ဆေးစမ်းသပ်ခြင်း
Vol. 58 Ch. 1142
ထိုစကားကိုပြောလိုက်သူသည် ချောင်ထိုင်ဖြစ်သော်လည်း အကျိုးအကြောင်းမသင့်ခြင်းတော့ မဟုတ်ပေ။ ထို့အပြင် လက်ရှိဥက္ကဌ ချောင်ရှန့်သည် အဆင့် ၅ ဆေးသန့်စင်သည်နှင့် အတွေ့အကြုံမရှိပေ။ သူသည် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်ဖြစ်သင့်သည်မှာ ကြာပြီဖြစ်သည်။ သို့သော် သူ အဆင့်တက်ချိန်တွင် မိုလိသည် ခြေထောက်ကိုဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစပြီး သူသည် ခြင်ဆီအသစ်လောင်းဆေးကိုသာ လေ့လာခဲ့သည်။
သူ၏ရင်ထဲတွင် ကြိုးထုံးနက်နေလွန်း၍လားမသိပေ၊ နှစ်ပေါင်းများစွာ ကြာပြီးသည့်တိုင်အောင် အောင်မြင်အောင်လုပ်ဆောင်နိုင်ခြင်းမရှိပေ။
အာဏာရှိသူတစ်ဦးတစ်ယောက်၏ ချီးကျူးမှုမပါလျှင် ပေထင်းဟွမ်သည် အဆင့် ၅ အဂ္ဂိရတ်ပညာရှင်တံဆိပ်ရရန် မဖြစ်နိုင်ပေ။ ထို့အပြင် ၎င်းသည် ပြည်မတိုက်ကြီး၏ ပထမဆုံး အဆင့် ၅ အဂ္ဂိရတ်ပညာရှင် တံဆိပ်ဖြစ်သည်။
ပွဲကြည့်ပရိသတ်မှာ နှုတ်ဆိတ်သွားကြကာ ချောင်ရှန့်အား မေးခွန်းထုတ် သည့် မျက်လုံးများဖြင့် ကြည့်ကြလေသည်။ အကြီးအကဲများသည် ရင်ထဲတွင် ပျော်ရွှင်သွားကြ၏။ ကံကောင်းစွာပင် ဥက္ကဌသည် ဤနေရာတွင်ရှိနေသည်။ မဟုတ်လျှင် ဤကဲ့သို့ပြဿနာမျိုး သူတို့ရှေ့တွင်ဖြစ်ပါက အစိုးရိမ်လွန်၍ သေသွားနိုင်သည်။
ဤအဆင့်ဆေးကို သန့်စင်ရန် ရှေးဟောင်းနည်းလမ်းကို အသုံးပြုနိုင်ခြင်း ကို သံသယဝင်စရာလိုသေးသလား။ သို့သော် ပေထင်းဟွမ်သည် ချောင်ထိုင်ကို ပြစ်မှားခဲ့ပြီး မိန်းကလေးတစ်ယောက်ကို မမှတ်မိနိုင်လောက်အောင် မီးရှို့ခဲ့ သည်။
ချောင်ထိုင်သည် အခက်တွေ့အောင်လုပ်နေသည်မှာ ထင်ရှားလှသည်။ သို့သော် သူ ပြောသည်မှာ အကျိုးအကြောင်းသင့်သည်။ ထို့ကြောင့် မည်သို့ လုပ်ရတော့မည်နည်း။
“အကဲဖြတ်ဖို့အတွက် ညအရှင်သခင်ကို ဖိတ်ချင်လား” ချောင်ရှန့်သည် အကျပ်ရိုက်သဖြင့် လက်တွေ့မဆန်သည့် နည်းလမ်းကိုပြောလေသည်။
ချောင်ထိုင်သည် သဘောတူစွာနှင့် ခေါင်းညိတ်လေသည် “ဒါဆို သခင် ယွဲ့ကျို့ကို မေတ္တာရပ်ခံရတော့မှာပဲ၊ ဒီဆေးကို အကဲဖြတ်ပြီးတဲ့အထိစောင့်ပြီးမှ တံဆိပ်ပြားပေးရတော့မယ်၊ မနက်ဖြန်အဂ္ဂိရတ်အစည်းအဝေးကိုတော့ တက်ရ မှာမဟုတ်တော့ပါဘူး”
ပေထင်းဟွမ်သည် ဒေါသကြောင့် ရယ်မိတော့မလိုဖြစ်သွားလေသည်။ သူမကို ပြိုင်ပွဲဝင်ရန် တားဆီးရဲသည်။ သူမသာ မပါဝင်နိုင်ပါက မနက်ဖြန် အစည်းအဝေးတွင် မည်သူမှ ဝင်ခွင့်ရှိမည်မဟုတ်ပေ။
ကံကောင်းစွာပင် ချောင်ထိုင်၏အသက်သည် သေမသွားသင့်ပေ။
မိုလိသည် လက်ကိုဖြည်းဖြည်းချင်းမြောက်လေသည်။ သူ၏လက်ဖဝါးထဲ တွင် ချောင်ရှန့်၏လက်ထဲမှ ဆေးနှင့်တူညီသည့် ဆေးရှိနေသည်။ သူ သဲ့သဲ့ပြုံး ကာ လှောင်ပြောင်စွာနှင့်ပြောလေသည် “ကောင်းကောင်းမြင်ရရဲ့လား၊ ဒီဆေး ပြဿနာမရှိဘူးမလား၊ ဒီဆေးရဲ့ သရုပ်ကို သက်သေပြဖို့အကောင်းဆုံးက လူနာမဟုတ်လား၊ ငါက အကောင်းဆုံး အကဲဖြတ်သူပဲ”
ပြောပြီးသည့်နောက် သဘောတူသည်ကိုပင် မစောင့်တော့ဘဲ မိုလိသည် မျက်လုံးများကိုမှိတ်ကာ ဆေးကိုပါးစပ်ထဲထည့်လိုက်သည်။
နွေးထွေးပြီးအေးစိမ့်စိမ့်ခံစားချက်သည် ပါးစပ်ထဲပြည့်နှက်သွားပြီး လည်ချောင်းမှ လျှောဆင်းသွားကာ ဆေးသည် ပါးစပ်ထဲတွင်ပျော်ဝင်သွားလေ သည်။ ၎င်းတွင်ပါဝင်သောစွမ်းအ်သည် ခံစားချက်နှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ကို ပျံ့နှံ့သွားကာ နောက်ဆုံးတွင် ခြေထောက်ဆီသို့ သွားလေသည်။ ကြီးမား သော စွမ်းအင်သည် သူ၏အကြောများကို ရိုက်ခတ်ကာ ပြင်းထန်သော နာကျင် မှု လှိမ့်တက်လာကာ လေပြေနှင့် ဝါးစိမ်းနှင့်တူသည့် ယောက်ျားတစ်ယောက် ကို အံကြိတ်ကာ ဘီးတပ်ကုလားထိုင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်စေကာ မအော်မိစေရန် ကြိုးစားနေရသည်။
နဖူးပေါ်မှ ကျောက်သည် တဖျတ်ဖျတ်လက်နေသည်။ ဆေးတွင်ပါဝင် သော စွမ်းအင်သည် သာမန်ဆေးများထက် ပို၍အားကောင်းနိုင်သည်။ သို့သော် ဤကဲ့သို့များပြားသောစွမ်းအင်ရရှိပြီးနောက် နှစ်ပေါင်းများစွာ မသန်စွမ်းဖြစ် လာခဲ့သည့် မိုလိ၏ခြေထောက်များကို မူလအခြေအနေသို့ ပြန်ရောက်စေနိုင် မလားဆိုသည်မှာ မသေချာပေ။
မီးလောင်နေသည့်အတိုင်း မိုလိသည် ခြေထောက်နှစ်ဖက်လုံး၏ သွေးကြောထဲမှ သွေးများပြည့်ကျပ်နေသည်ကို ခံစားမိသည်။ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့သော နီခရိုတစ်တစ်ရှူးများသည် ကြီးမားသောစွမ်းအင်ကြောင့် အရိုးပြာဖြစ်သွားလေသည်။ ထို့နောက် တစ်စုံတစ်ခုသည် သူ၏အကြောများကို ပြုပြင်ပေးသည်ကိုခံစားရလေသည်။ နာကျင်မှုပြီးသွားသည့်နောက် ပုရွက်ဆိတ်အကောင်ပေါင်း ထောင်ချီ တွားသွားတက်လာသကဲ့သို့ ယားယံမှု သည် လူတစ်ဦးကို သေချင်လောက်အော်ဖြစ်စေသည်။
ဘီးတပ်ကုလားထိုင်လက်ကိုင်ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာကိုင် ထားပြီး ကျောက်စိမ်းကဲ့သို့ ဖြူစွတ်နေသောလက်မှ အပြာရောင်သွေးကြော များ ပြူးထွက်လာသည်။ နဖူးမှ ချွေးသီးများ စီးကျလာသည်။ ထိုအချိန်တွင် အဖြူရောင် ရှန့်ရွှဲအင်္ကျီမှာ ချွေးများဖြင့် စိုစွတ်ကာ ဆံပင်မှာ အင်္ကျီနှင့်ကပ်နေ လေသည်။ မသပ်မရပ်ဖြစ်နေသည်မှာ အနည်းငယ် ရှက်စရာကောင်းလေ၏။
သူ့မျက်လုံးများကို တင်းကြပ်စွာပိတ်ထားပြီး နဖူးမှသွေးကြောများလည်း ဖောင်းထွက်နေသည်။ အမြဲတမ်းသန်မာနေသည့်ယောက်ျားတစ်ယောက်သည် ယခုလို ညှဉ်းဆဲခံနေရသည်ကို မည်သူမှ မပျော်နိုင်ပေ။