အခန်း (၁၂၄၆)
Vol. 89 Ch. 1246
“ငါက ဘုရားမြို့ရဲ့ အဆင့်ခြောက်ပန်းပဲပညာရှင် ယုချန်တောက်ပဲ။ မင်းကို စိန်ခေါ်တယ်”
ယုချန်တောက်က စင်မြင့်ပေါ်သို့ တက်သွားပြီး မူလဒင်္ဂါးကတ်ပြားကို ထုတ်ပေးသည်။
“ငါ့မှာရှိတာ အကုန်ပဲ”
“မူလဒင်္ဂါး ငါးသန်းခြောက်သိန်းသုံးသောင်း ရှိတယ်”
ငါးသန်းကျော်သည် နည်းပါးသောပမာဏ မဟုတ်ပေ။
ဘုရားမြို့ ပန်းပဲပညာရှင်အစည်းအရုံး၏ မဟာအကြီးအကဲတစ်ယောက် ဖြစ်သင့်သည်။
“မင်းက မူလဒင်္ဂါးတွေပေးဖို့ ရောက်လာတာလား”
အသက်သုံးဆယ်အရွယ် လူငယ်က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက အောက်တွင်ရှိသော ဘုရားမြို့၏ လူများကို ကြည့်လိုက်သည်။
“ဘုရားမြို့ရဲ့ မိသားစုကြီးတွေက မူလဒင်္ဂါးခြောက်သန်း တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကို လောင်းကြေးထပ်ထားတယ်”
ကျန်းမိသားစုခေါင်းဆောင် ကျန်းရွှမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
လောင်းကြေးများကို သတ်မှတ်လိုက်ပြီး ယုချန်တောက်နှင့် ယန်တင်းဟု အမည်ရသော အဆင့်ခုနစ် ပန်းပဲပညာရှင်က စင်မြင့်ပေါ်တွင် ရပ်လိုက်ကြသည်။
“ငါက မင်းကို အနိုင်မကျင့်ပါဘူး။ ငါက အဆင့်သုံးချပ်ဝတ်ကို ဖန်တီးမယ်။ မင်းက အဲဒီချပ်ဝတ်ရဲ့ ခုခံမှုကို ချိုးဖောက်နိုင်ရင် အနိုင်ရလိမ့်မယ်”
ယန်တင်းက ပြောလိုက်သည်။ သူက ယုချန်တောက်ကို စိတ်မဝင်စားပေ။
ထို့နောက် စကားအဆုံးတွင် မီးတောက်များကို ထုတ်လွှတ်လိုက်သည်။
မီးတောက်များသည် သွယ်ယှက်နေသည်။ ဝိညာဉ်သတ္တုများက သပ်ရပ်စွာ ရှိနေသည်။
ကျွမ်းကျင်သူတစ်ယောက်၏ ပုံစံကို လွယ်ကူစွာ မြင်နိုင်သည်။
ယန်တင်း၏ နည်းစနစ်သည် ယုချန်တောက်တို့နှင့် ကွာခြားသည်။
အမျိုးမျိုးသော ဝိညာဉ်သတ္တုနှင့် မီးတောက်များကို ခွဲခြားထားသည်။
ထိုနည်းလမ်းသည် ဟန်မူယဲ့၏ နည်းလမ်းနှင့် ဆင်တူနေသည်။
သို့သော် ဟန်မူယဲ့နှင့် မယှဉ်နိုင်ပေ။ ဟန်မူယဲ့က ရာချီသော မီးတောက်နှင့် ဝိညာဉ်သတ္တုများကို တစ်ပြိုင်နက် ထိန်းချုပ်ခဲ့သည်။
“မြို့ကြီးတွေရဲ့ ပန်းပဲနည်းစနစ်ပဲၑ
ယုချန်တောက်က ထိတ်လန့်စွာပြောသည်။
ယန်တင်းက မျက်ခုံးပင့်လိုက်ပြီး ရယ်သည်။
“မင်းက ဗဟုသုတရှိသားပဲ”
“ငါက ဆရာနဲ့အတူ မြို့ကြီးတွေမှာ လည့်ပတ်သွားနေခဲ့တယ်။ အခု ကျောင်းတော်မှာ တပည့်အသစ်အဖြစ် စာရင်းသွင်းဖို့ စောင့်နေတာပဲ”
“ငါက ကျောင်းလခရှာဖို့ ဒီကို ရောက်လာတာ”
“မင်းက ကိုယ်တိုင်လာပေးမယ်လို့ ထင်မထားခဲ့ဘူး”
သူက ရယ်လိုက်ပြီး ခေါင်းခါသည်။
ဝူဟွားနှင့် မာနဉ်ယွမ်၏ မျက်နှာထားက တင်းမာနေသည်။
ယုချန်တောက်က တိတ်ဆိတ်နေပြီး ယန်တင်း၏ရှေ့တွင်ရှိသော မီးတောက်နှင့် လျင်မြန်စွာ ပုံပြောင်းသွားသော ဝိညာဉ်သတ္တုများကို ကြည့်သည်။
ပြိုင်ဘက်၏ နည်းစနစ်က သူ့ထက် သာလွန်နေသည်။
သူက အနိုင်ရရန် မဖြစ်နိုင်ပေ။
‘တစ်ခါတည်း အရှံးပေးလိုက်ရမလား’
‘မဖြစ်ဘူး’
သို့သော် သူက မည်သို့ အနိုင်ရမည်နည်း။
“ဟားဟား၊ ယုချန်တောက်က အရှုံးပေးဖို့ အသင့်ဖြစ်နေပြီထင်တယ်”
စင်မြင့်၏အောက်တွင် အဝါရောင်ဝတ်စုံနှင့် လူအိုကြီးတစ်ယောက်က အထင်သေးစွာ ပြောသည်။
“မဟုတ်ဘူး။ ယုချန်တောက်က အစည်းအရုံးရဲ့ မဟာအကြီးအကဲတစ်ယောက် ဖြစ်ခဲ့တယ်။ သူက ဘယ်လိုလုပ်ပြီး ချက်ချင်းအရှုံးပေးမှာလဲ”
အဆင့်လေးချပ်ဝတ်သခင် တံဆိပ်ပြားကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က နှာမှုတ်သည်။
သူက မဟာအကြီးအကဲသုံးယောက်၏ ထိန်းချုပ်မှုကို မကျေနပ်သော မိသားစုကြီးများ၏ ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။
ဤနေရာသည် အစည်းအရုံး၏ အဓိကခန်းဆောင်တွင်ရှိသော စင်မြင့်ဖြစ်သည်။ သာမန်လူများက ဤနေရာသို့ မလာနိုင်ကြပေ။ ဤနေရာတွင်ရှိသော လူအများစုသည် ပန်းပဲပညာရှင်များ ဖြစ်ကြသည်။
သို့သော် ပန်းပဲပညာရှင်အများစုသည် ဟယ်မိသားစု၏ အလုပ်ရုံတွင် အလုပ်လုပ်နေကြသည်။ ဤနေရာတွင်ရှိသော ပြိုင်ပွဲကို မသိကြပေ။
ထို့ကြောင့် မိသားစုကြီးများ၏ ပန်းပဲပညာရှင်နှင့် ကျွမ်းကျင်သူများသာ ရှိနေသည်။
ယုချန်တောက်က သူတို့၏ လှောင်ပြောင်မှုကို ဂရုမစိုက်ပေ။
သူက စနစ်တကျ ချပ်ဝတ်သန့်စင်နေသော ယန်တင်းကို တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူက ခေါင်းဆောင်ဟန်၏ နည်းလမ်းကို မမြင်ခဲ့လျှင် ယခုအချိန်တွင် ထိတ်လန့်နေလိမ့်မည်။
သို့သော် သူက ယန်တင်းကို ကြည့်လိုက်ပြီး တည်ငြိမ်နေသည်။
‘ဒါပဲလား’
‘ခေါင်းဆောင်ဟန်နဲ့ ယှဉ်လိုက်ရင် သူက အများကြီး လိုအပ်နေတာပဲ’
“ဒီနေ့အခြေအနေမှာ နည်းလမ်းအသစ်ကို ရှာဖို့ပဲ တတ်နိုင်မယ်”
ယုချန်တောက်က ရေရွတ်လိုက်ပြီး မျက်လုံးများက ပိုမိုတောက်ပလာသည်။
ခေါင်းဆောင်ဟန်၏ အဏုကြည့်မျက်လုံးမူပိုင်ခွင့်ကို မြင်တွေ့ခဲ့ရသောကြောင့် ယုချန်တောက်ကလည်း တခြားလူများကဲ့သို့ မူပိုင်ခွင့်ရချင်မိသည်။
ထို့အပြင် မြင့်မားသော ဆုကြေးကိုလည်း ရဦးမည်။
“အဆင့်သုံးချပ်ဝတ်ရဲ့ ခုခံမှုကို ဖျက်ဆီးရမှာလား ....”
ဘုချန်တောက်က ချပ်ဝတ်အား လျင်မြန်စွာသန့်စင်နေသော ယန်တင်းကို ကြည့်လိုက်ပြီး သူ့လက်ထဲတွင်ရှိသော ချီစွမ်းအင်အလင်းက အင်းကွက်များအဖြစ် ပြောင်းလဲသွားသည်။
သူက တုံ့ဆိုင်းမနေဘဲ လက်မြှောက်ပြီး မီးတောက်များကို ဖော်ထုတ်သည်။
ယုချန်တောက်က လှုပ်ရှားလိုက်သောကြောင့် ဝူဟွားနှင့် မာနဉ်ယွမ်က စိတ်သက်သာသွားသည်။
သူက ရှုံးနိမ့်သွားမည်ဆိုလျှင်တောင် ကြိုးစားကြည့်ရမည်။
သို့သော် ယုချန်တောက်၏ရှေ့တွင်ရှိသော နည်းပါးလှသည့် ဝိညာဉ်သတ္တုများကို ကြည့်လိုက်ပြီး သူတို့က မျက်မှောင်ကြုတ်မိပြန်သည်။
‘သူက ချပ်ဝတ်ကို မဖန်တီးဘူးလား’
‘အဲဒါဆိုရင် ပြိုင်ဘက်ရဲ့ချပ်ဝတ်ကို ဘယ်လိုလုပ်ပြီး ထိုးဖောက်နိုင်မှာလဲ’
မိသားစုကြီးများ၏ ကျွမ်းကျင်သူများက ပြုံးနေကြသည်။
အထူးသဖြင့် ပန်းပဲပညာရှင်တချို့က ဘေးတွင်ရှိသော မိသားစုဝင်များကို ယုချန်တောက်၏ နည်းစနစ်နှင့် အသုံးပြုလိုက်သော ဝိညာဉ်သတ္တုများအကြောင်းကို ရှင်းပြပြီး ရယ်မောနေကြသည်။
ပန်းပဲပညာရှင်အစည်းအရုံး၏ မဟာအကြီးအကဲ ယုချန်တောက်က ချပ်ဝတ်ကို သန့်စင်နေခြင်းမဟုတ်ပေ။
‘အဲဒါက ဘာကို ဆိုလိုတာလဲ’
‘သူက အရှုံးပေးလိုက်ပြီလို့ ပြောချင်တာပဲ’
ဤတစ်ကြိမ်တွင် မိသားစုကြီးများက ခေါင်းမော့နိုင်တော့မည်။
အစည်းအရုံးခေါင်းဆောင်က စိန်ခေါ်ပွဲကို လက်မခံရဲပေ။ မဟာအကြီးအကဲသုံးယောက်ထဲတွင် ပါဝင်သော အဆင့်ခြောက်ပန်းပဲပညာရှင် ယုချန်တောက်က အရာအားလုံးကို ဆုံးရှုံးရတော့မည်။
ဘုရားမြို့၏ ပန်းပဲပညာရှင်အစည်းအရုံးသည် အရှက်ရသွားလိမ့်မည်။
အနာဂတ်တွင် သူတို့က မောက်မာရဲတော့မည်မဟုတ်ပေ။
ယန်တင်းကလည်း ယုချန်တောက်၏ အပြုအမူကို အာရုံခံမိသည်။ သူက အထင်သေးနေပြီး ဒေါသထွက်လာသည်။
ပြိုင်ဘက်က သူနှင့် အဆင့်မတူပေ။ ထို့ကြောင့် အနိုင်ရခဲ့လျှင်လည်း ဂုဏ်ယူစရာမရှိပေ။
ယခုအချိန်တွင် တစ်ဖက်လူက ချပ်ဝတ်ကို မသန့်စင်ဘဲ သူ့ကို ဒေါသထွက်အောင် လုပ်နေသည်။
သူက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှေ့တွင်ရှိသော မီးတောက်များက ပိုမိုတောက်ပလာသည်။
‘အဆင့်ခုနစ်ပန်းပဲပညာရှင်ရဲ့ စွမ်းအားကို ပြလိုက်မယ်’
သို့သော် ယုချန်တောက်က ယန်တင်းကို အာရုံမစိုက်မိပေ။
သူက ရှေ့တွင်ရှိသော ဝိညာဉ်သတ္တုများကို ဖရိုဖရဲ ပေါင်းစပ်နေသည်။
သူက လျင်မြန်စွာ စစ်ဆေးကြည့်ပြီး အသုံးဝင်သော ဝိညာဉ်သတ္တုများကို ဆွဲထုတ်သည်။
ပစ္စည်းလေးတစ်ခုသည် သူ့ရှေ့တွင် ဖြည်းဖြည်းချင်း ပုံပေါ်လာသည်။
ပေဝက်ခန့်သာရှိသော ထွင်းထုရာတွင် အသုံးပြုနိုင်သည့် ဆောက်တစ်ခု ဖြစ်သည်။
သို့သော် ပုံသွင်းဓားဟုခေါ်လျှင် ပိုသင့်တော်မည်။
ထိုဓား၏ ကိုယ်ထည်တွင် အမျိုးမျိုးသော ဝိညာဉ်အင်းကွက်များနှင့် ချိုင့်ခွက်မျဉ်းကြောင်းတစ်ခု ရှိနေသည်။
ယုချန်တောက်က ပုံသွင်းဓားကို ဖန်တီးရန်အတွက် ၁၅မိနစ်ခန့်သာ အချိန်ယူခဲ့သည်။ သို့သော် ဝိညာဉ်သတ္တုများကို သုံးသပ်ပြီး ရွေးချယ်ရာတွင် တစ်နာရီခန့် ကြာခဲ့သည်။
သူက ပုံသွင်းဓားကို ဖန်တီးပြီးသောအချိန်တွင် ယန်တင်းကလည်း အဆင့်သုံးချပ်ဝတ်ကို အဆုံးသတ်လိုက်သည်။
ချပ်ဝတ်သည် ခမ်းနားပြီး အလင်းရောင်ကို ထုတ်လွှတ်နေသည်။
အဆင့်သုံးချပ်ဝတ်များထဲတွင် ထိပ်တန်းအဆင့် ဖြစ်သည်။
နှစ်ဖက်လုံးက ပစ္စည်းများကို သန့်စင်ခဲ့သည်။
သူတို့က တည်ငြိမ်သော မျက်နှာထားဖြင့် နောက်သို့ ခြေတစ်လှမ်းစီ ဆုတ်လိုက်ကြသည်။
စင်မြင့်၏အောက်တွင် လူတိုင်းက ပုံသွင်းဓားနှင့် အဆင့်သုံးချပ်ဝတ်ကို ကြည့်လိုက်ပြီး ဆွေးနွေးနေကြသည်။
“သူက အဆင့်ခုနစ်ပန်းပဲပညာရှင် ဖြစ်သင့်ပါတယ်။ ချပ်ဝတ်က ထိပ်တန်းအဆင့်ပဲ”
လူတစ်ယောက်က ယန်တင်းသန့်စင်ထားသော ချပ်ဝတ်ကို ကြည့်လိုက်ပြီး လေးစားအားကျစိတ်ဖြင့် ပြောသည်။
သူတို့က အဆင့်သုံးချပ်ဝတ်ကို သုံးသပ်ကြည့်နိုင်သည်။
အမှန်အတိုင်းပြောရလျှင် ယန်တင်းက ကိုယ်ပိုင်စွမ်းရည်ကို ထုတ်ပြရန်အတွက် အဆင့်သုံးချပ်ဝတ်ကို သန့်စင်ခဲ့သည်။
အစပိုင်းတွင် သူက ငွေယူပြီး ထွက်သွားရန် တွေးထားခဲ့သည်။
ချောင်ကျသော ဘုရားမြို့ကို စိတ်မဝင်စားပေ။
သို့သော် ဘုရားမြို့သို့ ရောက်လာသောအခါ မြို့အပြင်ဘက်တွင်ရှိသော အလုပ်ရုံများကို တိတ်တဆိတ် စစ်ဆေးကြည့်ခဲ့သည်။
သူက ဆွဲဆောင်ခံလိုက်ရသည်။
ထိုအလုပ်ရုံများကို မြို့ကြီးများတွင်သာ တွေ့နိုင်သည်။
ယန်တင်း၏ ခန့်မှန်းချက်အရ ထိုအလုပ်ရုံများကို တည်ဆောက်ရန်အတွက် အနည်းဆုံး မူလဒင်္ဂါး သန်းသုံးဆယ် ကုန်ကျလိမ့်မည်။
အလုပ်ရုံများအတွက် မူလဒင်္ဂါးသာမက လုံလောက်သော အဆက်အသွယ်ကိုလည်း လိုအပ်သည်။
သူက ထိုအလုပ်ရုံကို အပိုင်သိမ်းပြီး ဂိုဏ်း၏အဆက်အသွယ်ကို မှီခိုလိုက်လျှင် အနာဂတ်တွင် ကျင့်ကြံခြင်းအတွက် စိုးရိမ်နေရန် မလိုတော့ပေ။
သေးငယ်သော ဘုရားမြို့တွင် အလုပ်ရုံတစ်ခု ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူ၏ အခွင့်အရေးပင် ဖြစ်သည်။
“ယုချန်တောက်က အကန့်အသတ်ကို သိတာပဲ။ သူက အရှုံးပေးလိုက်တယ်”
တစ်ဖက်တွင် လူတစ်ယောက်က ညင်သာစွာ ပြောသည်။
ဘုရားမြို့၏ အဆင့်ခြောက်ပန်းပဲပညာရှင် ယုချန်တောက်သည် ပန်းပဲပညာရှင်အစည်းအရုံးကို နှစ်ပေါင်းများစွာကြာအောင် စီမံပေးခဲ့သည်။
ယုချန်တောက်၏ ရှုံးနိမ့်မှုသည် ဘုရားမြို့မှ ပန်းပဲပညာရှင်များအတွက် စိတ်ပျက်စရာကောင်းသည်။
သူတို့၏ နှလုံးသားထဲတွင်ရှိသော ထောက်တိုင်ကြီးက ပြိုကျသွားပုံပေါ်သည်။
“အကြီးအကဲယု၊ စမ်းကြည့်ချင်သေးလား”
စင်မြင့်ပေါ်တွင် ယန်တင်းက ယုချန်တောက်ကို အပြုံးတစ်ခုနှင့်အတူ ပြောသည်။
အကယ်၍ သူက ဘုရားမြို၏ အဆင့်ခြောက်ပန်းပဲပညာရှင်ကို သိမ်းသွင်းနိုင်လျှင် အကျိုးအမြတ်တချို့ ပေးအပ်မည်။
ဥပမာအနေဖြင့် ယခုအချိန်တွင် သူက ယဉ်ကျေးနေသည်။
“စမ်းကြည့်တာပေါ့”
ယုချန်တောက်က စိတ်လှုပ်ရှားနေပုံရပြီး လက်သီးဆုပ်ထားသည်။
ယန်တင်းက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
“ဝီ”
ချပ်ဝတ်၏ အကာအကွယ်က အသက်ဝင်လာသည်။ ရွှေအလင်းတစ်ခု ပေါ်ထွက်လာပြီး ချပ်ဝတ်က လွင့်မျောနေသည်။ ချပ်ဝတ်၏ အလင်းလွှာသည် မှိန်ဖျော့နေသော်လည်း ခိုင်မာသည်။
“စမ်းကြည့်ပါ”
ယန်တင်းက ယုချန်တောက်ကို ကြည့်လိုက်သည်။
ယုချန်တောက်က ခေါင်းခါလိုက်ပြီး ရှေ့တွင်ရှိသော ချပ်ဝတ်ကို ကြည့်သည်။
“အလင်းလွှာကို ဖယ်လိုက်ပါတော့။ ငါ့ဓားက အလင်းဒိုင်းကာကို မဖျက်ဆီးနိုင်ဘူး”
သူက ဆက်ပြောသည်။
“ငါက ဒီဓားကို ဖန်တီးခဲ့တဲ့အချိန်မှာ အလင်းဒိုင်းကာကို ဖျက်ဆီးဖို့ မရည်ရွယ်ခဲ့ဘူး”
‘တကယ်ကြီးလား’
ယန်တင်းက ကြောင်အနေပြီး ကျယ်လောင်စွာ ရယ်သည်။
စင်မြင့်၏အောက်တွင်ရှိသော လူများကလည်း ရယ်လိုက်ကြသည်။
ပန်းပဲပညာရှင်များသည် ပြိုင်ပွဲတွင် ကျွမ်းကျင်မှုကို ထုတ်ပြရသည်။ ယခု ယုချန်တောက်က တစ်ဖက်လူ၏ အလင်းဒိုင်းကာကို ဖယ်ရှားစေချင်သောကြောင့် အာနည်းပြီး အရှုံးပေးလိုက်သည်ဟု ပြောရမည်။