← Chapters

သခင်ယွဲ့ကျို့ကို သစ္စာဆိုခိုင်းလိုက်ပါ

Vol. 58 Ch. 1149

သခင်ယွဲ့ကျို့ကို သစ္စာဆိုခိုင်းလိုက်ပါ

Vol. 58 Ch. 1149

“ငါက မင်းကို အသစ်လောင်းဆေး သန့်စင်ပေးပါမယ်လို့ သေချာနေတာ လား၊ မင်းကိုယ်မင်း ဘယ်လိုထင်လို့လဲ” ပေထင်းဟွမ်သည် ဟာသတစ်ခုလို မေးလိုက်သည်။ သူမကို ဓားတစ်ချောင်းနှင့် ခြိမ်းခြောက်နိုင်မည်လား။ ထိုမျှ လောက်လွယ်ကူနေလျှင် သူမသည် ပေထင်းဟွမ်မဟုတ်တော့ပေ။

“သေချာပေါက် ဘယ်ဟုတ်မလဲ” ပေထင်းဟွမ်၏ အဖြေကိုကြား ပြီးနောက် ကျားရွေ့သည် တစ်ဝက်အောင်မြင်သလိုခံစားလိုက်ရ၏ “ကျွန်မ မယုံပါဘူး အဲဒါကြောင့် သခင်ယွဲ့ကျို့ကို သစ္စာဆိုခိုင်းမလို့”

ပေထင်းဟွမ်သည် ဒေါသထွက်ထွက်နှင့် ရယ်မိတော့မလိုပင်။ မည်သူမှ သူမကို ယခုလိုမပြောရဲကြပေ။ သူမကို သစ္စာဆိုခိုင်းမယ်ဟုတ်လား။

ပေထင်းဟွမ်သည်ခေါင်းကို ဖြည်းဖြည်းချင်းခါယမ်းကာ လက်ညှိုးကို ထောင်ပြီး အသာလှုပ်ယမ်းလေသည် “ငါက သစ္စာဆိုတဲ့နေရာမှာ အတော်ဆုံးပဲ ပြီးတော့ တစ်ဖက်လူကိုသတ်ဖို့ ငါ ဒီလှည့်ကွက်ကိုသုံးပြီးပြီ၊ ဒီကိစ္စရှင်းဖို့ ဒီလှည့်ကွက်ကိုသုံးတာ မင်းနဲ့လိုက်ဖက်ပါပေတယ်”

ပေထင်းဟွမ်၏ ဘူးထဲတွင် မည်သို့သောဆေးမျိုးထည့်ထားသည်ကို ကျားရွေ့မသိပေ။ သို့သော် ပေထင်းဟွမ်ပြောသည့်စကားများသည် မှန်သည်ကို သူမ ယုံကြည်သည်။ သူကဲ့သို့လူမျိုးသည် သူမကို စိတ်ရှုပ်ခံပြီး လိမ်ညာနေမည် မဟုတ်ပေ။

“အဲတော့...” ပေထင်းဟွမ်သည် သဲ့သဲ့ပြုံးလိုက်သည်။ ထိုအပြုံးသည် သူမ၏ မျက်လုံးဆီသို့မရောက်ပေ “မင်း တစ်ယောက်ယောက်ကို မခြိမ်းခြောက် ခင် တစ်ဖက်လူရဲ့ ခွန်အားကို အကဲခတ်တာ အကောင်းဆုံးပဲ၊ မင်းမတတ်နိုင် ရင် ရန်မစနဲ့”

“မင်း မင်း... မင်း ငါ့အစ်ကိုကို ဂရုမစိုက်ဘူးလား၊ သူ့အသက်ကို မစိုးရိမ် ဘူးလား”

ကျားရွေ့သည် နားမလည်နိုင်ဖြစ်သွားသည်။ သူမ စကားပြောပြီးနောက် တွင် အေးစိမ့်မှုတစ်ခုသည် သူမ၏လက်ကောက်ဝတ်ဆီသို့ ရောက်လာသည်။ လျင်မြန်စွာပင် အေးစိမ့်မှုကိုသာ ခံစားရကာ နောက်ဆုံးတွင် သူမ၏ လက်ကောက်ဝတ်ကို နာကျင်မှုလွှမ်းမိုးလာရာ ကျားရွေ့သည် အေးခဲရပ်တန့် သွား၏။

ထိုနေရာမှလှုပ်ရှားမှုသည် အဂ္ဂိရတ်အစည်းအရုံးကို အချက်ပေးပြီးသား ဖြစ်ရာ လူအများလာကြည့်ကြလေသည်။ ထိုအချိန်တွင် လက်ကောက်ဝတ်နှင့် ဓားသွားတိုသည် မြေကြီးပေါ်သို့ကျသွားသည်နှင့် အားလုံးသည် မျက်လုံးများ မှိတ်လိုက်ကြသည်။ ထို့နောက် အော်ကာဟစ်ကာနှင့် တညီတညာတည်း နောက်ဆုတ်ကြလေသည်။

“သခင်လေးရဲ့ဘဝမှာ အမုန်းဆုံးက ခြိမ်းခြောက်တာပဲ” ပေထင်းဟွမ် သည် အထင်သေးစွာပြောလိုက်သည်။ သူမ လက်ဖျောက်တီးလိုက်သည်နှင့် ဓားပျော့သည် အေးစက်စွာလင်းလက်လာပြီး သူမဆီသို့ပျံလာကာ သူမ၏ ခန္ဓာကိုယ်နားတွင် ပျောက်ကွယ်သွားလေသည်။

ဒါက... မှော်လက်နက်လား။

ဒီကောင်လေးက ဘယ်သူလဲ။ သူမရဲ့ခန္ဓာကိုယ်နေရာတိုင်းမှာ ရတနာ တွေရှိနေတာ။ ဒါပေမဲ့ ဘယ်သူမှ မတပ်မက်ရဲကြဘူး။ ဤလူငယ်၏ ခွန်အား သည် သူတို့ထက်ကျော်လွန်နေသည်ကို အားလုံးကောင်းစွာသိကြသည်။ သူ့ကို သွေးဆောင်ဖြားယောင်မိလျှင် ထိုလူသည် သေလမ်းနှင့်ဝေးတော့မည်မဟုတ် ပေ။

ကျားရွေ့၏လက်ကောက်ဝတ် ပြတ်သွားပြီး သူမသည် နာကျင်မှုကြောင့် မေ့လဲသွားပြီဖြစ်သည်။ သူမ၏လက်ကောက်ဝတ်မှ သွေးများပန်းထွက်နေပြီး မိုလိ၏ဖိနပ်အစွန်သို့ ရောက်လုနီးပါးဖြစ်လေသည်။ သူသည် ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားကို ခါကာ ပြန်ပြင်ပြီး မြေပေါ်မှလူကို တစ်ချက်ပင် ပြန်မကြည့်ဘဲ ပေထင်းဟွမ်ဆီသို့လျှောက်သွားကာ လက်ကိုဆွဲပြီး အပြင်သို့လျှောက်သွားလေ သည်။

မိုလိ၏အမူအရာသည် ပျက်နေသည်။ သူ၏ရင်ထဲတွင် တစ်စုံတစ်ခုရှိနေ မည်ကို ပေထင်းဟွမ်လည်း ခန့်မှန်းမိသည်။ သခင်မိုလိသည် လှပသောဂျူနီယာ ညီမလေးအနားတွင်ရှိနေသဖြင့် မေတ္တာများပေါက်ဖွားလာခြင်းပင်ဖြစ်လိမ့် မည်။ သို့သော် အရာအားလုံးသည် စတင်ခါစဖြစ်ကာ သူ့ဘဝတွင် အဓိကကျ သောပြောင်းလဲမှုသည် သူ့ဘဝနှင့် အိပ်မက်များကို ပြိုကွဲသွားစေသည်။

ပေထင်းဟွမ်သည် သူမကိုယ်သူမတွေးနေမိသည်။ သို့သော် မိုလိ၏ စိုက်ကြည့်နေသောမျက်လုံးများနှင့် ဆုံမိလေသည် “ဘာတွေတွေးနေတာလဲ၊ ငါပြောသလိုပဲ သူမကို ဂျူနီယာညီမလေးတစ်ယောက်လိုပဲတွေးတယ်၊ တံခါး မှာ သူမ ပြောခဲ့တာတွေကြောင့်လား၊ မင်းတကယ်ပဲ အဲလိုတွေးတာလား”

“ဟင်” ပေထင်းဟွမ်သည် နှာခေါင်းပွတ်လိုက်သည်။ သူမသည် အရူးမ ကျားရွေ့နှင့်ပတ်သက်၍ အကျိုးအကြောင်းမသင့်သည့် အတွေးများရှိနေသည် လား။ ဘာတွေလာနောက်နေတာလဲ။ သူမက မိန်းကလေးပါလို့ ပြောမိလို့လား။ မိန်းကလေးတစ်ယောက်က ဘယ်လိုလုပ် မိန်းကလေးတစ်ယောက်ကို အကျိုးအကြောင်းမသင့်တဲ့ အတွေးရှိမလဲ။ သို့သော် ကျားရွေ့အကြောင်း မိလိ မသိလျှင် ပိုကောငး်မည်။ ထို့မှသာ ဝန်ထုပ်ဝန်ပိုးမရှိမည်ဖြစ်သည်။

“သူမက ဒီလောက်ထိလုပ်သွားတာ၊ သေချာပေါက် သူမ အမှားပဲလေ” မိုလိသည် သူ့ကိုယ်သူပြောနေသည်လား ပေထင်းဟွမ်အား ပြောနေသည်လား မသိပေ။

All Chapters