အခန်း (၁၂၄၁)
Vol. 89 Ch. 1241
‘ဒီပစ္စည်းလေးကိုဝယ်ဖို့အတွက် မူလဒင်္ဂါးသန်းတစ်ရာတဲ့လား’
‘ငါက အိပ်မက် မက်နေတာလား’
“ညီအစ်ကိုယု .... ဘာဖြစ်နေတာလဲ”
ယုချန်တောက်၏ဘေးတွင်ရှိသော ဝူဟွားက ရေရွတ်လိုက်သည်။
မာနဉ်ယွမ်ကလည်း ဆွံ့အနေသည်။
“ဟားဟား၊ ခေါင်းဆောင်ဟန်က မြို့ကြီးတစ်မြို့ကနေ ရောက်လာတာပဲ။ ခေါင်းဆောင်ဟန်ရဲ့မိသားစုက လတစ်ထောင်မြို့မှာရှိနေတာ ဖြစ်နိုင်တယ်”
‘ခေါင်းဆောင်ဟန်ရဲ့မိသားစုက မူပိုင်ခွင့်ကိုဝယ်ဖို့ တမင်သက်သက် ဈေးပေးလိုက်တာလား’
‘ဒါက ခေါင်းဆောင်ဟန်ရဲ့ဂုဏ်သတင်းကို မြှင့်တင်ပေးဖို့ပဲ’
‘ငါသိပြီ’
ယုချန်တောက်၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော ပန်းပဲပညာရှင်များက နားလည်သွားပုံပေါ်သည်။
‘ခေါင်းဆောင်ဟန်က နောက်ခံကောင်းတယ်’
အလုပ်ရုံထဲတွင်ရှိသော ဘုရားမြို့၏ ပန်းပဲပညာရှင်များက စိတ်အေးသွားကြသည်။
‘ခေါင်းဆောင်ဟန်က သူတော်စင်အဆင့် ပန်းပဲပညာရှင်ကို ရန်စရဲတာ မထူးဆန်းတော့ပါဘူး’
‘ခေါင်းဆောင်ဟန်က နောက်ခံကောင်းနေတာကို’
ထန်ယွမ်၏မျက်နှာထားက ပြောင်းလဲသွားပြီး အထင်သေးစွာ နှာမှုတ်သည်။
“ငါတို့ ပန်းပဲပညာရှင်တွေအတွက် ကိုယ်ပိုင်ကျွမ်းကျင်မှုက အရေးအကြီးဆုံးပဲ။ တခြားအရာတွေကို မှီခိုနေမယ်ဆိုရင် အဝေးကို ရောက်နိုင်မှာမဟုတ်ဘူး”
သူ၏စကားအဆုံးတွင် နောက်ထပ် အမျှင်တန်းတစ်ခုက တုန်ခါသွားပြန်သည်။
“ဖီးနစ်ကောင်းကင်မြို့ရဲ့ ဖီးနစ်ကောင်းကင်ကျောင်းတော်က အဏုကြည့်မျက်လုံးရဲ့ မူပိုင်ခွင့်အတွက် မူလဒင်္ဂါး သန်း ၁၅၀ ဈေးပေးလိုက်ပါတယ်”
‘ဒါကရော မိသားစုကပဲလား’
အလုပ်ရုံထဲတွင်ရှိသော လူတိုင်းက သတိဝင်မလာခင် အလင်းတန်းများက မီးရှူးမီးပန်းသဖွယ် ပေါက်ကွဲသွားကြသည်။
ရာချီနေသော ရွှေရောင်စာလုံးများသည် ဟန်မူယဲ့၏ရှေ့တွင် ပေါ်လာသည်။
“ကျောက်စိမ်းဖြူမြို့က အဏုကြည့်မျက်လုံးကို ဝယ်ယူဖို့ မူလဒင်္ဂါး သန်း ၁၂၀ ပေးနိုင်ပါတယ်”
“အဏုကြည့်မျက်လုံးရဲ့ မူပိုင်ခွင့်အတွက် ယွင်စန်းမြို့က မူလဒင်္ဂါးသန်းနှစ်ရာ ပေးနိုင်ပါတယ်”
“ယွင်တုမြို့က မူလဒင်္ဂါးသန်းသုံးရာ ပေးနိုင်ပါတယ်”
အနိမ့်ဆုံးဈေးနှုန်းသည် သန်းသုံးဆယ်ဖြစ်သည်။
အမြင့်ဆုံးဈေးနှုန်းသည် သန်း ၄၃၀ ဖြစ်သည်။
သိပ်သည်းနေသော ဈေးများကြောင့် အလုပ်ရုံတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
ထန်ယွမ်၏မျက်နှာက ဖြူဖျော့နေပြီး ခြေလက်များက တုန်ခါလာသည်။
သူက မတုံးအပေ။
သူ့ဘဝတစ်လျှောက်လုံး နောင်တရနေမည့်အရာကို လုပ်မိသွားကြောင်း နားလည်လိုက်သည်။
မြို့ကြီးများက ဆက်တိုက်ဈေးပေးနေသောကြောင့် အမှားအယွင်းရှိရန် မဖြစ်နိုင်ပေ။
မှားယွင်းခဲ့သောလူက သူဖြစ်သည်။
“ဝီ”
ရွှေအလင်းစီးကြောင်းသည် တောက်ပနေပြီး ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။
ထို့နောက် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထိုပုံရိပ်က လရောင်ဖြူဝတ်စုံကို ဝတ်ထားပြီး မျက်လုံးများက ကြယ်တစ်စင်းသဖွယ် တောက်ပနေသည်။
သူ့ရင်ဘတ်တွင် ထူးခြားသောသလင်းကျောက်ဖြင့် ပြုလုပ်ထားသော တံဆိပ်ပြားတစ်ခု ရှိနေသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ဖြစ်သည်။
“မင်းက အဏုကြည့်မျက်လုံးကို မူပိုင်ခွင့်တင်ခဲ့တဲ့ ဟန်မူယဲ့လား”
“ငါက အစည်းအရုံးရဲ့ အကြီးအကဲ နတ်ဘုရားအဆင့်ပန်းပဲပညာရှင် ဟန်ချူပါ”
“အစည်းအရုံးက မင်းရဲ့မူပိုင်ခွင့်ကို မူလဒင်္ဂါးသန်းငါးရာနဲ့ ဝယ်ယူဖို့ ဆန္ဒရှိတယ်”
“ဘယ်လိုလဲ”
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်၏အသံက ညင်သာနေပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
အစည်းအရုံးက မူလဒင်္ဂါးသန်းငါးရာဖြင့် ဝယ်ယူချင်သည်။
အလုပ်ရုံထဲတွင်ရှိသော ပန်းပဲပညာရှင်များအားလုံးက နှလုံးခုန်ရပ်သွားတော့မည်ဟု ခံစားလိုက်ရသည်။
ဟယ်ရန်စွန်းက လက်သီးဆုပ်ထားသည်။ သူ့မျက်နှာက နီရဲနေပြီး ဟန်မူယဲ့ကို အလိုလျောက် ကြည့်လိုက်သည်။
လူတိုင်းက ဟန်မူယဲ့ကို စိုက်ကြည့်နေကြသည်။
ဟန်မူယဲ့က တည်ငြိမ်နေပြီး ညင်သာစွာ ခေါင်းခါသည်။
“ကျွန်တော် မရောင်းနိုင်ပါဘူး”
‘နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ရဲ့ ကမ်းလှမ်းချက်ကို ငြင်းလိုက်တာလား’
‘မူလဒင်္ဂါး သန်းငါးရာကို ငြင်းလိုက်တာလား’
ထန်ယွမ်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
သူ့ရှေ့တွင်ရှိသော လူက တုံးအမည်ဟု သူမထင်ပေ။
သို့သော် သူက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ကို အဘယ်ကြောင့် ငြင်းဆန်ရဲသနည်း။
ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ မဟာအကြီးအကဲသုံးယောက်ကလည်း အလွန်ထိတ်လန့်နေကြသည်။ သူတို့၏အမြင်တွင် အစည်းအရုံး၏ ကမ်းလှမ်းချက်က အလွန်ရက်ရောသည်။
‘ဒီကမ်းလှမ်းချက်ကို လက်ခံသင့်တယ်မဟုတ်လား’
တခြားပန်းပဲပညာရှင်များကလည်း စိတ်ပျက်နေကြသည်။
‘နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က မူလဒင်္ဂါးသန်းငါးရာနဲ့ ကမ်းလှမ်းခဲ့တာတောင် ခေါင်းဆောင်ဟန်က မကျေနပ်သေးဘူးလား’
‘ဘာလိုချင်နေတာလဲ’
ဟယ်ရန်စွန်းက နားမလည်နိုင်ဖြစ်နေသည်။ ခေါင်းငုံ့ထားသော ချန်မြောင်၏ မျက်လုံးများကတော့ တောက်ပသွားသည်။
သူက ဟန်မူယဲ့၏စွမ်းရည်ကို သိထားသည်။
သို့သော် အစည်းအရုံး၏ ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်သောကြောင့် အံ့အားသင့်သွားခဲ့ရသည်။
ဟန်မူယဲ့၏ ဝှက်ဖဲနှင့် လိုချင်သောအရာက သူမသိပေ။
စွန်းပင်းက လက်သီးဆုပ်ထားသည်။ ကျန်းရှန်၏ နှုတ်ခမ်းများကတော့ တွန့်သွားသည်။
သူတို့နှစ်ယောက်က မေပယ်တောအုပ်မြို့၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သို့သော် ယနေ့ကဲ့သို့ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးပေ။
အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းသည်။
ဟန်မူယဲ့၏နောက်သို့ လိုက်ရန် ဆုံးဖြတ်ထားသော ရယ်ရွှမ်နှင့် စုကျီကလည်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
ဆရာဟန်က ထိုသို့ နက်ရှိုင်းသော ကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားသည်။
သို့သော် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ကို ငြင်းပယ်လိုက်သောကြောင့် သူတို့က နားမလည်နိုင်ဖြစ်နေပြီး စိတ်ပျက်သွားကြသည်။
တစ်ဖက်လူက နတ်ဘုရားအဆင့် ကျွမ်းကျင်သူ ဖြစ်သည်။
ဟန်မူယဲ့၏ရှေ့တွင် ရပ်နေသော ဟန်ချူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူက ဒေါသမထွက်ပေ။ ဟန်မူယဲ့ကို ညင်သာစွာ ကြည့်လိုက်ပြီး ပြောသည်။
“ကမ်းလှမ်းချက်က မလုံလောက်လို့လား။ ငါက အကျိုးအမြတ်တွေကို ပေါင်းထည့်ပေးနိုင်တယ်။ ကျောင်းတော်ကို ဝင်ရောက်ဖို့နဲ့ အစည်းအရုံးတစ်ခုလုံးရဲ့ အထူးခံစားခွင့်တွေလည်း ပေးနိုင်တယ်”
သူက ညှိနှိုင်းနေဆဲဖြစ်သည်။
‘အဲဒီ အဏုကြည့်မျက်လုံးက ဒီလောက်တောင် တန်ဖိုးရှိတာလား’
အလုပ်ရုံထဲတွင်ရှိသော လူတိုင်းက ကြောင်အနေသည်။ နတ်ဘုရားအဆင့် ပန်းပဲပညာရှင် ဟန်ချူ၏ ကမ်းလှမ်းချက်များသည် သူတို့၏ စိတ်ကူးထက် ကျော်လွန်နေသည်။
သူတို့က ထိုအကျိုးအမြတ်များကို စိတ်ကူးမယဉ်ရဲပေ။
“အကြီးအကဲ၊ ကျွန်တော့်အလုပ်ရုံကို ဘယ်လိုထင်လဲ”
ဟန်မူယဲ့က ပြောလိုက်သည်။
သူ့စကားကြောင့် ဟန်ချူက စိတ်လွင့်သွားသည်။
သူကမ်းလှမ်းခဲ့သော ဈေးနှုန်းသည် အလွန်မြင့်မားသည်။
‘သူက လက်မခံချင်သေးဘူးလား’
“ဒီကလေးက ဘာတွေးနေတာလဲ’
အဏုကြည့်မျက်လုံး၏ အလားအလာနှင့် မြို့ကြီးများ၏ ပြင်းထန်သောဈေးနှုန်းကြောင့် မဟုတ်လျှင် သူက လှည့်ထွက်သွားလိမ့်မည်။
ဟန်ချူက အသက်ရှူသွင်းလိုက်ပြီး အလုပ်ရုံကို ကြည့်သည်။
ကျယ်ဝန်းပြီး ကြီးမားသည်။ ထိုမျှသာ ဖြစ်သည်။
သူက နတ်အာရုံဖြင့် ပတ်ဝန်းကျင်တွင်ရှိသော တခြားအလုပ်ရုံများကိုလည်း အာရုံခံကြည့်နိုင်သည်။
အားလုံးက ဗလာဖြစ်နေသည်။
ဤနေရာတွင်ရှိသော ပန်းပဲပညာရှင်များ၏ စံနှုန်းကလည်း နိမ့်ကျသည်။
“အလုပ်ရုံက မသေးပေမဲ့ တစ်ခုခုလိုအပ်နေတယ်”
ဤနေရာတွင်ရှိသော လူများက မလုံလောက်ဟု တိုက်ရိုက်မပြောခဲ့ပေ။
ဤနေရာတွင်ရှိသော လူအများစုသည် ပန်းပဲပညာရှင်အစည်းအရုံး၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ကို မျက်နှာသာပေးရမည်။
သို့သော် လူအများစုက နားလည်ကြသည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က ဤနေရာတွင်ရှိသော အဆင့်နိမ့်ပန်းပဲပညာရှင်များကို စိတ်ဝင်စားနေလျှင် ထူးဆန်းလိမ့်မည်။
ဤနေရာတွင် ပထမအဆင့် ပန်းပဲပညာရှင်များပင် ရှိနေသည်။
“အကြီးအကဲ၊ ကျွန်တော်က မူပိုင်ခွင့်ကို ထိန်းချုပ်ထားပြီး အဏုကြည့်မျက်လုံးကို ကျွန်တော်ကိုယ်တိုင် ထုတ်လုပ်မယ်လို့ ပြောချင်တာပါ”
ဟန်မူယဲ့က ပြောသည်။
အတွေ့အကြုံသည် လူတစ်ယောက်၏ အဆင့်အတန်းကို ဆုံးဖြတ်ပေးသည်။
အတွေးသည် လူတစ်ယောက်၏ အမျှော်အမြင်ကို ဆုံးဖြတ်သည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်၏ အမျှော်အမြင်နှင့် အတွေးကလည်း ကန့်သတ်ချက်ရှိသည်။
ဟန်ချူက အဏုကြည့်မျက်လုံး၏ နောက်ကွယ်တွင်ရှိသော စီးပွားရေးအခွင့်အလမ်းကို နားမလည်ပေ။
“မြို့ကြီးမှာရှိတဲ့ အလုပ်ရုံတွေက အဏုကြည့်မျက်လုံးကို အများအပြား လိုအပ်တယ်”
ဟန်မူယဲ့က လက်မြှောက်ပြီး ညာဘက်မျက်လုံး၏ရှေ့တွင် လွင့်မျောနေသော အဏုကြည့်မျက်လုံးကို ညင်သာစွာ ထိတွေ့သည်။ အလင်းစက်ကွင်းများ စုစည်းလာသည်။
“ဒီပစ္စည်းရဲ့ အကူအညီနဲ့ဆိုရင် အဆင့်နိမ့် ပန်းပဲပညာရှင်တွေက အဆင့်ခြောက်၊ အဆင့်ခုနစ်နဲ့ ယှဉ်နိုင်တဲ့ အာရုံခံနိုင်စွမ်းကို ပိုင်ဆိုင်လာလိမ့်မယ်”
“အဲဒါဆိုရင် သူတို့က အဆင့်မြင့်ပန်းပဲပညာရှင်တွေရဲ့ အလုပ်တာဝန်ကို ခွဲယူပေးနိုင်မယ်”
“အဆင့်မြင့်ပန်းပဲပညာရှင်တွေက နေရာတိုင်းမှာ ရှားပါးတယ်”
“အဆင့်နိမ့်ပန်းပဲပညာရှင်တွေက အလုပ်ခွဲယူပေးနိုင်ရင် အဆင့်မြင့်ပန်းပဲပညာရှင်တွေက လုပ်စရာရှိတာကို အားစိုက်ပြီး လုပ်နိုင်မယ်”
ဟန်မူယဲ့က မျက်နှာထားပြောင်းလဲသွားသော ဟန်ချူကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မြို့ကြီးတွေရဲ့ အလုပ်ရုံမှာ အဆင့်နိမ့်ပန်းပဲပညာရှင်တွေ သိန်းချီပြီး ရှိနေတယ်”
“သူတို့က အဏုကြည့်မျက်လုံးနဲ့ အဆင့်မြင့်ပန်းပဲပညာရှင်တွေရဲ့ အလုပ်ကို ခွဲယူပေးနိုင်မယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်အားခကတော့ အများကြီး တိုးလာမှာမဟုတ်ဘူး”
“အဆင့်နိမ့်ပန်းပဲပညာရှင်တွေက အဆင့်မြင့်ပန်းပဲပညာရှင်တွေရဲ့အလုပ်ကို လုပ်ချင်ကြတာပဲ”
“အဆင့်မြင့်ပန်းပဲပညာရှင်တွေကတော့ အလုပ်တာဝန်ကို ခွဲပေးလိုက်ပြီး ပိုအဆင့်မြင့်တဲ့တာဝန်တွေကို လုပ်နိုင်လိမ့်မယ်”
ဟန်မူယဲ့က ပေါ့ပါးစွာပြောသည်။
ဟန်ချူ၏မျက်နှာထားက လေးနက်လာသည်။
သေးငယ်သော အဏုကြည့်မျက်လုံးသည် စိတ်ကူးမယဉ်နိုင်သော အကျိုးသက်ရောက်မှုကို ပိုင်ဆိုင်သည်။
သူတွေးထားသည်ထက်ပင် အရေးကြီးနေသည်။
ကြယ်စင်စုစကြဝဠာ၏ နည်းလမ်းကို ပြောင်းလဲပစ်နိုင်သည်။
“အကြီးအကဲ အဏုကြည့်မျက်လုံးရဲ့ အသုံးဝင်ပုံကို မပြောရင်တောင် ပန်းပဲလုပ်ငန်းစုတွေ ပြောင်းလဲသွားတဲ့အတွက် မရေမတွက်နိုင်တဲ့ အခွင့်အရေးတွေ ပေါ်ထွက်လာလိမ့်မယ်”
ဟန်မူယဲ့က ဆက်ပြောသည်။
“အဏုကြည့်မျက်လုံးကို အသုံးပြုနေတဲ့ အဆင့်နိမ့်ပန်းပဲပညာရှင်နဲ့ အဆင့်မြင့်ပန်းပဲပညာရှင်တွေက အထောက်အကူပစ္စည်းတချို့ကို လိုအပ်လာမှာလား”
ဟန်ချူ၏မျက်လုံးများက တောက်ပသွားသည်။
သူက အံ့အားသင့်စွာ ပြုံးလိုက်သည်။
“ငါက ဒီစကားတွေကို အစည်းအရုံးရဲ့ အကြီးအကဲစည်းဝေးပွဲမှာ ပြောလိုက်မယ်”
ဟန်ချူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မင်းက ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လက်မြှောက်သည်။
ရွှေအလင်းသည် လူတိုင်း၏ အာရုံခံနိုင်စွမ်းကို တားဆီးလိုက်သည်။
အပြင်ဘက်တွင်ရှိသော လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ထန်ယွမ်က မသက်မသာဖြစ်နေသည်။
ပုံမှန်အတိုင်းဆိုလျှင် မူပိုင်ခွင့် အောင်မြင်သွားသောကြောင့် သူက အကျိုးအမြတ်များကို ရလိမ့်မည်။
သို့သော် ယခုအချိန်တွင် အကျိုးအမြတ် မရရုံသာမက အပြစ်ပေးခံရနိုင်သည်။
သူက ပါရမီရှင်တစ်ယောက်ကို ရန်စမိခဲ့သည်။