← Chapters

ရဲရင့်တယ် ... ။

Vol. 150 Ch. 2098

ရဲရင့်တယ် ... ။

Vol. 150 Ch. 2098

ပြိုင်ပွဲရက်ကို သတ်မှတ် ပြီးနောက်၊ ကောင်းကင်ဘုံ သူတော်စင် သခင်ရီထံ ပြန်လာ ခဲ့သည်။

“ နတ်နေလ ပညာရပ် ... ၊ မင်းတို့ နှစ်ယောက် ဒီနည်းစနစ်ကို ဖလှယ်ချင်သလား။ ”

ကောင်းကင်ဘုံ သူတော်စင် သခင်ရီက အံ့သြသော လေသံနှင့် မေးသည်။

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်မှ ခေါင်းညိတ်လိုက်သည်။

“ ဒီနည်းစနစ်က အဆုံးကို ရောက်ဖို့ မဖြစ်နိုင်ဘူး၊ လုပ်ငန်းစဉ်က အန္တရာယ် ရှိနိုင်ပြီး ကိုယ်တိုင် အဖြေရှာ ရလိမ့်မယ်။ ”

“ လေ့ကျင့်ရင် အန္တရာယ် ရှိမှာလား။ ”

“ မှန်တယ် ... ဘယ်လောက် အန္တရာယ်ကြီးလဲ ဆိုတာ ... မင်းတို့ ကိုယ်တိုင် တွက်ဆမိမှာ မဟုတ်ဘူး၊ အရေးအကြီးဆုံးက မင်းတို့ရဲ့ နားလည်မှု အပေါ်မှာပဲ အားကိုး နိုင်တယ်၊ အောင်မြင်သွားရင် ဖီးနစ်သွေး ဓားဝိညာဉ် နှစ်ခု ဆုချီးမြှင့်မယ်။ ”

ဖီးနစ်သွေး ဓားဝိညာဉ်သည် ရတနာ တစ်ခုဖြစ်သည်။ ၎င်းသည် ဓားတာအိုကို အကျိုး ရှိစေ၏။ တန်ဖိုးသည် မဟာ နေမင်းနှင့် လမင်း ဆေးလုံးများ ထက်ပင် ကြီးမားသည်။

တစ်ချိန်တည်း မှာပင် ဤနေရာရှိ နည်းစနစ်များကို လေ့လာရန် အကျိုးဆောင် အမှတ်များ မလိုအပ်ချေ။

ယင်းအစား လေ့ကျင့် နိုင်သူများ ကိုပင် ဆုချီးမြှင့်ကာ၊ အကျိုးအမြတ် ထုတ်ယူခဲ့သည်။ ဤနည်းဖြင့် နည်းစနစ်များ ပြည့်စုံ လာမည် ဖြစ်ချေပြီ။

ပြီးပြည့်စုံသော နည်းစနစ် များကို လေ့ကျင့်ရာတွင်၊ နားလည် နိုင်စွမ်းနှင့် အရည် အချင်း မလိုချေ။ ကျင့်ကြံမှု အဆင့်သာ လို၏။

“ နတ်နေလ ပညာရပ်က ... ပထမ အဆင့်မှာ၊ နဂါးနေလ တံဆိပ်ကို နားလည်ရန် လိုတယ်၊ တံဆိပ်မှာ ရည်ရွယ်ချက် ကိုးခု ပါ၀င်တယ်၊ မင်းတို့ နှစ်ဦးက ဒါကို အရင် နားလည်အောင် လုပ်ပါ၊ ...

... ဒီအတွက် အရင် ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မှတ်စုတချို့ ရှိတယ်၊ ဒါကြောင့် မင်းတို့ နှစ်ယောက်က ... အဲဒါတွေကို ကိုးကားနိုင်တယ်။ ”

ကောင်းကင်ဘုံ သူတော်စင် သခင်ရီက ရိုးရှင်းသော မှတ်စုများနှင့် ပန်းချီကားတစ်ချပ် ကမ်းပေးလာသည်။

“ မင်းတို့ နှစ်ယောက် ပထမ အထပ်မှာပဲ လေ့ကျင့်ပါ။ ”

လင်းယွန်နှင့် ဝမ်မူယန်မှ ခေါင်းညိမ့်လျက် လှည့်ပြန်လာခဲ့၏။

“ ယဲ့ချင်းရှန် နဂါးနေလ တံဆိပ်ကို ပြီးအောင် လုပ်နိုင်ပေမယ့် ရည်ရွယ်ချက် အပေါ် နားလည်ဖို့ ခက်တယ်၊ တစ်လ အတွင်း ဘယ်သူ ပိုနားလည် နိုင်မလဲ ကြည့်ရအောင်။ ”

ဝမ်မူယန်မှ ပြုံးကာ ပြောလိုက်သည်။

“ ကောင်းပြီ ... ။ ”

လင်းယွန်က ခေါင်းညိတ်၏။

“ ကောင်းကင်ဘုံ သူတော်စင် သခင်ရီ ပြောဖို့ကျန်ခဲ့တဲ့ အရာတစ်ခု ရှိတယ်၊ နဂါးနေလ တံဆိပ်ကို ကျွမ်းကျင်ရင် ... နင့်ရဲ့ ကြယ်ဓား နှစ်လက်ကို ပိုမို ထိန်းချုပ် လာနိုင်မယ်၊ ဒါက နင့်အတွက် ရည်ရွယ်ပေးတဲ့ အခွင့်အရေးပဲ။ ”

“ ဘာလို့ အဲဒီလို လုပ်တာလဲ။ ”

“ ငါက စကား ချိုချိုတွေ မပြောဘူး၊ ဒါပေမယ့် ငါ့နှလုံးသားထဲမှာ နင်ပဲ ရှိတယ်၊ တစ်လနေရင် ပြန်ဆုံရအောင်။ ”

ဝမ်မူယန်က လျှို့ဝှက်စွာ ပြုံးလျက် လှည့်ထွက် သွားတော့သည်။

( ဟမ့် ... အဲဒီ မိစ္ဆာမ ... ။ )

ခရမ်းငယ်မှ အော်ဟစ် ကျိန်ဆဲ လိုက်သည်။ လင်းယွန်က ပန်းချီကားကို ကိုင်လျက်၊

“ ငါ့အတွက် နတ်နေလ တံဆိပ်ကို တကယ်ပေးခဲ့ တာလို့ ဘာကြောင့် ခံစားနေရ တာလဲ၊ ဒါက တိုက်ဆိုင်မှု တစ်ခုလား။ ”

ကြယ်ဓား နှစ်လက် အပေါ် လေ့ကျင့်ရန် နည်းလမ်း လိုအပ်နေချိန်တွင် ဤစာအုပ်ကို လာရောက် ပေးအပ်ခြင်း ဖြစ်သည်။

“ သူက နင့်ကို လှည့်စား နေတာ လူယုတ်မာရဲ့ ... ဒီမိန်းမက အရမ်း မာယာ များတယ်၊ ငရဲ သံကြိုးကို ပြန်ဖျက်ချင်လို့ လောင်းကြေးနဲ့ ဖျားယောင်းသွားတာ။ ”

“ ငါ သိပြီ ... ။ ”

လင်းယွန်မှ ခေါင်းညိတ်၏။

“ ဒါဆို သိရက်နဲ့ ဘာလို့ လောင်းကြေးကို သဘောတူ ရတာလဲ။ ”

“ ငါဘယ်သူလဲ ... ခန့်မှန်းနိုင်ပေမယ့်၊ ကောင်းကင်လမ်းမှာ နတ်နေလ လက်သီး ... ငါ ရထားတာ သူ မသိဘူး၊ ဒါကြောင့် ...

... ငါစိတ်ဝင်စား နိုင်မဲ့အရာနဲ့ မျှားပြီး လောင်းကြေး ထပ်လာတာ ... သူ မသိတာက ကောင်းကင်လမ်းမှာ ငါက နေလ လက်သီးရဲ့ တံဆိပ်သုံးခု အထိ ဆုပ်ကိုင် ထားနိုင်တယ် ဆိုတာပဲ။ ”

“ အို ဟုတ်သားပဲ။ ”

သို့မှသာ ခရမ်းငယ် မျက်ဝန်းများ တောက်ပ လာသည်။

“ ဝမ်မူယန်က ဉာဏ်ကောင်းပေမယ့် ဒီတစ်ခါတော့ အမှား လုပ်မိသွားပြီ။ ”

လင်းယွန် ခန့်မှန်းချက်မှာ အနည်းနှင့် အများမှန်ချေ၏။ ဝမ်မူယန်သည် နတ်နေလ ပညာရပ်ကို လေ့ကျင့် နေသည်မှာ အချိန် အတော်ကြာပြီ ဖြစ်သည်။

နဂါးနေလ တံဆိပ် နှစ်မျိုးကို ဆုပ်ကိုင်ထား၏။ တစ်ဖက်တွင် ငရဲ သံကြိုးမှာ သူမ အတွက် စိတ်အနှောက်အယှက် ဖြစ်စေ သည်။

၎င်းကို မဖယ်ရှား နိုင်သော် အမည်ခံ သူတော်စင် နယ်ပယ်သို့ တက်လှမ်းရာတွင် ပြဿနာ ရှိနိုင်မည်။

ထို့ကြောင့် ဘုံကျောင်းသို့ လာကာ၊ ကြယ်ဓားနှစ်လက်ကို လေ့ကျင့်ရန် စာအုပ်များ ရှာဖွေမည်ဟု ခန့်မှန်းခဲ့၏။

သူမတွင် ထိုအရာအတွက် အကျိုးရှိသော နည်းစနစ် တစ်ရပ် ရှိနေရာ၊ ဤပြိုင်ပွဲကို ဖန်တီး လိုက်ရခြင်း ဖြစ်သည်။

ဤသည်မှာ တိုက်ဆိုင်မှု မဟုတ်ချေ။ သူမအနေဖြင့် ကြိုတင် လေ့ကျင့်ထားပြီး ဖြစ်ရာ လင်းယွန် လက်ခံသော် ရှုံးနိမ့်မည် ဖြစ်၏။

လောင်းကြေး စတင် ပြီးသည်နှင့် လင်းယွန်က ပထမထပ် လေ့ကျင့်ရေး အခန်းထဲ ချက်ချင်း ဝင်ရောက်လိုက်သည်။

အခန်းထဲ ရောက်ချိန်၌ သူတော်စင် သခင် ပေးခဲ့သော မှတ်တမ်းများ ထုတ်ယူ ဖတ်ကြည့် မိသည်။ အသုံးဝင်သော အချက်အလက်များ မရှိချေ။ ထို့ကြောင့် ပန်းချီကားကို ဖွင့်၏။

ပန်းချီကားမှာ ဆေးကြိုအိုးကြီး တစ်လုံးပုံ ဖြစ်သည်။ ရှေးဟောင်း ရူရ်များစွာ မျက်နှာပြင်၌ ရေးထွင်းထား၏။

ဆေးအိုးကို စိုက်ကြည့်လိုက်ရာ အသက်ဝင်နေ သလိုမျိုး ပန်းချီကားထဲ တဖြည်းဖြည်း လည်နေသည်။

လင်းယွန်က မှတ်စုများကို ပစ်ချကာ တင်ပျဉ်ခွေချိတ် ထိုင်လိုက်သည်။ သူ့စိတ်ထဲ၌ နဂါးနေလ ဆေးအိုးကြီး ပေါ်လာ၏။ (၁၅)ရက် လျင်မြန်စွာ ကုန်လွန်သွားသည်။

“ ယဲ့ချင်းရှန် မထွက်လာသေးဘူးလား။ ”

လင်းယွန်၏ အခန်းရှေ့တွင် ရပ်နေသော သူတော်စင် သခင်ရီကို မြင်ချိန်၌ ဝမ်မူယန်မှ မေးမြန်းလိုက်၏။

သူတော်စင် သခင်ရီက ဝမ်မူယန်ကို ပြန်လှည့်ကြည့်ပြီး၊

“ ဟုတ်တယ် ... ဒါတင် မကသေးဘူး၊ ဘိုးဘေးတွေရဲ့ မှတ်စုတွေ ကိုတောင် ဆုတ်ဖြဲ ပစ်လိုက်ပြီ။ ”

“ ဟမ့် ... ။ ”

ဝမ်မူယန်မှ အံ့သြသွားသည်။

“ မှတ်စုထဲမှာ ရေးထားတဲ့ ... အရာ အားလုံးကို ပစ်ပယ်ပြီး၊ လမ်းသစ် ရှာချင်လို့လား လမ်းမှားကို လျှောက်မိရင် ပြန်လှည့်ဖို့ ခက်လိမ့်မယ်။ ”

သူတော်စင် သခင်ရီမှ စိုးရိမ်တကြီးနှင့် ပြောကြား လာ၏။

“ ရဲရင့်တယ် ... ၊ လူငယ်တွေက ... မဆင်မခြင် မလုပ်သင့်ဘူး။ ”

ဝမ်မူယန်မှ ပြုံးလိုက်သည်။

“ လူငယ်တွေက ရဲရင့်ရမယ် ... ။ ”

ရုတ်တရက် အခန်း တံခါးပွင့်လာကာ လင်းယွန် လှမ်းထွက်လာသည်။ ဝမ်မူယန်နှင့် သူတော်စင် သခင်ရီ၏ စကားများကို သဘာဝ အတိုင်း သူ ကြားခဲ့ရ၏။

“ ကြည့်ရတာ ယင်-နန်းတော်ရဲ့ ... သန့်ရှင်းသော သမီးတော်က ငါ့ကို အတော်လေး စိတ်ပူနေပုံရတယ် ... ကျေးဇူး တင်ပါတယ်။ ”

ဝမ်မူယန်မှ လင်းယွန်ကို ကြည့်ပြီး၊ မျက်မှောင်ကြုတ် မိ၏။ တစ်ဖက် လူသည် ယခင်ထက် ပို၍ အစွမ်းထက် လာသည်ဟု အဘယ့်ကြောင့် သူမ ခံစား နေရသည်ကို နားမလည် နိုင်တော့ချေ။

( ဘာလဲ ... သူ အောင်မြင်ခဲ့ တာတော့ မဟုတ်ဘူး မဟုတ်လား။ )

***

All Chapters