အခန်း (၁၂၃၃)
Vol. 89 Ch. 1233
အဆင့်လေး ....
ဟယ်ရယ်စွန်းက အဆင့်လေးချပ်ဝတ်သခင် ဖြစ်သွားသည်။
သူက တစ်ခါတည်း အဆင့်လေးချပ်ဝတ်သခင်အဖြစ် စာရင်းသွင်းခဲ့ပြီး ဘုရားမြို့၏ ပြိုင်ဘက်ကင်းပါရမီရှင် ဖြစ်လာသည်။
လူတိုင်းက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး မသိစိတ်အလျောက် ခေါင်းငုံ့ထားကြသည်။
ဤနေရာသည် ကျင့်ကြံခြင်းလောက ဖြစ်သည်။
ခွန်အားမရှိလျှင် မည်သူမှ လေးစားမည်မဟုတ်ပေ။
လုံလောက်စွာ သန်မာလျှင် လူတိုင်းက လေးစားပြီး မျက်လုံးချင်းဆုံ၍ ကြည့်ရဲမည်မဟုတ်ပေ။
အဆင့်လေးချပ်ဝတ်သခင်ဖြစ်သော ဟယ်ရန်စွန်းသည် ဘုရားမြို့တွင်ရှိသော လူအများစုကို ကျော်ဖြတ်သွားသည်။
မိသားစုအများအပြား၏ အကြီးအကဲများထက်ပင် သာလွန်နေသည်။
မိသားစုအနည်းငယ်ကသာ အဆင့်ငါးကျွမ်းကျင်သူကို ပိုင်ဆိုင်ကြသည်။
သို့သော် သူတို့နှင့် ယှဉ်လိုက်လျှင် ဟယ်ရန်စွန်းက အလွန်ငယ်နေသည်။
ထို့ကြောင့် နှစ်အနည်းငယ်ကြာလျှင် ဘုရားမြို့သည် ဟယ်ရန်စွန်းနှင့် သက်ဆိုင်သွားလိမ့်မည်။
တခြားမြို့များတွင် တစ်မြို့လုံးကို လွှမ်းမိုးထားနိုင်သော နံပတ်တစ်ကျွမ်းကျင်သူများ ရှိနေသည်။ သို့သော် ဘုရားမြို့တွင် ထိုလူမျိုး မရှိပေ။
ယခုအချိန်တွင် ဘုရားမြို့က နှစ်အနည်းငယ်အတွင်း သခင်တစ်ယောက် ရှိလာလိမ့်မည်။
ဟယ်ရန်စွန်း ဖြစ်သည်။
“သခင်လေးဟယ်က တကယ့်ကို လူငယ်သူရဲကောင်းပဲ။ သူက ဘုရားမြို့ရဲ့ မျိုးဆက်သစ်တွေကြားမှာ ထင်ရှားတဲ့လူတစ်ယောက်ဖြစ်လာပြီ”
သိုင်းဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က ခံစားချက်များနှင့်အတူ သက်ပြင်းချသည်။
“သခင်လေးဟယ်က အကြီးအကဲဟယ်ကျူရဲ့သားပဲ။ သူက အဆင့်ငါးချပ်ဝတ်သခင်ဖြစ်ဖို့ ကံပါလာတယ်”
တစ်ဖက်တွင် လူတစ်ယောက်က ကျယ်လောင်စွာပြောသည်။
ဟယ်မိသားစုသည် ဘုရားမြို့၏ မိသားစုကြီးတစ်ခု ဖြစ်ခဲ့သည်။ သူတို့ကို အဆင့်ငါးချပ်ဝတ်သခင်က ဦးဆောင်ခဲ့သည်။
ယခုအချိန်တွင် ဟယ်ရန်စွန်းက အဆင့်လေးချပ်ဝတ်သခင် ဖြစ်လာပြီး ဟယ်မိသားစုကို ပြန်လည်ဂုဏ်တက်စေခဲ့သည်။ နှစ်တစ်ရာအတွင်း၌ သူက မိသားစုကို အဆင့်သစ်တစ်ခုဆီသို့ မြှင့်တင်ပေးနိုင်လိမ့်မည်။
အိုမင်းနေသော ချပ်ဝတ်သခင်များက သက်ပြင်းချလိုက်သည်။ သူတို့က ဟယ်မိသားစု၏ အတိတ်နှင့် တောက်ပနေမည့်အနာဂတ်ကို ကြိုမြင်နေကြသည်။
ဟယ်ရန်စွန်းက လူတိုင်း၏မျက်နှာထားကို လေ့လာကြည့်လိုက်ပြီး တည်ငြိမ်နေသည်။ ထိုအရာသည် ပုံမှန်သာဖြစ်သည်။
အကယ်၍ သူက အဆင့်လေးချပ်ဝတ်သခင် ဖြစ်မလာလျှင် ဘုရားမြို့တွင် ဟယ်မိသားစုကို မှတ်မိနေသောလူများ မရှိနိုင်ပေ။
သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
“ချီးကျူးပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ရုပ်သေးသခင်အဖြစ် စာရင်းသွင်းဖို့ ရုပ်သေးခန်းဆောင်ကို သွားလိုက်ပါအုံးမယ်”
သူက ထိုသို့ပြောလိုက်ပြီး လမ်းလျှောက်ထွက်သွားသည်။
‘သူက ရုပ်သေးသခင်အဖြစ် စာရင်းသွင်းတော့မှာလား’
‘သူက အဆင့်လေးချပ်ဝတ်သခင် ဖြစ်လာတာပြီး ရုပ်သေးသခင်အဖြစ် ဆက်ပြီး စာရင်းသွင်းမှာလား’
လူတိုင်းက ထွက်သွားသော ဟယ်ရန်စွန်းကို စိုက်ကြည့်နေကြသည်။
“အစစ်အမှန်လက်ရွေးစင်ပဲ ....”
လူတစ်ယောက်က သက်ပြင်းချသည်။
အကယ်၍ ဟယ်ရန်စွန်းက အဆင့်လေးချပ်ဝတ်သခင် မဖြစ်ခဲ့လျှင် မောက်မာပြီး ရည်မှန်းချက်ကြီးကြောင်း အပြစ်ပြောကြလိမ့်မည်။
သို့သော် သူက အဆင့်လေးချပ်ဝတ်သခင် ဖြစ်လာပြီး ခွန်အားနှင့် ဂုဏ်ကျက်သရေကို ပြသနိုင်ခဲ့သည်။
ဟယ်ရန်စွန်းက ရုပ်သေးခန်းဆောင်သို့ ဆက်သွားခဲ့သည်။ မိသားစုကြီးများ၏ သူလျှိုများက သတင်းပို့လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ဘုရားမြို့၏ မိသားစုကြီးများက ထိတ်လန့်သွားကြသည်။
အဆင့်ငါးကျွမ်းကျင်သူရှိသော မိသားစုတချို့မှလွဲ၍ မိသားစုအများစုသည် အဆင့်လေးကျွမ်းကျင်သူကိုသာ ပိုင်ဆိုင်ကြသည်။
ယခု ဟယ်ရန်စွန်းက အဆင့်လေးချပ်ဝတ်သခင် ဖြစ်လာသောကြောင့် ဟယ်မိသားစုက သူတို့နှင့် ယှဉ်နိုင်သွားသည်။
အနာဂတ်တွင် ဟယ်မိသားစုက လွယ်ကူသောပစ်မှတ်တစ်ခု ဖြစ်နေတော့မည်မဟုတ်ပေ။
“ငါတို့က ဟယ်မိသားစုကို ရှင်းထုတ်လုနီးပါး ဖြစ်ခဲ့တယ်။ ဟယ်ရန်စွန်းက လက်စားချေလိမ့်မယ်”
ခြံဝိုင်းတစ်ခုတွင် အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးက စိုးရိမ်စွာ ပြောသည်။
သူ့နောက်တွင်ရှိသော တခြားလူများ၏ မျက်နှာထားကလည်း လေးနက်နေသည်။
သူတို့ထဲတွင် အဆင့်ငါးကျွမ်းကျင်သူ မရှိပေ။ သူတို့က ဟယ်ရန်စွန်းကို နှစ်အနည်းငယ်ခန့် ဖိနှိပ်ထားရန် ယုံကြည်ချက်ရှိသော်လည်း ဟယ်ရန်စွန်းက ငယ်ရွယ်ပြီး တက်ကြွသည်။ ဟယ်မိသားစုက သေချာပေါက် မြင့်တက်လာလိမ့်မည်။
ဘုရားမြို့တွင် မိသားစုအများအပြားက စိုးရိမ်နေကြသည်။
“ဟယ်ရန်စွန်းက ရုပ်သေးသခင်အဖြစ် ဘယ်အဆင့်အထိရောက်နိုင်မလဲ စောင့်ကြည့်ကြတာပေါ့”
“သူက ကြွားဝါနေတာပဲဖြစ်ပြီး အဆင့်တစ်တောင် မရှိပါစေနဲ့လို့ မျှော်လင့်တယ်။ မဟုတ်ရင် ငါတို့တော့ ပြဿနာတက်လိမ့်မယ်”
အဆင့်တစ်ရုပ်သေးသခင်သည် အရေးမပါပေ။
အကယ်၍ အဆင့်နှစ်ရုပ်သေးသခင် ဖြစ်သွားပြီး အဆင့်လေးချပ်ဝတ်သခင် စွမ်းအားနှင့် ပေါင်းစပ်လိုက်လျှင် အဆင့်လေးကျွမ်းကျင်သူများကြားတွင် ပြိုင်ဘက်ကင်းဖြစ်နေလိမ့်မည်။
အဆင့်သုံးရုပ်သေးသခင်နှင့် အဆင့်လေးချပ်ဝတ်သခင် ဖြစ်လာလျှင် အဆင့်ငါးကျွမ်းကျင်သူများကသာ သူ့ကို ဖိနှိပ်နိုင်မည်။
ဟယ်ရန်စွန်းကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော ကျောက်ယုချင်၏ ကျောက်မိသားစုနှင့် ထန်မိသားစုသည် စိုးရိမ်နေသည်။
ဟယ်မိသားစုကို ဖိနှိပ်ပြီး အကျိုးအမြတ်ယူရန် ကြိုးစားခဲ့သော တခြားမိသားစုများကလည်း ထိတ်လန့်နေကြသည်။
“သတင်းပို့ပါတယ်။ ဟယ်ရန်စွန်းက အဆင့်တစ်ရုပ်သေးသခင် ဖြစ်သွားပါပြီ”
ထိုစကားကြောင့် မိသားစုတွင်ရှိသော လေထုက တင်းကျပ်သွားသည်။
မည်သူမှ စကားမပြောကြပေ။
သူတို့က ဟယ်ရန်စွန်းအား လုပ်ကြံရန် ကြိုးစားခဲ့သောအချိန်တွင် သတင်းရထားသည်။
သူ၏ ချပ်ဝတ်သခင်စွမ်းရည်နှင့် ရုပ်သေးသခင်စွမ်းရည်သည် ကွာခြားချက်သိပ်မရှိပေ။
သူက အဆင့်လေးချပ်ဝတ်သခင် ဖြစ်နေသောကြောင့် အဆင့်လေးရုပ်သေးသခင်လည်း ဖြစ်လာနိုင်သည်။
ထိုသို့ မဖြစ်ရန် ဆုတောင်းရုံသာ တတ်နိုင်မည်။
မဟုတ်လျှင် သူတို့၏ မိသားစုများအတွက် ကပ်ဘေးတစ်ခု ကျရောက်လာလိမ့်မည်။
ခဏအကြာတွင် သတင်းပို့လာသောအသံကို ကြားရပြန်သည်။
“ဟယ်ရန်စွန်းက အဆင့်နှစ်ရုပ်သေးသခင် ဖြစ်သွားပါပြီ”
ထန်မိသားစု၏ခြံဝိုင်းတွင် အဆင့်သုံးချပ်ဝတ်သခင် တံဆိပ်ပြားကို ဝတ်ဆင်ထားသော လူတစ်ယောက်က ပျာယာခတ်နေသော မျက်နှာထားဖြင့် မတ်တပ်ရပ်လိုက်သည်။
“ခေါင်းဆောင်၊ ကျွန်တော်တို့ စောင့်နေလို့မဖြစ်တော့ဘူး”
သူက ညင်သာစွာပြောလိုက်ပြီး မိသားစုခေါင်းဆောင် ထန်ရီမင်ကို ကြည့်သည်။
“ဟုတ်ပါတယ်ခေါင်းဆောင်၊ ဟယ်ရန်စွန်းကို အခုပဲ သတ်လိုက်သင့်ပါတယ်။ မဟုတ်ရင် သူကြီးထွားလာတဲ့အချိန်မှာ ကျွန်တော်တို့ ထန်မိသားစုက ဖျက်ဆီးခံရပါလိမ့်မယ်”
သစ်သားထိုင်ခုံတွင် ထိုင်နေသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်က ခေါင်းမော့ပြီး ပြောသည်။
ထန်မိသားစု၏ ထန်ရီမင်သည် ဟယ်ကျူနှင့် မျိုးဆက်တူပြီး ရှားပါးသော အဆင့်ငါးကျွမ်းကျင်သူ ဖြစ်သည်။
“ဟယ်ရန်စွန်းက အဆင့်သုံးရုပ်သေးသခင် ဖြစ်သွားပါပြီ။ သူက အဆင့်လေးအတွက် စမ်းသပ်ခံဖို့ ခန်းဆောင်ထဲကို ဝင်သွားပါပြီ”
အပြင်ဘက်မှ ထွက်ပေါ်လာသော သတင်းကြောင့် ခန်းဆောင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
ထန်ရီမင်က မတ်တပ်ရပ်လိုက်ပြီး အသက်ရှူသွင်း၍ ညင်သာစွာပြောသည်။
“ငါက အပြင်သွားလိုက်အုံးမယ်”
ထို့နောက် သူက ဘေးတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့်လူကို လှည့်ကြည့်သည်။
“တကယ်လို့ ငါပြန်မလာရင် ညီနှစ်က မိသားစုခေါင်းဆောင် ဖြစ်လာလိမ့်မယ်”
‘ပြန်မလာတော့ဘူးလား’
လူတိုင်းက ထိတ်လန့်သွားသည်။
ထန်ရီမင်က စကားမပြောဘဲ အပြင်ဘက်သို့ ထွက်သွားသည်။
“အစ်ကိုကြီး ဂရုစိုက်ပါ”
အနက်ရောင်ဝတ်စုံနှင့်လူက ရှုပ်ထွေးနေသောမျက်နှာထားဖြင့် ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။
သူ၏ အစ်ကိုကြီးက ဟယ်ရန်စွန်းကို လုပ်ကြံတော့မည်။
အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ လူအများ၏ရှေ့တွင် အဆင့်လေးချပ်ဝတ်သခင်ကို လုပ်ကြံခဲ့သောကြောင့် အစည်းအရုံး၏ အမဲလိုက်ခြင်းကို ခံရလိမ့်မည်။
ထို့အပြင် ဟယ်ရန်စွန်းက ယခုအချိန်တွင် အဆင့်လေးချပ်ဝတ်သခင်သာမက အဆင့်သုံးရုပ်သေးသခင်ပါ ဖြစ်လာသော ပါရမီရှင် ဖြစ်သည်။
ထို့ကြောင့် ဟယ်ရန်စွန်းကို လုပ်ကြံမည့်လူက သေချာပေါက် အဖမ်းခံရလိမ့်မည်။
ထန်ရီမင်က ပြန်လာနိုင်မည်မဟုတ်ပေ။
အနက်ရောင်ဝတ်စုံနှင့်လူ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုတချို့ ပေါ်ထွက်လာသည်။ သို့သော် ဝမ်းနည်းနေသော မျက်နှာထားဖြင့် လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။
ထန်မိသားစုကသာ ထိုရွေးချယ်မှုကို ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။
မိသားစုကြီးများ၏ အဆင့်ငါးကျွမ်းကျင်သူများက တိတ်ဆိတ်စွာ လမ်းလျှောက်ထွက်လာကြသည်။
ပါရမီရှင်တစ်ယောက်ဖြစ်သော ဟယ်ရန်စွန်းကို ကြိုတင်ဖြေရှင်းထားမှ သူတို့၏ မိသားစုကို ကယ်တင်နိုင်လိမ့်မည်။
“ဟယ်ရန်စွန်းက အဆင့်လေးရုပ်သေးသခင် ဖြစ်သွားပြီ”
“သူက နှစ်ခုလုံးမှာ အဆင့်လေးဖြစ်လာတဲ့ ဘုရားမြို့ရဲ့ ပထမဆုံးကျွမ်းကျင်သူပဲ”
လမ်းပေါ်တွင် မရေမတွက်နိုင်သော အားပေးချီးကျူးသံကို ကြားနိုင်သည်။
ရုပ်သေးခန်းဆောင်နှင့် သိပ်မဝေးသောနေရာတွင် ရှိသည့် အနက်ရောင်ဝတ်စုံနှင့်လူများ၏ မျက်နှာထားက လေးနက်လာသည်။
သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ခန်းဆောင်ကို အာရုံစိုက်ထားသည်။
ဟယ်ရန်စွန်း ထွက်လာလျှင် သူတို့က ချက်ချင်းလှုပ်ရှားမည်။
သူတို့က စည်းကမ်းချိုးဖောက်မိလျှင်လည်း မတတ်နိုင်ပေ။
စည်းကမ်းဆိုသည်မှာ ချိုးဖောက်ရန်အတွက် ဖြစ်သည်။
အဆင့်ငါးကျွမ်းကျင်သူ လေးယောက်က ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။
ရုပ်သေးခန်းဆောင်၏ တံခါးက ဖြည်းဖြည်းချင်း ပွင့်လာသည်။
တံခါးဝတွင် ဟယ်ရန်စွန်း၏ပုံရိပ်ကို မြင်ရသည်။
အဆင့်ငါးကျွမ်းကျင်သူ လေးယောက်၏ သွေးနှင့်ချီက ဖြည်းဖြည်းချင်း စုစည်းလာသည်။
ဟယ်ရန်စွန်းက အဆင့်ငါးကျွမ်းကျင်သူ ဖြစ်နေလျှင်ပင် သူတို့လေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။
ထိုအချိန်တွင် အော်ဟစ်သံ ပေါ်ထွက်လာသည်။
“ဘုရားမြို့ရဲ့ ပန်းပဲပညာရှင်အစည်းအရုံးက အဆင့်ခုနစ်ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့ပြီ”
“ဟယ်မိသားစုရဲ့ ထောက်ပံ့မှုကို ရရှိထားတဲ့ ဆရာဟန်မူယဲ့က ပန်းပဲပညာရှင်အစည်းအရုံးရဲ့ခေါင်းဆောင် ဖြစ်လာခဲ့ပြီ”
အားပေးသံများသည် ရေလှိုင်းသဖွယ် ပေါ်ထွက်လာသည်။
ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ ခေါင်းဆောင် ....
ပန်းပဲပညာရှင်များသည် ချပ်ဝတ်သခင်၊ ရုပ်သေးသခင်ကဲ့သို့ အထင်ကြီးမခံရသော်လည်း အဆင့်ခုနစ် ပန်းပဲပညာရှင်၊ အစည်းအရုံးခေါင်းဆောင်ဟူသော အဆင့်အတန်းသည် တခြားလူများအတွက် စိတ်ကူးမယဉ်နိုင်လောက်ပေ။
ဘုရားမြို့တွင် အဆင့်ခုနစ်ပန်းပဲပညာရှင်သည် ပန်းပဲလုပ်ငန်း၊ ပြုပြင်ခြင်းလုပ်ငန်းများ အားလုံးကို ထိန်းချုပ်နိုင်သည်။
ထို့အပြင် အစည်းအရုံးခေါင်းဆောင် ဖြစ်နေသောကြောင့် ရုပ်သေးရုပ်၊ ချပ်ဝတ်နှင့် ပတ်သတ်သော အရင်းအမြစ်များ၊ သတင်းအချက်အလက်များ အားလုံးကို ထိန်းချုပ်ထားသည်။
သူက ပစ်မှတ်ထားလျှင် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များကို ဝယ်ယူနိုင်တော့မည်မဟုတ်ပေ။
မိသားစုက ကိုယ်ပိုင်ပန်းပဲပညာရှင်ကို ပျိုးထောင်ထားလျှင်ပင် အစည်းအရုံးခေါင်းဆောင်၏အမိန့်ကို နာခံရမည်။
အဘယ်ကြောင့်ဆိုသော် သူက အစည်းအရုံးကို ကိုယ်စားပြုသည်။
ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးသည် အဆင့်ခုနစ် ပန်းပဲပညာရှင်ကို မွေးထုတ်ပေးလိုက်သည်။
ထိုလူက ဟယ်မိသားစုကို ထောက်ပံ့ပေးထားသော ဆရာဟန်မှလွဲ၍ တခြားလူမဟုတ်ပေ။
“ဟယ်မိသားစု ....”
ရှေ့သို့ ခြေတစ်လှမ်းတိုးထားသော ထန်ရီမင်က ရပ်တန့်လိုက်ပြီး နောက်ဆုတ်သည်။ အသုံးမဝင်တော့ပေ။
သူတို့က ဟယ်ရန်စွန်းကို သတ်နိုင်သော်လည်း အဆင့်ခုနစ်ပန်းပဲပညာရှင်ဖြစ်လာသော အစည်းအရုံးခေါင်းဆောင်ကို မည်သို့ သတ်နိုင်မည်နည်း။
ကိုယ့်ကိုယ်ကိုယ်သာ ပျက်စီးစေလိမ့်မည်။
သူတို့က လုပ်ကြံရန် ကြိုးစားခဲ့လျှင် အစည်းအရုံးက ဒေါသတကြီး လက်တုံ့ပြန်လိမ့်မည်။
အဆုံးမရှိသော ကြွယ်ဝမှုကို ထိန်းချုပ်ထားသည့် အစည်းအရုံးအတွက် ဆုကြေးတစ်ခုကို ထုတ်ပြန်ရန်သာ လိုအပ်သည်။ ကျွမ်းကျင်သူများက သူတို့ကို ဝါးမြိုရန် အပြေးရောက်လာလိမ့်မည်။
“သွားကြစို့။ ဟယ်မိသားစုက တိုးတက်ဖို့ ကံပါလာတယ်။ ငါတို့က အမှားလုပ်မိခဲ့တယ် ....”
ထန်ရီမင်နှင့်အတူ နောက်ထပ် အဆင့်ငါးကျွမ်းကျင်သူတစ်ယောက်က နောက်ဆုတ်သွားသည်။
ကျန်ရှိနေသော ကျွမ်းကျင်သူနှစ်ယောက်ကလည်း တုံ့ဆိုင်းမနေခဲ့ပေ။
သူတို့က လျင်မြန်စွာ ထွက်သွားကြသည်။
ရုပ်သေးခန်းဆောင်၏ အပြင်ဘက်တွင် ရှိနေသော ဟယ်ရန်စွန်းက တံဆိပ်ပြားကိုင်ထားပြီး ပျော်ရွှင်စွာ ပြုံးနေသည်။
သူ့အတွက် မဟုတ်ပေ။ ဟန်မူယဲ့၊ ဆရာဟန်၊ ခေါင်းဆောင်ဟန်အတွက် ဖြစ်သည်။
ဟယ်မူယဲ့၏ ပန်းပဲနည်းစနစ်က အလွန်ထူးချွန်သော်လည်း တစ်ခါတည်း အစည်းအရုံးခေါင်းဆောင် ဖြစ်လာမည်ဟု ထင်မထားခဲ့ပေ။
သူက ဟယ်မိသားစုကို တစ်ယောက်တည်း ထောက်ပံ့ပေးပြီး အမျိုးမျိုးသော မုန်တိုင်းများနှင့် ရင်ဆိုင်ရမည်ဟု ထင်ထားခဲ့သည်။
သူက ဖြစ်နိုင်ခြေရှိသော အန္တရာယ်များအားလုံးအတွက် အသင့်ပြင်ထားသည်။
သို့သော် ဆရာဟန်က အဆင့်ခုနစ်ပန်းပဲပညာရှင် ဖြစ်သွားပြီး အစည်းအရုံးခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဟယ်မိသားစု၏နောက်ကွယ်တွင် အစည်းအရုံးခေါင်းဆောင် ရှိနေသောကြောင့် သူတို့ကို မည်သူမှ ထိရဲမည်မဟုတ်ပေ။
ဆရာဟန်က ဟယ်မိသားစု၏ အကြီးမားဆုံးအထောက်အပံ့၊ အစစ်အမှန်နောက်ခံ ဖြစ်သည်။