← Chapters

ကြောက်မက်ဖွယ်ကောင်းသော ဂီတသင်္ကေတများ

Vol. 100 Ch. 1385

ကြောက်မက်ဖွယ်ကောင်းသော ဂီတသင်္ကေတများ

Vol. 100 Ch. 1385

ရက် ၂၀ကြာ နားလည်အောင် လုပ်ခြင်းက သူ့အား မပြီးပြည့်စုံသည့် ဂီတတေးသွား တစ်သိန်းနီးပါးအထိ ရောက်ရှိစေခဲ့သည်။ အလဲအလှယ်အနေဖြင့် သူ့ခန္ဓာကိုယ်ထဲတွင်ရှိသည့် ဂီတသင်္ကေတထပ်ဆင့် အရေအတွက်က တစ်သောင်းခွဲသို့ ရောက်ရှိလာလေ၏။

ထိုအရေအတွက်က ဂီတသင်္ကေတများ၏ ပုံသဏ္ဍာန်ကိုပင် ပြောင်းလဲသွားစေသည်။

မူလက ဂီတသင်္ကေတသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင်ဗဟိုချက်ထဲတွင် လွင့်မြောနေဟန်ပေါ်၏။ သို့သော် ယခုတွင် သူတို့၏ ပုံသဏ္ဍာန်က မြူခိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ မှုန်မှုန်ဝါးဝါးအလယ်တွင် တစ်ချက်ကြည့်ရုံမျှဖြင့် ဂီတသင်္ကေတ၏ ဂုဏ်သတ္တိကို ပြောနိုင်မည် မဟုတ်ပေ။

သို့သော်လည်း ဤသည်က ဂီတသင်္ကေတဖွဲ့စည်းမှုသာ ဖြစ်၏။

ပိုမိုကြောက်ဖို့ကောင်းသည့်အရာက ထိုထပ်ဆင့်ထားသည့် ဂီတသင်္ကေတများသည် ဝမ်ပေါင်လဲ့၏ ဗဟိုချက်ထဲမှ ထွက်ခွာကာ တကယ် မတည်ရှိသကဲ့သို့ စိတ်ထဲ၌ ပေါ်ထွက်လာသည်။

သို့သော်လည်း ဝမ်ပေါင်လဲ့သာ အလိုရှိသရွေ့ ဂီတသင်္ကေတသည် ချက်ချင်းဆိုသလို ပုံပေါ်လာလိမ့်မည်။ ဤသည်က ဝမ်ပေါင်လဲ့ မယုံကြည်နိုင်ဖွယ် ဖြစ်နေသည့်အရာ မဟုတ်သေးပေ။ တကယ် မယုံကြည်နိုင်ဖွယ်ကောင်းသည့် အရာက ဂီတသင်္ကေတသည် မြူခိုးအဖြစ် ပြောင်းလဲပြီး ပေါင်းစည်းပြီးသည့်နောက်တွင် နေ့ဖက်၌ပင် အပြင်လူများထံ မမြင်နိုင်သည့် ပုံပျက်ယွင်းမှုက ဝမ်ပေါင်လဲ့ဝန်းကျင်တွင် ဖြစ်ပေါ်လာသည်။

ထိုပုံပျက်ယွင်းမှုက အာကာသမျိုးစုံ၏ ဖိနှိပ်ထားမှုကြောင့် ဖြစ်ပေါ်လာဟန်ပေါ်သည်။ ဝမ်ပေါင်လဲ့၏ လေ့လာမှုအောက်တွင် ထိုပျက်ယွင်းမှုသည် ထင်းယွိစည်းမျဉ်းဥပဒေသကြောင့် ဖြစ်လာမှန်း သဘောပေါက်သွားခဲ့၏။ ထိုအရာက သူ့ကမ္ဘာတွင် ဆုံမှတ်တစ်ခု ဖွဲ့စည်းလိုက်သကဲ့သို့ ဖြစ်သည်။

အကယ်၍ သူသာ အလိုရှိပါက နေ့ဖက်၌ပင် ထင်းယွိကမ္ဘာထဲ ဝင်ရောက်နိုင်ပြီ ဖြစ်၏။

သို့သော်လည်း သူက ထိုသို့မကြိုးစားမိစေရန် ထိန်းချုပ်ထားလိုက်ရသည်။

သို့သော်လည်း သူက စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့ရသည်။ ဤသည်က သူသည် နေ့ဖက်၌ ထပ်ဆင့်ထားသည့် အသံစွမ်းအားကို ဖြန့်ကျက်လိုက်သည့်အချိန် ပတ်ဝန်းကျင်က ပျက်ယွင်းသွားခဲ့သည်။ သူက တည်ရှိနေဟန်ပေါ်သော်လည်း လက်တွေ့၌မူ တခြားသူများ၏ အမြင်၌ သူက ပျောက်ကွယ်သွားပြီ ဖြစ်၏။

ဝမ်ပေါင်လဲ့က တာဝန်ခံနှင့် စမ်းသပ်ကြည့်ခဲ့ပြီး တာဝန်ခံက လုံးလုံး သတိမထားမိခဲ့ပေ။ ဝမ်ပေါင်လဲ့က တခြားအခန်းနှစ်ခုဆီ သွားရောက်ကာလည်း စမ်းသပ်ကြည့်ခဲ့သည်။ ထို့နောက် သူက ထိုအခန်းနှစ်ခုရှိ ကျင့်ကြံသူများကလည်း သတိမထားမိကြောင်း သိသွားသည့်အခါ ပိုမိုပင် အံ့အားသင့်သွားခဲ့သည်။

ထိုမြင်ကွင်းနောက်ကွယ်တွင် ရှိနေသည့် အဓိပ္ပာယ်က ဝမ်ပေါင်လဲ့အား အံ့အားအသင့်စေဆုံး ဖြစ်၏။

အကြောင်းအရင်းကမူ အမှောင်ထဲတွင် ထိုသို့လုပ်ဆောင်လိုက်သည်နှင့် သူက တခြားသော ထင်းယွိစည်းမျဉ်းဥပဒေသ ကျင့်ကြံသူများဖြင့် ကွဲပြားကြောင်း ဆိုလိုနေသည်။

သူက ထင်းယွိစည်းမျဉ်းဥပဒေသမှ သူ ရရှိထားသည့် အရာအားလုံးက အသိအမြင်နှင့် အကြားအာရုံသာ ဖြစ်သည်။ ထိုအရာအပြင် တခြားအရာများကို မမြင်မိပေ။ ဤသည်က သူ့အား ကမ္ဘာကြီးမှ ကွဲထွက်စေဖို့ ပဝါတစ်ခု အုပ်ထားသလိုမျိုး  ဖြစ်၍ လူအများ မသိစေဘဲ သွားလာနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ထူးဆန်းသည့် ဂီတသင်္ကေတများက ဝမ်ပေါင်လဲ့၏ နှလုံးခုန်နှုန်းကို ပိုမိုမြန်ဆန်လာစေ၏။ အကယ်၍ သူသာ အမှောင်ထဲတွင် ထိုသို့လုပ်နိုင်ခဲ့လျှင် သေချာသည့်အနေအထားအရ သူက ကျင့်ကြံသူတစ်ဦး မဟုတ်တော့ကြောင်း သဘောပေါက်သွားလေသည်။

ထိုအစား သူက ထင်းယွိကမ္ဘာထဲမှ ထူးထူးဆန်းဆန်းအရာတစ်ခု ဖြစ်လာသည်။

ဒါက ဘယ်လိုဂီတသင်္ကေတမျိုးလဲ။ ဒါက တကယ်အဲ့လိုလုပ်နိုင်တာလား။ ငါ့ကို ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲပစ်နိုင်တာလေ…

ဝမ်ပေါင်လဲ့က မယုံကြည်နိုင်ဖြစ်နေမိသည်။ အကြောင်းအရင်းကမူ သူသိထားသည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများသည်လည်း သေချာသည့် အနေအထားတစ်ခု ရောက်ရှိပြီးသည့်နောက်တွင် ပျောက်ကွယ်သွားကြမည် ဖြစ်၏။ သူတို့က တကယ့်ခန္ဓာကိုယ်မှ ပျောက်ကွယ်ကာ ဂီတသင်္ကေတအသွင် ပြောင်းလဲသွားလိမ့်မည်။

သို့သော်လည်း ထိုသို့သော တည်ရှိမှုမျိုးက ထင်းယွိကမ္ဘာထဲရှိ ထူးထူးဆန်းဆန်းအရာများနှင့် ကွဲပြားသည်။

ပထမတစ်ခုက အသံ၏ အစိတ်အပိုင်းတစ်ခုဖြစ်လာကာ ထင်းယွိစည်းမျဉ်းဥပဒေသနှင့် ပေါင်းစည်းဖို့ အားစိုက်ထုတ်မှုအဖြစ် မြင်နိုင်သည်။ သို့သော်လည်း နောက်ဆုံးသုံးသပ်ချက်တွင် ထိုအရာက အပြင်ခွန်အားသာ ဖြစ်၏။ ထိုအရာက ထင်းယွိစည်းမျဉ်းဥပဒေသကို နေသားကျအောင် ကြိုးပမ်းပြီး ဖြည်းဖြည်းချင်း ချဉ်းကပ်ကာ ဆက်တိုက် ပေါင်းစည်းနေရသည်။

နောက်တစ်ခုအတွက်မူ ထိုအရာက ထင်းယွိစည်းမျဉ်းဥပဒေသ ကိုယ်တိုင်ဖြစ်လာခြင်း ဖြစ်၏။

လေးကြိုးမျဉ်းဂိုဏ်းထဲ ဝင်ပြီး ထိုအရာကို နားလည်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ထင်းယွိစည်းမျဉ်းဥပဒေသ  ခံစားနိုင်သည်ဟု ခေါ်ဆိုသော ကမ္ဘာသည် ထင်းယွိစည်းမျဉ်းဥပဒေသကိုယ်တိုင် ဖွဲ့စည်းထားသည့် ကမ္ဘာတစ်ခု ဖြစ်ကြောင်း သိခဲ့ရသည်။ ဂိုဏ်းကြီးသုံးဂိုဏ်းက ထင်းယွိစည်းမျဉ်းဥပဒေသဖြင့် လွှမ်းခြုံခံထားရသည်။ ထိုအကြောင်းအရင်းကြောင့် ထိုကမ္ဘာထဲရှိ ထူးထူးဆန်းဆန်းသက်ရှိများကို သတ်ဖြတ်နိုင်သည့် အခွင့်အရေးက ကျင့်ကြံသူများအား ဂီတသင်္ကေတများကို ခံစားခွင့်ပြုထားခြင်း ဖြစ်၏။ ထိုထူးထူးဆန်းဆန်း သက်ရှိများက ထင်းယွိစည်းမျဉ်းဥပဒေသ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။

ယခင်တစ်ခုကမူ ထင်းယွိစည်းမျဉ်းဥပဒေသနှင့် ပေါင်းစည်းသည့် ပြင်ပစွမ်းအားတစ်ခုဖြစ်ပြီး နောက်တစ်ခုကမူ ထင်းယွိစည်းမျဉ်းဥပဒေသကိုယ်တိုင် ဖြစ်ပေသည်။

ယခုတွင် ဝမ်ပေါင်လဲ့က ထိုအရာကို သဘောပေါက်သွားခဲ့ပြီး အမည်မသိအကြောင်းအရင်းတချို့ကြောင့် သူသည် ထင်းယွိစည်းမျဉ်းဥပဒေသ လမ်းစဉ်အပေါ် ရောက်ရှိနေ၏။ သူက အစောပိုင်းအဆင့်တွင် ရှိသည်ဟု မှတ်ယူနိုင်သော်လည်း တခြားသူများထက် ရှေ့ရောက်နေလေပြီ။

အကယ်၍ သူသာ အောင်မြင်သွားပါက ထင်းယွိစည်းမျဉ်းဥပဒေသသည် သူ့အပိုင် ဖြစ်လာလိမ့်မည်။ ထင်းယွိမြို့သခင်၏ သေခြင်းရှင်ခြင်းအတွက်မူ သူ့အနေနှင့် ဆုံးဖြတ်ပေးနိုင်သည်။

ထိုရှာဖွေတွေ့ရှိမှုက ဝမ်ပေါင်လဲ့အား တုန်လှုပ်သွားစေ၏။ သူက အပြင်ဘက်ကို ကြည့်ပြီး ညရောက်လာသည်အထိ စောင့်ဆိုင်းလိုက်သည်။

ဝမ်ပေါင်လဲ့က နေ့ဖက်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးနေသည်ကို ခံစားမိလိုက်သည်။ သူက စိတ်ပူပန်စွာ စောင့်ဆိုင်းနေရင်း နေဝင်သွားကာ ညအခါသို့ ရောက်ရှိလာသည်။

ဝမ်ပေါင်လဲ့က ချက်ချင်းဆိုသလို စိတ်လှုပ်ရှားမှုအပြည့် ဖြစ်လာလေ၏။ သူက ကူးသန်းပြောင်းရွှေ့ရေးကျောက်စိမ်းပြားကို အသက်မသွင်းဘဲ သူ့စိတ်ထဲမှ ဂီတသင်္ကေတကို အသက်သွင်းလိုက်သည်။

သူက အသံထုတ်လွှတ်ခြင်း မရှိသော်ငြား သူတို့ထုတ်လွှတ်လာသည့် ပုံပျက်ယွင်းစွမ်းအားကို မထိန်းချုပ်ထားပေ။ ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့ ကျောတစ်လျှောက် ကြက်သီးများ ထသွားမိ၏။ သူက မျက်လုံးအပြူးသားဖြစ်သွားကာ တငေးတမောကြည့်နေမိသည်။

အကြောင်းအရင်းကမူ သူ့ဘေးတွင် ရှိနေသည့် ကမ္ဘာက ပြောင်းလဲသွား၍ ဖြစ်၏။

ကမ္ဘာတစ်ခုလုံးက ပျောက်ကွယ်သွားသည်။ အခန်း၏ တည်ဆောက်ပုံက ပြောင်းလဲသွားခြင်း မရှိသော်လည်း ဝမ်ပေါင်လဲ့ မျက်ဝန်းတွင်ရှိသည့် ပစ္စည်းများအားလုံးက မျဉ်းကြောင်းများသဖွယ် ဖြစ်လာလေသည်။ ထိုမျဉ်းကြောင်းများကြားတွင် ဟာကွက်များရှိလာနေပြီး ထိုဟာကွက်များကြားတွင် အကာအရံအတားအဆီးတချို့ရှိနေလေသည်။

သို့သော်လည်း သူ့အမြင်အပေါ် သက်ရောက်မှု မရှိပေ။

ဝမ်ပေါင်လဲ့က စားသောက်ဆိုင်အပြင်ဘက် ကြည့်လိုက်သည့်အခါ မြို့တစ်ခုလုံးက မျဉ်းကြောင်းများအသွင် ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။ ထို့အပြင် သူတို့က မြို့ကိုယ်တိုင်ကပင် ကန့်သတ်ချက်သို့ ရောက်ရှိနေသည့်အလား ကြီးကျယ်ခမ်းနားနေသည်။ မြို့၏ မျဉ်းကြောင်းများအပေါ်တွင် သက်ရှိများစွာ ရှိနေလေ၏။

ဝမ်ပေါင်လဲ့က မီတာရာချီ မြင့်မားပြီး ဆံပင်ရှည်ရှည်ဦးခေါင်းတစ်ခုကို သယ်ဆောင်ကာ အဝေးသို့ လျှောက်လှမ်းသွားသည့် ပုံရိပ်ကိုပင် မြင်လိုက်ရသည်။

သူက ကင်းခြေများနှင့်တူသည့် သက်ရှိများစွာကို မြင်တွေ့လိုက်ရသော်လည်း သူတို့၏ ကျောဘက်၌ လူသားမျက်နှာများ ရှိနေလေသည်။

ထို့အပြင် အရေအတွက်များပြားလှသည့် တစ္ဆေနှင့်တူသည့် အရာများစွာကိုလည်း မြင်တွေ့လိုက်ရသည်။ သူတို့က မြောလွင့်နေကြပြီး တချို့က အဆောက်အဦးအပြင်ဘက်တွင် မြောလွင့်နေကာ တချို့က ပြတင်းပေါက်ကို ဆက်တိုက်ခေါက်နေကြသည်။

ထိုထူးထူးဆန်းဆန်းအရာများက ဝမ်ပေါင်လဲ့၏ မြင်ကွင်းရှေ့ ပေါ်ထွက်လာလေ၏။ သူ့အနေဖြင့် စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေဖို့အတွက် အချိန်တချို့ယူခဲ့ရသည်။

သူ့မှန်းဆချက်က မှန်ကန်နေကြောင်း သိသွားခဲ့၏။

ထို့နောက် နောက်ဆုံးသော အတည်ပြုချက် ရောက်ရှိလာသည်။  ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ပြတင်းပေါက်ကို ဖွင့်ရင်း  ထွက်လာလေသည်။ သူ ထွက်လာသည်နှင့် တစ္ဆေနှင့်တူသည့် အရာက သူ့ကို လျစ်လျူရှုထားပြီး ပြတင်းပေါက်မှတဆင့် ဝင်ရောက်ဖို့ ကြိုးစားနေသည်။ သို့သော်လည်း ဝမ်ပေါင်လဲ့က သူ့ကို ဆွဲကာ ဘမ်းခနဲအသံနှင့်အတူ ခြေမွပစ်လိုက်သည်။

သူခြေမွလိုက်သည့်အခါ သူ့ဘေးပတ်ဝန်းကျင်ရှိ တခြားသော ထူးထူးဆန်းဆန်းအရာများက မျက်ကွယ်ရာပြုထားကြသည်။

ဝမ်ပေါင်လဲ့က နှုတ်ခမ်းကို သပ်လိုက်ပြီး သူ့အကြည့်များက တောက်ပလာလေ၏။ သူက အရှိန်ကို မြှင့်တင်ကာ လေထဲ ပျံသန်းလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို ကြည့်နေရင်း အကြည့်များက ပိုမိုတောက်ပလာလေ၏။

သူက အဝေးတစ်နေရာတွင် အရှိန်မြင့်မြင့်ဖြင့် လှုပ်ရှားနေသည့် အလင်းဘောလုံးကို မြင်လိုက်ရသည်။ ဤကမ္ဘာတွင် အလင်းဘောလုံး၏ တည်ရှိမှုက အင်မတန် အာရုံဖမ်းစားဖွယ်ကောင်းလှ၏။ ထိုအရာက သူ့ဝန်းကျင်တွင်ရှိသည့် ထူးထူးဆန်းဆန်းအရာများစွာကို ဆွဲဆောင်ထားနိုင်သည်။

“ကျင့်ကြံသူလား” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ ရှေ့တိုးသွားလိုက်သည်။ သူ ဖြတ်သန်းသွားသည့်နေရာတိုင်း တချို့ထူးထူးဆန်းဆန်းအရာများကို လျစ်လျူရှုမထားနိုင်ဘဲ ခြေမွပစ်လိုက်သည်။

ဝမ်ပေါင်လဲ့က နီးကပ်လာသည့်အခါ အလင်းဘောလုံးသည် ကျင့်ကြံသူတစ်ယောက်ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်းမြင်လိုက်ရ၏။

ထိုသူက ဟိန်ချင်းဂိုဏ်း၏ ဝတ်စုံကို ဝတ်ဆင်ထားလေသည်။

All Chapters