← Chapters

အထိအတွေ့၊ ဒါပေမဲ့ သူမရဲ့သမိုင်းကြောင်းကို မသိဘူး

Vol. 58 Ch. 1150

အထိအတွေ့၊ ဒါပေမဲ့ သူမရဲ့သမိုင်းကြောင်းကို မသိဘူး

Vol. 58 Ch. 1150

အဂ္ဂိရတ်အစည်းအရုံးနှင့် ရှန့်ကျိတည်းခိုဆောင်တို့သည် သိပ်မဝေးလှ ပေ။ မဟုတ်လျှင် ပေထင်းဟွမ်သည် မနက်ကတည်းက လမ်းလျှောက်လာမည် မဟုတ်ပေ။ မိုလိသည် လမ်းမလျှောက်ရသည်မှာ ကြာပြီဖြစ်သည်။ သို့သော် အဂ္ဂိရတ်အစည်းအရုံးမှ ရထားလုံးစီစဉ်ပေးသည်ကိုလည်းမလိုပေ။ သူ ရထားလုံးနှင့် ပြန်နိုင်သည်ဟု ပေထင်းဟွမ် ပြောရန်အတွက်လည်း ရှက်ရွံ့နေ သည်။

သူတို့နှစ်ယောက်သည် အဂ္ဂိရတ်အစည်းအရုံးဝင်ပေါက်မှ ထွက်လာလိုက် ကြသည်။ တံခါးအစောင့်နှစ်ယောက်သည် မိုလိကို မြင်လိုက်ရချိန်တွင် သူတို့ ၏ မျက်လုံးကိုပင် မယုံနိုင်ကြပေ။ ပွတ်ပြီးရင်းပွတ်ပြီးနောက်တွင် မိုလိ အစစ်အမှန်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ သူတို့နှစ်ယောက်သည် မြေကြီး ပေါ်သို့ လဲကျသွားကြလေသည်။

“ဒုန်း ဒုန်း”

လဲကျသံနှစ်ခုသည် အဂ္ဂိရတ်အစည်းအရုံးဝင်ပေါ်မှ လူများအားလုံး၏ အာရုံကို ဆွဲဆောင်မိပြီးသားဖြစ်လေသည်။ အရင်ဆုံးတော့ သူတို့သည် မြေကြီး ပေါ်မှလူနှစ်ယောက်ကို ကြည့်ကြလေသည်။ သူတို့မြေကြီးပေါ်သို့ ကျသွား သည့်တိုင်အောင် ခေါင်းမော့ပြီး လူတစ်ယောက်ကို လက်ညှိုးဖြင့်ထိုးနေတုန်း ပင်။ သူ၏မျက်လုံးများသည် လက်ချောင်းများနောက်လိုက်သွားရင်း တဒင်္ဂမျှ မှင်တက်နေလေသည်။

မိုလိသည် တန့်ကာမြို့တွင် အထင်ကရလူဖြစ်သည်။ ချောမောသော အသွင်ပြင်၊ မျက်ခုံးကြားမှ အနည်းငယ်တောက်ပသေသာကျောက်များသည် သူ့ကို ထူးခြားသည်ဟု ခံစားရစေသည်။ သူ ကလေးဘဝကပင် ထူးခြားသည့် လုပ်ဆောင်မှုကို ပြသခဲ့ပြီး သူ၏ အသက် ၂၀ အစောပိုင်းတွင် ကောင်းကင် အဆင့်ဖြစ်ခဲ့ပြီး သူ၏ဆေးသန့်စင်သည့်အရည်အချင်းသည် တန့်ကာတစ်မြို့ လုံးအတွက် ထိတ်လန့်စရာဖြစ်ခဲ့သည်။ ကောင်းကင်သည် သူ့ကိုမနာလိုဖြစ်ပြီး ကပ်ဆိုးကြီး ကျရောက်လာကာ သူ၏ခြေထောက်များ မသန်စွမ်းဖြစ်ပြီး သူ့ အား ဤလမ်းသို့ခေါ်လာလိမ်မည်ဟု မည်သူမှထင်မထားကြပေ။

သူ ထပ်မံပြန်ရပ်နိုင်လိမ့်မည်ဟု မည်သူမှ မတွေးမိကြပေ။ သည်အချိန် တွင် သူသည် သူတို့၏ရှေ့တွင်ရပ်နေသည်။ မည်သူမှ မယုံကြည်ကြပေ။ သူတို့ သည် သက်သေရရန်အတွက် ဘေးနားမှလူများကို မေးကြရတော့သည်။

“ငါအမြင်မှားတာလား၊ ဒါက သခင်မိုလိလား”

“ငါအိပ်မက်မက်နေတာလားလို့ ဆိတ်ကြည့်ပါဦး”

“ဟေ့လူ မင်း ငါ့ကိုလာဆိတ်နေတာ၊ မဟုတ်ဘူး ငါ အိပ်မက်မက်တာ မဟုတ်ဘူးပဲ အိပ်မက်မက်နေတာမဟုတ်ဘူး၊ ဒါ သခင်မိုလိပဲ သူမတ်တတ်ရပ် နိုင်ပြေီ ကြည့်လိုက် သူလမ်းလျှောက်နေပြီ သူအပြင်ကိုတောင် ထွက်နေပြီ”

တန့်ကာတစ်မြို့လုံးသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြလေသည်။ လမ်း ဘေးနှစ်ဖက်မှလူများသည် မိုလိနှင့် ပေထင်းဟွမ်တို့နောက်လိုက်ကာ ရှန့်ကျိ တည်းခိုဆောင်ဆီသို့လျှောက်ကြလေသည်။ အားလုံးသည် မိုလိအား ကုသပေး သည့်လူကို ခန့်မှန်းနေကြသည်။ အဆင့် ၅ ခြင်ဆီအသစ်လောင်းဆေးကို သန့်စင်ပြီး မိုလိအား ကုသပေးသူသည် သူနှင့်ဘေးချင်းယှဉ်လျှောက်နေသည့် သခင်ယွဲ့ကျို့ဖြစ်ကြောင်းကို အဂ္ဂိရတ်အစည်းအရုံးမှလူတစ်ယောက် ထောက် ပြလိုက်သောအခါ တစ်မြို့လုံးသည် ရူးမတတ်ပင်။

“အဆင့် ၅ ဆေး အဲဒါနတ်အဆင့်ဆေးမဟုတ်ဘူးလား”

“သခင်ယွဲ့ကျို့က ငယ်ငယ်လေးနဲ့ ဒီလောက်အားကောင်းတာ မိုးနတ်မင်း ရေ ငါ ဒီနေ့ထွက်လာမိတာ ကံကောင်းတာပဲ မဟုတ်ရင် သခင်ယွဲ့ကျို့ကို လွတ်သွားတော့မလို့”

“အာ.. သခင်ယွဲ့ကျို့ မင်းကိုအရမ်းချစ်တာပဲ၊ သခင်မိုလိ မိုးနတ်မင်းရေ ငါ ရင်တွေခုန်လွန်းလို့ ပေါက်ထွက်တော့မလိုပဲ”

လူအုပ်ထဲတွင် ကောင်းကင်အဆင့် ပညာရှင်အများအပြားပါဝင်သည်။ သူတို့သည် သူတို့နှစ်ယောက်၏ ခြေလှမ်းများနောက်လိုက်ကြသည်။ သူတို့ ဖြတ်သွားသည့်နေရာတိုင်းတွင် ဘုရင်တစ်ပါးကို ကြိုဆိုသည့်အလား လူအုပ် ထဲမှ အးပေးသံများညံသွားလေသည်။ နတ်ဘုရားအဆင့်လာလျှင်တောင် ထို ထက်သာတော့မည်မဟုတ်ပေ။

ထိုအချိန်တွင် အဂ္ဂိရတ်အစည်းအရုံးနှင့် မလှမ်းမကမ်းရှိ စားသောက်ဆိုင် ဒုတိယအထပ် ပြတင်းပေါက်နားတွင် အဂ္ဂိရတ်ဝတ်ရုံအဖြူရောင်ဝတ်ထားသည့် အလွန်ချောမောသည့်လူငယ်တစ်ယောက်သည် ပြတင်းပေါက်အစွန်ကို တံတောင်ထောက်ထားပြီး အောက်မှလမ်းကို ငုံ့ကြည့်နေလေသည်။

“အဲဒါသူလား ခြင်ဆီအသစ်လောင်းဆေးလေ” ကျို့လင်သည် လမ်းအလယ်တွင်လျှောက်လာပြီး လူဝိုင်းခံနေရသော လူငယ်ကုကြည့်နေလေ သည်။ ထိုလူ၏အသွင်အပြင်ကို အရင်ကမြင်ဖူးပြီး အလွန်ရင်းနှီးနေသည်ကို သူ ခံစားမိသည် “အကြာကြီးရှာပြီးသွားတာတောင် သူ့ရဲ့ဇစ်မြစ်ကို မသိရသေးဘူး”

ဆေးတောင်ကြားမှထွက်လာသည့် တာဝန်ခံသုံးယေဦက်ရှိသည်။ အကြီးအကဲကြီးနှင့် ကျူထုံတို့ ပေထင်းဟွမ်သတ်ခြင်းကိုခံရပြီးနောက် တစ် ယောက်သာကျန်ရှိတော့သည်။ သူသည် အသက် ၅၀ ခန့်ရှိပြီး ပိန်ပါးပါ ခနော်နီ ခနော်နဲ့ဖြစ်သည်။ ထိုလူအားကြည့်ရင်းမှ လူအုပ်ထဲသို့ကျသွားလျှင် ဆွဲထုတ် နုင်မည်မဟုတ်ပေ။ သို့သော် ရုတ်တရက် မျက်လုံးပင့်ကြည့်လိုက်သောအခါ တောက်ပမှုသည် အထင်သေး၍မရပေ။

All Chapters