← Chapters

အခန်း (၁၂၃၈)

Vol. 89 Ch. 1238

အခန်း (၁၂၃၈)

Vol. 89 Ch. 1238

မိသားစုကြီးများ၏ ကျွမ်းကျင်သူများက စောင့်ဆိုင်းနေသောအချိန်တွင် စွန်းပင်းက ဟယ်မိသားစုအိမ်တော်၏ အပြင်ဘက်တွင်ရှိသော အလုပ်ရုံသို့ ‌ရောက်လာခဲ့သည်။

“ဟားဟား၊ အစ်ကိုစွန်းကလည်း ဒီရောက်လာတာကို”

အဝေးတစ်နေရာတွင်ရှိသော ကျန်းရှန်က အပြုံးတစ်ခုနှင့်အတူ နှုတ်ဆက်လိုက်သည်။

စွန်းမိသားစုသည် မေပယ်တောအုပ်မြို့၏ နံပတ်တစ်အင်အားစုဖြစ်ပြီး အဆင့်ခုနစ်ဖြစ်သော စွန်းပင်းက နံပတ်တစ်ကျွမ်းကျင်သူ ဖြစ်သည်။

စွန်းပင်းက ဤနေရာသို့ ရောက်လာပြီး ကျန်းမိသားစုနှင့် ဟယ်မိသားစု၏ ပူးပေါင်းမှုကို သက်သေပြုပေးသောကြောင့် ကျန်းမိသားစုအတွက် ဂုဏ်ယူရသည်။

“ညီလေးကျန်းက အမြင်စူးရှတာပဲ။ သခင်လေးဟယ်က ပါရမီရှင်တစ်ယောက်ပဲ”

စွန်းပင်းက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ ကျန်းရှန်ကို နှုတ်ဆက်သည်။

စွန်းပင်း၏စကားကြောင့် ကျန်းရှန်၏အပြုံးက ပိုမိုထင်ရှားလာသည်။

ဟယ်ရန်စွန်းက အပြေးရောက်လာပြီး သူ့ကို ကြိုဆိုလိုက်သည်။

စွန်းပင်းက ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး လက်မြှောက်၏ လက်မောင်းအကာတစ်ခုကို ထုတ်ပေးသည်။

“ဒါက အဆင့်ငါးလက်မောင်းအကာပဲ။ သခင်လေးဟယ်က မကြာခင် သုံးနိုင်မှာပါ”

သူက ဟယ်ရန်စွန်းကို မျက်နှာသာပေးနေသည်။

ကျန်းရှန်က ခပ်ဟဟရယ်လိုက်ပြီး ဟယ်ရန်စွန်းကို ကြည့်သည်။

“အစ်ကိုစွန်းက လက်ဆောင်ပေးတယ်ဆိုမှတော့ ယူလိုက်ပါ”

သူက ဟယ်ရန်စွန်း၏ အကြီးအကဲတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားသည်။

မိသားစုနှစ်ခုသည် ပူးပေါင်းထားပြီးသားဖြစ်သည်။ သူက ဟယ်ရန်စွန်းအတွက် စကားပြောပေးနိုင်သည်။

အကယ်၍ ဟယ်မိသားစုတွင် အဆင့်ငါး သို့မဟုတ် အဆင့်ခြောက်ကျွမ်းကျင်သူ ရှိလာလျှင် သူတို့က ကျန်းမိသားစု၏အကူအညီကို လိုအပ်တော့မည်မဟုတ်ပေ။

ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်သည်။

“ကျေးဇူးပါ အကြီးအကဲစွန်း”

ထိုလက်ဆောင်သည် တန်ဖိုးရှိသော်လည်း သူကိုယ်တိုင်ကြောင့် ရလာခြင်းမဟုတ်ပေ။

သူ့နောက်ကွယ်တွင်ရှိသော ဆရာဟန်ကြောင့် ဖြစ်သည်။

ဟယ်ရန်စွန်းက လက်မောင်းအကာကို လက်ခံလိုက်သောအခါ စွန်းပင်းက စကားပြောသည်။

“ဆရာဟန်၊ မဟုတ်သေးဘူး ခေါင်းဆောင်ဟန်က ဘယ်မှာလဲ”

စွန်းပင်းက ဟန်မူယဲ့နှင့်တွေ့ရန် ရောက်လာကြောင်း ခန့်မှန်းမိသောကြောင့် ဟယ်ရန်စွန်းက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အကြီးအကဲစွန်း၊ ကျွန်တော့်နောက်ကနေ လိုက်ခဲ့ပါ”

သူတို့က အလုပ်ရုံဆီသို့ လျှောက်သွားလိုက်ကြသည်။

“ငါက မိုင်တစ်သန်းအကွာမှာရှိတဲ့ နေကြတ်မြို့ကို သွားဖူးတယ်။ အဲဒီမှာ ဒီလိုအလုပ်ရုံတွေ ရှိနေတယ်”

စွန်းပင်းက ရှုပ်ထွေးသောမျက်နှာထားဖြင့် အလုပ်ရုံများကို ကြည့်လိုက်သည်။

“ဒါပေမဲ့ အဲဒီအလုပ်ရုံတွေက ဒီထက် ပိုသေးတယ်”

‘မြို့ကြီးမှာ ဒီလိုအလုပ်ရုံတွေ ရှိနေတာလား’

‘ဆရာဟန်က မြို့ကြီးကနေ ရောက်လာတာလား’

ဆရာဟန်က မြို့ကြီးတစ်မြို့မှ ဖြစ်လိမ့်မည်ဟု ကျန်းရှန်က သုံးသပ်ဖူးသည်။ ယခု အမှန်ဖြစ်နေပုံရသည်။

အလုပ်ရုံက ယခုအချိန်အထိ မစတင်သေးပေ။ အထဲတွင် ဗလာဖြစ်နေသည်။

ဟယ်ရန်စွန်းက ကျန်းရှန်နှင့်စွန်းပင်းကို ကျယ်ဝန်းသော အလုပ်ရုံဆီသို့ ခေါ်သွားခဲ့သည်။ လူအများအပြားသည် ထိုနေရာတွင် စုစည်းနေကြသည်။

လူတိုင်းက ဝတ်ရုံပြည့် ဝတ်ဆင်ပြီး ရင်ဘတ်တွင် တံဆိပ်ပြားတစ်ခုကို တပ်ဆင်ထားသည်။

ဟယ်ရန်စွန်းနှင့် တခြားလူများ ရောက်လာသောအခါ တံခါးဝတွင်ရှိသော အစောင့်များက နောက်ဆုတ်ပေးလိုက်ကြသည်။

အစောင့်ငါးယောက်ထဲတွင် အဆင့်အနိမ့်ဆုံးသည် အဆင့်သုံးချပ်ဝတ်သခင် ဖြစ်သည်။

နှစ်ယောက်ကတော့ အဆင့်လေး ဖြစ်သည်။

ထို့ကြောင့် စွန်းပင်းက အနည်းငယ် သိချင်နေသည်။ ဤနေရာကို လုံခြုံရေးတင်းကျပ်ထားပုံရသည်။

“ဒီနေရာက ‌ခေါင်းဆောင်ဟန်ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံပဲ။ အဲဒါကြောင့် လုံခြုံရေးတင်းကျပ်ထားတယ်”

ဟယ်ရန်စွန်းက စွန်းပင်းကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

‘သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံလား’

စွန်းပင်းက ပန်းပဲပညာရှင်တစ်ယောက် မဟုတ်‌သောကြောင့် နားမလည်ပေ။

အလုပ်ရုံသည် အလွန်ကျယ်ဝန်းပြီး အစိမ်းရောင်ဝတ်စုံနှင့် ဟန်မူယဲ့သည် လူအုပ်၏ရှေ့တွင် ရှိနေသည်။

သွယ်ယှက်နေသော ဝင်္ကပါအလင်းများက သူ့ကို လွှမ်းခြုံထားသည်။

ဘုရားမြို့၏ မဟာအကြီးအကဲသုံးယောက်သည် ဝင်္ကပါ၏ အပြင်ဘက်တွင် စိတ်လှုပ်ရှားသောမျက်နှာထားဖြင့် ရှိနေကြသည်။

မေပယ်တောအုပ်မြို့၏ ရယ်ရွှမ်နှင့် စုကျီတို့ကလည်း အပြင်ဘက်တွင် ရပ်နေသည်။

စုစည်း‌နေသော ပန်းပဲပညာရှင်များကလည်း အသက်ရှူအောင့်ထားပြီး အသံမထွက်ရဲကြပေ။

“ကောင်းပြီ။ ဝင်္ကပါကို ပြုပြင်ပြီးသွားပြီ။ အသက်သွင်းဖို့ပဲ ကျန်တော့တယ်”

ဝင်္ကပါ၏ အပြင်ဘက်တွင်ရပ်နေသော ချန်မြောင်က ပြောလိုက်သည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး လက်မြှောက်သည်။ ချီစွမ်းအင်အလင်းသည် ဝင်္ကပါကို အသက်သွင်းလိုက်သည်။

“ဝီ”

ချီစွမ်းအင်အလင်းက အလုပ်ရုံ၏အမိုးကို ထိုးဖောက်မသွားဘဲ အလင်းလွှာအဖြစ် ပြောင်းလဲ၍ အလုပ်ရုံကို ချိပ်ပိတ်လိုက်သည်။

စွန်းပင်း၏မျက်နှာထားက ပြောင်းလဲသွားသည်။

ချိပ်ပိတ်ထားသော စွမ်းအားသည် အဆင့်ခုနစ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော သူ့ကိုပင် ဖိနှိပ်နိုင်သည်။

‘ဒီဝင်္ကပါက ဘယ်လောက်တောင် အားကောင်းနေတာလဲ’

ပန်းပဲပညာရှင်အများစုသည် တိုက်ခိုက်နိုင်စွမ်းမကောင်းသော်လည်း ဝင်္ကပါနှင့် လက်နက်ပစ္စည်းများ ဖန်တီးရာတွင် ထိပ်တန်းအဆင့် ဖြစ်သည်။

ဥပမာအနေဖြင့် ဤဝင်္ကပါသည် အဆင့်ခုနစ်ကျွမ်းကျင်သူကို လွယ်ကူစွာ သတ်ဖြတ်နိုင်သည်။

“ဝူး ....”

အလင်းစီးကြောင်းတစ်ခု ပေါ်ထွက်လာပြီး လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

ထိုလူက ဟန်မူယဲ့နှင့် တခြားလူများကို ကြည့်လိုက်ပြီး ပြောသည်။

“မင်းက မူပိုင်ခွင့်စစ်ဆေးမှုအတွက် ရောက်လာတာလား”

ထိုလူ၏ဝတ်စုံက ရွှေအလင်းကို ထုတ်လွှတ်ပြီး ရင်ဘတ်တွင်ရှိသော တံဆိပ်ပြားသည် ခုနစ်‌ရောင်အလင်းကို ပေါ်ထွက်လာစေသည်။

သူတော်စင်အဆင့် ဖြစ်သည်။

အလုပ်ရုံထဲတွင် ရှိနေသော ပန်းပဲပညာရှင်များက မျက်လုံးပြူးသွားကြသည်။

ခေါင်းဆောင်ဟန်က အလုပ်ရုံတည်ဆောက်ရေးတွင် ပါဝင်ခဲ့သော ပန်းပဲပညာရှင်များကို စုစည်းပြီး သူ၏ နည်းစနစ်ကို ပြသမည်ဟု ပြောခဲ့သည်။

ထို့ကြောင့် လူတိုင်းက ပျော်ရွှင်သွားခဲ့သည်။

သူတို့က ခေါင်းဆောင်ဟန်၏ စွမ်းရည်ကို လေ့လာနိုင်ရန်အတွက် ပင်ပန်းမှုကို ဂရုမစိုက်ဘဲ အလုပ်ရုံသို့ နေ့တိုင်းလာပြီး အလုပ်ကြိုးစားပေးခဲ့သည်။

ထို့အပြင် ခေါင်းဆောင်ဟန်က သူတို့ကို စုစည်းထားသောကြောင့် သူအသုံးပြုမည့် နည်းလမ်းကို သူတို့က နားလည်နိုင်လိမ့်မည်။

သူတို့က ဤနေရာသို့ ရောက်လာသောအခါ ခေါင်းဆောင်ဟန်က မူပိုင်ခွင့်အတွက် ပြင်ဆင်နေကြောင်း သိလိုက်ရသည်။

သူတို့က မူပိုင်ခွင့်အကြောင်းကို သိထားသည်။

သို့သော် ကြားဖူးရုံသာဖြစ်ပြီး တစ်ခါမှ မမြင်ဖူးပေ။

အဘယ်ကြောင့်ဆိုသော် ဘုရားမြို့၏ ပန်းပဲနည်းစနစ်များသည် ခေတ်နောက်ကျနေသည်။

အသုံးများသော နည်းစနစ်များသည် မြို့ကြီးများတွင်သာ ရှိကြသည်။

သူတို့က မူပိုင်ခွင့် မှတ်ပုံတင်နိုင်သော အကြောင်းအရာကို မသိကြပေ။

သူတို့သာမက မဟာအကြီးအကဲသုံးယောက်နှင့် မေပယ်တောအုပ်မြို့၏ ပန်းပဲပညာရှင်နှစ်ယောက်ကလည်း မသိပေ။

အဆင့်ကိုးသို့ ရောက်နေပြီး ဆန်းသစ်တီထွင်နိုင်စွမ်း ရှိမှသာ မူပိုင်ခွင့်အတွက် လျှောက်ထားနိုင်သည်ဟု ပြောကြသည်။

များသောအားဖြင့် မူပိုင်ခွင့် လျှောက်ထားနိုင်သော လူများသည် သူတော်စင်အဆင့်နှင့် သိပ်မဝေးတော့ပေ။

“ဘုရားမြို့ရဲ့ ‌ခေါင်းဆောင်ပန်းပဲပညာရှင် ဟန်မူယဲ့က မူပိုင်ခွင့်အတွက် စစ်ဆေးမှုခံယူချင်ပါတယ်”

ဟန်မူယဲ့က သူတော်စင်အဆင့် ပန်းပဲပညာရှင်၏ပုံရိပ်ကို ကြည့်လိုက်ပြီး ပြောသည်။

“ဘုရားမြို့လား ....”

သူတော်စင်အဆင့် ကျွမ်းကျင်သူက ဘုရားမြို့ကို ကြားဖူးပုံမရပေ။ သူက စိတ်ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ဟန်မူယဲ့၏ရင်ဘတ်ကို ကြည့်လိုက်သည်။

“အဆင့်ခုနစ် ပန်းပဲပညာရှင်က အစည်းအရုံးခေါင်းဆောင် ဖြစ်လာနိုင်တာလား”

သူက ရယ်ချင်နေသောမျက်နှာထားဖြင့် ဆက်ပြောသည်။

“အဆင့်ခုနစ် ပန်းပဲပညာရှင်က မူပိုင်ခွင့်အတွက် လျှောက်ထားချင်တာလား။ မင်းက ပိုက်ဆံရဖို့ အရူးအမူးဖြစ်နေတာလား”

သူက ပတ်ဝန်းကျင်တွင်ရှိသော တခြားလူများကို ကြည့်လိုက်သည်။

ချန်မြောင်က တိတ်ဆိတ်စွာ ခေါင်းငုံ့ထားသည်။

“ကျစ်ကျစ်၊ ဒီလိုမျိုး အဆင့်ငါးနဲ့ အဆင့်ခြောက် ပန်းပဲပညာရှင် နည်းနည်းလောက်ပဲရှိတဲ့ မြို့က မူပိုင်ခွင့်အတွက် လျှောက်ထားချင်တာတဲ့လား”

သူတော်စင်အဆင့် ပန်းပဲပညာရှင်၏ မျက်နှာထားက မည်းမှောင်သွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“မင်းက အစည်းအရုံးရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲ”

“မင်းက အချိန်လာဖြုန်းနေတာလား”

အလုပ်ရုံထဲတွင်ရှိသော ပန်းပဲပညာရှင်များ၏ မျက်နှာထားက ရှုပ်ထွေးနေပြီး ခေါင်းမော့မကြည့်ရဲကြပေ။

သူတော်စင်အဆင့် ပန်းပဲပညာရှင်များက သူတို့ကို အထင်သေးနိုင်သည်။ ဘုရားမြို့၏ အသန်မာဆုံး ပန်းပဲပညာရှင်က အဆင့်ခုနစ်သာ ရှိသည်။

ဟန်မူယဲ့က တည်ငြိမ်နေပြီး ရှေ့တွင်ရှိသော သူတော်စင်အဆင့် ပန်းပဲပညာရှင်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။

“မြို့တွေမှာရှိတဲ့ အစည်းအရုံးတိုင်းက မူပိုင်ခွင့်အတွက် လျှောက်ထားပိုင်ခွင့်ရှိတယ်”

“နှစ်တိုင်းမှာ သုံးကြိမ်လျှောက်ထားနိုင်တယ်။ တစ်ကြိမ်ရှုံးနိမ့်သွားရင် အခွင့်အရေးတစ်ခုကို ဆုံးရှုံးရမယ်။ အောင်မြင်သွားရင်တော့ အခွင့်အရေးနှစ်ကြိမ် ပြန်ရမယ်”

“အကြီးအကဲ၊ ဘုရားမြို့က မူပိုင်ခွင့်အတွက် လျှောက်ထားနိုင်တယ်မဟုတ်လား”

ပန်းပဲပညာရှင်အစည်းအရုံးတွင် စည်းကမ်းများ သတ်မှတ်ထားသည်။

မြို့တိုင်းသည် အခွင့်အရေးကို ဆုပ်ကိုင်နိုင်သည်။

သူတို့က မြို့တိုင်းတွင်ရှိသော ပန်းပဲပညာရှင်များကို တိုးတက်လာအောင် လှုံ့ဆော်ပေးသည်။

ဟန်မူယဲ့၏စကားကြောင့် သူတော်စင်အဆင့် ပန်းပဲပညာရှင်က နှာမှုတ်လိုက်သည်။

သို့သော် ထိုအကြောင်းအရာက အမှန်ပင်ဖြစ်သည်။

သူက လက်မြှောက်ပြီး ဝှေ့ယမ်းလိုက်သောအခါ နောက်ထပ် အလင်းကြောင်းလေးခု ပေါ်ထွက်လာသည်။

အဆင့်ကိုး ပန်းပဲပညာရှင်လေးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတော်စင်အဆင့် ပန်းပဲပညာရှင်ကို ဦးညွတ်ကြသည်။

ထို့နောက် ရွှေအလင်းသည် ပေတစ်ရာပတ်ဝန်းကျင်ကို လွှမ်းခြုံသါားသည်။

“ငါက မူပိုင်ခွင့် စမ်းသပ်မှုအတွက် စတင်လိုက်ပြီ။ မင်းရဲ့ မူပိုင်ခွင့်က တခြားပစ္စည်းတွေနဲ့ အရမ်းဆင်တူပြီး အသုံးပြုပြီးသားနည်းလမ်းတွေကို သုံးထားတယ်ဆိုရင် ရှုံးနိမ့်လိမ့်မယ်”

သူတော်စင်အဆင့် ပန်းပဲပညာရှင်၏ မျက်နှာထားက တင်းမာနေပြီး အေးစက်စွာပြောသည်။

“အခု စလိုက်ရအောင်”

ချီစွမ်းအင်သည် တောက်ပနေပြီး ပတ်ဝန်းကျင်ကို ပိတ်လှောင်ထားသည်။ ထိုမြင်ကွင်းသည် လူတိုင်းကို ထုံထိုင်းသွားစေသည်။

သူတို့က ထိုသို့ လေးနက်သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

ထို့အပြင် သူတော်စင်အဆင့်နှင့် အဆင့်ကိုး ပန်းပဲပညာရှင်များလည်း ရှိနေသည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။

ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးက တောက်ပလာတော့မည်။

အကယ်၍ မူပိုင်ခွင့်ကို ရခဲ့လျှင် ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဂုဏ်ယူစရာအကောင်းဆုံးဖြစ်ရပ် ဖြစ်လာမည်။

ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးသည် နှစ်သိန်းချီ၍ တည်ရှိခဲ့သော်လည်း မူပိုင်ခွင့်စမ်းသပ်မှုကို တစ်ခါမှ မလုပ်ဖူးပေ။

သူတို့က မူပိုင်ခွင့်၏ အကျိုးအမြတ်များကို သိထားသော်လည်း မူပိုင်ခွင့်လျှောက်ထားရန် စွမ်းရည်မရှိကြပေ။

မူပိုင်ခွင့်ဝင်္ကပါကိုလည်း ဘယ်သူမှ မတည်ဆောက်နိုင်ကြပေ။

“စပြီလား”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ဒီတစ်ကြိမ် အရှုံးပေးတယ်”

‘အရှုံးပေးတာလား’

လူတိုင်းက ကြောင်အသွားကြသည်။

သူတော်စင်အဆင့် ပန်းပဲပညာရှင်က မျက်မှောင်ကြုတ်လိုက်ပြီး စကားပြောတော့မည့်အချိန်တွင် ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝင်္ကပါထဲတွင်ပေါ်လာသော လူတိုင်းက ပျောက်ကွယ်သွားသည်။

အလုပ်ရုံကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဝင်္ကပါက အသက်မဲ့နေသည်။

လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။ တချို့က စိတ်သက်သာစွာ သက်ပြင်းချပြီး တချို့ကတော့ နောင်တများနှင့် ခေါင်းခါနေကြသည်။

All Chapters