← Chapters

ငါ့အတွက် မင်း ဒါလုပ်ဖို့မလိုဘူး

Vol. 58 Ch. 1151

ငါ့အတွက် မင်း ဒါလုပ်ဖို့မလိုဘူး

Vol. 58 Ch. 1151

ဘဏ္ဍာထိန်း၏နာမည်သည် ကျူဟွေ့ဖြစ်သည်။ သူ၏ ရာထူးသည် အကြီးအကဲကြီးလောက် မမြင့်သော်လည်း ပင်မတိုက်ကြီးရှိ ဆေးတောင်ကြား ပိုင်ရှင်အနားမှလူများသည် တေးဆာင်ကြား၏အကြီးအကဲကြီး၏ ရာထူးထက် မနိမ့်ပေ။ ပုံမှန်အချိန်တွင် မထင်ပေါ်သည့် ဓား ၉ လက်ဝိညာဉ် ဂိုဏ်းခွန်အား လည်းရှိသည်။

ကျူဟွေ့ အမုန်းဆုံးလူဟုဆိုရလျှင် ပေထင်းဟွမ်မှလွဲပြီး နောက်တစ် ယောက်မရှိနိုင်တော့ပေ။

ပေထင်းဟွမ်သည် အကြီးအကဲကြီးကို ခေါင်းဖြတ်ခဲ့ပြီး တောင်ကြား သခင်၏ အချစ်ဆုံးသမီးကို သတ်ဖြတ်ခဲ့သည်။ အဓိကအချက်မှာ သူတို့နှစ် ယောက်မရှိလျှင် ကျူလင်ကို မျက်နှာချင်းဆိုင်ရမည့်ကိစ္စမှာ အလွန်ပင်ဖိစီးစရာ ဖြစ်သည်။

တန့်ကာမြို့တွင် ခြင်ဆီအသစ်လောင်းဆေး ပေါ်ထွက်လာရန် နေ့တစ် ဝက်သကြသည်။ ယွဲ့ကျို့သည် အဂ္ဂိရတ်အစည်းအရုံးတွင် တစ်ချိန်လုံးရှိနေခဲ့ သည်။ သူထွက်မလာလျှင် ကျူဟွေ့သည် သူ၏တည်နေရာနှင့် သမိုင်းကြောင်း ကို စစ်ဆေးရန် မည်သို့အခွင့်အရေးရတော့မည်နည်း။

ထိုစကားလုံးများကို မပြောနိုင်သလို ပြောလည်းမပြောရဲပေ။

ကျူလင်သည် အဆင့် ၂ နတ်ဘုရားဖစ်ပြီး အတွေးတစ်ချက်နှင့်တင် သူ့ကို သေစေနိုင်သည်။

ကံကောင်းစွာပင် ကျူလင်သည် နေရာမှထရပ်လိုက်သည် “သူ ဘယ်သွား လဲဆိုတာ လိုက်ကြည့်ကြတာပေါ့”

မိုလိသည် ပေထင်းဟွမ်အား ရှန့်ကျိတည်းခိုဆောင်သို့ လိုက်ပို့သည်။ သို့သော် နောက်မှလိုက်မဝင်ခဲ့ပေ။ သူသည် ကောင်းကင်ကိုမော့ကြည့်ပြီး နောက်ကျနေသည်ကို မြင်သောအခါ ပေထင်းဟွမ်ဆီသို့လှည့်ပြီးပြောလိုက် သည် “ငါ မင်းကို မနက်ဖြန်လာခေါ်မယ်၊ အိပ်ရာဝင်နောက်မကျစေနဲ့”

ထိုအချိန်တွင် မိုလိ ပေထင်းဟွမ်အား လိုက်ပို့ရသည့်အကြောင်းအရင်းကို မသိရလျှင် ပေထင်းဟွမ်သည် ပေထင်းဟွမ် မဟုတ်တော့ပေ။

သူသည် ဤလူငယ်၏ မူလရည်ရွယ်ချက်နှင့် အပြုအမူများကြောင့် ရင်ထဲ ထိမိသည်။

“မိုလိ ကျွန်တော့်အတွက်နဲ့ ဒီလိုလုပ်ဖို့မလိုပါဘူး၊ ကျွန်တော်က ဆေးနတ်ဘုရားတို့ဘာတို့ကို ဂရုမစိုက်ပါဘူး၊ ကျွန်တော်တို့လိုလူမျိုးအတွက် ဂုဏ်သတင်းနဲ့ ချမ်းသာမှုတွေက ဝန်ထုပ်ဝန်ပိုးတွေဆိုတာကို ခင်ဗျားသိထားရ မယ်၊ ကျွန်တော် ဂုဏ်သတင်းထွက်သွားတာကို ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ် လို့မခံစားရပါနဲ့” ပေထင်းဟွမ်သည် စိတ်ရင်းနှင့်ပြောလေသည်။ သူသည် ဤ မိတ်ဆွေကို စိတ်ရင်းနှင့်ဖြစ်သည်။

“မင်းအတွက်လုပ်တာပါလို့ ဘယ်သူပြောလဲ” မိုလိသည် ပါးစပ်နှင့်ခုခံနေ သော်လည်း သူ၏နားသံသီးများရဲတက်လာပြီး ထိုအခိုက်တွင် မျက်ခုံးကြားမှ ကျောက်သည် သွေးနီရောင်လက်လာလေသည် “ငါ လမ်းမလျှောက်တော နှစ် တွေအများကြီးကြာနေပြီ၊ တစ်ယောက်တည်း လမ်းလျှောက်ချင်လို့”

မိတ်ဆွေများအကြားတွင် ထပ်ပြောနေရန်မလိုတော့သဖြင့် ပေထင်းဟွမ် သည် ပြုံးပြီး မိုလိ၏ ပခုံးကို တွန်းလိုက်သည် “ဟုတ်ပြီလေ ဒါဆိုလည်း လမ်း လျှောက်ပြီး ပြန်လိုက်တော့”

သူမသည် ဤကဲ့သို့ ကိုးလို့ကန့်လန့်လူမျိုးကို မတွေ့ဖူးပေ။

မိုလိသည် လက်မြှောက်ပြီး ပေထင်းဟွမ် တွန်းသွားသည့်နေရာကို ပွတ် လိုက်သည်။ နာကျင်သွားသော်လည်း စိတ်ထဲတွင် နွေးထွေးသွားလေသည်။ ကျော်ကြားမှုနှင့် ချမ်းသာမှုတို့သည် သူမအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု သူမ ပြောခဲ့သည်။ သို့သော် ဤကဲ့သို့ ဝန်ထုပ်ဝန်ပိုးသည် သူ သူမအတွက်ပေး နိုင်သော တစ်ခုတည်းသောအရာပင်။ လူများဝိုင်းကြည့်နေသည်ကို မဆိုထား နှင့် သူမ၏ဂုဏ်သတင်းအတွက် သူ့အသက်ကို စတေးရလျှင်တောင် မိုလိသည် မျက်မှောင်ပင်ကြုတ်မိမည်မဟုတ်ပေ။

ကျူလင်နှင့် ကျူဟွေ့တို့သည် တစ်ချိန်လုံးနောက်မှလိုက်လာရာ ပေထင်းဟွမ် ရှန့်ကျိတည်းခိုဆောင်သို့ ဝင်သွားသည်ကိုမြင်သောအခါ အလွန် ပင်အံ့အားသင့်မိလေသည်။ ပေထင်းဟွမ် ဝင်သွားသည်ကိုကြည့်ပြီးနောက် အလုပ်သမားလေးသည် သူမအား နတ်ဘုရားတစ်ပါးကို ကြိုဆိုသည့်အလား ကြိုဆိုပြီး သခင်လေး ၉ ဟုတရင်းတနှီးခေါ်ဆိုပြီး ညစာအတွက် မေးမြန်းနေ သည်ကိုမြင်သောအခါ ကျူလင်၏စိတ်ထဲတွင် အလင်းတစ်ခုလက်သွားပြီး ရုတ်တရက် သူ့နဖူးသူ ရိုက်မိလေသည် “တကယ်ပဲ သူဖြစ်နေတာပဲ”

သူ၏ခန့်မှန်းချက်သည် ဘယ်တုန်းကများ မှားဖူးသနည်း။ သူသည် သူမ ကို မမှတ်မိပေ။ ပေထင်းဟွမ်၏ မျက်နှာအစစ်အမှန်သည် မည်သည့်အရာ နည်း။ တစ်ခုသည် အလွန်ပင်သမာရိုးကျဆန်သော်လည်း ထူးခြားသည့် မျက်လုံးတစ်စုံရှိသည်။ နောက်တစ်ခုမှာ ကျောက်စိမ်းကဲ့သို့ နူးညံ့ပြီး တိမ်တိုက် ကဲ့သို့လှပကာ တစ်ဖက်တွင် သူရဲကောင်းဆန်သလို ဆောင်းတွင်းည ကြယ် တစ်လုံးကဲ့သို့ တောက်ပသည်။ ထိုအခိုက်အတန့်တွင် ထိုလူနှစ်ယောက်သည် တစ်ယောက်တည်းဖြစ်သွားပြီး ကျူလင်၏စိတ်ထဲတွင် ပုံရိုက်နှိပ်မိသွားသလို ဖြစ်လေသည်။

“အရမ်းကောင်းတယ်၊ မင်းရဲ့အဂ္ဂိရတ်အဆင့်က ဒီလောက်မြင့်လိမ့်မယ် လို့ မျှော်လင့်မထားဘူး၊ အရမ်းကောင်းတယ်၊ မနက်ဖြန်ကျရင် ပွဲကြီးပွဲကောင်း လုပ်ကြတာပေါ့” ကျူလင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်လိုက် သည်။ သူသည် ပြိုင်ဘက်ကို အရေးတယူမရှိခဲ့သလို တန်ဖိုးလည်း မထားခဲ့ဖူး ပေ။ ဤလူသည် ပင်မတိုက်ကြီးတွင် အဆင့်နိမ့်ဖြစ်လျှင်တောင် ပေထင်းဟွမ် ၏ ခွန်အား မည်မျှပင်ရှိစေကာမူ အလေးအနက်ထားချင်နေမိသည်။

All Chapters