← Chapters

ငါ့မှာ ... အမုန်း မရှိဘူး။

Vol. 150 Ch. 2097

ငါ့မှာ ... အမုန်း မရှိဘူး။

Vol. 150 Ch. 2097

လင်းယွန်နှင့် ဝမ်မူယန်က စကားစမြည် ပြောလျက် ဘုံကျောင်းထဲ ဝင်ရောက် လာသည်။ နှစ်ယောက် စလုံးသည် တောင်တန်း ပေါ်မှ တိုက်ပွဲများ အကြောင်း မပြောချေ။

ဘုံကျာင်းသည် ပေကိုးရာမြင့်ပြီး တောင်ပေါ်တွင် တည်ထား၏။ ဝန်းရံထားသော တောင်တန်းများနှင့် ယှဉ်သော် ကောင်းကင် စက်ဝန်း ဘုံကျောင်းသည် အလွန်နိမ့်ကျပြီး ထူးခြားပုံ မပေါ်တော့ချေ။

နှစ်ဦးသား ၎င်းတို့၏ အထောက် အထားများကို သက်သေပြ ပြီးနောက်တွင် ပထမအဆင့် စောင့်ကြပ်ရန် တာဝန်ရှိ အကြီးအကဲမှ ဝင်ခွင့် ပြုလိုက်သည်။

အစောင့်သည် အသက် လေးဆယ်ကျော် အရွယ် သူတော်စင် သခင် ဖြစ်ပြီး၊ ရောင်ဝါကို သိမ်းထား သဖြင့်၊ တန်ခိုးရှင် တစ်ဦးဟု မည်သူမျှ ထင်မည် မဟုတ်ချေ။

ကောင်းကင်ဘုံ သူတော်စင် သခင် ရီက နှစ်ယောက်လုံးကို အကဲခတ်ပြီး၊

“ မင်းတို့ နှစ်ယောက်က ... အထူးသဖြင့် မင်းရဲ့ အရည်အချင်းနဲ့ ဒီကို မလာသင့်သေးဘူး။ ”

-ဟု ဝမ်မူယန်ကို ကြည့်ကာ ပြောလိုက်သည်။

လင်းယွန်နှင့် ဝမ်မူယန်မှ ယဉ်ကျေး သိမ်မွေ့စွာ တုံ့ပြန်သည့် အနေဖြင့် စကား အနည်းငယ် ပြောလိုက်သည်။

“ မင်းတို့ကို ... နည်းနည်း ပြောပြ ပေးလိုက်မယ်၊ ဘုံကေျာင်းရဲ့ ပထမအဆင့်မှာ ဂိုဏ်းက စုဆောင်းထားတဲ့ ကိုယ်ခံပညာတွေ ရှိတယ်၊ ဒုတိယ အဆင့်မှာ ဆေးလုံးတွေနဲ့ အဂ္ဂိရတ် အခန်းတွေ၊ တတိယ အဆင့်မှာ ...

... ရှားပါးပြီး ထူးခြား ဆန်းပြားတဲ့ ... နတ်ဆိုး သားရဲ အစိတ်အပိုင်းတွေ ရှိတယ်၊ သူတို့က အပြင်ထက် အရည်အသွေး ပိုမြင့််တယ်၊ ...

... တတိယ ထပ်က အချိန်-အကာသ သဘောတရား တွေကို ခံစားရမယ်၊ အဆင့်ပို မြင့်လေ၊ ဝိညာဉ်ရေး စွမ်းအင်များ လေပဲ၊ အဲဒီနေရာက ကျင့်ကြံရေး နေရာ ဖြစ်သလို၊ အဲဒီမှာ သူတော်စင် စွမ်းအင် ပုတီးစေ့ တွေတောင် ရှာတွေ့နိုင်တယ်၊ ...

... စတုတ္ထ အဆင့်မှာ မဟာ သူတော်စင် တပည့်တွေ ကျင့်ကြံခွင့် ရှိတယ်၊ ပဉ္စမ အဆင့်နဲ့ ဆဋ္ဌမအဆင့် ကတော့ သီးသန့်ပဲ၊ သန့်ရှင်းသော သားတော်နဲ့ သမီးတော်တွေပဲ ဝင်ခွင့်ရှိတယ်။ ”

လင်းယွန်က ခေါင်းညိတ်သည်။ တာအို ယန်နန်းတော်မှ သန့်ရှင်းသော သားတော်မှ ပြောပြ ဖူး၏။

ဂိုဏ်းရှိ သန့်ရှင်းသော သားတော်နှင့် သမီးတော်များ ရရှိနိုင်သည့် အရင်းအမြစ်သည် မဟာ သူတော်စင် တပည့်များထက် သာလွန်သော အဆင့်ရှိသည်။

ဥပမာ အားဖြင့် ဝိညာဉ် စွမ်းအင်၏ သိပ်သည်းဆသည် အဆင့်အလိုက် ကွဲပြားပြီး၊ သက်ရောက်မှု အမြန်နှုန်း သည်လည်း ခြားနားချေ၏။

ပဉ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်တွင် အနန္တ လျှပ်စီး ရေကန်၊ ကောင်းကင်ဘုံ မီးတောက်၊ ဓားခန်းမနှင့် အခြားသော အလားတူ အရပ်များ ရှိနေသေးသည်။

“ မင်း လေ့ကျင့်တဲ့ တာအိုနဲ့ လိုက်ဖက်တဲ့ နေရာကို ရှာတွေ့ နိုင်ဖို့ လိုတယ်၊ ဒါက သာမန် လူတွေအတွက် စိတ်ကူး မယဉ်နိုင်အောင် ဆန်းကြယ်တဲ့ နေရာပဲ။ ”

“ သူ့ကို အတူ ခေါ်သွား လိုက်ပါမယ်။ ”

ဝမ်မူယန်မှ ပြုံးကာ ဝင်ပြော၏။ ထိုစကားကြောင့် လင်းယွန်မှ အံ့အားသင့်စွာ သူမထံ ပြန်ကြည့်မိသည်။ သူတော်စင် သခင်ရီက လင်းယွန်ကို ကြည့်ပြီး၊

“ ယဲ့ချင်းရှန် မင်းရော ဘယ်လိုထင်လဲ။ ”

-ဟု မေးမြန်း လာသည်။

“ မလိုပါဘူး ... ကျေးဇူးတင်ပါတယ်။ ”

သူသည် အလားတူ ရတနာ တစ်ခုဖြင့် ဆယ်နှစ်ကြာအောင် နေထိုင်ခဲ့ပြီး ဖြစ်လေရာ၊ အမည်ခံ သူတော်စင် နယ်ပယ်သို့ မရောက်မီ မဝင်ရောက်ရန် ဆုံးဖြတ်ထားသည်။

မဟုတ်သော် သူ့ကိုယ်လုံး ကိုယ်ပေါက် မည်မျှပင် သန်မာ စေကာမူ၊ အားနည်းချက်များ ဖြစ်ပေါ်လာ ပေလိမ့်မည်။

“ ကောင်းကင်ဘုံ သူတော်စင် သခင်ရီ ... ဓားတာအိုနဲ့ ပတ်သက်တဲ့ စာအုပ်တချို့ကို ရှာဖို့ ရောက်လာ တာပါ၊ အခုအချိန်မှာ ကျင့်ကြံမှု နယ်မြေကို သွားဖို့ မရည်ရွယ်ပါဘူး။ ”

တစ်ဆက်တည်း မှာပင် သူတော်စင် သခင်ရီကို အဖြေ လှည့်ပေး လိုက်သည်။

“ ငါ သိပြီ ... ။ ”

ကောင်းကင် သူတော်စင် သခင်ရီက ကျောက်စိမ်းပြား တစ်ပြား ထုတ်ပေးလိုက်ပြီး၊

“ သွား ... ဒါပေမယ့် အပြင် ယူသွားလို့ မရဘူး၊ အထဲမှာ မင်းဆန္ဒ ရှိသလောက် သင်ယူ နိုင်တယ်၊ မင်း နားလည် လာရင် ဆုလာဘ် တွေတောင် ချီးမြှင့် ခံရလိမ့်မယ်။ ”

ထိုစကားကို ကြားသောအခါ လင်းယွန် မျက်လုံးများ တောက်ပ လာ၏။ သူတော်စင် သခင်ရီကို နှုတ်ဆက် ပြီးနောက်၊ ဘုံကျောင်းထဲ လှမ်းဝင်လာခဲ့သည်။

ပထမ ထပ်တွင် စာအုပ်စင် များဖြင့် ပြည့်နှက်နေပြီး အမျိုးမျိုးသော ကိုယ်ခံပညာ ဆိုင်ရာ မိတ်ဆက်မှု များလည်း ရှိနေ၏။

ဓားပညာရပ်များ ထားရှိရာ စင်မြင့်သို့ အရောက်၌ စာအုပ်များကို လှန်ကြည့်မိသည်။ ပညာရပ်တိုင်းသည် အနည်းဆုံး အဆင့်မြင့် တစ္ဆေ ဝိညာဉ် အဆင့်၌ ရှိသည်။

အဆင့်နိမ့်နှင့် အလယ်အလတ် အဆင့်၊ တစ္ဆေဝိညာဉ် ပညာရပ်များမှာ ဤနေရာတွင် ရှိနေရန် အရည်အချင်း ပြည့်မီပုံ မရချေ။

ဤသည်မှာ မြင့်မြတ်မြေ၏ အခြေခံ အုတ်မြစ် ဖြစ်သည်။ ဓားဂိုဏ်းပင် ကောင်းကင် တာအိုဂိုဏ်းကို ယှဉ်၍ မရချေ။

စာအုပ် အများစုမှာ နဂါးဝိညာဉ် အဆင့် ပညာရပ်များ ဖြစ်သည်။ တစ္ဆေ ဝိညာဉ် အဆင့် ပညာရပ်များကို ဆယ်ပုံ တစ်ပုံ လောက်သာ ထားရှိသည်။

နဂါးဝိညာဉ် အဆင့် စာအုပ်များမှာ သိမ်မွေ့သော ရောင်ဝါများ ပေးစွမ်းနေသည်။ သို့သော် မပြည့်စုံ ကြချေ။

ပြီးမြောက်ရန် ခက်ခဲသော်လည်း အနည်းငယ် လေ့ကျင့် နိုင်သည်နှင့် တစ္ဆေ ဝိညာဉ် အဆင့်ကို ကျော်လွန်နိုင်မည်။

ယင်းက အစွမ်းအထက်ဆုံး ဝှက်ဖဲအဖြစ် သိမ်းထားနိုင်၏။ တစ်ကိုယ်တည်း အပြန်ပြန် အလှန်လှန် သုံးသပ် နေမိသည်။

ကြယ်ဓား နှစ်လက်ကို လေ့ကျင့်ရန် နည်းလမ်း ရှာရမည် ဖြစ်သောကြောင့် ဓားရေး များကို အလွတ်ကျက် ပစ်သည်။

အချိန်အတော်ကြာ ပြီးနောက် ခေါင်းမော့ကြည့် လိုက်သော အခါ နောက်ထပ် စာအုပ်များကို မြင်လိုက်ရသည်။

ဤအဆင့် တစ်ခုလုံးသည် ကျယ်ပြောလှ သဖြင့်၊ ဓာတ်ပုံ မှတ်ဉာဏ်မျိုး ရှိသော်မှ စာအုပ် အားလုံး အလွတ်ကျက်ရန် ရက်အနည်းငယ် ကြာမည်ဖြစ်သည်။

ရှေးဟောင်း မှတ်တမ်း အများအပြားမှာ မပြည့်စုံဘဲ ကောင်းကင်ဘုံ သူတော်စင် သခင်ရီ ပင်လျှင် နားမလည်နိုင်ချေ။

အနောက်ဘက်တွင် နေရာလွတ်များ ရှိနေပြီး၊ အမှိုက်သဖွယ် စုပုံထားသော စာအုပ် ပုံကြီးကိုလည်း မြင်နိုင်၏။

၎င်းတို့ကို အမျိုးအစား ခွဲခြားရန် မလွယ်သဖြင့် ဤအတိုင်း ပစ်ထားလိုက်ခြင်း ဖြစ်လေသည်။

လင်းယွန်မှ ပြုံးမိသည်။ သူ လိုအပ်သော အချက်အလတ်များ မရပါက ထိုအမှိုက်ပုံထံ ဆက်သွား၍ ရပေမည်။

“ ဘယ်လောက်တောင် ကြွယ်ဝလိုက်လဲ။ ”

လင်းယွန်မှ သက်ပြင်းချ လိုက်သည်။

( ဘယ်လောက်များ ကြွယ်ဝလို့လဲ၊ အရှေ့ဘက် စစ်မြေပြင်မှာတုန်းက ... နင် ရခဲ့တဲ့ ကျောက်စိမ်းတုံး တွေကို မှတ်မိသေးလား၊ အဲဒီလောက်ပဲ ရှိပါတယ်၊ ဓားဂိုဏ်းတောင် ...

... သူတို့ အဆင့်ကို မခွဲခြားနိုင်ဘူး၊ ကျောက်စိမ်းတုံး တော်တော် များများ ဆိုရင် နာမည်တောင် ပျောက်နေပြီ။ )

ခရမ်းငယ်မှ ပြောကြားလာသည်။ လင်းယွန်မှ ခေါင်းညိမ့် လိုက်၏။ ငြီးငွေ့စရာ ကောင်းသော လုပ်ငန်းစဉ် တစ်ခုကို ပြုလုပ် ရတော့မည် ဖြစ်သည်။

“ ဒါကို မင်းရှာနေတာလား။ ”

ရုတ်တရက် ဝမ်ယူယန်က စာအုပ် တစ်အုပ်ကို ကိုင်ကာ လင်းယွန် အနားသို့ လျှောက်လှမ်း လာ၏။

“ အဲဒါက ဘာလဲ ... ။ ”

လင်းယွန်မှ ပြန်မေးလိုက်သည်။

“ နတ်နေလ ပညာရပ်။ ”

ဝမ်မူယန်မှ ပြန်ဖြေ၏။ လင်းယွန်က စာအုပ်ကို ယူကာ လှန်လှော ကြည့်လိုက်သည်။

“ နတ်နေလ ပညာရပ်က မပြည့်စုံတဲ့ နဂါးဝိညာဉ် ပညာရပ် တစ်ခုပဲ၊ လက်သီး၊ လက်ဖဝါး၊ ရွေ့လျားမှု၊ ဓားနှင့် လျှို့ဝှက် နည်းလမ်းမျိုးစုံ ပါဝင်တယ်၊ ...

... သူတော်စင် တစ်ပါးက သူ့ကို တားမြစ်နယ်မြေရဲ့ ရှေးဟောင်း အိုးကြီးတစ်လုံး ထဲကနေ ရရှိထားတာ၊ အဲဒီအိုးကို နဂါး နေလ ဆေးအိုးလို့ ခေါ်တယ်၊ ...

... ရှေးခေတ် ဂိုဏ်းတစ်ခုရဲ့ ... အထွတ်အမြတ် ထားရာ ရတနာပဲ၊ နတ်ဘုရား ကိုတောင် သတ်ပစ် နိုင်တယ်။ ”

စားအုပ်ကို ဖတ်ကြည့် နေရာမှ၊ ကောင်းကင်လမ်းတွင် တွေ့ခဲ့သော နေလ လက်သီးနှင့် ဆင်တူကြောင်း တွေ့ရှိလာ၏။

ယင်းကို နဂါး နေလ ဆေးအိုးဟု ခေါ်တွင်သည်။ ထို့ကြောင့် နိဒါန်း ဖတ်သော အခါတွင် ကြယ်ဓား နှစ်လက်အတွက် အကျိုး ရှိနိုင် မည်ဟု ခံစားမိသည်။

“ ဘယ်မှာ တွေ့တာလဲ ... ။ ”

လင်းယွန်က စိတ်ဝင်တစား မေးသည်။

“ ဒါကို လက်သီး နည်းစနစ် ထားတဲ့ စင်ထောင့်မှာ တွေ့တာ၊ ဒီလို စာအုပ်တွေက မပြည့်စုံလို့ သဘာဝ အတိုင်း အဆင့်ကို ခွဲခြားလို့ မရနိုင်ဘူး၊ ငါ့နင့်အပေါ် အရမ်း ဂရုစိုက်တာ ယုံပြီလား။ ”

လင်းယွန်မှ ပြုံးသည်။ အကယ်၍သာ ထိုနေ့က သူ မသွားခဲ့သော် ပိုင်ရှောင် အသက် ဆုံးရှုံး ရပေမည်။

အထူးသဖြင့် သူမ၏ လူသတ်လိုသည့် ရည်ရွယ်ချက် ဖြစ်ပေါ် လာသော အခါ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို လင်းယွန် သိချေ၏။

“ နင်ဘာလို့ ... အချိန်-အာကာသ နယ်မြေကို မသွားတာလဲ၊ ငါ့မှာ နင့်အတွက် အချစ်တွေ ပေးချင်နေတာ၊ တကယ်တော့ ကြယ်ဓား နှစ်လက်က အလွန် ရှားပါးပြီး၊ သူ့အတွက် ပျိုးထောင်ရ ခက်တယ်၊ ...

... ကြယ်ဓား နှစ်လက်က ရှားပါးပြီး ဆန်းကြယ်လွန်းတဲ့ အရည်အချင်းမို့ ... အသုံး ဝင်အောင် လေ့ကျင့်ဖို့ ... ပညာရပ်မျိုး ဖန်တီးရတာ မလွယ်ဘူး။ ”

သူမပြောသည့် စကားမှာ မမှားချေ။ ကြယ်ဓားနှစ်လက် ဓားသမား တစ်ယောက် ပေါ်ရန်၊ နှစ်ထောင် ပေါင်းများစွာ ကြာနိုင်၏။

“ အုပ်စိုးရှင် တာအိုတွေ ထဲမှာ နေနဲ့လ ဆိုတာ အကောင်းဆုံး ထဲက အကောင်းဆုံးပဲ၊ ရှုပ်ထွေးပြီး နားလည်ရ ခက်တယ်၊ ...

.. ဒီလို တာအိုကိုတောင် ... နင်နားလည် နိုင်တာ၊ နတ်နေလ ပညာရပ်ကို ဘာကြောင့် မဖြေရှင်း တာလဲ၊ သူမှာ နင့်အတွက် အသုံးဝင်တဲ့ အရာအချို့၊ ...

... ရှိကောင်း ရှိနိုင်ပါတယ် ... ဒီလိုမှ မဟုတ်ရင် နင့်ရဲ့ ကြယ်ဓားနှစ်လက် အလဟသ ဖြစ်သွား လိမ့်မယ်။ ”

လင်းယွန်က စာအုပ်ကို ပိတ်လိုက်ပြီး ငေးငိုင်သွားသည်။ ထို့နောက် ဝမ်မူယန်ထံ လှမ်း ကြည့်ကာ၊

“ ငါ့ကိုယ်ငါ နားလည်တာထက် ... မင်းကပိုပြီး ငါ့အပေါ် နားလည် နေပုံရတယ်။ ”

-ဟု ပြောကြား လိုက်သည်။

“ အဲဒါကိုတော့ ငါလည်း မပြောတတ်ဘူး၊ ဒါပေမယ့် ငါက ... နင် ထင်ထားတာထက် ပိုပြီး နင့်ကို ကူညီပေး နိုင်တယ်၊ ငါတို့က ...

... အချိန်-အာကာသ နေရာမှာ အတူတူ မလေ့ကျင့် နိုင်ပေမယ့် ... ဒီပညာရပ် ကိုတော့ အတူတူ လေ့ကျင့်နိုင်ပါတယ် ...

... အခု ဒါဆို ဘယ်သူက ပိုမြန်လဲ ကြည့်ရအောင်၊ အနိုင်-အရှုံး လောင်းကြေးတော့ လိုတယ်။ ”

“ ဘာကြေး လောင်းမလဲ။ ”

“ ငါ အနိုင်ရရင် ... ငရဲ သံကြိုးကို နင် ပြန်ဖျက်ပေးပါ၊ ငါ ရှုံးရင် ကောင်းကင် တာအို ဂိုဏ်းကနေ ထွက်သွားပြီး ... နတ်ဆိုးတွေရဲ့ ရည်ရွယ်ချက် အမှန်ကို ပြောပြမယ်။ ”

“ လောင်းကြေးက မြင့်တယ် ... မင်း တစ်ခုခုကို ကြိုတင် စီစဉ်ထားတာလို့ ... ငါ့ကို မပြောနဲ့။ ”

ဤအလောင်း အစားမျိုး ရည်ရွယ်ချက် ရှိရှိလုပ်ဆောင်ရန်၊ သူ့ကို စောင့်နေ သလားဟု အနည်းငယ် သံသယ ဖြစ်လာ၏။

“ ဘာလဲ နင်ငါ့ကို ကြောက်နေတာလား။ ”

ဝမ်မူယန်က သူ့မျက်နှာနှင့် နှစ်လက်မ အကွာသို့ သူမ နှုတ်ခမ်းကို တိုးကပ်ပြီး ပြုံး၍ မေးလာ၏။

လင်းယွန်က ပြန်လည် တွန်းထုတ်လျက် လေးလေး နက်နက် တွေးသည်။ လောင်းကြေး အပေါ် စိတ်ဝင်စား၏။

သူမကို ကောင်းကင် တာအိုဂိုဏ်းမှ ဖယ်ထုတ်နိုင်သော် စိုးရိမ်မှု တစ်ခု ဖယ်ရှားပြီး ဖြစ်ပေမည်။ သို့သော် အခြေအနေသည် အချိန်ကိုက် ဖြစ်နေ၏။

“ နာမည်ကြီး ပန်းသင်္ချိုင်းက ... ကြောက်တတ်တယ်လို့ မပြောနဲ့ ... နှစ်ပေါင်း တစ်ထောင် အတွင်း ပြိုင်ဘက်ကင်း ဓားသမား တစ်ယောက်ရဲ့ ပုံရိပ်မျိုး မရှိတော့ ပါလား။ ”

“ မင်းလည်း ... အတိတ်နဲ့ အနာဂါတ် နှစ်ပေါင်း(၁၀၀၀) အတွင်းမှာ ... အထူးချွန်ဆုံး နတ်ဆိုး တစ်ကောင် ပါပဲ။ ”

“ ဒီအစ်မကြီးက ... ဒါကို ချီးကျူး စကား အဖြစ် သတ်မှတ်လိုက်မယ်၊ ဝေ့လည် ဝေ့လည် လုပ်နေတာတွေ ရပ်လိုက်၊ နင် လောင်းကြေး ထပ်ဝံ့သလား ပြောပါ။ ”

လှောင်ပြောင်မှု၊ ဒေါသနှင့် နာကြည်းမှုတို့ ရောနှောနေသော လေသံဖြင့် ဝမ်မူယန်မှ မေး လာ၏။

“ အချိန် ဘယ်လောက်လဲ။ ”

“ တစ်လ ... ။ ”

ဝမ်မူယန်မှ ချစ်စရာ ကောင်းသော အပြုံးဖြင့် ပြန်ဖြေသည်။

“ ကောင်းပြီး တစ်လ နေရင် တွေ့မယ် ... မင်းရဲ့ လောင်းကြေးအတွက် ... နောင်တ မရပါ စေနဲ့။ ”

“ အရင်က ဒီထက်များတဲ့ လောင်းကြေး တစ်ခု ငါ ရှုံးခဲ့ဖူးတယ်၊ ဒါဆို ဒီလို အသေးအမွှား လောင်းကြေး အပေါ်၊ တုန်လှုပ်စရာ လိုပါ့ မလား၊ ငါ့မှာ နင့်အပေါ် ...

... ချစ်ခြင်း မေတ္တာပဲ ရှိတယ် ... အမုန်း မရှိဘူး၊ ငါ့နှလုံးသားထဲမှာ ရှိနေတဲ့ ... နင်အပေါ် ရှုံးခဲ့ရင်တောင် ... လောင်းကြေး အတွက် နောင်တရနေမှာ မဟုတ်ဘူး။ ”

***

All Chapters