← Chapters

ပေါင်းစည်းမှု

Vol. 100 Ch. 1392

ပေါင်းစည်းမှု

Vol. 100 Ch. 1392

ဒေါသမြို့သခင်၏ စကားက ဝမ်ပေါင်လဲ့အား အာသီသမြို့သခင်၏ ပင်မခန္ဓာသည် ဒယ်စောက်ကြီးဖြစ်နေကြောင်း အမှတ်ရသွားစေ၏။ ဤသည်က အာသီသမြို့သခင်နှင့် အတူတူသာ ဖြစ်သည်။ သူတို့က ကျိန်စာအောက်တွင် ခံစားနေရ၏။ သူတို့က အသက်ရှင်ခဲ့ကြသော်လည်း ယခုတွင်ပင် မလွတ်မြောက်နိုင်သေးပေ။

ထိုအရာအားလုံး၏ အကြောင်းအရင်းက နတ်ဧကရာဇ် ဖြစ်၏။

ဝမ်ပေါင်လဲ့က တိတ်ဆိတ်သွားပြီး သူ့မျက်ဝန်းအထက် စိတ်ရှုပ်ထွေးသည့် အမူအရာမျိုး ရှိနေသည်။ တတိယကမ္ဘာတွင် သူ တွေ့လာသည့် လျှို့ဝှက်ချက်များဖြင့် ပေါင်းစည်းလိုက်သည့်အခါ တချို့ကို သိလာမိသည်။

ပထမတစ်ချက် မူလစကြဝဠာတာအိုနေရာ၏ ကောင်းကင်ယံထဲတွင်ရှိသည့် စစ်သူကြီး ၁၀၈ ယောက်က နတ်ဧကရာဇ်နှင့် ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွှဲခဲ့သည်။ နတ်ဧကရာဇ်က နောက်ဆုံးတွင် အနိုင်ရရှိသွားပြီး စစ်သူကြီး ၁၀၈ယောက်အနက် အများစုက တတိယကမ္ဘာတွင် ဖိနှိပ်ခံထားရပြီး ဘက်ထရီကဲ့သို့ တည်ရှိမှုအဖြစ် ပြောင်းလဲခံထားရသည်။ သူတို့က နတ်ဧကရာဇ်အား ပြန်လည်ကုစားမည့် အရင်းအမြစ်အဖြစ် အာဟာရဖြည့်ပေးနေရသည်။

စစ်သူကြီး ပမာဏအနည်းငယ်ကမူ သူတို့၏ မဟာမိတ်များကို စွန့်ပယ်ပြီး အကြောင်းအရင်းမျိုးစုံကြောင့် ဤနတ်ဧကရာဇ်ထံ ဦးညွှတ်ခဲ့ရသည်။ သို့သော် သူတို့ကို စောင့်ကြိုနေသည့်အရာက ပိုမိုကောင်းမွန်မနေခဲ့ပေ။ သူတို့က ဒုတိယကမ္ဘာတွင် နေထိုင်ကြသော်လည်း သူတို့ကို စောင့်ကြိုနေသည့်အရာက နတ်ဧကရာဇ်ဆီမှ ကျိန်စာသာ ဖြစ်၏။

ကျိန်စာက သူတို့၏ အသိစိတ်ကို ဆက်လက်ဝါးမျိုပြီး ဝိညာဉ်ကို လောင်ကျွမ်းစေသည်။ နေ့နေ့ညညအချိန်တိုင်း သူတို့က မဖော်ပြနိုင်ဖွယ် နာကျင်မှုမျိုးကို ခံစားရစေသည်။

ဤသည်က ဒေါသမြို့သခင် ပြောခဲ့သည်နှင့် အတူတူသာ ဖြစ်၏။

နတ်ဧကရာဇ်က အညံ့ခံဖို့ ငြင်းဆန်းသူများကို လေးစားသော်လည်း အညံ့ခံသည့်သူများကို တစ်သက်လုံး နာကျင်နေသည်ကို မြင်တွေ့လိုသည်။ ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူက ပထမကမ္ဘာမှ အစောင့်အရှောက်အကြောင်း တွေးမိသွားလေ၏။

အစမှအဆုံးထိ သူသည် အစောင့်အရှောက်နှင့် အမှန်တကယ် မတွေ့ဆုံခဲ့ပေ။ သို့သော်လည်း သူတို့အကြိမ်ရေတချို့ တိုက်ခိုက်ပြီးသည့်နောက်တွင် သူက အနည်းနှင့်အများ မှန်းဆချက်တချို့ရှိလာလေ၏။

ခဏအကြာတွင် ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။

သူက ဤကမ္ဘာကြီးကို ရုတ်တရက် ဖျက်ဆီးပစ်လိုမိသည်။ ဤသည်က သူ့ပင်မခန္ဓာကိုယ်နှင့် နတ်ဧကရာဇ်ကြားမှ ကံအနှောင်အဖွဲ့ကြောင့် မဟုတ်ဘဲ သူ့ကိုယ်ပိုင်ရည်ရွယ်ချက်ကြောင့် ဖြစ်၏။ သူက ဤသို့သော ကမ္ဘာမျိုးသည် မတည်ရှိသင့်ကြောင်း ခံစားမိသည်။

“ဒါက ငါတို့ဘက်က ပေးတဲ့ အဖြေပဲ။ မင်းဘက်က အဖြေလည်း သိချင်တယ်” ဒေါသမြို့သခင်က ဝမ်ပေါင်လဲ့ကို ကြည့်ကာ ပြောလိုက်သည်။

ဝမ်းနည်းမှုမြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့ကလည်း ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ကို ကြည့်လာကြသည်။

ဝမ်ပေါင်လဲ့က ခေတ္တမျှတိတ်ဆိတ်သွားပြီး ညာဖက်လက်ကို မြှောက်ကာ သစ်သားအိမ်ကို ဆွဲယူသည့်ဟန် ပြုလုပ်လိုက်သည်။ ချက်ချင်းဆိုသလို တာအိုမျိုးစေ့လေးခုက သူ့ဆီ ပျံသန်းသွားလေ၏။

ထိုဖြစ်စဉ်အတွင်း ဒေါသမြို့သခင်က မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကို တားဆီးရပ်တန့်မှုမရှိပေ။ ဝမ်းနည်းမှုမြို့သခင်နှင့် အငြိုးတရားမြို့သခင်တို့ကလည်း အတူတူသာ ဖြစ်၏။ သူတို့က ဝမ်ပေါင်လဲ့ကို ဆက်ပြီးစိုက်ကြည့်နေကြသည်။

တာအိုမျိုးစေ့လေးခုက ဝမ်ပေါင်လဲ့ဆီ ရောက်ရှိလာသည့်အခါ သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီး သိမ်းဆည်းကာ ပြောလိုက်သည်။

“အပေးအယူဖြစ်ပြီ”

ထိုသို့ပြောပြီးသည့်နောက်တွင် ဒေါသမြို့သခင်က ခေါင်းညိတ်လိုက်သည်။ သူက လက်တစ်ချက်အဝှေ့တွင် အိမ်တစ်ခုလုံးက ဝေဝါးသွားပြီး နောက်အခိုက်အတန့်လေး၌ ပျောက်ကွယ်သွားလေသည်။ အသက်ရှိုက်စာ အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် မြို့သခင်သုံးယောက်နှင့်အတူ သစ်သားအိမ်ငယ်လေးက အမှောင်ယံညထဲမှ ပျောက်ကွယ်သွားလေ၏။

ဝမ်ပေါင်လဲ့က ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေလေသည်။ သူလှည့်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်က ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲသွားပြီး သူ ရှိနေသည့်နေရာမှ ပျောက်ကွယ်သွားလေ၏။

ညက ဖြည်းဖြည်းချင်းကုန်ဆုံးသွားပြီး မိုးသောက်ယံသို့ ရောက်ရှိလာစဉ် ဝမ်ပေါင်လဲ့၏ ပုံရိပ်က စားသောက်ဆိုင်အတွင်း ပေါ်ထွက်လာသည်။

အလင်းတန်းက ဖြာကျလာပြီး အမှောင်ထုကို ပျောက်ကွယ်သွားစေ၏။

သူ တိတိကျကျသွားလာနိုင်သည့် အကြောင်းအရင်းကမူ ဝမ်ပေါင်လဲ့၏ ထူးထူးဆန်းဆန်း အသွင်ပြောင်းမှုအပြီးတွင် သူ ရှိနေသည့်ကမ္ဘာကို မည်သူကမှ မဝင်ရောက်နိုင်ခြင်း ဖြစ်၏။ ထိုကမ္ဘာထဲတွင် သူက သူ့နေရာကို အတိအကျ ရှာဖွေနိုင်ပြီး သူ နေသည့် စားသောက်ဆိုင်ကိုလည်း ရှာဖွေနိုင်သည်။

သူ့ပုံရိပ်ပေါ်ထွက်လာသည့်အခါ ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ပြီး ပြတင်းပေါက်ကို ဖွင့်ပြီး လင်းထိန်နေသည့် အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ခဏအကြာတွင် သူက ပြတင်းပေါက်ကို ပိတ်လိုက်သည်။

သူက တင်ပျဉ်ခွေထိုင်ကာ ညာဖက်လက်ကို မြှောက်လိုက်၏။ ထို့နောက် သူ့ဝန်းကျင်၌ အတားအဆီးစွမ်းအားတချို့ ပေါ်ထွက်လာကာ အရှိန်အဝါပျံ့နှံ့လာမှုကို ကာကွယ်ထားသည်။ သူက အသက်ပြင်းပြင်းရှူကာ တာအိုမျိုးစေ့ထဲမှ ပျော်ရွှင်မှုတာအိုမျိုးစေ့ကို ထုတ်ယူလိုက်၏။

သူ ထိုအရာကို ထုတ်ယူလိုက်သည်နှင့် တာအိုမျိုးစေ့မှ အံ့မခန်းအရှိန်အဝါ ထုတ်လွှတ်လာကာ ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသား၌ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်လာစေသည်။

သူက ထိုအရာကို ချက်ချင်း မစုပ်ယူသေးဘဲ သေသေချာချာ အကဲဖြတ်ကြည့်လိုက်သည်။ သူက ပြဿနာမရှိကြောင်း သေချာသည့်အခါမှသာ နဂိုခန္ဓာ၏ အရှိန်အဝါကို ထုတ်လွှတ်ပြီး ဖိနှိပ်လိုက်သည်။

သူက အကြိမ်များစွာ စစ်ဆေးကြည့်လိုက်ပြီး ဘာမှထူးဆန်းသည့်အရာ မတွေ့ရပေ။ ထို့နောက် သူက ပျော်ရွှင်မှုတာအိုမျိုးစေ့ကို လက်ဝါးအတွင်း ပေါင်းစည်းလိုက်၏။ သူ့အသွေးအသားနှင့် ပေါင်းစည်းပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ ပျော်ရွှင်မှုအငွေ့အသက် ထွက်ပေါ်လာသည်။

ကံကောင်းစွာဖြင့် သူ့အာသီသစည်းမျဉ်းဥပဒေသနှင့် ထင်းယွိစည်းမျဉ်းဥပဒေသတို့က ထူးကဲနေပြီ ဖြစ်၏။ ထို့အပြင် သူ့ရုပ်ခန္ဓာကလည်း ဖိနှိပ်ထားနိုင်သည့် သက်ရောက်မှုမျိုး ရှိလာသည်။ ပို၍အရေးကြီးသည်က တာအိုမျိုးစေ့ပေါ်တွင် အမှတ်အသားဟူ၍ မရှိပေ။ ထိုအရာက အင်မတန် သန့်စင်နေသည့်အတွက် ဝမ်ပေါင်လဲ့အား အဟန့်အတားမရှိ စုပ်ယူခွင့်ပြုထားသည်။

အမှတ်အသား မပါရှိသည့် တာအိုမျိုးစေ့က ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသ၏ တစ်စိတ်တစ်ပိုင်း ဖြစ်၏။ ထိုအရာကို ရရှိသည့်သူတိုင်းက စွန့်စားစရာမလိုဘဲ ပြီးပြည့်စုံစွာ စုပ်ယူနိုင်လိမ့်မည်။

ထို့အပြင် ဝမ်ပေါင်လဲ့ကိုယ်တိုင်က အရှိန်အဝါတချို့ကို ဖိနှိပ်ပြီး ပျော်ရွှင်မှုစည်းမျဉ်းဥပဒေသကို နားလည်အောင် လုပ်လိုက်သည်။ ထို့ကြောင့် ပေါင်းစည်းမှုထဲ၌ အလှည့်အပြောင်းဟူ၍ မရှိပေ။ သူ စုပ်ယူလိုက်သည်နှင့် သူ့အသိစိတ်ပင်လယ်အတွင်း ထူးကဲသည့် အမှတ်အသားတစ်ခု ပေါ်ထွက်လာသည်။ ထိုအမှတ်အသားက အပြုံးမျက်နှာ ဖြစ်၏။ သေချာအနီးကပ်ကြည့်ပါက ထိုပြုံးနေသည့် မျက်နှာသည် ဝမ်ပေါင်လဲ့ဖြစ်ကြောင်း မြင်ရလိမ့်မည်။

စိတ်ခံစားချက်၇ပါးနှင့် လိုအင်ဆန္ဒ ၆ပါးတို့ကြောင့် ကွဲပြားနေသည့် အချက်များ ရှိနေသည်။ နောက်တစ်ခုက အမှတ်အသား ဖြစ်ပြီး ရှေ့တစ်ခုကမူ လူသားမျက်နှာ ဖြစ်၏။ တစ်ခုတည်းသော ခြားနားချက်က သူတို့၏ အမူအရာသည် ကွဲပြားနေပြီး သူတို့၏ တုံ့ပြန်မှုကလည်း ကွဲပြားနေသည်။

အပြုံးမျက်နှာ ဖွဲ့စည်းလာသည်နှင့် ဝမ်ပေါင်လဲ့၏ မျက်နှာက တုန်ယင်သွားလေ၏။ သူ့အာသီသစည်းမျဉ်းဥပဒေသက အတားအဆီးကြားမှ ထွက်ပေါ်လာသည်။ ထိုအရာက ထင်းယွိစည်းမျဉ်းဥပဒေသအတွက်လည်း အတူတူသာ ဖြစ်၏။

စိတ်ခံစားချက်၇ပါးနှင့် လိုအင်ဆန္ဒ၆ပါးတို့က အချင်းချင်း လိုက်ဖက်ညီနေဟန်ပေါ်သည်။

ထိုတိုးတက်လာမှုတို့က သိပ်မကြီးမားသော်လည်း ဝမ်ပေါင်လဲ့က တိုးတက်လာမှု ဆက်တိုက်ဖြစ်ပေါ်လာကြောင်း ခံစားမိလိုက်သည်။ ထိုအရာက ဖြည်းဖြည်းချင်း ဆက်တိုက် ဖြစ်ပေါ်နေ၏။

ထိုအရာက ဝမ်ပေါင်လဲ့၏ အကြည့်အား တောက်ပလာစေသည်။ ခေတ္တမျှတိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ဒုတိယမြောက်တာအိုမျိုးစေ့ကို ထုတ်ယူလိုက်သည်။ ထိုအရာက ဝမ်းနည်းမှုတာအိုမျိုးစေ့ ဖြစ်၏။ ထိုအရာကို သေသေချာချာလေ့လာပြီးသည့်နောက်တွင် ပြဿနာမရှိကြောင်း အတည်ပြုလိုက်နိုင်သည်။ သူက တုံ့ဆိုင်းမနေတော့ဘဲ ပျော်ရွှင်မှုတာအိုမျိုးစေ့ကို ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းလိုက်၏။ သိပ်မကြာခင် သူ့ခန္ဓာကိုယ်က တုန်ယင်သွားပြီး အငိုမျက်နှာနှင့် တူသည့် အမှတ်အသားတစ်ခုက သူ့အသိစိတ်ပင်လယ်အတွင်း ပေါ်ထွက်လာသည်။ ထိုအရာက ပေါက်ကွဲမှုအသေးစားလေးနှင့် တူညီပြီး ဆက်တိုက် တိုးပွားနေလေ၏။

ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်သည်။ နောက်အခိုက်အတန့်လေး၌ သူက အငြိုးတရားတာအိုမျိုးစေ့နှင့် ဒေါသတာအိုမျိုးစေ့တို့ကို ခန္ဓာကိုယ်ထဲ စုပ်ယူလိုက်သည်။ ထူးခြားသည့် မျက်နှာလေးခုက သူ့အသိစိတ်ပင်လယ်ထဲ တောက်ပနေသည့်အခါ ဝမ်ပေါင်လဲ့၏ အာသီသစည်းမျဉ်းဥပဒေသက ကန့်သတ်ချက်ကို ချိုးဖောက်ပြီး နယ်နိမိတ်ကို ကျော်လွန်သွားဟန်ပေါ်သည်။

ဝမ်ပေါင်လဲ့က သူ့အာသီသခန္ဓာကိုယ်ကို ထုတ်ပြဖို့ အခွင့်အရေး မရှိသော်လည်း အနည်းဆုံးပေတစ်သောင်းကျော်နေပြီဖြစ်ကြောင်း ခံစားမိသည်။

ထင်းယွိစည်းမျဉ်းဥပဒေသအတွက်မူ ဝမ်ပေါင်လဲ့က သိသိသာသာ တိုးပွားလာကြောင်း ခံစားမိ၏။ သို့သော်လည်း တီးခတ်မှု၌ အပြောင်းအလဲ မရှိပေ။

ထိုအရာက ဝမ်ပေါင်လဲ့ကို အံ့အားသင့်သွားစေ၏။ အချိန်တစ်ခုတွေ့ပြီးသည့်နောက်တွင် သူက သူ့ဘေးပတ်ဝန်းကျင်၌ အတားအဆီးကို ဖယ်ရှားပြီး အခန်းအတွင်း လျှောက်လှမ်းလာသည်။ သူ လျှောက်လှမ်းလာသည်နှင့် စားသောက်ဆိုင်အတွင်းမှ ဆူညံသံတစ်ခုကို ကြားလိုက်ရ၍ မျက်မှောင်ကြုတ်လိုက်သည်။

ထို့နောက် သူ့အသက်ရှူနှုန်းက အနည်းငယ် မြန်ဆန်လာလေ၏။ မျက်စိတစ်မှိတ်အတွင်း သူက စားသောက်ဆိုင်ထဲမှ ထွက်ခွာလာလိုက်သည်။ သူက ထင်းယွိမြို့ထဲ လျှောက်လှမ်းလာကာ စည်ကားအသက်ဝင်နေသည့် အသံများကို ကြားသည့်အခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်ထဲ ဂီတသင်္ကေတတစ်ခုပြီး တစ်ခုဆိုသလို အံ့မခန်းအလျင်နှုန်းဖြင့် ဖြစ်တည်လာသည်။

ဆယ်ခု၊ တစ်ရာ၊ တစ်ထောင်…

အံ့အားသင့်နေသည့် ဝမ်ပေါင်လဲ့က စည်ကားအသက်ဝင်နေသည့်အသံမှ ထင်းယွိစည်းမျဉ်းဥပဒေသသည် လူတစ်ယောက်၏ နားလည်နိုင်စွမ်း သို့မဟုတ် ကျင့်ကြံရေးအလားအလာကို ပြသနေကြောင်း သဘောပေါက်သွားခဲ့သည်။

All Chapters