ရူးတော့မှာပဲ
Vol. 58 Ch. 1147
“ကျွန်မမှားသွားတာကို သိပါတယ် ကျေးဇူးပြုပြီး ကူညီပေးပါ” တစ်ဖက် လူသည် ခန္ဓာကိုယ်ကို ညွှတ်ထားပြီး မြေကြီးနှင့်နဖူးထိထားလေသည်။
ထိုအချိန်တွင် သူမ၏မျက်နှာမှာ မည်သို့ဖြစ်နေသည်ကို မသိသော်လည်း သူမ၏ တောင့်တင်းနေသောခန္ဓာကိုယ်မှ ခံစားချက်ကိုကြည့်လျှင် လိုလိုလား လားမရှိသည်ကို ပေထင်းဟွမ် မြင်နိုင်လေသည်။ တန့်ကာမြို့၌ အရည်အချင်း နှင့် အလှတရားတွင်ပြိုင်ဘက်ကင်းဖြစ်ခဲ့သော မိန်းကလေးကျားရွေ့သည် ယခု အခါ လူမြင်၍မဖြစ်နိုင်သည့် မကောင်းဆိုးဝါးဖြစ်လာသည်။
ကျားရွေ့သည် ညှိနှိုင်းနေခြင်းမဟုတ်ပေ။ သူမသည် ချောင်ထိုင်ဆီသို့ သွားတောင်းပန်ခဲ့သော်လည်း ချောင်ထိုင်သည် သူမကို အတွေ့မခံခဲ့ပေ။ ချောင်ရှန့်သည် မိုလိအား မည်မျှတန်ဖိုးထားကြောင်းကိုလည်း သူမ သိသည်။ နှစ်ပေါင်းများစွာအတွင်းတွင် မိုလိအတွက် ခွန်အားသာမက ဆေးသန့်စင်သည့် အဆင့်လည်း မတက်ခဲ့ပေ။
သူမသည် ပေထင်းဟွမ်အား ခလုတ်တိုက်မိရုံသာရှိသည်။ သို့သော် အရေးကြီးသည့်အခိုက်အတန့်တွင် ဆေးသန့်စင်သည့် လုပ်ငန်းစဉ်ကို ဖျက်ဆီး ရန်လှုပ်ရှားခဲ့သော်လည်း နောက်ဆုံးတွင် ခြင်ဆီအသစ်လောင်းဆေးကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့သည်။ သူမသည် ချောင်ရှန့်ကို လုံးလုံးလျားလျား ဆန့်ကျင်ခဲ့သည်။ သူမ မည်သို့မျက်နှာပြရတော့မည်နည်း။ ချောင်ရှန့်ကို တွေ့ရ မည်လား။
သူမကို ကူညီရန် ချောင်ရှန့်နှင့် ချောင်ထိုင်ကို ပြောလျှင်တောင် အဆင့် ၆ အရိုးပုံသွင်းဆေးကို သန့်စင်နိုင်ရန်မသေချာပေ။
သူမ မိုလိကို ကောင်းစွာသိသည်။ သူသည် အေးစက်ပုံပေါက်သော်လည်း အလွန်သံယောဇဉ်တွယ်တတ်သူဖြစ်သည်။ မဟုတ်လျှင် နှစ်ပေါင်းများစွာ အတွင်းတွင် သူသည် သူ့ကို ယခုလိုဒဏ်ရာရအောင်လုပ်ခဲ့သည့် မီးမြေခွေးနှင့် ချောင်ရှန့်တို့ စာချုပ်တည်ထောင်သည့်အတွက် မမုန်းတီးဘဲနေမည်မဟုတ် ပေ။ သူသည် နာကြည်းချက်မရှိဘဲ နူးညံ့နေတုန်းပင်ဖြစ်သည်။
“စီနီယာအစ်ကို ကျေးဇူးပြုပြီး ကျွန်မကို ကယ်ပါ၊ ရှင်ပဲ ကျွန်မကို ကယ်နိုင်မယ်ဆိုတာ သိပါတယ်” ကျားရွေ့သည် မြေကြီးပေါ်ဒူးထောက်ပြီး တုန်ယင်နေသည် “ကျွန်မမှားသွားပါတယ်၊ အဲဒါကို အခုမှသိတာပါ၊ စီနီယာ အစ်ကိုက ကျွန်မကိုအချစ်ဆုံးပါ၊ ကျွန်မမှားသွားပါတယ် ဟုတ်ပါတယ် ကျွန်မ နောင်တရမိပါတယ်၊ အစ်ကို့ရဲ့ခြေထောက် မသန်စွမ်းဖြစ်သွားတော့ အစ်ကို့ အပေါ် ဆိုးဆိုးဝါးဝါးမဆက်ဆံရဲပါဘူး၊ အစ်ကိုက ကျွန်မကို ချစ်တာကို စိတ်ပျက်အောင်မလုပ်ပါဘူး၊ ကျိန်ဆိုပါတယ် ကျွန်မခန္ဓာကိုယ်ပြန်ကောင်းတာ နဲ့ ပြန်ပေးဆပ်ပါ့မယ်၊ အစ်ကို့ကို ဒီဘဝမှာ အစ်ကို့ကိုပဲချစ်ပေးသွားပါမယ်”
ဤအရာသည် မည်သို့သော ဇာတ်လမ်းနည်း။ ပေထင်းဟွမ်သည် ခေါင်း လှည့်ပြီး မိုလိကိုကြည့်လိုက်သည်။ သူ၏မျက်လုံးထဲမှ ရုန်းကန်နေရမှု အရိပ် အယောင်ကိုမြင်သည်နှင့် လျင်မြန်စွာပင် သူမ၏ အပြုအမူကို ပြန်ထိန်းလိုက် သည်။ ပေထင်းဟွမ်၏ စူးရှသောအမြင်ကြောင့်သာမဟုတ်လျှင် ဖမ်းရန်ခက်ခဲ လိမ့်မည်။
သက်ပြင်းချလိုက်သည်။ ဒီကမ္ဘာက ယောက်ျားတွေက ဘာလို့များ စိတ်ပြောင်းလွယ်တဲ့ မိန်းကလေးတွေကို ကြိုက်ကြတာလဲ။ အဲဒီစကားကို တုံ့ပြန်တာအမှန်ပဲလား။ ဘာလို့ အကောင်းဆုံးကို မရနိုင်ရတာလဲ။
ဝမ်းကွဲချူဖုန်းလည်း ထိုနည်းလည်းကောင်း၊ မိုလိလည်း ထိုနည်း လည်းကောင်းပင်။
ငွေလရောင်မြို့ကို တိုက်ခိုက်စဉ်က ချူဖုန်းသည် ထိုအခွင့်အရေးကို ယူပြီး သစ္စာဖောက်ခဲ့သည့် မင်းသမီးချန်လဲ့ကို လက်စားချေမည်ဟု ပေထင်းဟွမ် ထင်ခဲ့သည်။ မည်သူသိမည်နည်း။ ချူဖုန်းသည် ထိုမိန်းကလေးကို ပေါ်လာခွင့် မပြုတော့ပေ။ မည်သို့ဖြစ်သွားသည်ကိုပင် သူ မသိတော့ပေ။ ပေထင်းဟွမ် သည် သူတို့၏ ဟောင်းနွမ်းသောဆက်ဆံရေး ကြင်နာနေသည်ကို မမြင်ချင်ပေ။
ယခုအခါ မိုလိလည်း ထိုအခြေအနေကဲ့သို့ဖြစ်နေသည်။ သူမသည် မလိုလားသော်လည်း ပေထင်းဟွမ်သည် သူ၏ခံစားချက်များကို တည်ငြိမ်အောင်ကြိုးစားပေးပြီး မိုလိ၏ဆုံးဖြတ်ချက်ကို စောင့်နေလိုက်သည်။ သူမကို ကယ်ရန်ဆုံးဖြတ်လိုက်ပါက ပေထင်းဟွမ်သည် မိုလိ၏ ဆန္ဒကို လိုက်လျောမည်ဖြစ်သည်။
အတန်ကြာအောင်စောင့်ပြီးနောက် လူငယ်၏အသက်ရှူသံသည် ညင်သာသွားပြီး နောက်ဆုံးတွင် ငြိမ်ကျသွားလေသည်။
ဤလုပ်ငန်းစဉ်သည် ကျားရွေ့အတွက် စိတ်လျှော့လိုက်သည်မှာ သံသယ ဝင်ဖွယ်ရာမရှိပေ။ နောက်ဆုံးတွင် သူ အသံထွက်လာသည် “ဆရာ့ဆီမှာ သုံးရက်ကုသဆေးပင်ရှိတယ်၊ မင်းရဲ့ အသွင်အပြင်ကို ပြန်ကောင်းဖို့ လုံလောက်တာထက်ပိုတယ်၊ မင်း ဆရာ့ကို သွားမေးသင့်တယ်”
မိုလိ ပြောပြီးသည်နှင့် ပေထင်းဟွမ်ကို ဦးဆောင်ကာ ထွက်သွားလေ သည်။ သို့သော် ကျားရွေ့သည် သူ၏နှင်းဖြူရောင်ဝတ်ရုံကို ဆွဲထားလေသည်။ သူမသည် လက်အိတ်ဝတ်ထားရာ ပေထင်းဟွမ်သည် သူမ၏လက်များကို မမြင်ရပေ။ သို့သော် မိုလိအား တင်းကြပ်စွာဆုပ်ကိုင်ထားသည်ကို မြင်နေရ သည်။ အလွန်အက်ကွဲနေသောအသံကိုကြားပြီးနောက် သူမ၏ ပါးစပ်ကို ပိတ် ထားလိုက်ချင်မိသည် “စီနီယာအစ်ကို ကျွန်မရဲ့ သွေးကြောတွေ ပျက်စီးနေပြီ၊ သုံးရက်ကုသဆေးပင်က ကျွန်မရဲ့ သွေးကြောတွေကို ပြန်ကောင်းအောင်မလုပ် နိုင်ဘူး ကျေးဇူးပြုပြီး စီနီယာအစ်ကို”
တစ်လက်မတွန်းသည်မှာ မည်သည့်အဓိပ္ပာယ်နည်း။ ဤအရာသည် စစ်မှန်သော တွန်းအားပင်။ ထိုအခိုက်တွင် ပေထင်းဟွမ်ပင်လျှင် သူမကို လေးစားမိသည်။ ကောင်းလိုက်တဲ့သတ္တိပင်။