← Chapters

ရှောင်ကျို့ ငါ ထပ်သွားနိုင်ပြီ

Vol. 58 Ch. 1143

ရှောင်ကျို့ ငါ ထပ်သွားနိုင်ပြီ

Vol. 58 Ch. 1143

“အာ...”

နောက်ဆုံးတွင် ကောင်းကင်ထက်သို့ မာန်ဟိန်းသံတစ်သံထွက်လာ၏။ ဟိန်းဟောက်သောလေလှိုင်းသည် အဂ္ဂိရတ်အစည်းအရုံး၏ ခေါင်မိုးထပ်နှင့် ကောင်းကင်ဆီသို့ ပျံ့သွားလေသည်။ မိုလိအား အလယ်တွင်ထားပြီး ရေလှိုင်း ကဲ့သို့ လှိုင်းတွန့်များ ပျံ့ထွက်လာသည်။ ဘီးတပ်ကုလားထိုင်ပေါ်မှ မိုလိသည် လက်ကိုင်ကိုရိုက်ကာ လေပေါ်သို့ ပျံတက်သွားလေသည်။

“လိအာ”

မည်သို့သောနာကျင်မှုမျိုးသည် မိုလိအား ယခုလိုဖြစ်စေသည်ကို မြင်စေ ရန်ခက်ခဲစေသည်။ ချောင်ရှန့်သည် ရင်ထဲမှ နာကျင်မှုကို ဖိနှိပ်ကာ မိုလိဆီသို့ ပြေးသွားမည်အပြုတွင် လက်တစ်ဖက်သည် သူ့အနောက်မှဆန့်တန်းပြီး တား ထားလေသည်။ လှည့်ကြည့်ပြီးနောက် ပေထင်းဟွမ်ကိုမြင်သောအခါ ချောင်ရှန့် သည် ဒေါသထွက်သွားလေသည် “အကုန်အလကားပဲ လိအာက မင်းကို အရမ်း ယုံထားတာ မင်းဆေးက ဘာဖြစ်တာလဲ”

ကံကောင်းစွာပင် သူသည် ဤကောင်လေးကို အဂ္ဂိရတ်ပညာရှင်တံဆိပ် ပြားပေးမိတော့မလိုပင်။ သူသည် လူလိမ်တစ်ယောက်ပင်။

“ဟား ဟား ဟုတ်တယ် ကံကောင်းလို့ ဆေးကိုစမ်းပေးမယ့် ဂျူနီယာ ညီလေးရှိနေလို့ မဟုတ်ရင် ဒီကောင်လိမ်တာခံရတော့မလို့” ချောင်ထိုင်သည် အန္တရာယ်ပြုမည့်အပြုံးနှင့် ပြောလေသည်။ ဂျူနီယာညီအစ်ကိုမိုလိ တစ်စုံ တစ်ရာဖြစ်လျှင် သူ၏ဖခင်သည် သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။ ဓား ၇ လက်ဝိညာဉ်ဂိုဏ်းအဆင့်ရှိ ဖခင်ဖြစ်သူ၏ ခွန်အားနှင့်ဆိုလျှင် ဤကလေးကို သတ်လိုက်ရန် အလွယ်လေးပင်။

ငှက်နှစ်ကောင်ကို ခဲတစ်လုံးနှင့်သတ်လိုက်ရသည်။ နောက်ဆုံးတွင် တောက်ပသည့်အနာဂတ်ရှိလာမည်ဖြစ်ပြီး ကောင်းမွန်သည့်ကိစ္စများသာရှိလာ တော့မည်ဟု ထင်မထားပေ။

ဘီးတပ်ကုလားထိုင်မှ ထရန်ခက်ခဲနေကာ မိုးပေါ်သို့ နာကျင်သွားခုန် တက်သွားသည့် မိုလိကိုကြည့်ပြီး ပေထင်းဟွမ်အပေါ် အားလုံး၏အမြင်မှာ ပြောင်းလဲသွားလေသည်။ လွန်ခဲ့သည့်စက္ကန့်ပိုင်းကပင် အဆင့် ၅ ဆေးကိုမြင် ပြီးနောက် ဖြစ်လာခဲ့သည့် လေးစားမှုနှင့် ရိုသေမှုတို့ ပျောက်ကွယ်သွားကာ ရက်စက်မှု၊ အထင်သေးမှု၊ မကျေမချမ်းမှုများ ပြည့်နှက်သွားလေသည်။

သို့သော် ထိုအခိုက်အတန့်တွင် မိုးပေါ်ရှိ မိုလိသည် ငြိမ်ကျသွားလေသည်။ သူသည် လေလှိုင်းအလယ်တွင်ရပ်နေပြီး ချွေးရွှဲနေသောအင်္ကျီကို စွမ်းအင် လှိုင်းဖြင့် နည်းနည်းချင်းစီ အငွေ့ပျံသွားလေသည်။ မှင်ရည်ကဲ့သို့ မည်းနက်နေ သော ဆံပင်သည် ပြေကျကာ လေထဲတွင် ပြန့်ကျဲလေသည်။ မျက်ခုံးအကြားမှ ကျောက်သည် အနီရောင်စီးဆင်းလာပြီး သူ၏မျက်ခုံးနှင့်မျက်လုံးများကို ဆွဲဆောင်မှုရှိစေသည်။ မျက်လုံးတစ်စုံသည် နွေဦးကဲ့သို့ ကြည်လင်နေပြီး ပေထင်းဟွမ်ပေါ်သို့ နွေးထွေးသောမျက်လုံးတစ်စုံကျလာလေသည်။

ပြည်နှင်ဒဏ်ပေးခံရသည့် နတ်သားတစ်ပါးလိုပင်။ ချက်ချင်းဆိုသလိုပင် သူ၏ခန္ဓာကိုယ်မှထွက်လာသည့် ခံ့ညားတောက်ပသော ရောင်ခြည်တန်းသည် အားလုံး၏အာရုံကို ဖမ်းစားလိုက်သည်။ သို့သော် ထိုလူသည် ပေထင်းဟွမ်ကို သာ ကြည့်နေလေသည်။

ကွင်းအပြင်နှင့်အထဲမှလူအားလုံးသည် ဤမျှမြင့်မားသော ကောင်းကင် ပေါ်မှ မိုလိကျမလာသည်ကို အံ့ဩနေသည်။ သူသည် ဘီးတပ်ကုလားထိုင်နှင့် နေလာခဲ့သည်မှာ ကြာသဖြင့် သူ တစ်ခါက ကောင်းကင်အဆင့်ဖြစ်ဖူးသည်ကို အားလုံးမေ့နေသည်နှင့်တူသည်။

“ရှောင်ကျို့” လေသံနှင့်အတူ မိုလိသည် ကောင်းကင်ပေါ်မှဆင်းလာပြီး ပေထင်းဟွမ်ရှေ့တွင်ရပ်လိုက်သည်။ သူသည် ခြေထောက်နှင့် လမ်းလျှောက်ရ သည့်ခံစားချက်ကို မေ့နေသည့်ပုံပင်။ သူသည် တစ်လှမ်းလှမ်းကာ ပေထင်းဟွမ် ဆီသို့ လျှောက်သွားလေသည်။

“ဟင်”

ပေထင်းဟွမ်သည် အံ့အားသင့်နေကာ လမ်းဖယ်ပေးတော့မလိုဖြစ်နေ သည်။ သူမသာ လမ်းဖယ်ပေးလိုက်လျှင် မိုလိသည် မြေကြီးပေါ်သို့ ကျသွာ မည်ဖြစ်သည်။ သူမသည် လက်ဆန့်ထုတ်ကာ မိုလိအား တွဲလိုက်သည်။ မိုလိသည် သူမအား တွဲကာ မယုံကြည်စွာနှင့် ခိုင်မာစွာပြောလေသည် “ရှောင်ကျို့ ငါ ထပ်ပြီးလမ်းလျှောက်နိုင်သွားပြီ ငါ့ခွန်အားတွေ ပြန်ကောင်းသွား ပြီ”

မိုလိသည် ခံစားချက်များကို မဖုံးနိုင်တော့ဘဲ သူ၏အသံသည် အဂ္ဂိရတ် အစည်းအရုံးမှလူများအားလုံးကို ကြားရလောက်သည်အထိ ဖြစ်နေသည်။ လူအုပ်သည် ထိုဘက်သို့ စုဝေးလာပြီး မိုလိကိုမြင်သောအခါ မတ်တတ်ထကာ ကြည့်ကြလေသည်။ သူတို့၏မျက်လုံးများအားလုံးသည် ပြူးကျယ်နေပြီး မယုံနိုင်သောမျက်နှာထားများဖြစ်နေကြသည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မဟုတ်ဘူး မဖြစ်နိုင်ဘူး” ချောင်ထိုင်သည် နောက်ဆုတ်ကာ မိုလိအား တစ္ဆေသရဲတစ်ကောင်လို ကြည့်လေသည်။

“တကယ် အမှန်ပဲ လိအာရဲ့ခြေထောက်ပျောက်သွားပြီ တကယ်ပျောက် သွားပြီ သူလမ်းလျှောက်နိုင်ပြီ ခွန်အားလည်းပြန်ရလပြီ” ချောင်ရှန့်သည် လက်မြှောက်ကာ မိုလိ၏ခြေထောက်ကို ထိမည်ပြုသော်လည်း တစ်ဖက်လူ သည် ငြင်းဆန်ကာ ပေထင်းဟွမ်အား ပွေ့ဖက်လေသည်။

All Chapters