ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါ
Vol. 58 Ch. 1146
“ဒီလောက်များတဲ့ ငွေအလုံးအရင်းကို သုံးချင်နေတာပဲ ပြီးတော့ ကမ္ဘာ ကြီးမှာ အရှက်ရမယ့်ကိစ္စကိုတောင် ရင်ဆိုင်ပြီး ကျွန်တော့်ကို ဒီဝိညာဉ်ပြန်ခေါ် ဆေးင်ပေးတာ၊ ခင်ဗျားပေးရဲရင်တောင် ကျွန်တော်လက်မခံရဲပါဘူး” ပေထင်းဟွမ်သည် နှာမှုတ်လေသည် “ကျွန်တော် ခြင်ဆီအသစ်လောင်းဆေး သန့်စင်တယ်ဆိုတာက ကျွန်တော့်မှာ သန့်စင်နိုင်တဲ့ အစွမ်းအစရှိလို့ ကျွန်တော့် သူငယ်ချင်းတွေအတွက်လုပ်ပေးတာပဲ ဘာလို့မလုပ်ရမှာလဲ၊ ကျွန်တော်က ဘာလို့ခင်ဗျားလက်ဆောင်ကို ယူရမှာလဲ”
ပေထင်းဟွမ်သည် မိုလိအား သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး ဖြစ်ရာ သူငယ်ချင်းအတွက် လုပ်ပေးသည့်ကိစ္စကို မည်သည့်အတွက်ကြောင့် တန်ရာတန်ကြေးယူရမည်နည်း။ သူမ ဝိညာဉ်ပြန်ခေါ်ဆေးပင်လိုချင်ရသည့် အကြောင်းအရင်းမှာ နန်ကုန်းချန်ရှီး၏အသက်ကို ကယ်ရန်အတွက်ဖြစ်သည်။ သူမသာ ဝိညာဉ်ပြန်ခေါ်ဆေးပင်ကိုယူလိုက်မည်ဆိုပါက သူမ၏ရင်ထဲတွင် နတ်မိစ္ဆာတစ်စွန်းတစ်စရှိနေမည်လား။
ပေထင်းဟွမ်သည် ဤကဲ့သို့အရာမျိုးကို မလုပ်ချင်ပေ။
ဤနေရာတွင် ဝိညာဉ်ပြန်ခေါ်ဆေးပင်မရလျှင်တောင် အနာဂတ်တွင် ရ နိုင်သည့်အခွင့်အရေးရှိလာနိုင်သည်။ သို့သော် လူတစ်ဦး၏ရင်ကိုခွဲပြီး စိတ်ပျက် အောင်လုပ်ပြီးမှ တန်ရာတန်ကြေး အဆပေါင်းဆယ်ချီ၊ ရာချီပေးလျှင်တောင် ပြန်ကောင်းရန်မဖြစ်နိုင်ပေ။
ပေထင်းဟွမ်သည် ပိုအရေးကြီးသည့်အရာကို တွေးရန်ပင်မလိုပေ။
တံခါးမှာ ရုတ်တရက်ပွင့်လာသည်။ တံခါးဝတွင် မိုလိရပ်နေသည်ကို မြင် သောအခါ ပေထင်းဟွမ် မအံ့ဩတော့ပေ။ သို့သော် ချောင်ရှန့်သည် ကွဲပြား၏။ သူ့လက်သည် အနည်းငယ်တုန်ယင်သွားပြီး လက်ထဲမှသေတ္တာကို ခက်ခဲစွာ ကိုင်ထားရလေ၏။
“လိအာ မင်း...” ထိုအချိန်တွင် မိုလိ၏အတွေးကို ချောင်ရှန့်မသိတော့ပေ။ သူ၏အတွေးအစစ်အမှန်သည် ပေထင်းဟွမ်ပြောသည့်အရာနှင့် တူညီသည်။ သူသည် မိုလိအား မီးလောင်စေခဲ့သည့် ထိုမီးမြေခွေးကို ထိန်းကျောင်းပြီး နောက်ဆုံးတွင် ဝမ်းတွင်းပါစာချုပ် တည်ထောင်ခဲ့သည်ကို ယခုအချိန်ထိ သူ နောင်တရတုန်းပင်ဖြစ်သည်။
၎င်းသည် သူ၏ရင်ထဲတွင် ရောဂါဖြစ်လုနီးပါးဖြစ်ခဲ့သည်။ သို့သော် သူ လက်လျှော့ရန် တောင်းဆိုလိုက်ပါ ချောင်ရှန့်လိုက်လျောမည်ဖြစ်သည်။ ဝမ်းတွင်းပါ သားရဲနှင့် စာချုပ်အဆုံးသတ်လိုက်ပါက သူ၏ခွန်အား လျော့ကျ သွားမည်ဖြစ်ပြီး အနာဂတ်တွင် ကောင်းကင်မီးရှိသည့်သားရဲကို ရှာရန်ဖြစ်နိုင် မည်မဟုတ်ပေ။
“ဆရာ ကျွန်တော်ပြောသလိုပဲ ဒါက ကျွန်တော်လုပ်သင့်တဲ့အရာပါ၊ ကျွန်တော့်အတွက်နဲ့ အပြစ်မကင်းစိတ်ဖြစ်ဖို့မလိုပါဘူး၊ ထျန်းလင်မီးမြေခွေးက ရှားပါးတဲ့အရာပါ၊ ကျွန်တော်သာဆိုရင်လည်း သတ်ဖို့တွန့်ဆုတ်နေမှာပဲ၊ နှစ် တွေအများကြီးကြာပြီးသွားတော့ ကျွန်တော့်ခြေထောက်လည်း ပြန်ကောင်း လာပြီ၊ ဒီကိစ္စကို စိတ်ထဲထည့်ဖို့မလိုတော့ပါဘူး” မိုလိသည် ချောင်ရှန့်အား အလေးအနက်ပြောလေသည်။ သို့သော် သူသည် မျက်လွှာချထားရာ မျက်ခုံး ကြားမှ ကျောက်သည် အနည်းငယ်မှိန်သွားလေသည်။
ထိုစကားပြောပြီးသည့်နောက် မိုလိသည် ဘာမှထပ်မပြောတော့ဘဲ ခေါင်းမော့ကာ ပေထင်းဟွမ်အား စိတ်ဆိုးမာန်ဆိုးပြောလေသည် “မင်း ပြန် သွားချင်တယ်လို့ပြောတယ်မလား၊ ဘယ်မှာနေတာလဲ ငါလိုက်ပို့မယ်”
ပေထင်းဟွမ်သည် နှာခေါင်းကိုထိလိုက်၏။ သူမ သူ့ကို မည်သို့ ပြစ်မှားမိ သနည်း။ ဦးမာနဆိုသည့် ခေါင်းစဉ်သည် အမှန်တကယ်တော့ အလိမ်အညာဖြစ် နေသည်။ ဤလူသည် တခြားသူများကို အလွန်ကြင်နာတတ်ပြီး မျက်နှာ အစစ် အမှန်ကို ပြသသည်။ သို့သော် ဤထူးခြားသည့်အခြေအနေကြောင့် ပေထင်းဟွမ်သည် သူနှင့် စကားမများရန် ဆုံးဖြတ်လိုက်သည်။
သူ လှေကားမှဆင်းသည်နှင့် အနက်ရောင်ဝတ်ရုံကို တင်းကြပ်စွာ ဝတ်ဆင်ထားသော လူတစ်ယောက်သည် အပြေးရောက်လာသည်။ မိုလိသည် အလိုလိုပင် ပေထင်းဟွမ်အား သူ့အနောက်သို့ဆွဲပြီး စူးရှစွာအော်လေသည် “မင်း ဘယ်သူလဲ လမ်းဖယ်မပေးဘူးလား”
ကောင်းကင်ပညာရှင်၏ ဖိအားသည် ပြိုင်ဘက်ကို တွန်းထုတ်လေသည်။ ခြေထောက်ရှိအကြောများ ကျိုးပျက်သွားကတည်းကပင် မိုလိ၏ခွန်အားသည် များစွာကျဆင်းခဲ့ရသည်။ မပြီးပြည့်စုံသည့်ခန္ဓာကိုယ်ရှိသည့်လူသည် လေ့ကျင့် ၍မဖြစ်နိုင်ပေ။ ခြေထောက်မှအကြောများ ပြန်ကောင်းလာသည်နှင့် မိုလိ၏ ခွန်အားတိုးတက်လာခြင်းမဟုတ်ပေ။ သို့သော် တိုးတက်သည့် လက္ခဏာ အနည်းငယ်တော့ပြသသည်။ ထိုအချိန်တွင် အင်အားတစ်ခုသည် ကြယ်ဝိညာဉ် အတားအဆီးဆီသို့ တိုးတင်လာသည်။
တစ်ဖက်လူ၏ခြေထောက်မှာ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ ကြမ်းတမ်းစွာ ဒူးထောက်ကျမိလေသည်။ သူမ၏ ကြီးမားသောလှုပ်ရှားမှု နောက်တွင် ညှော်နံ့သည် အနက်ရောင်ဝတ်ရုံမှတစ်ဆင့် ထွက်လာလေသည်။
“ကျေးဇူးပြုပြီး ကူညီပေးပါ”
အက်ကွဲနေသည့် အံကြိတ်သံသည် ပေထင်းဟွမ်နှင့် မိုလိ၏ မျက်ခွံများကို တွန့်သွားစေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ သူတို့၏မျက်လုံးထဲတွင် ဤမျက်နှာပျက်နေသောလူအား သိနေကြသည်ကိုမြင်နေရလေသည်။