အတည်ပြုချက်
Vol. 100 Ch. 1394
အမှောင်ထဲတွင် လေးကြိုးမျဉ်းဂိုဏ်း၏ မီးတောင်က အတော်လေး မျက်စိစူးမတတ် တောက်ပနေသည်။ ထိုအရာက တခြားသော ဂိုဏ်းနှစ်ခုမှ တောင်များနှင့် ယှဉ်လိုက်လျှင် မီးပြတိုက်သဖွယ် ဖြစ်နေလေ၏။ ထိုအရာက ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များအား အဝေးမှ ကောင်းမွန်စွာ မြင်နိုင်အောင် ခွင့်ပြုပေးထားသည်။
သာမန်တပည့်များအတွက် သူတို့က ဂိုဏ်းအနီး ချဉ်းကပ်လာသည့်အခါ အမှောင်ထုထဲတွင် ရှိနေသည့် ထူးထူးဆန်းဆန်းအရာအားလုံးက ပျောက်ကွယ်သွားကြလိမ့်မည်။ ထိုအရာက ထူးထူးဆန်းဆန်းအရာများကို တောင်နိမိတ်အတွင်း ဝင်ရောက်ခွင့်ပြုမထားသကဲ့သို့ ဖြစ်၏။
ဤသည်က စည်းမျဉ်းတစ်ခု ဖြစ်ပေသည်။ ယခုအချိန်အထိ ဂိုဏ်းကြီးသုံးဂိုဏ်းမှ တပည့်များက ထူးထူးဆန်းဆန်းအရာများသည် ဂိုဏ်းဂိတ်ပေါက်အတွင်း ထိုးဝင် လာသည်ကို မတွေ့ရှိခဲ့ဖူးပေ။ ဤသည်က မှတ်တမ်းများပင် မတည်ရှိခဲ့ဖူးပေ။
ဂိုဏ်းကြီးသုံးဂိုဏ်း၏ တည်ရှိမှုက ညအခါတွင် တားမြစ်ချက်သဖွယ် ဖြစ်နေလေ၏။
ဝမ်ပေါင်လဲ့ကလည်း ထိုအကြောင်းကို ကောင်းကောင်းသိလေသည်။ ထို့ကြောင့် သူက ချဉ်းကပ်လာသည်နှင့် လေးကြိုးမျဉ်းဂိုဏ်းအတွင်း ချက်ချင်း မဝင်ရောက်ခဲ့သေးပေ။ ထိုအစား သူက ထိုနေရာတွင် ရပ်နေရင်း လေးကြိုးမျဉ်းဂိုဏ်း၏ ဂိုဏ်းဂိတ်ပေါက်ကို လှမ်းကြည့်လိုက်သည်။
ထင်းယွိကမ္ဘာထဲမှာဆိုရင် ဂိုဏ်းကြီးသုံးဂိုဏ်းက ဘယ်လိုပုံစံဖြစ်မလဲ…
ဝမ်ပေါင်လဲ့က အနည်းငယ် တုံ့ဆိုင်းနေသည်။ သူက ထူးထူးဆန်းဆန်းအရာအဖြစ် အသွင်ပြောင်းထားစဉ် ဂိုဏ်းသုံးဂိုဏ်း၏ တောင်အနီး မရောက်ခဲ့ဖူးပေ။ တစ်ချိန်တည်းဆိုသလို သူက ဘေးပတ်ဝန်းကျင်တွင် မူမမှန်သည့် အရာမရှိကြောင်း သဘောပေါက်ပြီးသည့်နောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က အရိပ်အမြွက်မရှိ ပျောက်ကွယ်သွားလေသည်။
သူက မတည်ရှိသကဲ့သို့ ဖြစ်၏။
တကယ့်လက်တွေ့တွင်မူ သူက ရပ်နေဆဲသာ ဖြစ်၏။ သို့သော်လည်း သူ့ခြေထောက်အောက်တွင် ရှိသည့် ကမ္ဘာကြီးက ပြောင်းလဲသွားကာ ည မဟုတ်တော့ပေ။ သူက ထင်းယွိကမ္ဘာထဲ ဝင်ရောက်ခဲ့၏။
သူက ထင်းယွိကမ္ဘာထဲ ဝင်ရောက်လိုက်သည်နှင့် လေးကြိုးမျဉ်းဂိုဏ်း၏ အစစ်အမှန်ပုံစံကို မြင်လိုက်ရသည်။
ထိုအစစ်အမှန်ပုံစံက ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကို အပြင်းအထန် တုန်ယင်သွားစေသည်။
ဤသည်က မီးတောင် မဟုတ်ဘဲ ခေါင်းတလားတစ်လုံး ဖြစ်၏။
ထိုခေါင်းတလားက မဲမှောင်နေကာ ခေါင်းတလား၏ အဖုံးက တစ်ဝက်ခန့်မျှ ဖွင့်ထားပြီး ထိုနေရာထဲတွင် ဆိုးယုတ်ကာ ဝါးမျိုနိုင်သည့် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
အဝေးမှကြည့်လျှင် ဟိန်ချင်းဂိုဏ်းနှင့် ဂီတတာအိုဂိုဏ်းတို့၏ မီးတောင်ကလည်း အတူတူသာ ဖြစ်၏။ သူတို့ကလည်း အနက်ရောင်ခေါင်းတလားများသာ ဖြစ်ကြသည်။
ထိုခေါင်းတလားထဲတွင် အလင်းအစက်အပြောက် တစ်သန်းကျော် စုဝေးနေပြီး တချို့က အင်မတန်တောက်ပကာ တချို့ကမူ မှေးမှိန်နေသည်။ ထိုအလင်းအစက်အပြောက်တိုင်းက ကျင့်ကြံသူတစ်ဦးစီကို ကိုယ်စားပြု၏။
ဝမ်ပေါင်လဲ့က ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားလေသည်။ ဝမ်ပေါင်လဲ့က လေးကြိုးမျဉ်းဂိုဏ်းနှင့် ဟိန်ချင်းဂိုဏ်း၏ ခေါင်းတလားအနက်ပိုင်းတွင် အလင်းဘောလုံးနှစ်လုံးကို မြင်လိုက်ရသည်။
သေချာအနီးကပ်ကြည့်မည်ဆိုပါက ခေါင်းတလားအတွင်းရှိ အလင်းအစက်အပြောက်များသည် ထိုအလင်းဘောလုံးဝန်းကျင်တွင် ရှိနေသည်ကို မြင်ရလိမ့်မည်။ သူတို့က အချင်းချင်းဆက်နွယ်နေပြီး အလင်းဘောလုံးကသာ တကယ့်အရင်းအမြစ် ဖြစ်နေသကဲ့သို့ဖြစ်၏။
တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က ထိုအလင်းဘောလုံးနှစ်ခုအတွင်း ဝေဝေဝါးဝါး မြင်လိုက်ရသည်။ ထိုနေရာက တင်ပျဉ်ခွေထိုင်နေသည့် ပုံရိပ်တစ်ခု ရှိနေဟန်ပေါ်၏။
“ထင်းယွိမြို့သခင်”
ဝမ်ပေါင်လဲ့က သတိတကြီး ဖြစ်သွားလေ၏။ သူက အာသီသမြို့သခင် ပြောခဲ့ဖူးသည့် လျှို့ဝှက်ချက်ကို ပြန်လည်တွေးမိသွားသည်။ ထင်းယွိမြို့သခင်ကိုယ်တိုင်က မပြီးပြည့်စုံဘဲ သုံးပိုင်းခွဲခြမ်းထားရပြီး ဂိုဏ်းကြီးသုံးဂိုဏ်း၏ ဂိုဏ်းချုပ်များ ဖြစ်နေကြသည်။ ထိုအရာက ပျော်ရွှင်မှုမြို့သခင် ပြောခဲ့သည်နှင့် တူညီ၏။
ဝမ်ပေါင်လဲ့က ဂီတတာအိုဂိုဏ်းမှ ခေါင်းတလားကို လှမ်းကြည့်လိုက်သည့်အခါ အလင်းအစက်အပြောက် ပမာဏများစွာကို မြင်တွေ့လိုက်ရသော်လည်း အလင်းလုံးကိုမူ မတွေ့ရပေ။
သို့သော်လည်း သေသေချာချာ အနီးကပ်ကြည့်ပါက ထိုအလင်းအစက်အပြောက်များ အလယ်တွင် အလင်းလုံးကို ဝေဝေဝါးဝါး မြင်တွေ့နိုင်လေ၏။ ထိုအရာက မှေးမှိန်လွန်းသည့်အတွက် အာရုံခံဖို့ ခက်ခဲနေရုံသာ ဖြစ်သည်။
ထိုအထဲတွင်ရှိသည့် ပုံရိပ်က အင်မတန် မှေးမှိန်နေပြီး အရှိန်အဝါက အတော်လေး အားပျော့နေသည်။
ဝမ်ပေါင်လဲ့သည် ထိုအထဲတွင် ထိုင်နေသည့်ပုံရိပ်က အာသီသမြို့သခင်နှင့် တိုက်ခိုက်ခဲ့သည့်သူဖြစ်ကြောင်း အတည်ပြုနိုင်သည်။
စိတ်ခံစားချက် ၇မျိုးက ငါ့ကို မလိမ်ခဲ့ဘူးပဲ…
ဝမ်ပေါင်လဲ့က လေ့လာနေရင်း သူ့စိတ်ထဲမှ အန္တရာယ်ကို ခံစားမိလိုက်သည်။ သူက ဟိန်ချင်းဂိုဏ်းနှင့် လေးကြိုးမျဉ်းဂိုဏ်းတို့မှ အလင်းဘောလုံးနှစ်လုံးရှိ ပုံရိပ်များက ခေါင်းမော့ကြည့်လာကြသည်။
ထိုပုံရိပ်က ဝမ်ပေါင်လဲ့အား အလန့်တကြား ဖြစ်သွားစေ၏။ သူက ချက်ချင်း အကြည့်ရုတ်သိမ်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို အားကောင်းသည့် နတ်ဘုရားအသိစိတ်နှစ်ခုကို ဝမ်ပေါင်လဲ့က အာရုံခံမိလိုက်၏။ ထိုအရာက ဟိန်ချင်းဂိုဏ်းနှင့် လေးကြိုးမျဉ်းဂိုဏ်းအနှံ့ ပျံ့နှံ့သွားကာ ဝမ်ပေါင်လဲ့အပေါ် ကျရောက်မနေပေ။
ထိုအရာက ဖော်ညွှန်းဖို့ အချိန်တချို့ယူခဲ့ရသော်လည်း တကယ်တမ်း၌မူ ချက်ချင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။
နောက်ဆုတ်နေသည့် ဝမ်ပေါင်လဲ့က ထိုအရာကို ရှောင်ရှားဖို့ အချိန်မရှိပေ။ ကံကောင်းစွာဖြင့် သူက အလျင်အမြန် တုံ့ပြန်ခဲ့လေသည်။ အရေးကြီးသည့် အခိုက်အတန့်၌ သူ့အမူအရာက အေးခဲနေပြီး သူ့ခန္ဓာကိုယ်က ထူးထူးဆန်းဆန်းအရာအဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက နတ်ဘုရားအသိစိတ်များကို ဖြတ်ကျော်သွားခွင့်ပြုလိုက်သည်။ အချိန်အတော်ကြာပြီးသည့်နောက်တွင် နတ်ဘုရားအသိစိတ် ပိုင်ရှင်က သတိမထားမိခဲ့ပေ။ သို့သော်လည်း ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ မီးတောင်ပေါ်မှ ပုံရိပ်များ ပျံသန်းကာ ထွက်ပေါ်လာ၏။ သူတို့က ဂိုဏ်းဂိတ်ပေါက်ဆီ ပြေးထွက်လာပြီး ဝမ်ပေါင်လဲ့ကို ရှာဖွေနေကြဟန်ပေါ်သည်။
ဝမ်ပေါင်လဲ့က လေးကြိုးမျဉ်းဂိုဏ်းနှင့် အလှမ်းမဝေးသည့်အတွက် ယွဲ့လင်းကျစ်နှင့် ရှစ်လင်းကျစ်တို့၏ ပုံရိပ်ကို မြင်လိုက်ရသည်။ ရှေ့တစ်ဦးက မျက်မှောင်ကြုတ်နေပြီး တခြားတစ်ဖက်သို့ ပျံသန်းကာ ထွက်ခွာသွား၏။ တခြားတစ်ဖက်တွင် ရှစ်လင်းကျစ်ကမူ ဝမ်ပေါင်လဲ့၏ နေရာအတိုင်း ရောက်ရှိလာသည်။
ဝမ်ပေါင်လဲ့က ရှစ်လင်းကျစ်ကို မြင်လိုက်ရသည့်အခါ အေးစက်စက်သရော်လိုက်မိသည်။ သူက စိတ်ထဲ၌ တွေးလိုက်မိ၏။ အကယ်၍ ယခုလှုပ်ရှားဖို့ အဆင်မပြေသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူ ဘယ်လောက်အားကောင်းကြောင်း သက်သေပြလိုက်မည်။
ဝမ်ပေါင်လဲ့က အတွေးများကို ချုပ်ထိန်းထားရ၏။ သူက ရှစ်လင်းကျစ်ကို လျစ်လျူရှုထားလိုက်သည်။ သူက ဂိုဏ်းကြီးနှစ်ဂိုဏ်းမှ တောင်နယ်နိမိတ်မှ ထွက်ခွာလာပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က ခေတ္တမျှ တုံ့ဆိုင်းသွားလေ၏။ သို့သော်လည်း ရှစ်လင်းကျစ်ကို ဒီနေ့ လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် သူက ထင်းယွိကမ္ဘာမှ ထွက်လာပြီး အမှောင်ထုထဲ ပြန်လာသည့်အခါ လေးကြိုးမျဉ်းဂိုဏ်းဆီ ပြန်မသွားခင် စဉ်းစားနေခဲ့သည်။
ဝမ်ပေါင်လဲ့က သတိကြီးကြီးထားကာ တောင်နိမိတ်ဆီ လျှောက်လှမ်းသွားလိုက်၏။ သူက တောင်နိမိတ်ဆီ လျှောက်လှမ်းလာသည့်အခါ ယခင်ခံစားခဲ့ရသည့် အန္တရာယ်ခံစားမှုက ပေါ်ထွက်မလာတော့ပေ။ ထိုအခါမှ ဝမ်ပေါင်လဲ့က သက်ပြင်းချလိုက်သည်။ ယခုလေးတွင် သူက အနည်းငယ် အလျင်စလို ဖြစ်သွားခဲ့သည်ဟု ခံစားမိလိုက်၏။
ထင်းယွိမြို့သခင်က ထင်းယွိစည်းမျဉ်းဥပဒေသ၏ ပြယုဂ် ဖြစ်ပေသည်။ သူက ထင်းယွိကမ္ဘာထဲ ဝင်ရောက်ကာ ထူးထူးဆန်းဆန်းအရာအဖြစ် လာခဲ့သော်လည်း သူတို့ကြားတွင် ကွာဟချက်ကြီး ရှိနေသေး၏။ ထို့ကြောင့် သူက အသက်ပြင်းပြင်းရှူကာ ဂီတသင်္ကေတ ၇သောင်းကျော် ရှိနေသော်လည်း အားနည်းနေသေးသည်ကို ခံစားမိလိုက်သည်။
ငါ ဆက်ပြီး အလုပ်ကြိုးစားဖို့ လိုတယ်…
ဝမ်ပေါင်လဲ့က ဆုံးဖြတ်ချက် ချလိုက်၏။ သူက ဂူဆီ ဦးတည်လိုက်စဉ် သူ့နောက်တွင် အစီအရင်တစ်ခုက အသံမြည်လာသည်။ သိပ်မကြာခင် ပုံရိပ်တစ်ခု ဝင်ရောက်လာ၏။
သူ ဝင်ရောက်လာသည့်အခါ ဓားချီနှင့် တူသည့် ဂီတသံစဉ်တို့က လေထုထဲ ပြည့်နှက်လာသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည့်အချိန် မှုန်မှိုင်းနေသည့် အမူအရာဖြင့် ရှစ်လင်းကျစ်က တောင်ထိပ်ဆီ ပျံသန်းထွက်သွားလေ၏။
ရှစ်လင်းကျစ်က ဝမ်ပေါင်လဲ့၏ အကြည့်ကို သတိထားမိခဲ့သည်။ သို့သော်လည်း သူ့အမြင်၌ ဝမ်ပေါင်လဲ့နှင့် တခြားသောတပည့်များက ပုရွက်ဆိတ်များသာ ဖြစ်၏။ သူက သူတို့ကို ကြည့်ပင်မကြည့်ဘဲ လျစ်လျူရှုထားခဲ့သည်။
ငါ ဘယ်လောက်အားကောင်းလဲဆိုတာပြဖို့ အခွင့်အရေးသာ စောင့်နေလိုက်…
ဝမ်ပေါင်လဲ့က စိတ်ထဲ၌ သရော်လိုက်မိသည်။ သူက ရှစ်လင်းကျစ်ဆီမှ အကြည့်ရုတ်သိမ်းကာ ဂူဆီပြန်လာခဲ့လိုက်၏။ သူက တင်ပျဉ်ခွေထိုင်ကာ စိတ်ခံစားချက်၇ မျိုး ပြောသွားသည့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ စစ်ဆေးမှု စတင်ဖို့ စောင့်နေလိုက်သည်။
အချိန်က ဖြည်းဖြည်းချင်း ကုန်လွန်သွားပြီး ၇ရက်တာ ကုန်လွန်သွားလေ၏။
ထို၇ရက်တာအတွင်း ဝမ်ပေါင်လဲ့က ဂူထဲမှ ထွက်ခွာခဲသည်။ သူ့ဂီတသင်္ကေတများက သူ့နားလည်နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်ပေး၏။ ဝမ်ပေါင်လဲ့က သူသည် စိတ်ခံစားချက် စည်းမျဉ်းဥပဒေသ ၄ခု နှင့်ပေါင်းစည်းပြီးသည့်နောက်တွင် သူ့နားလည်နိုင်စွမ်းက ပိုမိုတိုးပွားလာသည်ကို သဘောပေါက်သွားခဲ့သည်။
သူ့ဂီတသင်္ကေတများက ၇သောင်းကျော် ရှိနေပြီး ၈သောင်းနီးပါးထိ ရောက်ရှိနေလေသည်။
တစ်ချိန်တည်းဆိုသလို ဂိုဏ်းသား ကျောက်စိမ်းပြားမှတဆင့် အားလုံး၏ စိတ်ထဲ စစ်ဆေးမှုနှင့် ပတ်သက်၍ အကြောင်းကြားစာတစ်ခု ပို့လွှတ်လာသည်။