ကျေးဇူးတင်ပါတယ်
Vol. 58 Ch. 1145
“ကျေးဇူးတင်ပါတယ် ဟုတ်လား” ပေထင်းဟွမ်သည် ချောင်ရှန့်၏ ဦးညွှတ်မှုကို ရှောင်ရှားကာ တံခါးဆီသို့လှည့်ကြည့်လေသည်။ ထိုအချိန်တွင် မိုလိသည် တံခါးတွင်ရပ်နေသေးသည်ကို သူ ကောင်းစွာသိသည်။ ဤအထိမခံ နိုင်သော လူငယ်ကိုတွေးပြီး ပေထင်းဟွမ်သည် ခေါင်းခါလေသည် “ကျွန်တော် ဂုဏ်ပြုခံရမယ့်ဟာမျိုးမရှိဘူးထင်တာပဲ၊ ပြီးတော့ ကျေးဇူးတင်စရာကိစ္စလည်း မရှိဘူးလားလို့”
ချောင်ရှန့်သည် ခေတ္တမျှမှင်တက်သွားလေသည်။ သူ မတ်တတ်ရပ်ပြီး လက်ထဲမှ သေတ္တာကို စိုက်ကြည့်လေသည်။ ဤလူငယ်သည် သေတ္တာကိုပင် မကြည့်ဘဲ တိုက်ရိုက်ပင်ငြင်းဆန်နေသည်။ သူ လိုချင်သည့် သေတ္တာတွင် မည်သည့်အရာပါဝင်နေသည်ကို မသိလေသလား။
သို့သော် ဤလူငယ် ဘာမှမဟုတ်သလို ထုတ်လိုက်သည့် ဆေးဖိုက၊ ဆေး သန့်စင်ရန်အသုံးပြုခဲ့သည့် မီးတောက်ကိုတွေးမိလျှင် သူ၏နောက်ခံမှာ မရိုးရှင်းသည်ကို ကြည့်လိုက်သည်နှင့်သိနိုင်သည်။
“သခင်ကြီး” ချောင်ရှန့်သည် ခက်ခက်ခဲခဲနှင့် နှုတ်ခမ်းသပ်ကာ လက်ထဲမှ ဆေးပင်ကို ရှေ့သို့ထိုးပေးလေသည် “လိအာရဲ့ခြေထောက်က ကျုပ်ရဲ့လက်ရှိ စာချုပ်သားရဲ၊ ထျန်းလင်မီးမြေခွေးကိုဖမ်းဖို့ကူညီပေးရင်းနဲ့ မီးလောင်သွားတာ ပါ၊ ဟုတ်တယ်၊ နှစ်တွေအများကြီးကြာတဲ့အထိ ကျုပ်တို့ရဲ့ ရင်ထဲက အထုံးကို မဖြည်နိုင်လို့ ဆရာတပည့်နှစ်ယောက်က ဘာကိုမှ ဆက်လုပ်လို့မရခဲ့ပါဘူး၊ သခင်ကြီးသန့်စင်လိုက်တဲ့ ခြင်ဆီအသစ်လောင်းဆေးက ကျုပ်တို့ရဲ့ ခန္ဓာကိုယ် မှာ ချုပ်ထားတဲ့သံခြေချင်းတွေကို ချိုးဖျက်ပေးလိုက်တာပါပဲ၊ အဲဒါက ကျုပ်တို့ ကို နောက်တစ်သက်ပေးလိုက်တာနဲ့ အတူတူပါပဲ၊ သခင်ကြီး ဘာပဲတောင်းဆို ပါစေ မနက်ဖြန် အစည်းအဝေးက ဘာကိုပဲဆုပေးပါစေ၊ ကျုပ် ချောင်ရှန့်က လက်နှစ်ဖက်နဲ့ ပေးဖို့လိုလားပါတယ်”
တံခါးတွင်ရှိသောမိုလိသည် မည်မျှစိတ်လှုပ်ရှားနေမည်ကို ပေထင်းဟွမ် မသိပေ။ သူ၏ခွန်အားသည် ဓားနှင့်ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ မဟုတ်လျှင် မီးမြေခွေးကိုကူဖမ်းပေးရန် ခွန်အားရှိမည်မဟုတ်ပေ။ ဤခဲ့သောခွန်အားနှင့် နားပါးလွန်းရာ အခန်းထဲမှလများ၏ လှုပ်ရှားမှုများ စကားများကို စိတ်ထဲမှ သိနေမည်ဖြစ်သည်။
သူသည် ပေထင်းဟွမ်ကို ထိုလက်ဆောင်ကို လက်ခံစေချင်သည်။ သေတ္တာထဲတွင် မည်သည့်အရာပါဝင်သည်ကို သူ အတိအကျသိသည်။ သို့သော် သူ့တွင် တစ်ကိုယ်ကောင်းဆန်သည့် ရည်ရွယ်ချက်ရှိသည်။ ပေထင်းဟွမ်ကို လက်လည်းမခံစေချင်ပေ။ ပေထင်းဟွမ်သည် သူတစ်ယောက်တည်းအတွက် ကိုသာ ဆေးသန့်စင်ပေးရန် သူမျှော်လင့်သည်။
နှစ်ပေါင်းများစွာအတွင်းတွင် သူသည် စိတ်ကိုပိတ်ထားခဲ့သည်။ သူ့ကို ကောင်းစွာကုသပေးသည့် သူ၏ဆရာဖြစ်သူချောင်ရှန့်ကိုပင် သူ့စိတ်ထဲမဝင် မခံပေ။
“အဲဒီမီးမြေခွေးကဘယ်မှာလဲ၊ အဲနောက် ဘာဖြစ်ခဲ့တာလဲ” ပေထင်းဟွမ် သည် သေတ္တာထဲမှပစ္စည်းကို စိတ်မဝင်စားသေးဘဲ ချောင်ရှန့်အား အပြုံးသဲ့သဲ့ နှင့်မေးလေသည် “သူ့ကိုသတ်လိုက်တာလား”
ချောင်ရှန့်သည် ခေတ္တမျှမှင်တက်ကာ ခေါင်းခါလေသည် “သူက ကျုပ်ရဲ့ ဝမ်းတွင်းပါသားရဲပါ၊ ထျန်းလင်မီးမြေခွေးရဲ့ ဝမ်းတွင်းပါမီးတောက်က ကောင်းကင်မီးတောက်လေ၊ မဟုတ်ရင် အဲတုန်းက မီးမြေခွေးကို ဖမ်းဖို့ အားထုတ်မှာမဟုတ်ဘူး”
ပေထင်းဟွမ်သည် ခေါင်းညိတ်ပြီး လှည့်ထွက်ကာ လျှောက်သွားလေ သည် “သေတ္တာထဲမှာဘာပါလဲဆိုတာ သိဖို့မလိုပါဘူး၊ ကျွန်တော်ပြောသလိုပဲ ကျွန်တော်မျက်စိကျလောက်စရာပစ္စည်းက ခင်ဗျားလက်ထဲမှာရှိမှာမဟုတ်ဘူး၊ ဝိညာဉ်ပြန်ခေါ်ဆေးပင်က ဒီမှာရှိတယ် ဒါပေမဲ့ အဲဒါကို ကျွန်တော့်အစွမ်းအစနဲ့ ပဲ အရယူချင်တယ်”
“သခင်ကြီး” ချောင်ရှန့်သည် မလိုလားစွာနှင့်အော်လိုက်သည် “ဒီသေတ္တာ ထဲကတစ်ခုက သခင်ကြီးလိုချင်နေတဲ့ ဝိညာဉ်ပြန်ခေါ်ဆေးပင်ပါပဲ၊ ကျုပ် ပြော ခဲ့သလိုပါပဲ သခင်ကြီးလိုချင်တာဆိုရင် ဝိညာဉ်ပြန်ခေါ်ဆေးပင်ဆိုရင်တောင် ကျုပ်လက်နှစ်ဖက်နဲ့ပေးချင်ပါတယ်”
ပေထင်းဟွမ် မပြောချင်သည့်အရာတချို့ရှိသည်။ သို့သော် ဤလူသည် အလွန်ဇွဲကောင်းပြီး မုန်းဖို့ကောင်းသည်။
သူသည် ခေါင်းကိုအသာညိတ်ပြီး ချောင်ရှန့်အား မျက်စောင်းနှင့်ကြည့် လိုက်သည် “မိုလိက ဓားနဲ့ကြယ်ဝိညာဉ်သခင်ပါ၊ ကြယ် ၉ ပွင့်သားရဲဆိုရင် တောင် သူ ထွက်ပြေးချင်ရင် အသက်ရှင်ဖို့အခွင့်အရေးရှိမှာပါ၊ သူက ခင်ဗျားကို ကယ်ဖို့ ကောင်းကင်မီးအလောင်ခံလိုက်တာ၊ ခင်ဗျားလိုမျိုး ခေါင်းဆောင် တစ် ယောက်က အချစ်ဆုံးကျောင်းသား မီးလောင်သွားတာတောင် သူနဲ့ အသက် စာချုပ်တည်ထောင်လိုက်သေးတယ်၊ ကြည့်ရတာ ခင်ဗျားရင်ထဲက တန်ဖိုးဆို တာ ခင်ဗျားရဲ့ အလုပ်အကိုင်ပဲဆိုတာ ထင်ရှားနေတယ်၊ အဲဒါကြောင့် ခင်ဗျား ရင်ထဲက အထုံးကပြေမသွားဘဲ နှစ်တွေအကြာကြီး ဆက်ရှိနေတာပဲ”
ချောင်ရှန့်၏မျက်နှာမှ သွေးသည် ချက်ချင်းပင် ဖျော့တော့သွားကာ ရင်ထဲ တွင် သံသယများဝင်လာသည်။ ဤလူငယ်သည် ယခုပြသထားသည့် ၁၅ နှစ် အရွယ်ဟုတ်ပါရဲ့လား။ သူသည် လူများ၏ရင်ထဲကိုဝင်နိုင်သဖြင့် နှစ်ပေါင်း တစ် ရာကျော်နေလာခဲ့သည့် ချောင်ရှန့်သည် ဤကဲ့သို့ထက်မြက်သောကောင်လေး မျိုးကို မမြင်ဖူးခဲ့ပေ။