← Chapters

စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်သုံးယောက်

Vol. 100 Ch. 1390

စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်သုံးယောက်

Vol. 100 Ch. 1390

ကူးသန်းပြောင်းရွှေ့ရေး အသက်ဝင်လာပြီး ညက ကုန်ဆုံးသွားလေသည်။ ပျော်ရွှင်မှုမြို့သခင်က ဝမ်ပေါင်လဲ့၏ အဖြေကို စောင့်မနေပေ။ သို့သော်လည်း သူမက သူ စောင့်နေလိမ့်မည်ဟု ယုံကြည်၏။ ပြောရလျှင် အန္တရာယ်က ရှောင်ရှား၍ မရပေ။ သူ ယခု ထွက်ခွာမသွားသရွေ့ ရလဒ်က သိသာလှသည်။

သူတို့က ယုံကြည်မှုပြဿနာကို ဖြေရှင်းနိုင်သရွေ့ အရာအားလုံးက နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေလိမ့်မည်။

တကယ်တော့ ပျော်ရွှင်မှုမြို့သခင်က ထိုအရာကို မှန်းဆထားပြီးသား ဖြစ်၏။

ဝမ်ပေါင်လဲ့က စားသောက်ဆိုင်ဆီ ပြန်လာပြီးသည့်နောက်တွင် အတွေးနက်နေမိသည်။ သူက အပေးအယူကို ငြင်းဆန်လိုက်ဟန်ပေါ်သော်လည်း ထိုကဲ့သို့ မဟုတ်ပေ။

သူ ယူဆောင်ရမည့် စတေးမှုက ကြီးမားလွန်းနေရုံမျှသာ ဖြစ်၏။ အကယ်၍ အကျိုးအမြတ်က နည်းပါးနေလျှင် သူ့အနေဖြင့် ထိုက်တန်မည် မဟုတ်ကြောင်း ခံစားရလိမ့်မည်။ အကြီးဆုံးအရာက ယုံကြည်မှု ဖြစ်၏။ သူက ပျော်ရွှင်မှုမြို့သခင်ကို မယုံကြည်ပေ။ သို့သော်လည်း ဤကိစ္စရပ်၌ သူ တတ်နိုင်သည့်အရာ ကန့်သတ်ချက်ရှိနေလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့အား ပို၍အတွေးနက်စေသည်။

သူက ထွက်ခွာသွားဖို့ပင် တွေးမိသွား၏။

သူက ထင်းယွိစည်းမျဉ်းဥပဒေသကို ကျွမ်းကျင်ဆရာအနေအထားထိ မရောက်ရှိသေးသော်လည်း ပင်မဂီတသင်္ကေတ၏ စွမ်းအားက အံ့မခန်း ဖြစ်၏။ သူ ထွက်ခွာသွားလျှင်ပင် သူက ပြင်ပလောက၌ ဆက်လက်နေထိုင်နိုင်သည်။ အချိန်တချို့ပေးပါက သူသည် ထင်းယွိစည်းမျဉ်းဥပဒေသကို ပိုမိုနက်ရှိုင်းအောင် ဆက်လက်ကျင့်ကြံနိုင်မည် ဖြစ်၏။

သို့သော်လည်း ကောင်းကင်ဘုံကို တစ်လှမ်းတည်းဖြင့် တက်လှမ်းနိုင်မည့် အခွင့်အရေးက သူ့ရှေ့တွင် ရှိနေလေ၏။ ထင်းယွိမြို့သခင်၏ ကိုယ်ပွားကို ဝါးမျိုနိုင်မည့် ဆွဲဆောင်မှုက အရမ်းကို ကြီးမားလွန်းလှသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့က အချိန်တချို့ တွေးပြီးသည့်နောက်တွင် ၇ရက်ကြာ စောင့်ဆိုင်းပြီး ပျော်ရွှင်မှုမြို့သခင်၏ လေးနက်မှုကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

“တကယ်လို့ လေးနက်မှုက မလုံလောက်ဘူးဆိုရင်တော့ ဒီအလောင်းအစားကို မလုပ်တော့ဘူး။ ငါ ထင်းယွိမြို့ကနေ မြန်မြန်ဆန်ဆန် ထွက်ခွာသွားမယ်”

ဝမ်ပေါင်လဲ့က ဆုံးဖြတ်ချက်ချလိုက်ပြီး ထိုကိစ္စကို အာရုံမစိုက်တော့ပေ။ ထိုအစား သူက ဂီတသင်္ကေတကို နားလည်အောင်သာ အသုံးချလိုက်သည်။

သိပ်မကြာခင် ၇ရက်တာ ကုန်ဆုံးသွားပြီး ဝမ်ပေါင်လဲ့နှင့် ပျော်ရွှင်မှုမြို့သခင်ကို သဘောတူထားသည့် နေ့သို့ ရောက်ရှိလာသည်။ ဝမ်ပေါင်လဲ့က ညဘက် ရောက်ရှိသည့်အခါ မျက်လုံးဖွင့်လာသည်။

ယနေ့ညတွင် သူ ရရှိမည့် အကျိုးအမြတ်က သူ ဆက်နေရမလား သွားရမလားဆိုသည့်အရာကို ဆုံးဖြတ်ပေးနိုင်လိမ့်မည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့က ထိုကိစ္စက အလေးအနက် မှတ်ယူထား၏။ သူက စိတ်ထဲ၌ ထိုအရာကို တိတ်တဆိတ် ချင့်ချိန်နေမိသည်။ သူက ဘာမှမလိုအပ်ကြောင်း အတည်ပြုပြီးသည့်နောက်တွင် ကူးသန်းပြောင်းရွှေ့ရေး ကျောက်စိမ်းပြားကို  အသက်သွင်းလိုက်သည်။

သူက လေးကြိုးမျဉ်းဂိုဏ်း၏ အဝင်ဝသို့ ရောက်ရှိလာပြီး အထဲမှ ပစ္စည်းများကို ယူဆောင်လိုက်သည်။ ထို့နောက် သူက အမှောင်ယံ ညထဲ အရှိန်မြှင့်တင်လိုက်၏။

အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် မည်သူမှ လိုက်မလာကြောင်း အတည်ပြုပြီးသည့်နောက် ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲကာ ထင်းယွိကမ္ဘာထဲ ဝင်ရောက်ခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ မျက်မှောင်ကြုတ်မိသွား၏။ သူက အမှောင်ထုထဲ သွေးနီရောင်ဝေါယာဉ် ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။

ထိုသွေးနီရောင်ဝေါယာဉ်က ဝမ်ပေါင်လဲ့ကို တမင် လိုက်ရှာနေဟန်ပေါ်သည်။ ထိုအရာက ပထမတစ်ချက်ကြည့်ရုံဖြင့် အလှမ်းဝေးနေဟန်ပေါ်သော်လည်း နောက်အခိုက်အတန့်လေး၌ ဝမ်ပေါင်လဲ့ရှေ့သို့ ရောက်ရှိလာသည်။ သွေးနီရောင်ဝေါယာဉ်၏ လိုက်ကာအောက်တွင် ပျော်ရွှင်မှုမြို့သခင်၏ ညာဘက်လက် ရှိနေလေ၏။ ထိုအရာက ဝမ်ပေါင်လဲ့ကို အနည်းငယ် ဝှေ့ယမ်းပြပြီးသည့်နောက်တွင် သွေးနီရောင်ဝေါယာဉ်က ဆက်လက်ထွက်ခွာသွားသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီးသည့်နောက်တွင် နောက်မှလိုက်သွားဖို့ ဆုံးဖြတ်လိုက်၏။

နှစ်နာရီကြာလိုက်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း မျက်မှောင်ကြုတ်မိလာသည်။ သို့သော်လည်း သူက စိတ်မရှည်လက်မရှည်ဖြစ်လာသည့်အချိန် အမှောင်ထုထဲ သစ်သားအိမ်တစ်လုံး ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။

သစ်သားအိမ်လား…

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်မိသွားသည်။ ဤသည်က အမှောင်ထုထဲ အဆောက်အဦးတစ်ခုကို မြင်ဖူးသည့် ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။ ပထမအချက်အနေဖြင့် ထင်းယွိမြို့က အမှောင်ထဲတွင် ပုံသဏ္ဍာန်ပေါ်လာသော်လည်း လက်တွေ့၌ ပြင်ပမှ အဆောက်အဦးများကို မမြင်နိုင်ကြောင်း သိထားရမည်။

ထိုအရာက ညအခါ၌ မျဉ်းကြောင်းများအဖြစ်သာ မြင်နိုင်သည့် ထူးထူးဆန်းဆန်းအရာအဖြစ် ပုံပြောင်းလဲသွားတတ်၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့က ထူးထူးဆန်းဆန်း မျဉ်းကြောင်းများ မပါရှိဘဲ သစ်သားအိမ်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

အနီရောင်ဝေါယာဉ်က သစ်သားအိမ်ရှေ့ ရပ်တန့်သွားခဲ့သည်။

ညာဖက်လက်က သစ်သားအိမ်ကို လက်ညှိုးထိုးပြနေ၏။ ထို့နောက် ထိုအရာက ဖြည်းဖြည်းချင်း ရှေ့တိုးသွားကာ အမှောင်ထုထဲ ပျောက်ကွယ်သွားသည်။ ထိုအရာက ဝမ်ပေါင်လဲ့အား ဤနေရာသို့ ခေါ်ဆောင်ပေးလာဟန်ပေါ်၏။

သစ်သားအိမ်ကို ကြည့်နေရင်း ဝမ်ပေါင်လဲ့က စဉ်းစားကြည့်ပြီးသည့်နောက်တွင် အထဲ ဝင်ရောက်ဖို့ ပြင်လိုက်သည်။ သူက သစ်သားတံခါးကို ကိုင်ရင်း အကြည့်များ တောက်ပလာမိ၏။

သစ်သားတံခါးက ကျွီခနဲအတူ ပွင့်သွားပြီး အထဲမှ မြင်ကွင်းကို မြင်လိုက်ရသည်။

အိမ်ထဲ၌ စားပွဲတစ်လုံး ရှိနေသည်။ စားပွဲတစ်လုံးဘေးတွင် လူနှစ်ယောက် ထိုင်နေပြီး သူတို့နှစ်ဦးက အမျိုးသမီးများ ဖြစ်၏။ သူတို့အပြင် အခန်းဝန်းကျင်တွင် လမ်းလျှောက်နေသည့် အမျိုးသားတစ်ဦးလည်း ရှိနေသည်။

အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်က အပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမက အင်မတန် လှပကာ ကြော့ရှင်းသည့် ပုံရိပ်မျိုး ရှိ၏။ သူမ၏ မျက်ဝန်းက ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေပြီး သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အငွေ့အသက်ကပင် အတူတူ ဖြစ်သည်။

တခြားအမျိုးသမီးကမူ ခေါင်းငုံ့ထားလျက် ရှိ၏။ သူမ၏ သွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အမှောင်ထုနှင့် အေးစက်သည့် အရှိန်အဝါတို့က အင်မတန် အားကောင်းနေလေ၏။ အခန်းအတွင်း လမ်းလျှောက်နေသည့် အမျိုးသားကမူ အရပ်မြင့်မားပြီး သစ်သားအိမ်အတွင်း ဒေါသတကြီး ဖြစ်နေဟန်ပေါ်သည်။ သူက ဒေါသကို မထိန်းချုပ်နိုင်သည့်အလား သူ့ ခြေလှမ်းများက ကြမ်းပြင်ကိုပင် ကျွံသွားလုမတတ် ဖြစ်စေ၏။

သူက ထိုသုံးယောက်ကို မြင်လိုက်သည်နှင့် မျက်မှောင်ကြုတ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ အာသီသစည်းမျဉ်းဥပဒေသက ထွက်ပေါ်လာကာ ထပ်ဆင့်ထားသည့် ဂီတသင်္ကေတသုံးသောင်းကျော်ကလည်း အသက်ဝင်လာလုနီးပါး ဖြစ်သွားသည်။

ထိုအရာအတွက် အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့က ထိုသုံးယောက်ကို မြင်လိုက်သည်နှင့် ထိုသုံးယောက်က သူ့အား လှည့်ကြည့်လာ၍ ဖြစ်သည်။

အရပ်ရှည်ရှည် အမျိုးသားက ပျာယာခတ်နေသည်ကို ရပ်တန့်သွားလေ၏။ သူ့မျက်ဝန်းများက နီရဲနေပြီး ဒေါသဖြင့် တောက်လောင်နေသည့်အလား ဖြစ်သည်။ သူက ဝမ်ပေါင်လဲ့ကို စိုက်ကြည့်လိုက်၏။

ထိုသို့သော ခံစားချက်မျိုးက ဝမ်ပေါင်လဲ့အပေါ် သက်ရောက်မှုရှိလာပြီး သူပင် ဒေါသထွက်လာလေသည်။

အပြာရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးက ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည့်အခါ ဝမ်ပေါင်လဲ့အပေါ်တွင် ရှိသည့် သက်ရောက်မှုက ပိုမိုပြင်းထန်လာလေ၏။ သူ့စိတ်နှလုံးသားထဲမှ ဝမ်းနည်းမှုတို့ ထွက်ပေါ်လာကာ သမုဒ္ဒရာတစ်ခုက သူ့ကို ဝါးမျိုလုမတတ် ဖြစ်သွားစေသည်။

ထိုအရာအပြင် ထူးဆန်းသည့် အရာက ခေါင်းငုံ့ထားသည့် အမျိုးသမီး ဖြစ်၏။ သူမက ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည့်အချိန် ဝမ်ပေါင်လဲ့က နှလုံးခုန်မြန်လာမိသည်။ သူ့စိတ်ထဲမှ အားကောင်းသည့် အငြိုးတရားတို့က ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်မှ မထိန်းချုပ်နိုင်စွာ ပျံ့နှံ့သွားသည်။

ထိုစိတ်ခံစားချက်များ ပေါ်ထွက်လာမှုက ဝမ်ပေါင်လဲ့အား သူသည် သုံးပိုင်းအဖြစ် ကွဲထွက်လုနီးပါး ဖြစ်သွားစေသည်။ သူ့အသက်ရှူနှုန်းက မြန်ဆန်လာလေ၏။

ကံကောင်းစွာဖြင့် သူ့မူလဇစ်မြစ်က ထူးကဲသည့်အတွက် ပြိုလဲသွားတော့မည့်ဆဲဆဲတွင် ဝမ်ပေါင်လဲ့က ထိန်းချုပ်လိုက်နိုင်သည်။ အသံကျယ်ကြီးနှင့်အတူ ထိုအရာက သုံးယောက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။

ဝမ်ပေါင်လဲ့ ပေါ်ထွက်လာသည်နှင့် အခန်းအတွင်းရှိ လူသုံးယောက်ကလည်း တစ်နည်းနည်းဖြင့် အံ့အားသင့်သွားကြသည်။ သူတို့က စိတ်ခံစားချက်ကို ထိန်းချုပ်ထားလိုက်ပြီး ဝမ်ပေါင်လဲ့၏ ဇစ်မြစ်ကို အသိအမှတ်ပြုလိုက်၏။

ဝမ်ပေါင်လဲ့အတွက်မူ သူက အိမ်အပြင်ဘက်တွင် ရပ်နေရင်း ထိုသုံးယောက်ကို စိုက်ကြည့်လိုက်သည်။ သူကလည်း သူတို့သုံးယောက်၏ ဇစ်မြစ်ကို မှန်းဆမိလိုက်၏။ အကြောင်းအရင်းကမူ မူလခန္ဓာကိုယ်၏ အရှိန်အဝါကို ထွက်လာစေပြီး တိုက်ခိုက်နိုင်အောင် လုပ်နိုင်သည့်သူများက ပဉ္စမအဆင့်တွင် ရှိကြသည့်သူများသာ ဖြစ်၏။

သူတို့၏ ဇစ်မြစ်သည် ပဉ္စမအဆင့်တွင် ရှိကြောင်း မှန်းဆဖို့ပင် မလိုအပ်တော့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“စိတ်ခံစားချက် ၇ပါးရဲ့ ဒေါသမြို့သခင်၊ ဝမ်းနည်းမှုမြို့သခင်နဲ့ အငြိုးတရားမြို့သခင်တို့ပဲ”

စိတ်ခံစားချက် ၇မျိုးထဲမှ မြို့သခင်သုံးယောက် စုဝေးနေမှုသည် ဝမ်ပေါင်လဲ့အနေဖြင့်ပင် ထင်မှတ်မထားခဲ့မိပေ။ ထိုအခိုက်အတန့်၌ သူက ပျော်ရွှင်မှုမြို့သခင်သည် သူ့မှန်းဆချက်မှ လွတ်မြောက်သွားသည့် အကြောင်းအရင်းကို နားလည်သွားလေ၏။

ထင်းယွိမြို့သခင်၏ ကိုယ်ပွားတစ်ခုက ဒဏ်ရာအပြင်းအထန် ရရှိနေသည့်အခါ စိတ်ခံစားချက်၇မျိုးမှ မြို့သခင်သုံးယောက်က ထွက်ပေါ်လာပြီး တိုက်ခိုက်ကြလျှင် … ထင်းယွိမြို့သခင်၌ ဝှက်ဖဲရှိထားလျှင်ပင် ပျော်ရွှင်မှုမြို့သခင်အနေဖြင့် အောင်အောင်မြင်မြင် လွတ်မြောက်နိုင်မည့် အခွင့်အရေးက အင်မတန် မြင့်မားနေဆဲသာ ဖြစ်၏။

ဤသည်က ပျော်ရွှင်မှုမြို့သခင်၏ လေးနက်မှု ဖြစ်ပေသည်။ သူက  စိတ်ခံစားချက် ၃ မျိုးအကြောင်းကို ပြသပြီး ဝမ်ပေါင်လဲ့ထံ သက်သေပြဖို့ တုံ့ဆိုင်းနေခြင်း မရှိပေ။

All Chapters