အခန်း (၁၂၄၂)
Vol. 89 Ch. 1242
အဆင့်ကိုးပန်းပဲပညာရှင် လေးယောက်က မကျေမနပ် ဖြစ်နေကြသည်။
သူတို့က ဟန်မူယဲ့နှင့် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်၏ စကားဝိုင်းကို မကြားနိုင်သော်လည်း အဏုကြည့်မျက်လုံး၏ တန်ဖိုးကို သိလိုက်ရသည်။
ဟန်မူယဲ့က အောင်မြင်လာတော့မည်။
“ဆရာဟန်က ခန့်မှန်းဖို့ တကယ်ခက်တာပဲ ....”
ကျန်းရှန်က ဟယ်ရန်စွန်းကို လှည့်ကြည့်လိုက်ပြီး တီးတိုးပြောသည်။
ကံကောင်းစွာဖြင့် ကျန်းမိသားစုက ဟယ်ရန်စွန်းမှတစ်ဆင့် ဆရာဟန်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည်။
စွန်းပင်း၏ မျက်လုံးများက တောက်ပနေသည်။
သူက အကြွေးပေးရန်အတွက် ဘုရားမြို့သို့ ရောက်လာခဲ့သည်။
သူက အကြွေးကို အချိန်ကြာမြင့်စွာ မထားချင်ပေ။
သို့သော် ယခုအချိန်တွင် ပြန်မပေးသေးရန် ဆုံးဖြတ်ထားသည်။
သူက အကြွေးပေးရန် ကျန်ရှိနေသောကြောင့် ဆရာဟန်နှင့် ဆက်သွယ်နိုင်မည်။
....
ထန်းဟွာကျောင်းတော်၏ ခန်းဆောင်တွင် ဒါဇင်ချီသော အကြီးအကဲများသည် ထိုင်ခုံတွင် ရှိနေကြသည်။
ထူးခြားသော အငွေ့အသက်သည် သူတို့အားလုံးကို လွှမ်းခြုံထားပြီး သူတို့၏ ရင်ဘတ်တွင်ရှိသော တံဆိပ်ပြားက ရောင်စုံအလင်းကို ထုတ်ပေးနေသည်။
နတ်ဘုရားအဆင့် ....
သူတို့အားလုံးသည် နတ်ဘုရားအဆင့် ဖြစ်ကြသည်။
နတ်ဘုရားအဆင့် ချပ်ဝတ်သခင်၊ ရုပ်သေးသခင်နှင့် ပန်းပဲပညာရှင်များ ဖြစ်သည်။
ကြယ်စင်စုစကြဝဠာတွင် ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို အသက်မသွင်းနိုင်သောကြောင့် နတ်ဘုရားအဆင့် ကျွမ်းကျင်သူများ၏ ခွန်အားက လျော့နည်းသွားသည်။ သူတို့က ပူးပေါင်းပြီး ဆောင်ရွက်ရသည်။
မည်သို့ပင်ဖြစ်စေ သူတို့က နတ်ဘုရားအဆင့်တွင် ရှိသောကြောင့် ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် စွမ်းအားသည် ဤလောက၏ အထွတ်အထိပ်တွင် ရှိနေသည်။
ရုပ်သေးရုပ်၊ ချပ်ဝတ်များနှင့် ပူးပေါင်းလိုက်လျှင် သူတို့က ပြိုင်ဘက်ကင်းသည်။
မြို့ကြီးတစ်မြို့တွင် နတ်ဘုရားအဆင့်ပညာရှင်များ ပိုရှိလေ ကမ္ဘာဦးအဆင့် ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို ထိန်းချုပ်နိုင်လေ ဖြစ်သည်။ ထို့ကြောင့် ပိုမိုအားကောင်းလာပြီး ပတ်ဝန်းကျင်ကို ဖိနှိပ်နိုင်လိမ့်မည်။
ထန်းဟွာမြို့တွင်ရှိသော ထန်းဟွာကျောင်းတော်သည် အလွန်အားကောင်းသည်။
ထိုအချိန်တွင် စားပွဲခုံ၏ထိပ်ဆုံး၌ ရှိနေသော လူအိုကြီး၏ မျက်လုံးများက တောက်ပနေသည်။
သူက လက်ထဲတွင် ကွင်းတစ်ခုကို ကိုင်ထားသည်။
ဟန်မူယဲ့ဖန်တီးခဲ့သော အဏုကြည့်မျက်လုံး ဖြစ်သည်။
ထိုပစ္စည်းကို ဖန်တီးရန် မခက်ပေ။ ပုံတူကူးရန် အလွန်လွယ်သည်။
“ဒီပစ္စည်းလေးက တချို့မြို့ကြီးတွေရဲ့ လေလံဈေးကို မူလဒင်္ဂါး သန်းသုံးရာကျော်အထိ မြင့်တက်လာစေခဲ့တယ်”
လူအိုကြီးက လူတိုင်းကို ဝေ့ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ငါတို့ ထန်းဟွာမြို့က ခြေတစ်လှမ်းနောက်ကျသွားတယ်”
ဤနေရာတွင်ရှိသော နတ်ဘုရားအဆင့် ကျွမ်းကျင်သူတိုင်းက အဏုကြည့်မျက်လုံးကို ကိုင်ထားကြသည်။
တချို့၏ မျက်လုံးများက တောက်ပနေပြီး တချို့က မျက်မှောင်ကြုတ်ထားကြသည်။
“ဒီပစ္စည်းရဲ့ နည်းစနစ်တွေက မထူးဆန်းဘူး။ ပူံတူကူးဖို့ အရမ်းလွယ်တယ်”
“ဒါပေမဲ့ အစည်းအရုံးရဲ့ စည်းကမ်းတွေ ရှိနေသေးတယ်”
“မူပိုင်ခွင့်ကို ကာကွယ်တာက ပန်းပဲပညာရှင်တိုင်းကို ကာကွယ်ထားတာနဲ့ အတူတူပဲ”
စကားပြောလိုက်သော လူအိုကြီးက အဏုကြည့်မျက်လုံးကို အသက်သွင်းကြည့်သည်။
ဤပစ္စည်းကို ပုံတူကူးနိုင်သည်။
သို့သော် အစည်းအရုံး၏ စည်းကမ်းကို ဖောက်ဖျက်မိလိမ့်မည်။
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်များသည် အကျိုးအမြတ်အနည်းငယ်ကို ဂရုမစိုက်ပေ။ သူတို့က အမွေအနှစ်ကို ဂရုစိုက်သည်။
သူတို့၏ အဆင့်အတန်းက မြင့်မားသောကြောင့် စည်းကမ်းကို ထိန်းသိမ်းပေးရမည်။
ထိုစည်းကမ်းများကို သူတို့က ပြုလုပ်ထားသည်။
“ငါတို့ ထန်းဟွာမြို့မှာ အဆင့်ခြောက်ကိုမရောက်သေးတဲ့ ပန်းပဲပညာရှင် ငါးသန်းကျော်ရှိတယ်။ တစ်သိန်းလောက်ကပဲ အဆင့်ခြောက်မှာ ရှိနေတယ်”
“တကယ်လို့ အဏုကြည့်မျက်လုံးက အဲဒီအခြေအနေကို ပြောင်းလဲပေးနိုင်မယ်ဆိုရင် ခေတ်တစ်ခုကို တော်လှန်လိုက်တာပဲ”
သက်လတ်ပိုင်းအရွယ် ပန်းပဲပညာရှင်တစ်ယောက်က တီးတိုးပြောသည်။
သူ့ရင်ဘတ်တွင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်၏ တံဆိပ်ပြားသာမက သူတော်စင်အဆင့် ချပ်ဝတ်သခင်၏ တံဆိပ်ပြားလည်း ရှိနေသည်။
ခေတ်တစ်ခုကို တော်လှန်သည်။
ထန်းဟွာမြို့သာမက တခြားမြို့များအတွက်လည်း အတူတူပင်ဖြစ်သည်။
ခန်းဆောင်ထဲတွင်ရှိသော လူအများအပြားက စကားပြောခဲ့ကြသည်။
စားပွဲ၏ ထိပ်ဆုံးတွင်ရှိသော အကြီးအကဲက လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
“အဆင့်နိမ့်ပန်းပဲပညာရှင်တွေက အဆင့်မြင့်ပန်းပဲပညာရှင်တွေရဲ့ အလုပ်တာဝန်ကို ခွဲယူနိုင်မယ်ဆိုရင် ကြယ်စင်စုစကြဝဠာတစ်ခုလုံးက တိုးတက်လာလိမ့်မယ်”
သေးငယ်သော ကွင်းလေးတစ်ခုကို ကျောင်းအုပ်က ထိုသို့ အကဲဖြတ်ခဲ့သည်။
ခန်းဆောင်ထဲတွင်ရှိသော လူတိုင်းက အံ့အားသင့်သွားကြသည်။
သို့သော် သူတို့က ကျောင်းအုပ်၏စကားကို သံသယမရှိပေ။
ထန်းဟွာကျောင်းအုပ်သည် ရှေးခေတ်ကတည်းက ရှင်သန်လာခဲ့သည်။
“အဲဒီလိုဆိုရင် မူပိုင်ခွင့်တင်ခဲ့တဲ့ ပန်းပဲပညာရှင်ကို ထန်းဟွာကျောင်းတော်ဆီ ဖိတ်ခေါ်လိုက်ရမလား”
နတ်ဘုရားအဆင့်တံဆိပ်ပြားကို ဝတ်ဆင်ထားသော ရုပ်သေးသခင်က ပြောလိုက်သည်။
“ဟုတ်တယ်။ အဲဒီနည်းအတိုင်းဆိုရင် ထန်းဟွာမြို့က တခြားမြို့တွေထက် သာလွန်သွားလိမ့်မယ်”
နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ဦးကလည်း ထောက်ခံသည်။
သူတို့၏စကားကို ကြားရသောအခါတွင် လူတစ်ယောက်က ခေါင်းခါသည်။
“ပန်းပဲပညာရှင်အစည်းအရုံးက သူ့ကို အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး”
ထိုစကားကြောင့် လူအများ၏ မျက်နှာထားက မည်းမှောင်သွားသည်။
ကျောင်းအုပ်က လက်ကို ဝှေ့ယမ်းလိုက်သည်။
“အဲဒါက အရေးမကြီးပါဘူး။ လောကမှာရှိတဲ့ အရာအများစုက သဘာဝကျကျ ဖြစ်သွားတတ်တယ်။ ငါတို့က အဲဒီလိုလူမျိုးကို ထန်းဟွာမြို့ဆီ ခေါ်လိုက်ရင်လည်း ဆက်ပြီး ဖန်တီးနိုင်ဖို့ မသေချာဘူး”
“သူက ငါတို့ကျောင်းတော်ရဲ့ အသိပညာတွေကို သင်ယူပြီး အဆင့်မြင့်ပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ တီထွင်နိုင်စွမ်းရှိဖို့ မလွယ်တော့ဘူး ဖြစ်သွားလိမ့်မယ်”
“အဲဒါကြောင့် ငါတို့မြို့ကြီးတွေမှာ မရေမတွက်နိုင်တဲ့ အဆင့်မြင့်ကျွမ်းကျင်သူတွေ ရှိနေပေမဲ့ ဖန်တီးနိုင်စွမ်းမှာတော့ အားနည်းနေတယ်”
“ငါတို့ရဲ့ အခြေခံအုတ်မြစ်က အရမ်းနက်ရှိုင်းတယ်။ အဲဒါကြောင့် ချိုးဖောက်ထွက်ဖို့ ခက်နေတယ်”
ကျောင်းအုပ်က လူတိုင်းကို ကြည့်နေပြီး စကားပြောချင်ပုံရသော်လည်း ရပ်တန့်လိုက်သည်။
ရွှေအလင်းစီးကြောင်းသည် သူ့ရှေ့သို့ ရောက်လာသည်။
သူက အလင်းစီးကြောင်းကို ဆုပ်ကိုင်လိုက်ပြီး မျက်နှာထားထူးဆန်းသွားသည်။
“မူပိုင်ခွင့်ပိုင်ရှင်က လိုအပ်ချက်တွေကို သတ်မှတ်လိုက်တယ်”
‘လိုအပ်ချက်လား’
‘ဘာတွေလဲ’
လူတိုင်းက သိချင်နေကြသည်။
“သူက အဏုကြည့်မျက်လုံးကို တစ်ဦးတည်း ထုတ်လုပ်ချင်တယ်။ တစ်နှစ်ကို သန်းတစ်ရာထောက်ပံ့ပေးမယ်လို့ ပြောတယ်”
“တစ်ခုကို မူလဒင်္ဂါးသုံးထောင်နဲ့ ရောင်းလိမ့်မယ်”
ကျောင်းအုပ်က ပြောပြလိုက်သည်။
သူ့စကားကြောင့် ခန်းဆောင်က ဆူပွက်သွားသည်။
“တစ်နှစ်ကို သန်းတစ်ရာ ဟုတ်လား။ မလုံလောက်ဘူး။ သန်းတစ်ထောင်ဆိုရင်တောင် မလုံလောက်ဘူး”
“ကြယ်စင်စုစကြဝဠာမှာ သန်းသောင်းချီတဲ့ အဆင့်နိမ့်ပန်းပဲပညာရှင်တွေ ရှိနေကြတယ်”
“မူလဒင်္ဂါးသုံးထောင်တဲ့လား။ သူက ဓားပြတိုက်နေတာလား။ ဒီပစ္စည်းကိုလုပ်ဖို့ မူလဒင်္ဂါး သုံးပြားတောင်မကျဘူး။ အဆတစ်ထောင် အမြတ်တင်ချင်နေတာလား”
“ဒီလိုဈေးနှုန်းမျိုးနဲ့ တစ်ဦးတည်းထုတ်လုပ်ချင်တယ်။ ရူးနေတာပဲ။ ဘယ်သူမှ သဘောတူမှာမဟုတ်ဘူး”
လူတိုင်းက ကျယ်လောင်စွာ ပြောလိုက်သည်။
သို့သော် ကျောင်းအုပ်က ခေါင်းခါသည်။
သူက တည်ငြိမ်နေသည်။
ခန်းဆောင်က ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
“သီးသန့်ရပိုင်ခွင့်တွေက အကျိုးအမြတ်ကို သေချာစေတယ်။ တခြားဖန်တီးသူတွေအတွက် တွန်းအားဖြစ်စေလိမ့်မယ်။ ဒါက ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ”
“တစ်နှစ်မှာ ပစ္စည်းသန်းတစ်ရာက လုံလောက်မှာမဟုတ်ဘူး။ ဒါပေမဲ့ မြို့တိုင်း၊ အလုပ်ရုံတိုင်းက အဏုကြည့်မျက်လုံးကို ချက်ချင်း မလိုအပ်ဘူး”
“အဏုကြည့်မျက်လုံး သန်းတစ်ရာက အလုပ်ရုံတွေရဲ့ လုပ်ငန်းစဉ်ကို တိုက်ရိုက် မသက်ရောက်စေဘူး”
“အလုပ်ရုံတွေအတွက် ပြောင်းလဲဖို့ အချိန်လိုတယ်”
“ဈေးနှုန်းကတော့”
ကျောင်းအုပ်က ပြုံးလိုက်ပြီး ချီးကျူးနေသောလေသံဖြင့် ပြောသည်။
“အဲဒီလူငယ်လေးက အကျိုးအမြတ်ရဲ့ သုံးပုံတစ်ပုံ၊ သန်းတစ်သိန်းကို အစည်းအရုံးအတွက် လုပ်အားခအဖြစ် ပေးလိမ့်မယ်။ အစည်းအရုံးက အဏုကြည့်မျက်လုံးရဲ့ ရောင်းချပိုင်ခွင့်ကို ရထားတယ်”
“နောက်ထပ် သန်းတစ်သိန်းကိုတော့ မူပိုင်ခွင့်ဖန်တီးသူတွေအတွက် နှစ်တိုင်း ဆုချပေးလိမ့်မယ်”
“သူနဲ့ သူ့ရဲ့ အလုပ်ရုံက ကျန်တဲ့ အကျိုးအမြတ်ကိုပဲ ယူလိမ့်မယ်”
သူက အဏုကြည့်မျက်လုံးကို ဈေးတင်ထားသောကြောင့် အမြတ်အလွန်များသည်ဟု ထင်ရသည်။
မြို့ကြီးများတွင်ရှိသော အလုပ်ရုံများကပင် ထိုသို့ အမြတ်မရနိုင်ပေ။
သို့သော် ယခုကဲ့သို့ ခွဲဝေလိုက်သောအခါ အကျိုးအမြတ် မသိပ်မများဟု ထင်ရသည်။
ကျန်ရှိနေသော အကျိုးအမြတ်များသည် အရေးမပါတော့ပေ။
“တကယ့်ကို ဉာဏ်ကောင်းတာပဲ ....”
အနက်ရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က တီးတိုးပြောသည်။
“ထန်းဟွာမြို့က သဘောတူတယ်”
ကျောင်းအုပ်က လေးနက်စွာပြောသည်။
“ပြီးတော့ ငါတို့ ထန်းဟွာကျောင်းတော်က သူနဲ့ ပူးပေါင်းနိုင်တယ်လို့ ပြောလိုက်ပါ”
“သူ့ကို ထန်းဟွာကျောင်းတော်ရဲ့ ပါမောက္ခအဖြစ် ရာထူးချီးမြှင့်မယ်”
“နတ်ဘုရားအဆင့် ကျွမ်းကျင်သူနဲ့ အဆင့်အတန်းချင်း တူညီသွားလိမ့်မယ်”
ဘုရားမြို့တွင် ပန်းပဲပညာရှင်များအားလုံးက နေ့တစ်ဝက်ခန့် စောင့်နေလိုက်ရသည်။
သို့သော် သူတို့က စိတ်မရှည်မဖြစ်ပေ။
သူတို့၏ ခေါင်းဆောင်က နတ်ဘုရားအဆင့် ပန်းပဲပညာရှင်နှင့် ဆက်သွယ်နေသည်။
‘အချိန်ကြာလေ ပိုပြီး ဆွေးနွေးနိုင်လေပဲ မဟုတ်လား’
“ဝီ”
ညင်သာသောအသံနှင့်အတူ ရွှေရောင်အလင်းလွှာသည် ပျောက်ကွယ်သွားခဲ့သည်။
ဟန်မူယဲ့က ပြုံးနေပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ ခံစားချက်ပြင်းထန်နေသော ဟန်ချူကို နှုတ်ဆက်သည်။
“အခုအချိန်ကစပြီး ကျူကျင်းကုန်သွယ်ရေးအဖွဲ့နဲ့ ပတ်သတ်လို့ အကြီးအကဲကို အားကိုးရတော့မှာပဲ”
သူ့စကားကို ကြားရသောအခါ ဟန်ချူက လက်ကို ဝှေ့ယမ်းလိုက်သည်။
“ငါ့ကို ဂရုစိုက်ပေးဖို့ မင်းကိုပဲ အားကိုးရမှာပါ”
“မင်းက ငါတို့ အစည်းအရုံးရဲ့ စောင့်ရှောက်သူပါပဲ”
နတ်ဘုရားအဆင့်က မည်သည့်အရာနည်း။
ကြယ်စင်စုစကြဝဠာ၏ အဆင့်အမြင့်ဆုံး ကျွမ်းကျင်သူများ ဖြစ်ကြသည်။
နတ်ဘုရားအဆင့် ချပ်ဝတ်သခင်၊ ရုပ်သေးသခင်နှင့် ပန်းပဲပညာရှင်များသည် စိတ်ကူးမယဉ်နိုင်သော ကြွယ်ဝမှုနှင့် အဆက်သွယ်ကို ပိုင်ဆိုင်ကြသည်။
သူတို့က ကြယ်စင်စုစကြဝဠာ၏ ကျင့်ကြံခြင်းလောကကို ထိန်းချုပ်ထားသည်။
သို့သော် ထိုလူမျိုးက အဆင့်ခုနစ်ပန်းပဲပညာရှင်တစ်ယောက်ကို ပြုံးပြပြီး ယဉ်ကျေးစွာ စကားပြောနေသည်။
သူ့ကို အားကိုးရမည်ဟုပင် ပြောလိုက်သေးသည်။
‘ဒါက နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက် ပြောရမယ့်စကားလား’
‘ခင်ဗျားကိုယ်စား ရှက်မိတယ်’
လူတိုင်းက တွေးမိနေသည်။
သို့သော် ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ခါသွားကြသည်။
‘ဘယ်လိုဆွေးနွေးမှုကို လုပ်ခဲ့လို့ နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က ဒီလောက် ယဉ်ကျေးနေတာလဲ’
လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
‘ဆရာဟန်၊ ခေါင်းဆောင်ဟန်က အဏုကြည့်မျက်လုံးအတွက် ဘယ်လောက် ဈေးသတ်မှတ်ခဲ့တာလဲ’
ဟန်ချူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
“မူယဲ့၊ မင်းရဲ့အလုပ်ရုံက မြန်မြန်လှုပ်ရှားမြှစ်မယ်။ တစ်နှစ်ကို အဏုကြည့်မျက်လုံး သန်းတစ်ရာက နည်းပါးတဲ့ပမာဏ မဟုတ်ဘူး”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အပြုံးတစ်ခုနှင့်အတူ ပြောသည်။
“ကျွန်တော်က ဒီမှာ အသင့်ပြင်ထားလိုက်ပါမယ်။ အစည်းအရုံးရဲ့ ကုန်ကြမ်းတွေ ရောက်လာရင် စပြီး အလုပ်လုပ်ပါမယ်”