အနိုင်-အရှုံး။
Vol. 150 Ch. 2099
လဝက်သာ ကျန်တော့ သဖြင့် လင်းယွန် တစ်ယောက် ကစားပွဲ ရလာဒ်ကို ပြောင်းနိုင် လိမ့်မည်ဟု ဝမ်မူယန် မယုံချေ။
နေဝင်ချိန် ရောက်လာပြီ ဖြစ်ရာ၊ ဘုံကျောင်းအပြင်၌ အနီရောင် အဆင်းများ လွှမ်းခြုံလာသည်။
မြေပြင်အနှံ့ အနီရောင် ပြောင်းသွားပြီး ကောင်းကင်ယံသည် အဝါရောင် ဖြစ်လာ၏။ ညရောက်သော အခါတွင် ကျန်နေရောင်ခြည် များသည် ကြက်သွေးရောင်သို့ ထပ်မံ ပြောင်းလဲကုန်သည်။
“ ဒါက နေမင်းကြီးရဲ့ ... နောက်ဆုံး အလင်းရောင်ပဲ ဂုဏ်ယူစရာ ကောင်းတယ်၊ မှောင်သွားခဲ့ ရင်တောင် ... ဒီကမ္ဘာကြီးကို အနီရောင် ပြောင်းထား နိုင်သေးတယ်။ ”
လင်းယွန်မှ တစ်ကိုယ်တည်း ရေရွတ် လိုက်၏။ နေထွက်ချိန် မှစကာ နေဝင်ချိန် အထိ တနေ့တာ အပြောင်းအလဲများ ရှိချေပြီ။
“ ဒါပေမယ့် ဒါက မပြောင်းလဲတဲ့ နိယာမတွေပဲ မဟုတ်လား။ ”
လင်းယွန်က အဝေးကို လှမ်းကြည့်လျက် အတွေးများ ဝင်လာသည်။ စိတ်ထဲ အကြမ်းဖျင်း ခန့်မှန်းချက်များ ရှိနေကာ၊ လထွက်လာမည့် အချိန်ကို စောင့်နေမိ၏။
လရောင် ဝင်လာသော အခါတွင် ဝမ်မူယန်သည် ကြည်ပြာရောင် ကြာပန်း ကဲ့သို့ ကျက်သရေ ရှိလာသည်။
“ နင့်ကို နားလည်ရ တကယ် ခက်တာပဲ။ ”
နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ၊ ဝမ်မူယန်မှ စကားစလာသည်။ လင်းယွန်က ခေါင်းညိတ်ကာ တုံ့ပြန်၏။
“ နင် မှတ်စုတွေကို ဖြဲလိုက်တယ်လို့ ငါကြားတယ်၊ ယုံကြည်မှု ဘယ်လောက် ရှိလဲ၊ နဂါးနေလ တံဆိပ်ကို နားလည် နေပြီလို့ မပြောနဲ့။ ”
“ မင်း နားလည်ထား သလောက် ပါပဲ။ ”
လင်းယွန်မှ ပြုံးကာ ဖြေလိုက်သည်။
“ ရည်ရွယ်ချက် နှစ်မျိုး အထိလား ... ။ ”
ဝမ်မူယန်က ခေါင်းယမ်းကာ၊
“ လက်ရှိ နှုန်းနဲ့ဆိုရင် ... နင် အနိုင်ရမှာ မဟုတ်ဘူး၊ ငါက နောက်ထပ် နားလည်မှုတွေ ရထားပြီ။ ”
-ဟု ပြောကြား လိုက်သည်။
“ မင်း ပြင်ဆင် လာပုံရတယ် ... ။ ”
“ အဲဒါ ကြောင့်မို့ ... နင်ငါ့ကို ငရဲသံကြိုး ပြန်ဖျက်ပေးသင့်ပြီ။ ”
“ အလျင် မလိုပါနဲ့ ... အနိုင်ရသူကို ဆုံးဖြတ်ဖို့ အတွက် စောလွန်း နေပါသေးတယ်၊ လဝက်နေရင် တွေ့ရအောင်။ ”
“ ကောင်းပြီ ... ။ ”
စိန်ခေါ် ခံလိုက်ရ သောကြောင့် ဝမ်မူယန်တစ်ယောက် အနိုင်ရလိုစိတ်များ ပြင်းပျလာသည်။
လင်းယွန် တစ်ယောက် မည်မျှ နားလည် ထားမည်ကို မြင်ချင်ခဲ့ သော်လည်း ဆွဲဆောင်မှု မအောင်မြင်ချေ။
တစ်ဖက် လူသည် သူမကို လျစ်လျူရှု ထားကာ၊ တစ်နေကုန် ပိုးစုန်းကြူး နတ်ဓား ကိုသာ လေ့ကျင့် နေတော့သည်။
အနှစ်သာရသည် လျှို့ဝှက်ဆန်း ကြယ်ပြီး ၎င်းသည် ပိုးစုန်းကြူး နတ်ဓား သူတော်စင် ပုံစံ ဖြစ်ကြောင်း မြင်သာ၏။
သို့သော် ခုနစ်ရက် ကုန်လွန် ပြီးနောက် မည်သည့် ဓားပုံစံ ဖြစ်သည်ကို မသိနိုင် ဖြစ်လာ ခဲ့သည်။
နောက်ထပ် ခုနစ်ရက် အကြာတွင် ယဲ့ချင်းရှန် လေ့ကျင့်နေသည့် ဓားရေးသည် ပိုးစုန်းကြူး နတ်ဓား မဟုတ်တော့ဟု ထင်မြင်လာမိသည်။
အတားအဆီး များကို ဖြတ်ကျော်ကာ စီးဆင်း နေသော ရေနှင့်တူ၏။ ပန်းသင်္ချိုင်းမှ ထိုရေများကို ခေါ်ဆောင် လာခဲ့သော မြစ်တစ်စင်း ဖြစ်သည်။
ဓားရောင်ဝါ များသည် ကြည်လင် ပြတ်သားပြီး နေရောင်ခြည် အောက်တွင် တောက်ပလျက်၊ ညရောက်သော အခါ၊ ပျောက်ကွယ် ကုန်သည်။
ထိုအချိန်တွင် လကဲ့သို့ တည်ငြိမ်သော ခံစာချက်များ ပေးသည်။ ဆိုလိုသည်မှာ နေနှင့် လ သံသရာ စက်ဝန်းအတွင်း ကျရောက်သွား သည်ဟု အဓိပ္ပါယ်ရ၏။
အဝေးမှ ကြည့်သော် ဓားရောင်ဝါများ ပြည့်နှက်နေသည်။ ဓားရောင်ဝါများ အတွင်း မရေမတွက် နိုင်သော ဖြစ်စဉ်များ ပါရှိ၏။
ယင်းက ဝမ်မူယန်ကို ထိတ်လန့်သွားစေသည်။ ယဲ့ချင်းရှန်သည် ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်ကြောင်း ဝန်ခံရ ပေမည်။
ဓားရေးသည် နက်နဲပြီး ဦးတည်ရာ လမ်းကြောင်း ကိုပင် မမြင်နိုင်။ ပိုးစုန်းကြူး နတ်ဓားသည် သူ့လက်၌ အသွင်ပြောင်း သွားချေပြီ။
အစ-အဆုံးမရှိ စီးဆင်းနေသော ရေစီးကြောင်း အဖြစ်သာ ကျန်ရစ်ခဲ့တော့ သည်။
လင်းယွန် သည်သာ ရန်သူ ဖြစ်သော် သက်သာမည် မဟုတ်ချေ။ ထိုအတွေးက သူမ ကျောရိုးကို အေးစက်သွား စေ၏။
သို့သော် မည်မျှ ကြောက်စရာ ကောင်းစေကာမူ ၊ ဤပြိုင်ပွဲသည် နတ်နေလ တံဆိပ် အပေါ် နားလည်မှုသာ ဖြစ်သည်။ ဓားတာအို မပါခေျ။
“ ဒါဆို နင်ဘာတွေ ကြိုးစား နေတာလဲ ကြည့်ရအောင်၊ လောင်းကြေးကို ရှုံးလိမ့်မယ်လို့ ငါ မယုံဘူး။ ”
ဝမ်မူယန်မှ အံကြိတ်လျက် အားတင်း လိုက်သည်။ ဤသို့ဖြင့် မျက်စိတစ်မှိတ် အတွင်း တစ်လ ကုန်လွန် သွားသည်။
“ နဂါးနေလ တံဆိပ်ကို ကြည့်ဖို့ အချိန်ရောက်ပြီ။ ”
ကောင်းကင်ဘုံ သူတော်စင် သခင်ရီက သူတို့နှစ်ဦး၏ ရလဒ်ကို ကြည့်ရှုရန် ရောက်ရှိ လာသည်။
ဝမ်မူယန်က ရွှေရောင်နှင့် ငွေလရောင်များ ထွန်းလင်း တောက်ပနေသည့် တံဆိပ် များကို ဖန်တီးပြ လိုက်၏။
နဂါး ဟောက်သံက ပဲ့တင်ထပ် လာပြီး၊ နဂါးနေလ တံဆိပ်က လက်နှစ်ဖက်ကို ဝိုင်းရံ လှည့်ပတ် လာလေသည်။
ဖြစ်စဉ်များ ပေါ်လာသော အခါ၊ ဂုဏ်ယူစွာဖြင့် လင်းယွန်ထံ လှည့်ကြည့် လိုက်သည်။
ဤလူသည် လ တဝက်သာ တံဆိပ်ကို လေကျင့်ပြီး ကျန်လ တဝက်ကို ဓားပညာရပ် လေ့ကျင့်၏။
နတ်နေလ တံဆိပ်ကို ထပ်မံ လေ့ကျင့်ခြင်း မရှိချေ။ သို့သော် လှည့်ကြည့် လိုက်ချိန်၌ သူမ မြင်လိုက် ရသည့် မြင်ကွင်းကြောင့် အသက်ရှူ မှားသွားသည်။
လင်းယွန်သည် သူမကဲ့သို့ပင် နတ်နေလတံဆိပ်ကို ဖွဲ့စည်း နိုင်ခဲ့၏။
“ သန့်ရှင်းသော သမီးတော် ဝမ်မူယန် မင်းဘာလို့ မျက်လုံးပြူး နေရတာလဲ ... အဲဒါက မင်းကို ရုပ်ဆိုးစေတယ်။ ”
လင်းယွန်က ပြုံးကာ လေှာင်ပြောင် လိုက်သည်။
“ ယဲ့ချင်းရှန် ... ဒါက တံဆိပ် တစ်ခုပါ၊ တကယ် အနှစ် သာရကို နင် နားလည် နိုင်မယ် မထင်ဘူး။ ”
နတ်နေလ တံဆိပ်ကို အသုံးပြုရန် ပုံစံကိုးမျိုးရှိသည်။ ပုံစံ အလိုက် အခက်အခဲ များကို တဖြည်းဖြည်း တိုးမြှင့် ပေမည်။
ထို့ကြောင့် သူမ သည်သာ အလောင်းအစားကို အနိုင်ရမည်ဟု ယုံကြည်မှု ရှိနေခဲ့ခြင်း ဖြစ်၏။
“ ငါလည်း မဆိုးဘူး ထင်တာပဲ။ ”
လင်းယွန်နှင့် ဝမ်မူယန်က ကျောက်တုံးဖြူ တစ်လုံး ထုတ်ယူကာ နဖူးပေါ် တင်လိုက်သည်။ သူတို့ နားလည် နိုင်စွမ်းကို မှတ်တမ်း တင်နေခြင်း ဖြစ်၏။
တစ်နာရီ ကုန်လွန် ပြီးနောက် အလောင်းအစား မည်သူ အနိုင်ရ သည်ကို ဆုံးဖြတ်ရန် ကောင်းကင်ဘုံ သူတော်စင် သခင်ရီထံ ပေးအပ် လိုက်ကြသည်။
တစ်ဦးနှင့် တစ်ဦး မည်ကဲ့သို့ မှတ်တမ်း တင်ထားသည်ကို မသိကြသော်လည်း အသီးသီး နားလည်နိုင်စွမ်း အပေါ် ယုံကြည် ကြသည်။
ကောင်းကင်ဘုံ သူတော်စင် သခင်ရီမှ ကျောက်စိမ်းတုံး နှစ်လုံးကို စစ်ဆေး ပြီးနောက် အံ့သြထိတ်လန့် သွားသည်။
“ ကျေးဇူးပြုပြီး ရလာဒ် ကြေညာပါ၊ ဒီလောင်းကြေးကို ဘယ်သူ အနိုင်ရလဲ၊ မူယန် အနိုင်ရတယ် မဟုတ်လား။ ”
ဝမ်မူယန်မှ စိတ်လှုပ်ရှားစွာ မေးသည်။
“ အဲဒီလောက်လည်း သေချာ မနေပါနဲ့ဦး။ ”
လင်းယွန်က ပြုံးကာ ဝင်ပြော၏။ သူတော်စင် သခင်ရီက စိတ်တည်ငြိမ်မှု ပြန်ရ လာပြီး ဝမ်မူယန်ကို ကြည့်သည်။
“ ကောင်းကင်ဘုံ ယင်နန်းတော်ရဲ့ သန့်ရှင်းသော သမီးတော်က မျှော်လင့်ထားတဲ့ အတိုင်းပါပဲ၊ နဂါး နေမင်းနဲ့ နဂါး လမင်းတံဆိပ် အပြင် နောက်ထပ် ပုံစံတွေကို ဆုပ်ကိုင် ထားနိုင်တယ်။ ”
ထိုစကားကို ကြားသောအခါ ဝမ်မူယန်မှ တောက်ပသော အပြုံးဖြင့် လင်းယွန်ထံ လှည့် ကြည့်လိုက်သည်။
ရှေးမစွတည်း ကပင် တံဆိပ်ကို ဆုပ်ကိုင်ထားပြီး တစ်လအတွင်း ပုံစံများသာ လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
လင်းယွန် တစ်ယောက် အံ့သြသွားပြီး ကောက်ကျစ်စွာ ပြုံးနေသော အမျိုးသမီးထံ ပြန်ကြည့် လိုက်မိ၏။
“ ယဲ့ချင်းရှန် ... မင်းလည်း အထင်ကြီးစရာ ပါပဲ၊ နှစ်ပေါင်း တစ်ထောင် အတွင်း ပြိုင်ဘက် မရှိ ... ပါရမီရှင် တစ်ဦးဆိုတဲ့ အတိုင်း ... အောင်မြင်ခဲ့တယ်၊ ...
... ဒီနေ့တော့ ဖီးနစ်သွေးဓား ဝိညာဉ်ကို တစ်ခုတည်း ပြင်ဆင်ထား မိတယ် နောက်ထပ် တစ်ခု ... ငါပြင်ဆင်ပေးမယ်။ ”
“ ဘယ်လိုမှ မဖြစ်နိုင်ဘူး ... ငါတို့ ကြားမှာ ခြားနားမှု တစ်ခု ရှိကို ရှိရမယ်။ ”
ဝမ်မူယန်မှ စိုးရိမ်တကြီး ငြင်းဆန်သည်။
“ မလိုအပ် တော့ပါဘူး ... မင်းတို့ နှစ်ယောက်လုံးက မတူကွဲပြားတဲ့ ရည်ရွယ်ချက် တွေနဲ့ ပုံစံတွေကို ဖြည့်စွက် နိုင်ခဲ့တယ်၊ အနိုင်အရှုံး ဆုံးဖြတ်ဖို့ မလိုတော့ဘူး။”
“ ဘာပဲ ဖြစ်ဖြစ် ... အနိုင်ရတဲ့ လူကို ငါတို့ ဆုံးဖြတ် ရမှာပေါ့။ ”
ဝမ်မူယန်က မျက်နှာနီရဲစွာ ငြင်းဆန်နေမြဲ ဖြစ်သည်။
( ကြည့်စမ်း... သူ့စိတ်တွေ ထလာပြီ။ )
ခရမ်းငယ်က ဓားသေတ္တာထဲ နေ၍ အော်ဟစ်လိုက်၏။ ယဲ့ချင်းရှန်နှင့် ဝမ်မူယန် သည် ဂိုဏ်း၏ ပါရမီရှင်များ ဖြစ်သောကြောင့် သူတော်စင် သခင်ရီမှာ အခက်အခဲ ဖြစ်လာ တော့သည်။
“ သူတော်စင် သခင်ရီ ... ဖီးနစ် သွေးဓား ဝိညာဉ်ကို ချန်ထားခဲ့ပါ ... ကျွန်တော် ဒီကိစ္စကို ဖြေရှင်း လိုက်မယ်။ ”
လင်းယွန်မှ ဝင်ပြောသည်။ သူတော်စင် သခင်ရီမှ သက်ပြင်းချကာ ခေါင်းညိတ် လိုက်၏။ ဖီးနစ်သွေးဓား ဝိညာဉ် ပါရှိသော သေတ္တာကို ထားရစ်ပြီး ထွက်ခွာ သွားတော့သည်။
ဤသည်မှာ လူငယ် နှစ်ယောက်ကြား ပြဿနာ ဖြစ်သည်။ အချင်းချင်း ဖြေရှင်းခြင်း သည်သာ အကောင်းဆုံး ဖြစ်၏။
သူ့ကဲ့သို့ အဘိုးအို တစ်ယောက် အနေဖြင့် ဝင်မရှုပ်ဘဲ နေသည်မှာ အကောင်းဆုံး ပေပင်။ ယဲ့ချင်းရှန် စကားများမှာ မှန်၏။ လူငယ် ဟူသည် ရဲရင့် ရပေမည်။
***