီးရှင် တစ်ယောက် ဆိုပေမယ့် ... ကျောက်တျန်းယွီ ရှေ့မှာ သူ့လိုလူက ဘာမှ မဟုတ်ဘူး၊ မဟာ တာအိုရှေ့မှာ အရာအားလုံး အလကားဘဲ။ ”
ပိုင်ယွင်ဖေးမှ ပြန်လည် ခွန်းတုံ့ပြန် လာ၏။ ပြီးနောက် ပိုင်ရှောင်ကို ခေါ်ဆောင်ကာ ဂိုဏ်းသို့ ပြန်သွားတော့သည်။
“ ဟမ့်... ကျေးဇူးကန်းတဲ့ ကောင်တွေ ကြည့်ပါလား ... နင်က သူ့ကို ကူညီခဲ့ပေမယ့် ဘယ်သူမှ နင့်ကို ကူညီရမှန်းတောင် မသိဘူး မဟုတ်လား။ ”
ခရမ်းငယ်မှ ဒေါသတကြီး ပြောသည်။
“ ငါ အကျဉ်းကျနေချိန် ... အစ်ကိုပိုင်က ဂရုစိုက်တယ်၊ နဂါး သူတော်စင် သေွးရည်ကြည် အများကြီး လဲလှယ်နိုင်အောင်လည်း ... သူပဲ အကြံပေးခဲ့တာ။ ”
သို့မှသာ ခရမ်းငယ် အမူအရာ ပြေလျော့ သွားသည်။ သို့သော် သူမက ဒေါသ ထွက်နေဆဲ ပေပင်။
“ ကျန်တဲ့ လူတွေ ကတော့ ရွံရှာဖွယ် ကောင်းတယ်၊ မဟာတာအို လောက်ကို အထင် ကြီးနေကြတယ်။ ”
“ ဒါဆို သူတို့ကို ရိုက်ပစ်လိုက် ... ၊ ပြီးတော့ ... ။ ”
“ အင်း ... ငါ ရိုက်မယ် ... ။ ”
ခရမ်းငယ် မျက်ဝန်းများ တောက်ပ လာသည်။
“ ဆန္ဒရှိ သလောက် ... ထပ်ရိုက် ။ ”
“ ..... ။ ”
လင်းယွန်မှ ခရမ်းငယ် ခေါင်းကို ပွတ်သပ်ကာ ပြောကြား လိုက်တော့သည်။ သို့မှသာ ခရမ်းငယ် စိတ်ပြေ သွား၏။
မရဏ မိုးကြိုး တောင်ထိပ်သို့ ပြန်ရောက်ပြီးနောက် ဝမ်မူယန်သည် လိမ်ညာ နေခြင်း မဟုတ်ကြောင်း သတိပြုမိကာ အတွေးများ ဝင်လာခဲ့သည်။
သည်နေ့ အန္တရာယ်များ ခဲ့ပေသည်။ မဟာတာအိုသည် အမှန်ပင် ကြောက်စရာ ကောင်းပြီး ထူးဆန်းချေ၏။
“ ကျောက်တျန်းယွီက ... ငါဘယ်သူလဲ ဆိုတာ သိပုံမရဘူး။ ”
လင်းယွန် အတွေးက ဝမ်မူယန်ထံ ရောက်ရှိသွားသည်။ သူမသည် ထူးဆန်းပြီး သူ မည်သူ ဖြစ်ကြောင်း၊ နတ်သားတော်ထံ ပြေခဲ့ခြင်း မရှိချေ။
ကျောက်တျန်းယွီ၏ မဟာ တာအိုတွင် မိုးကြိုး ရည်ရွယ်ချက်များ ပါနေရှိကာ၊ မရဏ လျှပ်စီး မျက်လုံးဖြင့် အားဖြည့်ထား၏။
ရွှေမျိုးဆက် ညာဏ်ကြီးရှင် များသည် အမည်ခံ သူတော်စင် နယ်ပယ် ရောက်သည်နှင့်၊ ဖုန်ရှောက်ယွီ ကဲ့သို့ သာမန် ပါရမီရှင်များကို ချန်ထား ခဲ့နိုင်သည်။
နဂါးပြာ မှတ်တမ်း ပေါ်ရန် လေးလသာ ကျန်တော့ပြီး၊ ထိုအချိန်၌ လူမည်မျှ ပါဝင်နိုင် မည်ကို မသိချေ။
ရုတ်တရက် ဖိအားများ ခံစားလာရ သောကြောင့် နဂါး သွေးမီးတောက် ဆေးလုံးကို သန့်စင်ရန် ဓားသေတ္တာထဲ ဝင်ရောက်မိ၏။
၎င်းသည် ဆေးလုံး ဆိုသည်ထက် စွမ်းအင်လုံး ဆိုက ပိုမှန်သည်။ သောက်သုံး စရာ မလိုဘဲ၊ လက်ဖြင့် ကိုင်ကာ စုပ်ယူရခြင်း ဖြစ်သည်။
ဤရတနာသည် နိဗ္ဗာန် ဒသမ အဆင့်ကို ရောက်ရှိ နိုင်မည်ဟု ထင်သည်။ နိဗ္ဗာန် ရောင်ဝါ များသည် နိဗ္ဗာန်-ဒသမ အဆင့် ရောက်သော်၊ သူတော်စင် ရောင်ဝါနှင့် ယှဉ်နိုင်မည်ဟု ခံစားရသည်။
အခြား မည်သူမဆို ထိုအယူအဆကို ကြားချိန်၌ သူ့အား လှောင်ပြောင်ရန် တွန့်ဆုတ် နေမည် မဟုတ်ချေ။ အရူးအဖြစ် သတ်မှတ် ပေမည်။
နိဗ္ဗာန်-ဒသမ အဆင့် သို့မဟုတ် ကြယ်ဓား တစ်ခုခုကို နောက်ထပ် တစ်လှမ်း လှမ်းနိုင်လျှင် မဟာတာအို အပေါ် တွန်းလှန်နိုင်၏။
နောက်ဆုံးတွင် ကြယ်ဓား နှစ်လက်၏ အလားအလာ အပေါ်၊ စတင် တူးဖော် နေနိုင်ပြီ ဖြစ်သည်။
သွေးလ နတ်သားတော်သည် သူ့အား ဖိအားများ ခံစားရ စေပြီး၊ အချိန် အတော်ကြာ မေ့ထားမိသော တိုက်ပွဲဝင် ဆန္ဒကို လှုံ့ဆော်မှု ပေးလာသည်။
မဟာတာအို ရှေ့တွင် ကြယ်ဓား အတွက် နေရာ မရှိဟူသော အယူအဆ အပေါ် မယုံချေ။ သူ့ဓားသည် ကောင်းကင် ကိုပင် ပိုင်းဖြတ်မည့် ဓားဖြစ်သည်။ ထို့ကြောင့် အဖြေ ရှာရပေမည်။
***