Chapters

အဆင့် ၅ အဂ္ဂိရတ်ပညာရှင်၊ ငြင်းဆန်ခြင်း

Vol. 58 Ch. 1141

အဆင့် ၅ အဂ္ဂိရတ်ပညာရှင်၊ ငြင်းဆန်ခြင်း

Vol. 58 Ch. 1141

ပေထင်းဟွမ်သည် လေထဲတွင်ပျံလာပြီး မိုလိ၏ရှေ့တွင်ဆင်းသက်ကာ သူ့အားကြည့်ရင်းနှင့် ခြင်ဆီအသစ်လောင်းဆေးတစ်လုံးပေးလိုက်သည် “ကံကောင်းပါစေ ကျွန်တော် ဆေးနှစ်လုံး သန့်စင်ထားတယ်၊ မကြိုက်ရင် ပစ်လိုက်ပါ”

ပစ်လိုက်ပါ ပစ်လိုက်ပါ ပစ်လိုက်ပါ

အားလုံး၏စိတ်ထဲတွင် ထိုစကားလုံးသည် မိုးကြိုးပစ်ချလိုက်သလိုပင်။ သူဘာပြောလိုက်တာလဲ။ ဒါက အဆင့် ၅ ခြင်ဆီအသစ်လောင်းဆေးလေ။ ဘယ်လိုလုပ် ပစ်နိုင်မှာလဲ။ အိမ်သာကျွင်းထဲပစ်လိုက်ရင်တောင် ကောက်ပြီး လေလံအိမ်ကိုပို့မှာပဲ။ အရာအားလုံးကို ဆုံးရှုံးလိုက်ရတဲ့သူက ဝယ်ချင်မှာပဲ။

ပေထင်းဟွမ်သည် သူ့ကိုကူညီရန် ခြင်ဆီအသစ်လောင်းဆေးသန့်စင် သည်ကို သိထားသည်မှာ ကြာပြီဖြစ်သော်လည်း မိုလိသည် မျက်စိရှေ့မှ အမှန်တရားကို မယုံနိုင်သေးပေ။ သူတို့သည် သူစိမ်းများဖြစ်ကာ အခွင့်သာ၍ တွေ့ခဲ့ခြင်းဖြစ်သည်။ စကားအနည်းငယ်သာ ပြောရသေးသည်။ သူမ ဘာကြောင့်သူ့အပေါ် ကောင်းပေးနေသနည်း။

မိုလိသည် ခေါင်းမော့ကာ ပေထင်းဟွမ်အား စိုက်ကြည့်လေသည်။ သူ၏ နဖူးကြားမှ ကျောက်သည် ပတ္တမြားတစ်လုံးအလား နေရောင်အောက်တွင် တလက်လက်ရောင်ပြန်ဟပ်နေသည်။

စိတ်ဓာတ်ခိုင်မာသူတစ်ယောက်သည် ခန္ဓာကိုယ်မသန်စွမ်းစေကာမူ သူတို့၏ စိတ်မှာ ယုံမှားသံသယရှိတတ်သည်ကို ပေထင်းဟွမ်သိသည်။ မိုလိကဲ့ သို့ ကျောက်စိမ်းကဲ့သို့ ချောမော၊ မောက်မာသောသူသည် သာ၍ဆိုးသည်။ သူမသည် မိုလိ၏ စိတ်ပျက်သွားသောခံစားချက်ကို လျစ်လျူရှုကာ မိုလို၏ လက်ထဲသို့ ဆေးထည့်ပေးလိုက်သည်။

ပေထင်းဟွမ်သည် နောက်ဆေးတစ်လုံးကိုတော့ ချောင်ရှန့်အားပေးလိုက် သည်။ သူမသည် လက်ပိုက်ရပ်ကာ ခေါင်းအသာဆတ်ပြီး ဆက်မအေးစက်နိုင် တော့ပေ “မြန်မြန် ကျွန်တော်လုပ်စရာရှိသေးတယ်”

ဆေးသည် ခေါက်ရိုးညီပြီး လှပသောစက်ဝိုင်းပုံသဏ္ဍာန်ဖြစ်သည်။ ပြီးပြည့်စုံသည်ထက်ပင်ပိုသည်။ ထိုဆေးကို ပြုလုပ်သူသည် နည်းပညာများနှင့် ရင်းနှီးသူဖြစ်ရမည်။ ၎င်းသည် ပုလဲကျောက်စိမ်းကဲ့သို့ ဝိုင်းစက်ပြီး နေရောင် အောက်တွင် ငွေရောင်ချည်မျှင်ရောနေသည့် ရွှေရောင်အလင်းခပ်ဖျော့ဖျော့ကို မြင်နိုင်သည်။ ၎င်း၏ဆေးအာနိသင်ကိုတော့ သံသယဝင်စရာပင်မရှိပေ။

“ဒါ ဒါက အဆင့် ၅ ဆေးလား၊ အဘိုးကြီးအလိုရဆို ဒါက အဆင့် ၆ ထိ တောင်ရောက်နိုင်တယ်” သူ၏မျက်လုံးထဲမှ အလင်းအရ ဆေးကိုကြည့်နေ သလိုမဟုတ်ဘဲ မိန်းမပျိုတစ်ယောက်ကို ကြည့်နေသလိုပင်။

“အဆင့် ၅ ဆေးဖြစ်ဖြစ် အဆင့် ၆ ဆေးဖြစ်ဖြစ် ဒီတစ်ခါ ငါတို့အဂ္ဂိရတ် အစည်းအရုံးက ဆေးတောင်ကြားကို ပြိုင်နိုင်လောက်အောင် သန်မာနေပြီ” ချောင်ရှန့်သည် ဆေးကိုကိုင်ကာ သူ့ဆီသို့ အလင်းအရှိန်နှင့်လာနေကြသော အဂ္ဂိရတ်ပညာရှင်များဘက်သို့လှည့်လိုက်သည်။ ထို့ကြောင့် အားလုံးသည် သူ့ လက်ချောင်းများကြားထဲမှ ဆေးကိုရှင်းလင်းစွာမြင်နေရကာ မေးလိုက်သည် “အဆင့် ၅ အဂ္ဂိရတ်ပညာရှင် သခင်ကြီးယွဲ့ကျို့က အဆင့် ၅ အဂ္ဂိရတ်ပညာရှင် ဖြစ်ဖို့အရည်အချင်းမှီတယ် တခြားထင်မြင်ချက်ရှိသေးလား”

ပထမဆုံးအကြိမ်အနေနှင့် အဂ္ဂိရတ်အစည်းအရုံးသည် အဂ္ဂိရတ်အဆင့် တံဆိပ်ပြားကို ဆုအဖြစ်ချပြီး ရှိနေသောလူများကို စော်ကားသည့်ကိစ္စသည် မကြုံစဖူးပင်။

သို့သော် အားလုံးနားလည်ကြသည်။ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်နေ ပြန်သည်။ ဆေးပေါ်မှ နတ်အလင်းလက်နေသည်ကိုကြည့်ပြီး မိုးကြိုးနှင့် လျှပ်စီးစွမ်းအားထွက်လာရာ အားလုံးသည် စိတ်လှုပ်ရှားစွာနှင့် ခေါင်းညိတ်ပြီး ဆွံ့အမှုကိုဖြစ်စေသည့်အတွက် ခွင့်လွှတ်ကြလေသည်။ အဂ္ဂိရတ်ပညာရှင်အနေ နှင့် သန်မာသည်ကို ကိုးကွယ်ကြသည်မှာ သဘာဝဖြစ်ကာ မည်သူမှ တောင့်မခံ နိုင်ကြပေ။

တစ်ယောက်မှလွဲ၍ပင်။

ချောင်ထိုင်သည် ပေထင်းဟွမ်အား စမ်းသည့်အနေနှင့်ကြည့်ပြီး ခွင့်မပြု သလိုပြောလေသည် “အခုလေးတင်မှ ဆေးကိုတွေ့တာလေ ဘယ်သူမှ အဆင့် ၅ ဆေးကို မတွေ့ဖူးကြဘူး၊ တရုတ်ဆေးရဲ့အာနိသင်ကို ကျုပ်တို့မသိကြဘူး လေ အဲဒါကို ဘယ်လိုသိမှာလဲ၊ အဆင့် ၅ အဂ္ဂိရတ်ပညာရှင်အဆင့်ကို ပေးရ မယ်ဟုတ်လား၊ ဒီသတင်းပျံ့သွားရင် လူတွေရယ်ကြမှာမဟုတ်ဘူးလား”