← Chapters

ထင်းယွိမြို့သခင်၏ ကျိန်စာ

Vol. 100 Ch. 1391

ထင်းယွိမြို့သခင်၏ ကျိန်စာ

Vol. 100 Ch. 1391

လေးနက်သည်ဟု ပြောရသည့် အကြောင်းအရင်းကမူ ထိုစိတ်ခံစားချက် ၃ပါးသည် အမှောင်ထဲ၌ မလှုပ်ရှားရဲကြပေ။ သူတို့လှုပ်ရှားသည်နှင့် ထင်းယွိမြို့သခင်က သေချာပေါက် အာရုံခံမိလိမ့်မည်။ ထို့ကြောင့် ထိုအန္တရာယ်များပုံပေါ်သည့် တွေ့ဆုံမှုသည် ဝမ်ပေါင်လဲ့အတွက် အန္တရာယ် ရှိမနေပေ။

လက်တွေ့၌ သူက ပင်မခန္ဓာကိုယ်၏ အဓိကအဆင့်အတန်း မရှိလျှင်ပင် ယခုကဲ့သို့ ထင်းယွိကမ္ဘာထဲ ဝင်ရောက်လိုက်သည့်အခါ စိတ်ခံစားချက်များကို ရှောင်ရှားနိုင်ဆဲ ဖြစ်၏။

အိမ်အပြင်ဘက်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့က အထဲဝင်ဖို့ မရွေးချယ်ခဲ့ပေ။ သူက သစ်သားအိမ်၏ အတွင်းနှင့် အပြင်သည် ကွဲပြားသည့် ကမ္ဘာနှစ်ခုဖြစ်ကြောင်း ခံစားမိ၏။ သူတို့သုံးဦးက ထိုအရာကို ဖန်တီးကာ အမှောင်ထဲ ဆင်းသက်လာအောင် လုပ်ထားသည်မှာ သိသာလှသည်။ ထိုအရာကို ထင်းယွိမြို့သခင် အာရုံမခံမိအောင် သေချာသိုဝှက်ထား၏။ သို့သော်လည်း သူ အိမ်ထဲ ဝင်ရောက်လိုက်သည်နှင့် ထိုသုံးဦး၏ ပိုင်နက်ထဲ ရောက်ရှိသွားသလို ဖြစ်သွားလိမ့်မည်။

“ဒါက ကိုယ်ပွားတစ်ခုပဲလား”

“စိတ်ဝင်စားစရာပဲ။ အဲဒါဆိုတော့ အာသီသမြို့သခင်က မင်းအတွက်နဲ့ ထင်းယွိမြို့သခင်ကို တိုက်ခိုက်ခဲ့တာပေါ့”

“ဟူး”

ထိုလူသုံးယောက်ဆီမှ အသံသုံးသံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဝင်ရောက်လာသည်။ သို့သော်လည်း နဂိုခန္ဓာ၏ အရှိန်အဝါအောက်တွင် ထိုသူသုံးဦးက သူတို့ကိုယ်သူတို့ ချုပ်ထိန်းထားမှုကြောင့် ယခင်ကဲ့သို့ တူညီသည့် စိတ်ခံစားချက် အနှောင့်အယှက်မျိုး မဖန်တီးခဲ့ပေ။

“ကြီးကျယ်တဲ့ အပြုအမူမျိုးပဲ” ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ပြောလိုက်၏။ သူက ပျော်ရွှင်မှုမြို့သခင်ဆီမှ နောက်ဆုံးမေးခွန်း၏ အဖြေကို အတည်ပြုထားပြီးသား ဖြစ်သည်။ ပျော်ရွှင်မှုမြို့သခင်တွင် တခြားသော ရည်ရွယ်ချက်များ ရှိနေသော်လည်း သူတို့ထဲမှ တစ်ခုက သေချာပေါက် လွတ်မြောက်ဖို့ရာအတွက် ဖြစ်သည်။

ဝမ်ပေါင်လဲ့က ပျော်ရွှင်မှုမြို့သခင် ပေးထားသည့် ကျောက်စိမ်းပြားကို လွန်ခဲ့သည့် ခုနစ်ရက်အတွင်း လေ့လာကြည့်ခဲ့သည်။ ကျောက်စိမ်းပြားထဲတွင် ပါဝင်သည့် ကျင့်ကြံရေး နည်းစနစ်က အတော်လေး ထူးကဲကြောင်း ဝန်ခံရပေမည်။ ထိုအရာက ဝါးမျိုသည့် ဖြစ်စဉ်ကို ပြောင်းပြန်လှန်ပစ်နိုင်ချေ ရှိ၏။

ပျော်ရွှင်မှုမြို့သခင်က ဝမ်ပေါင်လဲ့၏ စိုးရိမ်မှုကို မှန်းဆမိထားသည်။ စိတ်ခံစားချက် ၇မျိုးမှ မြို့သခင်သုံးယောက်သည် ထိုအရာကို ကောင်းကောင်းသိထားကြ၏။ ထို့ကြောင့် ဒေါသမြို့သခင်က ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြောလာသည်။

“မင်းဆီမှာ ငါတို့ကို မေးစရာရှိတယ်ဆိုရင် ငါတို့ဖြေပေးမယ်”

ဝမ်ပေါင်လဲ့၏ အမူအရာက အလေးအနက်ဖြစ်ကာ ထိုသုံးဦးကို ကြည့်လိုက်သည်။ သူက ဤကဲ့သို့သော အဆင့်အနေအထားမှ ကျင့်ကြံသူများသည် အလိမ်အညာကို စက်ဆုပ်ကြကြောင်း သိထားလေ၏။ သူတို့သုံးဦး၏ တာအိုကလည်း အလိမ်အညာနှင့် ပဋိပက္ခ ဖြစ်နေသည်။

သို့သော်လည်း အရာအားလုံးကလည်း အကြွင်းမဲ့ဟူ၍ မရှိပေ။ ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ခင်ဗျားတို့သုံးဦးရဲ့ စွမ်းရည်နဲ့ဆိုရင် ခင်ဗျားတို့ ရုတ်တရက်ရောက်လာပြီးတော့ ပျော်ရွင်မှုမြို့သခင်ကို ကယ်ဆယ်နိုင်မဲ့ အခွင့်အရေးက အတော်လေး မြင့်မားတယ်။ ဘာလို့ ကျုပ် အကူအညီကို လိုတာလဲ”

“ပျော်ရွှင်မှုမြို့သခင်ရဲ့ တကယ့်ရုပ်ခန္ဓာက ညအမှောင်ယံထဲမှာရှိပြီးတော့ သူ့အသိစိတ်က ထင်းယွိကမ္ဘာထဲမှာ ရှိတယ်။ တကယ်လို့ ရှေ့တစ်ခုပဲ ဆိုရင် ငါတို့က အောင်မြင်နိုင်ချေ ရာနှုန်းပြည့်ရှိပေမဲ့ နောက်တစ်ခုဆိုရင်တော့ ထင်းယွိမြို့သခင်ရဲ့ ကိုယ်ပွားနှစ်ယောက်နဲ့ အဓိကရင်ဆိုင်ရလိမ့်မယ်။ ဆိုလိုတာက ငါတို့က အဲဒီမှာ ဖိနှိပ်ခံထားရပြီးတော့ အားနည်းသွားလိမ့်မယ်။ အောင်မြင်နိုင်ချေက ၅၀ ရာခိုင်နှုန်းပဲရှိတော့တယ်”

ဒေါသမြို့သခင်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“အစတုန်းက ငါတို့က ဒီကိစ္စကို ရှေ့တိုးဖို့ ပြင်ဆင်ထားတာ။ အောင်မြင်မြင် မအောင်မြင်မြင် အကောင်းဆုံး လုပ်ဖို့ပဲ။ ပျော်ရွှင်မှုမြို့သခင်ကလည်း အဲဒီအကြောင်းကို တွေးထားပြီးသား။ ဒါပေမဲ့ မင်း ပေါ်ထွက်လာတာက ငါတို့အတွက် အကြွင်းမဲ့အောင်မြင်မှုကိုရမဲ့ မျှော်လင့်ချက် ပြသတာပဲ”

“အဲဒါကြောင့် မင်းက ထင်းယွိမြို့သခင်ရဲ့ ဂီတတာအိုကိုယ်ပွားကို ဝါးမျိုဖို့ လိုတယ်။ အဲဒါက အချိန်ဆွဲထားရုံသက်သက်တင် မဟုတ်ဘူး။ နောက်ဟာက အရမ်းကြီးသက်ရောက်မှု မရှိဘူးဆိုပေမဲ့ ရှေ့တစ်ခုက ငါတို့နဲ့ တိုက်ခိုက်ဖို့နဲ့ ပျော်ရွှင်မှုမြို့သခင်ကို လွှတ်ပေးမှာ မဟုတ်တာကို ယှဉ်လိုက်မယ်ဆိုရင် ထင်းယွိမြို့သခင်က သူ့ကိုယ်ပိုင်အာဏာရဲ့ အရှံးအမြတ်ကို ပိုပြီး ဂရုစိုက်တယ်။”

“အဲဒါကြောင့် မင်းသာ ပါဝင်မယ်ဆိုရင် ငါတို့တွေ သေချာပေါက် အောင်မြင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိတယ်။” နောက်ဆုံးစကားကို ဝမ်းနည်းမှုမြို့သခင်မှ ပြောလိုက်ခြင်း ဖြစ်၏။

“ကျုပ်က ထင်းယွိမြို့သခင်ရဲ့ ကိုယ်ပွားကို ဝါးမျိုတာ အောင်မြင်လိမ့်မယ်လို့ ဘယ်လိုအာမခံပေးမှာလဲ” ဝမ်ပေါင်လဲ့က မေးလိုက်သည်။

“ပထမဦးဆုံး ထင်းယွိမြို့သခင်က မင်းခန္ဓာကိုယ်ကို သိမ်းပိုက်လိုက်ပြီး ပြန်ကောင်းလာတာနဲ့ ငါတို့က ပျော်ရွှင်မှုမြို့သခင်ကို ကယ်ဆယ်ရေး အောင်မြင်သွားရင်တောင် ငါတို့က သူ့ကြောင့် အမဲလိုက်ခံရဦးမှာပဲ။ ဒီအခြေအနေက ငါတို့အတွက် အန္တရာယ်များပြီး ငါတို့မှာ လိုချင်တဲ့ အရာမျိုး မဟုတ်ဘူး။ အဲဒါကြောင့် ထင်းယွိမြို့သခင်ကို မင်းက အောင်အောင်မြင်မြင် ဝါးမျိုနိုင်ပြီးတော့ ထင်းယွိမြို့သခင်ကို အပြီးတိုင်အားနည်းအောင် လုပ်ရမယ်။

ဒါက မင်းအတွက်ပဲ မဟုတ်ဘူး။ ငါတို့အတွက်ပဲ။ အဲဒါကြောင့် အခြေအနေက ပြောင်းလဲသွားပြီ။ ထင်းယွိမြို့သခင်က ပျော်ရွှင်မှုမြို့သခင်ကို ကယ်ဆယ်ဖို့ ငါတို့ကို လာပြီး တားဆီးမှာ မဟုတ်တော့ဘူး။ အဲဒီအစား ငါတို့က ထင်းယွိမြို့သခင်ရဲ့ ကိုယ်ပွားနှစ်ယောက်ကို မင်း ဝါးမျိုတာကို မနှောင့်ယှက်အောင် တားဆီးပေးမယ်။ ဘယ်လိုသက်သေပြရမလဲဆိုရင်တော့ ငါတို့က ကိုယ်ပိုင်တာအိုနဲ့ ကျိန်ဆိုနိုင်တယ်”

ဒေါသမြို့သခင်၏ အသံက မိုးကြိုးသံလို ပဲ့တင်ထွက်လာသည်။

ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေပြီး ပြောလိုက်သည်။

“အဲ့လိုဆိုရင် ပြောင်းပြန်ဝါးမျိုရေး ကျင့်စဉ်ကိုရော ဘယ်လိုအာမခံပေးမှာလဲ”

“ကျင့်စဉ်ကို ပြောင်းပြန်လှန်လိုက်တဲ့အချိန်မှာ မင်း တစ်ယောက်တည်းပဲ လှုပ်ရှားရမှာ မဟုတ်ဘူး။ ငါတို့အတူတူ လှုပ်ရှားရမှာ” ဒေါသမြို့သခင်က ပြောလိုက်သည်။ သူက ညာဖက်လက်ကို မြှောက်ကာ သူ့နဖူးသူ ထိလိုက်၏။ ထို့နောက် သူက ဒေါသအပြည့် ပါဝင်နေသည့် အရှိန်အဝါအမျှင်တစ်ခုကို ဆွဲယူလာ၏။ ထို့နောက် ထိုအရာက သူ့လက်ထဲ တာအိုမျိုးစေ့အဖြစ် ပြောင်းလဲသွားသည်။

 တစ်ချိန်တည်းဆိုသလို ဝမ်းနည်းမှုမြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့ကလည်း တူညီစွာ လုပ်ဆောင်လိုက်ကြသည်။ သူတို့က သူတို့၏ ကိုယ်ပိုင်စည်းမျဉ်းဥပဒေသ တစ်စိတ်တစ်ပိုင်းကို ထုတ်ကာ တာအိုမျိုးစေ့အဖြစ် ဖွဲ့စည်းလိုက်ကြသည်။ သူတို့သုံးဦးက သူတို့နှင့် တာအိုမျိုးစေ့ကြားမှ ဆက်နွယ်မှုကို ဖြတ်တောက်ပြီး ဝမ်ပေါင်လဲ့ရှေ့၌ပင် သူတို့တာအိုမျိုးစေ့ပေါ်မှ အမှတ်အသားကိုပင် ရှင်းထုတ်ပစ်ခဲ့သည်။

သူတို့က တာအိုမျိုးစေ့သုံးခုအား သန့်စင်ကာ ပိုင်ရှင်မဲ့ပစ္စည်းအဖြစ် ပြောင်းလဲလိုက်ကြ၏။ ထိုအရာကို ရရှိလိုက်ကြသည့်သူတိုင်းက စည်းမျဉ်းသုံးခု၏ စွမ်းအားကို ပိုင်ဆိုင်နိုင်လိမ့်မည်။

ဤသည်က အဆုံးသတ် မဟုတ်သေးပေ။ နောက်အခိုက်အတန့်၌ ဒေါသမြို့သခင်က လက်ကိုဝှေ့ယမ်းလိုက်ပြီး နောက်ထပ်တာအိုမျိုးစေ့တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက အားကောင်းသည့် ပျော်ရွှင်မှုတို့ ထုတ်လွှတ်နေလေ၏။

ဤသည်က ပျော်ရွှင်မှုတာအိုမျိုးစေ့ ဖြစ်ပေသည်။

“ဒီတာအိုမျိုးစေ့လေးခုက မင်းအတွက် ပေါင်းစည်းဖို့ … ဒီနည်းနဲ့ဆိုရင် မင်းက ပြောင်းပြန်ဖြစ်စဉ်ကို လုပ်ပြီးတော့ ဝါးမျိုတဲ့အခါမှာ ဒဏ်ရာရနေတဲ့ ထင်းယွိမြို့သခင်ကိုယ်ပွားကို ဖိနှိပ်နိုင်လိမ့်မယ်။ အဲဒီအခါကျရင် မင်း သေချာပေါက် အောင်မြင်လိမ့်မယ်။”

ဝမ်ပေါင်လဲ့၏ အကြည့်များက တောက်ပလာလေ၏။ သူက ပြောင်းပြန်ကျင့်စဉ်ကို လေ့လာထားသည့်အတွက် တာအိုမျိုးစေ့လေးခု၏ စည်းမျဉ်းဥပဒေသနှင့် သူ့အာသီသစည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်းဥပဒေသတို့ကို ပေါင်းစည်းလိုက်ပြီး စည်းမျဉ်း ၆ခု၏ ထောက်ပံ့မှုတို့ဖြင့် ဒဏ်ရာအပြင်းအထန် ရရှိနေသည့် ကိုယ်ပွားကို ရင်ဆိုင်ဖို့ရာ ကျရှုံးနိုင်ချေ မရှိပေ။

သူက သေချာပေါက် အောင်မြင်လိမ့်မည်။

ထိုအခိုက်အတန့်၌ တစ်ဖက်သူ ပေးသည့် အဖြေနှင့် လေးနက်မှုတို့က လုံလောက်နေပြီ ဖြစ်၏။

ဝမ်ပေါင်လဲ့စိတ်ထဲမှ ချိန်ခွင်က တစ်ဖက်သို့ ယိမ်းသွားလေ၏။ သို့သော်လည်း သူက ဆုံးဖြတ်ချက် ချက်ချင်း မချသေးပေ။ ထိုအစား သူက နောက်အခိုက်အတန့်တွက် ပြင်ဆင်ကာ မေးလိုက်သည်။

“နောက်မေးခွန်း”

“ထင်းယွိမြို့သခင်က မီးပြင်းဖိုတွေ အများကြီးလုပ်ထားတယ်ဆိုတော့ သူက သူတို့ကို ဘာလို့ မပူးကပ်ထားရတာလဲ။ ဘာလို့ ပထမနေရာ ပူးကပ်တဲ့အထိ စောင့်နေရတာလဲ။ ဒါက သိပ်အကျိုးအကြောင်း မသင့်ဘူးမလား”

ဤသည်က မေးခွန်း၏ အဓိကအချက်ဖြစ်ကာ ဝမ်ပေါင်လဲ့အနေဖြင့် ယခင်က နားမလည်ခဲ့သည့် အရာတစ်ခု ဖြစ်ပေသည်။

“အဲဒါက နတ်ဘုရားက ပေးထားတဲ့ ကျိန်စာကြောင့်ပဲ။ သူမ ဖန်တီးထားတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက အားအကောင်းဆုံး တပည့်ကို ပူးကပ်ရမှာလေ။ အဲဒါက ထာဝရအတွက် ဖြစ်ပြီးတော့ သူမက သူမရဲ့ ကိုယ်ပိုင်တပည့်ကို ကာကွယ်ဖို့အတွက် နတ်ဘုရားဆီမှာ ဦးညွှတ်ဖို့ ရွေးချယ်ခဲ့တဲ့အတွက် သူမကို အရှက်ကွဲမှုပဲ”

“နတ်ဘုရားက အဲ့လိုလုပ်ရတာကို သဘောကျတယ်”

“နတ်ဘုရားရဲ့ အမြင်မှာ အညံ့မခံတဲ့သူတွေကို သဘောကျပေမဲ့ အညံ့ခံတဲ့သူတွေအတွက်ကိုတော့ တစ်သက်လုံး နာကျင်နေတာကို မြင်ချင်တာ။ နမူနာအနေနဲ့ဆိုရင် ထင်းယွိမြို့သခင်က သူမရဲ့ တပည့်ကို ကာကွယ်ဖို့အတွက် မဟာမိတ်ကို သစ္စာဖောက်ပြီး နတ်ဘုရားထံ ဦးညွှတ်ဖို့ ရွေးချယ်ခဲ့တာ။ အဲဒီနောက် နတ်ဘုရားနောက် သူမ တစ်ဘဝလုံး သူမ ကာကွယ်ချင်တဲ့ တပည့်တွေကို ဝါးမျိုပြီး အသက်ဆက်ဖို့ ကျိန်စာချခဲ့တာပဲ”

“အဲဒါကြောင့် မင်း ပေါ်ထွက်လာပြီး နံပါတ်တစ်ဖြစ်တာနဲ့ ထင်းယွိမြို့သခင်က မင်းကို ဝါးမျိုဖို့ သေချာပေါက် ရွေးချယ်လိမ့်မယ်။ အဲဒါက အရင်တာအိုကလေးငယ်တွေအတိုင်းပဲ။ သူတို့ကို သူမရဲ့ အသက် ကာကွယ်ဖို့ ဝါးမျိုခဲ့လို့ တပည့်နည်းနည်းပဲ ကျန်တော့တယ်။ သူမက နှစ်တွေတစ်လျှောက်လုံးမှာ အများကြီးကို စားသုံးခဲ့ပြီးပြီ”

ထိုအရာကို ကြားကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားလေ၏။

All Chapters