← Chapters

ငါက မင်းအတွက် သန့်စင်ပေးပါမယ်လို့ ဘာလို့ သေချာနေတာလဲ

Vol. 58 Ch. 1148

ငါက မင်းအတွက် သန့်စင်ပေးပါမယ်လို့ ဘာလို့ သေချာနေတာလဲ

Vol. 58 Ch. 1148

“လွှတ်ပေး” မိုလိသည် ရင်ထဲမှ ဒေါသကိုအောင့်အီးပြီး မြေပြင်ပေါ်မှလူ များကိုပင်မကြည့်ဘဲ တိုးညင်းသောအသံနှင့်အော်လေသည် “မလွှတ်ပေးရင် ငါ ရိုင်းလို့အပြစ်မတင်နဲ့နော်”

“စီနီယာအစ်ကို” ကျားရွေ့သည် အက်ကွဲနေသောအသံနှင့်ရှိုက်နေသည်။ သမ၏တစ်ကိုယ်လုံးသည် အနက်ရောင်ဝတ်ရုံအောက်တွင် တုန်ယင်နေသည် “ကျားရွေ့ကို အပြစ်တင်နေတုန်းလား၊ ကျားရွေ့က ငါးစိမ်းမြင်ငါးကင်ပစ်မယ့် လူမျိုး၊ မိတ်ဆွေသံယောဇဉ်ကို ဂရုမစိုက်မယ့်လူမျိုးလို့ထင်နေတာလား၊ တကယ်တော့ အဲတုန်းက ကျွန်မသာ စီနီယာအစ်ကိုချောင်ထိုင်ကို ပြောလိုက် ရင် သူလည်း စီနီယာအစ်ကိုကို ကုသပေးဖို့နည်းလမ်းရှာမှာပါ၊ နောက်ပိုင်းကျ သူ ဆေးပင်တွေအများကြီးရှာတွေ့ခဲ့တယ်မဟုတ်လား၊ အဲဒီဆေးပင်တွေက စီနီယာအစ်ကိုရဲ့ခြေထောက်ကို ကုမရနိုင်ရုံတင်ပါ...”

“ပါးစပ်ပိတ်ထား” မိုလိသည် ရှေ့တစ်လှမ်းတိုးလိုက်ရာ မိန်းကလေးသည် သူ့အတွက် ကျရှုံးရန်အသင့်ဖြစ်နေသည့်အလား ဒူးထောက်ရင်း တစ်လှမ်းဆက် လိုက်တိုးသည်။ မိုလိသည် အဆင်ပြေသည်ဟုသာပြောသော်လည်း လှုပ်ရှားမှု မလုပ်ပေ။ သေချာပေါက်ပင် ပေထင်းဟွမ်လည်း သူ့အတွက် လုပ်ပေးမည် မဟုတ်ပေ။ မိုလိ ဤမိန်းကလေးအပေါ် မည်သို့သဘောထားသည်ကို သူမလည်း သိချင်သည်။

“အရမ်းအတွေးမလွန်ပါနဲ့၊ ငါက မင်းနဲ့ပတ်သက်ပြီး အများကြီးမတွေးဖူး ဘူး၊ အစတုန်းက မင်းကို ဂျူနီယာညီမလေးတစ်ယောက်အနေနဲ့ ဆက်ဆံတယ် ဒါပေမဲ့ နောက်ပိုင်းကျ မင်းက ငါ့ကို စီနီယာအစ်ကိုအနေနဲ့ မလေးမစားလုပ်လာ တယ်၊ သေချာပေါက် ငါက သံယောဇဉ်ဆိုတာကိုမလိုဘူး” မိုလိ၏အသံသည် ပြန်တည်ငြိမ်သွားသော်လည်း တည်ငြိမ်လေလေ ရက်စက်မှု ပိုပေါ်လေဖြစ် သည်။

မြေကြီးပေါ်မှမိန်းကလေးသည် မယုံနိုင်သေးသဖြင့် တစ်ကိုယ်လုံး တုန်ပြီးရင်းတုန်ယင်လာသည်။ ငိုရင်းနှင့် ခေါင်းကို ခမ်းကြမ်းကြမ်းခါယမ်းလိုက် သည် “မဟုတ်ဘူး မဖြစ်နိုင်ဘူး အစ်ကိုကြီး အဲလိုမပြောပါနဲ့ ကျွန်မ နောက်မှ စီနီယာအစ်ကိုချောင်ထိုင်ကို ကျေးဇူးတင်စကားပြောမယ်ဆိုလည်း ရှင့်ကို သစ္စာဖောက်ခဲ့လို့ အစ်ကို လက်ခံမှာမဟုတ်တကိုသိပါတယ်၊ တကယ်တော့ သူနဲ့ရှိနေတဲ့အချိန်မှာတောင် ရှင့်ရဲ့ နူးညံ့မှု၊ အပြုအမူနဲ့ ရှင့်ကိုပဲတွေးနေခဲ့တာပါ”

“ဟူး အဟွတ် အဟွတ် အဟွတ်” ပေထင်းဟွမ်သည် ထပ်နားမထောင်နိုင် တော့ပေ။ သူမ ဆက်နားထောင်လျှင် မနေ့ညကစားထားခဲ့သည့် အစားအသောက်များပင် ပြန်အန်ထွက်လာနိုင်သည် “အင်း အတိတ်အကြောင်း တွေပြောလိုက်ကြပါဦး ကျွန်တော်အရင်သွားနှင့်တော့မယ်”

“မင်းကို လိုက်ပို့မယ်” မိုလိသည် ပေထင်းဟွမ်၏လက်ကို မလွှတ်ချင်ပေ။ သူသည် လက်ကိုမြှောက်ကာ သူ၏ယန်းစွမ်းအားကို ထုတ်လိုက်သည်။ လေဓား သွားသည် ကျားရွေ့ကိုင်ထားသည့် ဝတ်ရုံအပိုင်းကို ဖြတ်တောက်လိုက်ပြီး သူ၏ ခြေထောက်သည် ရှေ့သို့လှမ်းလေသည်။

“မဖြစ်ဘူး”

သူတို့နှစ်ယောက်သည် အလေးအနက်ရှိနေသည်လား၊ သို့မဟုတ် အလောကြီးနေသည့်အချိန်တွင် ယုန်သည်လူကိုကိုက်လိုက်သည့်အလား မသိ ပေ။ ကျားရွေ့သည် ရှေ့တိုးလာကာ မိုလိအား တင်းကြပ်စွာပွေ့ဖက်လိုက်၏။ သူမ၏လက်သည် မိုလိ၏လည်ပင်းကို သိုင်းဖက်ထားသည်။ သို့သော် အစပိုင်း တွင် မိုလိသည် လက်ကိုဖြုတ်မချပေ။

ထိုမိန်းကလေး၏မျက်နှာကို အနက်ရောင်ဇာပုဝါဖြင့် ဖုံးအုပ်ထားသဖြင့် မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း အရိပ်ကိုကြည့်ရုံနှင့်တင် ဆံပင်ပါထောင်သွားနိုင်သည်ကို ပေထင်းဟွမ်မြင်နေရသည်။

ဒီလောက်ထိ လောင်သွားတာလား။ ပေထင်းဟွမ် အမှန်တကယ်ပင် ထင်မထားသည့်အရာပင်။ သို့သော် သူမ လုပ်ခဲ့သည့်အရာကို နောင်တမရပေ။ သူမသည် ထိုမိန်းကလေးကိုကြည့်ပြီး ခပ်သဲ့သဲ့ပြုံးလိုက်သည် “မင်း ဘာလိုချင် တာလဲ”

ပေထင်းဟွမ်၏အပြုံးသည် ကျားရွေ့၏ ကျောပြင်တစ်လျှောက်လုံး အေးစိမ့်သွားစေသည်။ သူမသည် ပေထင်းဟွမ်၏ နည်းလမ်းများကို အရင်က မြင်ဖူးသည်။ သူမသည် ပေါ့ပေါ့တန်တန်မနေရဲပေ။ သူမသည် မိုလိ၏ လည်ပင်း အား ဓားတိုနှင့်ရွယ်ထားကာ အက်ကွဲသောအသံနှင့်ပြောလေသည် “စီနီယာ အစ်ကို ကျွန်မကို အပြစ်မတင်ပါနဲ့၊ ဒီလိုလုပ်ဖို့ စိတ်ကူးမရှိပါဘး၊ ကျွန်မက ဟွီယန်ဆေးကိုလိုချင်ရုံတင်ပါ၊ ကျွန်မအတွက် သန့်စင်ပေးဖို့ သခင်ယွဲ့ကျို့ကို မေးပေးရင် ချက်ချင်းလွှတ်ပေးပါမယ်”

သူမပြောပြီးနောက်တွင် စူးရှစွာရယ်မောလေသည် “အစ်ကို ယုံသည်ဖြစ် စေ မယုံသည်ဖြစ်စေ ကျွန်မ အခုထိရှင့်ကို အရမ်းချစ်တုန်းပဲ”

သူမကြောင့် မိုလိ၏လည်ပင်းအစ်လာသည်။ သို့သော် ဓားသွားပေါ်မှ အေးစက်မှုသည် မိုလိကို ဒေါသထွက်စေသည်။ သူ၏လည်ပင်းသည် ထူထဲ၏။ သူသည် အတန်ကြာအောင် ဆွံ့အမိသည်။

“ဟုတ်ပြီ ဖွင့်ပြောတာတွေကို နောက်မှပြောရအောင် မင်းက အသားရေ ပြန်ကောင်းချင်တလား” ပေထင်းဟွမ် နှာမှုတ်လိုက်သည် “ငါက မင်းအတွက် သန့်စင်ပေးပါမယ်လို့ ဘာလို့အဲလောက်သေချာနေတာလဲ”

All Chapters