← Chapters

ပျော်ရွှင်ဖွယ် ပူးပေါင်းမှု

Vol. 100 Ch. 1387

ပျော်ရွှင်ဖွယ် ပူးပေါင်းမှု

Vol. 100 Ch. 1387

ငါ အရင်က မြင်ဖူးတယ်…

ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်၏။ တစ်ဖက်သူ၏ ခြေလက်များ၊ အပေါ်ပိုင်းခန္ဓာနှင့် ဦးခေါင်းကို မြင်တွေ့ခဲ့ဖူးသည်။ ထိုအရာက အနည်းငယ် ထူးဆန်းနေကြောင်းသာ ထင်မိ၏။

“အဲ့လိုဆိုရင် ခင်ဗျားရဲ့ အသိစိတ်နဲ့ အခု ဆက်သွယ်ပြီးတော့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” ဝမ်ပေါင်လဲ့က အတွေးများကို စုစည်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူ့အကဲဖြတ်ထားမှုအရ ပျော်ရွှင်မှုမြို့သခင်၏ ပေါ်ထွက်လာမှုသည် အကြောင်းအရင်း မရှိဘဲ မဖြစ်နိုင်ပေ။ သူနှင့် ဆက်သွယ်ဖို့ လိုအပ်သည့် တစ်စုံတစ်ခုရှိနေ၍ ဖြစ်နိုင်သည်။

“ထင်းယွိကမ္ဘာထဲကို ရောက်လာတာကို မြင်လိုက်ရလို့ သိချင်ရုံပါပဲ။ အဲဒါကြောင့် ငါ့ရဲ့ နတ်ဘုရားအသိစိတ်ကို ပို့လိုက်တာ။ ဘာမှ ထူးထူးခြားခြား မရှိဘူး” ပျော်ရွှင်မှုမြို့သခင်က မ်ပေါင်လဲ့၏ စကားကို ပုံမှန်ခပ်တိုးတိုးအသံဖြင့်သာ ပြန်ပြောလာသည်။

ဝမ်ပေါင်လဲ့က မျက်ခုံးပင့်ကာ ကြည့်လိုက်၏။ သူက ဒုတိယကမ္ဘာသို့ ရောက်ရှိလာပြီးသည့်နောက်တွင် ပထမဦးဆုံး ထိတွေ့မိသည့် စည်းမျဉ်းဥပဒေသက ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသ ဖြစ်သော်လည်း သူတို့ကြား ရင်းနှီးမှုနည်းပါးခြင်းကြောင့် သူ့စိတ်ရှည်မှုကို ဆွဲဆန့်ထားနိုင်ဖို့ မလုံလောက်ပေ။ ထို့ကြောင့် ပျော်ရွှင်မှုမြို့သခင်၏ စကားများကို ကြားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ပြုံးလိုက်၏။ သူ့ခန္ဓာကိုယ်က လှုပ်ရှားသွားကာ ထင်းယွိကမ္ဘာထဲမှ သူ့ပုံရိပ်က လှုပ်ရှားသွားပြီး ဤနေရာမှ ထွက်ခွာသွားတော့မည် ဖြစ်၏။

“ပျော်ရွှင်မှုမြို့သခင်က သိချင်စိတ်နဲ့ ရောက်လာတယ်ဆိုတော့လည်း ကျုပ်တို့တွေ နောက်မှပဲ ဆက်ပြောကြတာပေါ့”

ဝမ်ပေါင်လဲ့က ပြောရင်းဖြင့် သူ့ပုံရိပ်က ဝေဝါးသွားကာ ထင်းယွိကမ္ဘာမှ ထွက်ခွာသွားတော့မည် ဖြစ်၏။ ပျော်ရွှင်မှုမြို့သခင်က တိတ်ဆိတ်လျက်သာ ကျန်ရှိနေပြီး ဝမ်ပေါင်လဲ့၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်အထိ အသံတစ်သံပင် မကြားရပေ။

ညဖက်သို့ ပြန်ရောက်လာသည့် ဝမ်ပေါင်လဲ့က မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အရိပ်အယောင်များ ရှိနေသည်။

သူမက တကယ်ပဲ သိချင်လို့ ရောက်လာတာလား…

ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ တွေးပြီး ထိုကိစ္စကို စိတ်ထဲ၌သာ သိုဝှက်ထားလိုက်သည်။ ညက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားနေစဉ် ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲကာ ထင်းယွိလောကထဲ ဝင်ရောက်လိုက်သည်။

သူက ဝင်ရောက်လာပြီး  သိပ်မကြာခင် ညက နေ့ဖြင့် အစားထိုးသွားပြီး ဝမ်ပေါင်လဲ့၏ ပုံရိပ်က ကူးသန်းပြောင်းရွှေ့ခံလိုက်ရသည်။

သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ သူက ထင်းယွိမြို့ထဲ ရောက်ရှိလာသည် ဖြစ်၏။ သူက စားသောက်ဆိုင်ဆီ တည်ငြိမ်သည့် အမူအရာဖြင့် ပြန်လည်ရောက်ရှိလာသည်။ သူက ရှစ်လင်းကျစ်ကို မတွေ့သော်လည်း သူ့အကျိုးအမြတ်က အံ့မခန်း ဖြစ်၏။ သူက ထင်းယွိစည်းမျဉ်းဥပဒေ၏ ဦးတည်ချက်ကို အတည်ပြုနိုင်သည်။ ယခု သူပိုင်ဆိုင်ထားသည့် စွမ်းဆောင်ရည်များကို သိလာပြီဖြစ်ကာ ထင်းယွိကမ္ဘာထဲတွင် ရှိသည့် ထူးထူးဆန်းဆန်းအရာများအပေါ်၌ နက်နက်နဲနဲ နားလည်လာ၏။

ဝမ်ပေါင်လဲ့က ထိုသူ၏ ပေါ်ထွက်လာမှုသည် သိချင်စိတ်မျှသာ မဟုတ်ကြောင်း ခံစားချက်မျိုး ရရှိနေလေ၏။ တစ်စုံတစ်ခု ပတ်သက်နေရမည်။

သူမက အလျင်မလိုသည့်အတွက် သူ့ဘက်ကလည်း အလျင်လိုဖို့ရာ မလိုအပ်ပေ။

ဝမ်ပေါင်လဲ့က ထိုကိစ္စကို အာရုံများများစားစား မစိုက်တော့ပေ။ တစ်ပတ်တွင် သူက စားသောက်ဆိုင်မှ တာဝန်ခံကိုခေါ်ကာ မပြီးပြည့်စုံသည့် တေးသွားများကို ဆက်လက် စုစည်းခိုင်းခဲ့သည်။ တခြားတစ်ဖက်တွင် သူက သူရရှိထားသည့် သိုလှောင်အိတ်များကို တစ်ခုပြီးတစ်ခု ကြည့်နေ၏။

သိုလှောင်အိတ်များကို ဖွင့်ကြည့်နေရင်း ဝမ်ပေါင်လဲ့၏ အမူအရာက ပိုမိုကျေနပ်အားရလာသည်။

ထိုသိုလှောင်အိတ်များက ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းသားများဆီမှ ဖြစ်ပြီး တစ်ဦးချင်းစီ၏ သိုလှောင်အိတ်ထဲတွင် သူတို့၏ ပစ္စည်းများ ပါဝင်နေလေ၏။

နမူနာအနေဖြင့် ဝမ်ပေါင်လဲ့က ပြီးပြည့်စုံသည့် တေးသွား ၁၃ခုကို ရရှိလိုက်သည်။

မပြီးပြည့်စုံသည့် တေးသွားများအတွက်မူ များပြားလွန်းလှ၏။ အများစုက မူလဖြစ်ကာ ပုံတူပွားထားခြင်း မဟုတ်ပေ။ တခြားကလွဲ၍ ထိုအရာများအပြင် ဓမ္မအသုံးအဆောင်ပစ္စည်း၊ ဆေးလုံးများကဲ့သို့ အရာများစွာလည်း ရှိပေသည်။ ဝမ်ပေါင်လဲ့က ထိုအရာများကို မြင်သည့်အခါ စိတ်လှုပ်ရှားလာမိ၏။

သူက တေးသွားများကို ထုတ်ကာ ဂီတသင်္ကေတများကို နားလည်အောင် ကြိုးစားလိုက်သည်။

ဤသို့ဖြင့် တစ်ရက်ထက်တစ်ရက် ကုန်ဆုံးသွားပြီး ဆယ်ရက်တာ ကုန်လွန်သွားခဲ့သည်။

ထိုဆယ်ရက်အတွင်း ညတိုင်းဆိုသလို ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲပြီး ထင်းယွိကမ္ဘာထဲ ဝင်ရောက်လေ့ရှိ၏။ သူတွေးခဲ့သည့် ကျင့်ကြံသူများက သူတို့၏ သိုလှောင်အိတ် လုယက်ခံရသည့် ကပ်ဘေးမှ မလွတ်မြောက်နိုင်ကြပေ။ ယခင် လူဟောင်းများပင် ပါရှိသေး၏။

သူ့အကျိုးအမြတ်က အံ့မခန်းဖြစ်စဉ် ဂိုဏ်းကြီးသုံးဂိုဏ်း၏ တပည့်များတွင် ကောလဟာလတစ်ခု ပျံ့နှံ့လာခဲ့သည်။ အမှောင်ယံညအတွင်း ကြောက်မက်ဖို့ကောင်းသည့် ဓားပြ ထွက်လာတတ်သော သတင်းက ဂိုဏ်းသုံးဂိုဏ်းအနှံ့ မုန်တိုင်းသဖွယ် ပျံ့နှံ့သွားလေသည်။ ထင်းယွိမြို့ထဲတွင် လူများစွာက ထိုအကြောင်းကို သိထားကြပြီး ဆွေးနွေးမှုမြောက်များစွာ ရှိနေလေ၏။

“မင်း ကြားပြီးသွားပြီလား။ လတ်တလောလေးက အဲဒီလူတစ်ယောက် ပေါ်ထွက်လာတတ်တယ်လေ။ အဲဒီလူရဲ့ ကျင့်ကြံဆင့်က အတော်လေးမြင့်နေတာတောင်  သူက တခြားလူတွေရဲ့ အိတ်ကို ပစ်မှတ်ထားနေတာ”

“အားလုံး သတိထားကြဦး။ ဒီရက်ပိုင်းတွေက ငြိမ်းချမ်းတာ မဟုတ်ဘူး။ သူခိုးဓားပြတွေ ရှိတယ်”

“ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ ကျင့်ကြံသူတစ်ဝက်ကျော်လောက်က အဲဒီဓားပြနဲ့ တွေ့ပြီးပြီလို့ အသံကြားတယ်။ အဲဒီလူတွေက ကျင့်ကြံဆင့်မြင့်မားတာကို ဘာလို့များ သိုလှောင်အိတ်တွေကို ပစ်မှတ်ထားပါလိမ့်”

နေ့ဖက်အတွင်း ဝမ်ပေါင်လဲ့က ထိုဆွေးနွေးသံများကို ကြားလိုက်ရသည်။ ညဖက်တွင် သူ့ကိုယ်ပိုင်ဂိုဏ်း၌ပင် တူညီသည့် စကားဝိုင်းကို ကြားလိုက်ရ၏။

ထိုသို့ဖြစ်ပျက်လာသည့်အချိန်တိုင်း သူ့အမူအရာက သူတို့ပြောနေသည့်အရာက သူ့အကြောင်း မဟုတ်သည့်အလား ပြုမူလေ့ရှိသည်။ သူက သူ့ကျင့်ကြံရေးဂူအနီးမှ အိမ်နီးချင်းဖြင့် တွေ့ဆုံလျှင်ပင် တစ်ဖက်လူက ထိုကိစ္စအကြောင်း စကားစလာကာ သူသည်ပင် အတူတူ ကြုံတွေ့ခဲ့ရကြောင်း ပြောသည့်အခါ ဝမ်ပေါင်လဲ့က သက်ပြင်းအသာချလိုက်၏။

သူခိုးဓားပြ မတော်တဆဖြစ်ရပ်ကြောင့်လား သို့မဟုတ် ဖမ်းဝရမ်း၏ ကျော်ကြားမှုက လျော့ကျသွား၍လား မသိသော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်း၏ ညဖက်ထွက်လာသူ ကျင့်ကြံသူအရေအတွက်က သိသိသာသာ လျော့ကျသွားလေ၏။ ဂိုဏ်းကြီးသုံးဂိုဏ်းတပည့်အများစုက သူတို့၏ ယခင်အတိုင်း သီးသန့်ကျင့်ကြံရေး ဝင်ရောက်ကာ ဉာဏ်အလင်းပွင့်ဖို့သာ ကြိုးစားနေကြသည်။

ထိုအရာက ဝမ်ပေါင်လဲ့၏ အကျိုးအမြတ်ကို နည်းပါးသွားစေသည်။ တစ်ခါတစ်ရံတွင် သူက တစ်ရက်တာလုံး ရှာဖွေလျှင်ပင် အလွန်ဆုံး လူသုံးယောက်မှ ငါးယောက်အထိသာ တွေ့ရလေ့ရှိသည်။

ရလဒ်အနေဖြင့် သူ့အကျိုးအမြတ်က သိသိသာသာ လျော့ကျသွားလေ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က ကျေနပ်နေဆဲသာဖြစ်သည်။ အကြောင်းအရင်းကမူ ထိုအချိန်အတွင်း သူက သူ့သိုလှောင်အိတ်ထဲ ဂီတတေးသွား ၅၀ကျော်ကို စုဆောင်းထားနိုင်၍ ဖြစ်သည်။

မပြီးပြည့်စုံသည့် ဂီတတေးသွားပမာဏက အံ့မခန်း ဖြစ်၏။ သူ နားလည်ထားသည့် ဂီတသင်္ကေတပမာဏကလည်း တစ်သောင်းခွဲကို ကျော်လွန်ကာ နှစ်သောင်းနီးပါးသို့ ချဉ်းကပ်လာနေလေပြီ။ ပို၍အရေးကြီးသည်က သူသည် ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲလိုက်ပြီး ထင်းယွိကမ္ဘာထဲ ဝင်ရောက်လိုက်သည့်အချိန်တိုင်း အကြည့်တစ်ခုက သူ့အပေါ်ကျရောက်လာသည်ကို ခံစားမိ၏။

ထိုအကြည့်ပိုင်ရှင်က ဝမ်ပေါင်လဲ့အတွက် အစိမ်းသက်သက် မဟုတ်ပေ။ ထိုသူကလည်း ထိုအရာကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထိုသူက ပျော်ရွှင်မှုမြို့သခင်သာ ဖြစ်၏။ သို့သော်လည်း ပထမနေ့ရက်ကလွဲ၍ ပျော်ရွှင်မှုမြို့သခင်က ဝမ်ပေါင်လဲ့နှင့် ဆက်သွယ်လာခြင်း မရှိတော့ပေ။

ထိုနေ့ရက်၌ ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲကာ ထင်းယွိကမ္ဘာထဲ အချိန်အတော်ကြာ ရှာဖွေနေသော်လည်း ကျင့်ကြံသူ၏ အရိပ်အမြွက်ကိုပင် မမြင်ရသေးပေ။ ထိုစဉ် ပျော်ရွှင်မှုမြို့သခင်၏ အသံက ပဲ့တင်ထွက်လာလေ၏။

“မင်းရဲ့ အရှေ့ဖက်မှာ မင်းရဲ့ အမြန်နှုန်းနဲ့ အမွှေးတိုင်တစ်တိုင်စာ ကြာချိန်လောက်မှာ ဂီတတာအိုဂိုဏ်းသားတစ်ယောက် ရှိတယ်”

“ဟမ်” ဝမ်ပေါင်လဲ့က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။ သူက တစ်ဖက်သူ ညွှန်ပြသည့်နေရာဆီ ဦးတည်လိုက်၏။ အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းချိန် ကြာမြင့်ပြီးသည့်နောက်တွင် ထိုသူက မှိန်ဖျဖျအလင်းလို ဂရုတစိုက် လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။

ကံဆိုးစွာဖြင့် လေဟုန်တစ်ချက် ဖြတ်တိုက်သွားကာ ဂီတတာအိုဂိုဏ်းသား၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားလေ၏။ သူက ရင်ဘတ်ကို ထိတွေ့ကာ သက်ပြင်းအသာချလိုက်သည်။ သူ့ရင်ဘတ်ထဲတွင် ဝှက်ထားသည့် သိုလှောင်အိတ်က ပျောက်ဆုံးသွားပြီ ဖြစ်၏။

ပထမဦးဆုံး ပျော်ရွှင်ဖွယ် အတူတကွ တွဲလုပ်မှုက ဝမ်ပေါင်လဲ့နှင့် ပျော်ရွှင်မှုမြို့သခင်တို့ကြားက ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းသွားစေသည်။ ထို့ကြောင့် ပျော်ရွှင်မှုမြို့သခင်၏ စကားပြောသည့် အရေအတွက်က ပိုမိုတိုးပွားလာခဲ့၏။ သို့သော်လည်း အကြိမ်တိုင်းဆိုသလို သူမက ဝမ်ပေါင်လဲ့အား ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ၏ တည်နေရာအကြောင်း သတင်းပေးလေ့ရှိသည်။

ဝမ်ပေါင်လဲ့က အလျင်လိုနေခြင်း မရှိပေ။ သူက တစ်ဖက်လူ၏ ညွှန်ကြားချက်အတိုင်း လိုက်ကာ အကျိုးမြတ် ပိုမိုပင်ရရှိခဲ့၏။ သို့သော်လည်း ထိုသို့သော အပြုအမူမျိုးက သိပ်ကြာရှည်မခံခဲ့ပေ။ နောက်ထပ် လဝက်မျှ ကုန်ဆုံးပြီးသည့်နောက်တွင် ညဘက် ထွက်လာတတ်သည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များ မကျန်ရှိကြတော့ပေ။

ထိုအရာက ဝမ်ပေါင်လဲ့အား နှမြောတသ ဖြစ်သွားစေ၏။ တစ်ချိန်တည်းဆိုသလို တခြားသော ဂိုဏ်းမှ တာအိုကလေးငယ်များပင် ပေါ်ထွက်လာခြင်း မရှိပေ။ ပြောရလျှင် ထိုတာအိုကလေးငယ်အားလုံးက ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်၏။

ပျော်ရွှင်မှုမြို့သခင်က ဝမ်ပေါင်လဲ့၏ သံသယကို မှန်းဆမိသည့်အလား ပြောလာခဲ့သည်။

“ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ တာအိုကလေးငယ်တွေနဲ့ ထူးချွန်တဲ့ တပည့်တွေအကုန်လုံးက သီးသန့်ကျင့်ကြံရေးဝင်ပြီးတော့ သူတို့အတွက် အတော်လေးကို အရေးကြီးတဲ့ စစ်ဆေးမှုအတွက် ပြင်ဆင်ကြတယ်လေ”

“စစ်ဆေးမှုတဲ့လား” ဝမ်ပေါင်လဲ့က ငါးအရိုးပေါ် ထိုင်နေရင်း ခေါင်းမော့လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။

All Chapters