ထပ်မံ ပေါ်ထွက်လာခြင်း
Vol. 100 Ch. 1393
“ငါ့ရဲ့ ကျင့်ကြံရေးအလားအလာက အဲ့လောက်တောင် ကောင်းနေတာလား” အမြဲတမ်း ဂုဏ်ယူလေ့ရှိသည့် ဝမ်ပေါင်လဲ့က သူ့ကိုယ်သူပင် ထူးဆန်းနေမိသည်။
သူက သံသယဖြစ်ရုံမှအပ ရွေးချယ်စရာ မရှိပေ။ ဤမျှအချိန်တိုတွင်း သူ့ခန္ဓာကိုယ်ထဲတွင် ဂီတသင်္ကေတ တစ်သောင်းနီးပါးအထိ တိုးပွားလာသည့်အတွက် ထပ်ဆင့်သင်္ကေတအရေအတွက်က သုံးသောင်းနီးပါးအထိ ရောက်ရှိသွားလေသည်။ သူက ယခင်က တွေးခဲ့ဖူးသော်လည်း သူ့အနေဖြင့် ထိုအရာကို ရရှိဖို့အတွက် ဆက်တိုက် နားလည်အောင် စဉ်းစားဖို့ လိုအပ်ခဲ့သည်။ သို့သော် ယခုတွင် သူက ဤနေရာတွင်ရပ်ကာ မြို့ထဲမှ ဆူညံသံများကို နားထောင်ရင်း သူ့ခန္ဓာကိုယ်ထဲတွင် ဂီတသင်္ကေတများက ပဲစေ့လိုမျိုး ဆက်တိုက်ပေါက်ထွက်လာသည်။
သူကိုယ်တိုင်ပင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေမိ၏။
ထိုခံစားချက်က သူ ကမ္ဘာမြေတွင်ရှိစဉ်အချိန်က ကောင်းကင်တာအိုကျောင်းတော်ဆီ ဝင်ရောက်ခွင့်မရခင်အချိန်နှင့် တူညီသည်။ သူက မွေးရပ်မြေတွင် သေသေချာချာလေ့လာနေပြီး သူသာ သင်ယူသရွေ့ အမှတ်တစ်ရာ ရလိမ့်မည်ဟု သေချာပေါက် ယုံကြည်ချက်ရှိနေသည်။
သို့သော်လည်း စာမေးပွဲရောက်ရှိလာမှုဖြင့် သူက လေ့လာဖို့အချိန် မရခဲ့ပေ။ သို့သော်လည်း စာမေးပွဲစာရွက်များက သူ့ရှေ့ ရောက်ရှိလာသည့်အခါ အဖြေများက အလိုလိုထွက်ပေါ်လာလေ၏။
သူက စာမေးပွဲမေးခွန်းများကို ထုတ်ထားသည့်သူအလား ဖြစ်နေသည်။
ဝမ်ပေါင်လဲ့က ထိုအကြောင်းကို တွေးရင်း ခန္ဓာကိုယ်ကို တုန်ယင်သွားလေ၏။ သူ့မျက်ဝန်းထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားကာ သူ့ကိုယ်သူ ရေရွတ်မိသွားသည်။
ငါက ကိုယ့်ဘာသာကိုယ် စာမေးပွဲမေးခွန်း ထုတ်မိသွားသလိုမျိုးတဲ့လား…
သူက အမဲလိုက်ပွဲအတွင်း တတိယကမ္ဘာမှ စွမ်းအားကြီးပုဂ္ဂိုလ် တစ်ယောက်အကြောင်း တွေးမိသွားသည်။ သူ့ကို မြင်လိုက်သည့်အခါ တစ်ဖက်လူ၏ မျက်နှာမှ အမုန်းတရားနှင့် ရူးသွပ်မှုကို မြင်တွေ့ခဲ့ရသည်။
တစ်ချိန်တည်းဆိုသလို သူက ဧကရာဇ်စိတ်ဝိညာဉ်၏ မျက်နှာဖုံးအောက်တွင်မှ သွင်ပြင်ကို တွေးမိသွားလေ၏။ သူ့စိတ်ထဲတွင် သူ ဖိနှိပ်ထားခဲ့ရသည့် ထိုမှန်းဆချက်တစ်ချို့ ပြန်လည်ပေါ်ထွက်လာသည်။
မဖြစ်နိုင်ဘူး…
ထိုအတွေးက ယာယီ ပေါ်ထွက်လာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ဖြတ်တောက်လိုက်သည်။
သူက လမ်းမအပေါ် ရပ်နေရင်း တိတ်တဆိတ်ဖြင့် လမ်းမပေါ်မှ ဆူညံသံများကို နားထောင်နေလေ၏။
ထို့နောက် သူက စားသောက်ဆိုင်သို့ ပြန်လာလိုက်သည်။
စားသောက်ဆိုင်ထဲ ပြန်လည်ရောက်ရှိလာပြီးသည့်နောက်တွင် သူက ပြတင်းပေါက်ကို ဖွင့်ကာ အပြင်ဘက်မှ ဆက်တိုက် ဝင်ရောက်လာသည့်အသံကို နားထောင်နေသည်။ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ်ထဲမှ ဂီတသင်္ကေတများက ဆက်လက်တိုးပွားလာ၏။
စုစုပေါင်း အရေအတွက်က လေးသောင်းကျော် ရောက်ရှိလာပြီး တိုးပွားလာသည့် အကြိမ်ရေက လျော့ပါးလာလေသည်။ နေဝင်သွားသည့်အချိန်တွင် လုံးဝရပ်တန့်သွားခဲ့ပြီး ထပ်ဆင့်ထားသည့် ဂီတသင်္ကေတ ပမာဏအရေအတွက်က ငါးသောင်းအထိ ရောက်ရှိသွားခဲ့သည်။
ဝမ်ပေါင်လဲ့က ထိုဂီတသင်္ကေတ ငါးသောင်းပမာဏသည် မည်မျှအားကောင်းလဲ တွေးမကြည့်နိုင်ပေ။ သို့သော်လည်း သူက ထိုအခိုက်အတန့်၌ သူ့ယေဘုယျ တိုက်ခိုက်စွမ်းရည်သည် အံ့မခန်း အနေအထားသို့ ရောက်ရှိသွားကြောင်း မှန်းဆမိ၏။
သူက တကယ့်ခန္ဓာကိုယ်ထက် နိမ့်ကျနေသေးသော်လည်း စည်းမျဉ်းဥပဒေသတိုးပွားမှုတို့က နားလည်မှုများပြားလာမှုကြောင့် ပူးကပ်သူဆီမှ တိုက်ခိုက်မှုကို ကာကွယ်ဖို့ ယုံကြည်ချက် ရှိလာသည်။
တကယ်လို့ ငါသာ ဆက်ပြီးလေ့ကျင့်သွားမယ်ဆိုရင် တစ်ရက်ကျရင် စိတ်ခံစားချက် ၇မျိုးနဲ့ လိုအင်ဆန္ဒ ၆ပါးလုံးကို ဖမ်းဆုပ်ပြီး တူညီတဲ့အနေအထားကို ရောက်လာနိုင်တယ်…
ဝမ်ပေါင်လဲ့က တိတ်တဆိတ်ဖြင့် မျက်လုံးကို မှိတ်ပြီး ကောင်းကင်မှောင်သွားမည်ကို စောင့်ဆိုင်းနေလိုက်သည်။
သိပ်မကြာခင် ကောင်းကင်ကို အမှောင်ထုက လွှမ်းခြုံသွားခဲ့သည်။ မြို့တစ်ခုလုံးက မှောင်မဲသွားပြီး ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲကာ ထင်းယွိကမ္ဘာထဲ ဝင်ရောက်ခဲ့၏။
သူ ဝင်ရောက်လိုက်သည့်အခါ သူ့ဘေးပတ်ဝန်းကျင်တွင် ရှိသည့် အဆောက်အဦးများက ပိုမို အစီအစဉ်တကျ ဖြစ်လာ၏။ သူက အိမ်ထဲမှ ထွက်လာသည့်အခါ ပြင်ပလောကတွင် ကူးသန်းသွားလာနေသည့် ထူးထူးဆန်းဆန်းအရာများစွာက တုန်ခါသွားကြသည်။
ထိုထူးထူးဆန်းဆန်းသက်ရှိများက နေရာတစ်ဝှမ်း ရှိနေလေ၏။ သူတို့က ဝမ်ပေါင်လဲ့ ခံစားမိပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အရှိန်အဝါက သူတို့အား အညံ့ခံစေလိုသည့်အလား ဦးညွှတ်လိုက်ကြ၏။
ထိုမြင်ကွင်းက ဝမ်ပေါင်လဲ့၏ အကြည့်များကို တောက်ပလာစေသည်။ သူက အမူအရာကင်းမဲ့စွာ ဆက်လက်လျှောက်လှမ်းလာ၏။ သူက ထင်းယွိကမ္ဘာထဲ ဝင်ရောက်လိုက်သည့်အချိန် လမ်းတစ်လျှောက်ရှိ ထူးထူးဆန်းဆန်းအရာများစွာက တူညီစွာ ပြုမူခဲ့ကြသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ ဂီတသင်္ကေတငါးသောင်းကျော် ထပ်ဆင့်ထားသည့် စွမ်းရည်အပေါ် အကြောက်တရားကို သက်သေပြနေလေ၏။
ဝမ်ပေါင်လဲ့က အတွေးနက်နေမိသည်။ ထိုစဉ် သူ့ရှေ့တွင် ရှိနေသည့် လေထုက ပျက်ယွင်းသွားပြီး ထူးဆန်းသည့် ပေတစ်သောင်းကျော် ကြီးမားသည့် လိပ်နှင့်တူသည့် အရာက ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသည်။ ထိုအရာက ဝမ်ပေါင်လဲ့ကို ခံစားမိသည့်အလား ခန္ဓာကိုယ်က တောင့်တင်းသွားကာ မလှုပ်ရှားရဲတော့ပေ။
ဝမ်ပေါင်လဲ့က ထိုထူးထူးဆန်းဆန်း လိပ်နှင့် တူသည့်အရာကို ကြည့်လိုက်၏။ အတိတ်တွင် သူက ထိုသို့သော တည်ရှိမှုမျိုးကို မြင်တွေ့ပါက ရှောင်ရှားလိုသည်။ သို့သော် ယခုတွင် သူ့အရှိန်အဝါက တစ်ဖက်သူကို အညံ့ခံအောင် ပြုလုပ်နိုင်ပြီ ဖြစ်၏။
ဝမ်ပေါင်လဲ့က တိတ်ဆိတ်စွာဖြင့် စိတ်ထဲမှ စဉ်းစားနေမိသည်။ ယခင်အတွေ့အကြုံများအရ ထို ထူးထူးဆန်းဆန်းသက်ရှိများစွာကို သူနှင့် နီးကပ်အောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း သေချာသည့် အနေအထားတစ်ခုအထိ ထိန်းချုပ်နိုင်လေသည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူက အပြောင်းအလဲတစ်ခုကို ဖမ်းဆုပ်မိသွားသည်။
သူ့အတွေးတစ်ချက်ဖြင့် ဧရာမလိပ်နှင့်တူသည့် တည်ရှိမှုက အနာပူများဖြင့် လွှမ်းခြုံသွားပြီး ဝေဝါးသွားလေသည်။
အသံပင်မကြားလိုက်ရဘဲ ထိုအရာက ရှင်းထုတ်ခံလိုက်ရမည့်ဟန်ပေါ်သည်။
ထိုဖြစ်စဉ်တစ်ခုလုံးအတွင်း အနီးနားတွင်ရှိသည့် ထူးထူးဆန်းဆန်း တည်ရှိမှုက မလှုပ်ရှားရဲပေ။ ဝမ်ပေါင်လဲ့က ထိုအရာကို ထပ်မံ တွေးလိုက်၏။ ချက်ချင်းဆိုသလို ရှင်းထုတ်ခံရတော့မည့် ထူးထူးဆန်းဆန်းအရာကို ပြန်လည်ကောင်းမွန်စေလိုက်သည်။
ဝမ်ပေါင်လဲ့က အတွေးနက်နေမိ၏။ သူက လမ်းလျှောက်လာရင်း လက်ကိုဝှေ့ယမ်းလိုက်လျှင် လိပ်နှင့်တူသည့် ထူးထူးဆန်းဆန်းသက်ရှိက ဓမ္မအမိန့်တော်ကို ရရှိလိုက်သည့်အလား ချက်ချင်း ထွက်ပြေးသွားလေသည်။
ကြည့်ရတာ ငါက ဒီနေရာကို ထိန်းချုပ်နိုင်တဲ့ပုံပဲ…
ဝမ်ဝေ့က အကြိမ်ရေအနည်းငယ် ကြိုးစားကြည့်လိုက်သည်။ အဆုံးသတ်၌ သုံးသပ်ချက်ချပြီးသည့်နောက်တွင် သူက ထင်းယွိကမ္ဘာမှ ထွက်လာခဲ့လိုက်သည်။
သူက အမှောင်ယံထဲ ပေါ်ထွက်လာကာ ဂိုဏ်းဆီ ဦးတည်လိုက်၏။
သူက ထင်းယွိကမ္ဘာနှင့် ပေါင်းစည်းထားခြင်း မရှိတော့ဘဲ အမှောင်ယံထဲ ဦးတည်လာသည်။ သူ့ခန္ဓာကိုယ်မှ ဂီတသင်္ကေတနှင့် မီးတောက်များ ထုတ်လွှတ်နေခြင်း မရှိသော်လည်း ဘေးပတ်ဝန်းကျင်တွင် ရှိနေသည့် ထူးထူးဆန်းဆန်းအရာများက သူ့အပေါ် ယခင်ကဲ့သို့ မခုန်အုပ်ကြတော့ပေ။ ထိုအစား ထင်းယွိကမ္ဘာထဲတွင်ရှိနေသကဲ့သို့ သူ့ကို အဝေးမှ ရှောင်ရှားကြ၏။
စိတ်ဝင်စားစရာပဲ…
ဝမ်ပေါင်လဲ့က ပြုံးကာ လေးကြိုးမျဉ်းဂိုဏ်းဆီ ဦးတည်လိုက်သည်။
မူလစကြဝဠာတာအိုနေရာထဲ ဝမ်ပေါင်လဲ့၏ တိုးတက်မှုက ချောမွေ့နေသည်ဟု ဆိုရပေမည်။ သူ့တကယ့်အသွင်က မြေကြီးအနက်ပိုင်းထဲတွင် ရှိကာ တည်ရှိမှုကို ဖုံးကွယ်ထားလေ၏။ သူ့ကိုယ်ပွားကမူ အပြင်ဘက်တွင် ရှိနေပြီး စိတ်ခံစားချက်၇မျိုးနှင့် လိုအင်ဆန္ဒ၆ပါးကို တစ်ခုပြီးတစ်ခု ကျင့်ကြံနေသည်။
ယခုတွင်ပင် နတ်ဧကရာဇ်ပင် နိုးထလာခြင်း မရှိသလို အစောင့်အရှောက်ကလည်း ဝမ်ပေါင်လဲ့ကို ရှာမတွေ့သေးပေ။ သူက မိတ်ဆွေများစွာရှိလာခဲ့ပြီး အာသီသမြို့သခင်နှင့်ပင် အပေးအယူ ပြုလုပ်ထားခဲ့သည်။
သေချာသည့်အနေအထားအရ ဝမ်ပေါင်လဲ့သည် မူလစကြဝဠာတာအိုနေရာထဲတွင် ခြေကုပ်ရယူထားနိုင်သည်ဟု ဆိုရပေမည်။
တစ်ချိန်တည်းဆိုသလို သူ့ခန္ဓာကိုယ်ထဲ ကျောက်ပြားကမ္ဘာထဲတွင် သူ့ယခင်ချစ်ရသော မိတ်ဆွေများနှင့် ကျင့်ကြံရေးကလည်း ဆက်တိုက် တိုးပွားနေသည်။ သူတို့အတွက် ဝမ်ပေါင်လဲ့က ထွက်ခွာသွားသော်လည်း သူ့စိတ်ဆန္ဒက ကျောက်ပြားကမ္ဘာ၏ ကောင်းကင်တာအိုအသွင် ပြောင်းလဲသွားခဲ့သည်။
ကောင်းကင်တာအို၏ ထောက်ပံ့မှုဖြင့် သူ့ဆရာ၏ ကျင့်ကြံရေးက ထိုးဖောက်သွားခဲ့သည်။ ကျောက်ယမုန်၊ ကျိုးရှောင်ရနှင့် တခြားသောသူများကလည်း တိုးတက်နေလေ၏။ သို့သော်လည်း ဝမ်ပေါင်လဲ့ ယခု ရင်ဆိုင်နေရသည့် အန္တရာယ်နှင့် ယှဉ်လိုက်ပါက သူတို့က သူ့ကို အကူအညီ မပေးနိုင်ပေ။
ဤသည်က ထာဝရကြယ်စင်ကုန်းမြေအပေါ်တွင် ရှိသည့်အခြေအနေနှင့် တူညီနေလေ၏။ ဝမ်ရီရီ၏ ဖခင်ဖြစ်သူက အကူအညီပေးနိုင်သော်လည်း ကူညီပေးရမည့် အကြောင်းအရင်း မရှိပေ။ သူက အခြေအနေကိုသာ အာရုံစိုက်ထားနိုင်သည်။
တခြားသော အထွတ်အထိပ်များကလည်း အခြေအနေကို အာရုံစိုက်ထားကြသည်။
ဝမ်ရီရီကသာ ဝမ်ပေါင်လဲ့အကြောင်း အစိုးရိမ်ဆုံးလူနှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်၏။ သူမက ကောင်းကင်တံတားအပေါ် နေ့တိုင်း လာကြည့်လေ့ ရှိသည်။ ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည့် ပုံရိပ်နှင့် စကားဝိုင်းတို့က သူမ၏ စိတ်ထဲ ပြန်လည်ပေါ်ထွက်လာလေ၏။
“နင် ပြန်လာမယ်လို့ ငါ့ကို ကတိပေးခဲ့”
“ကတိပေးပါတယ်”
တခြားသူကမူ ချန်ရှင်း ဖြစ်၏။
ချန်ရှင်း၏ အတိတ်ဘဝမှ မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း နိုးထလာခဲ့သည်။ စစ်ထူ၏ တပည့် ဖြစ်လာပြီးသည့်နောက်တွင် သူက ကောင်းကင်တံတားဆီ လှမ်းကြည့်လေ့ရှိသည်။ သူ့အနေနှင့် ဝမ်ပေါင်လဲ့က ထိုတံတားကို အသုံးပြုကာ အရာအားလုံး၏ ဇစ်မြစ်ကို ရှာဖွေခဲ့ကြောင်း သိနေ၏။ သူက ကူညီလိုသော်လည်း ကူညီနိုင်စွမ်း မရှိပေ။
ထို့ကြောင့် သူ့ကိုယ်သူသာ ရေရွတ်လိုက်သည်။
“ဂိုဏ်းတူညီလေး။ ငါတို့တွေ ဘယ်အချိန်မှ ပြန်တွေ့နိုင်မှာလဲ”