← Chapters

တောင့်ခံထားမယ်ဆိုရင် သေချာပေါက်အောင်မြင်မှာ

Vol. 58 Ch. 1153

တောင့်ခံထားမယ်ဆိုရင် သေချာပေါက်အောင်မြင်မှာ

Vol. 58 Ch. 1153

ဘဏ္ဍာထိန်းသည် သက်ပြင်းချရင်း အလုပ်လုပ်ရန်ထွက်သွားလေသည်။ အစေခံတစ်ယောက်အနေနှင့် ကပ်စေးနဲသည့်သခင်နှင့် တွေ့ရမည်ကို အကြောက်ဆုံးဖြစ်သည်။ ထိုသို့ဆိုလျှင် အရာများသည် ခက်ခဲသွားနိုင်သည်။ ပေထင်းဟွမ်သည် ငယ်ရွယ်သော်လည်း ရက်ရောသည်။ ကောင်းကင်ဝိညာဉ် ဆေးသုံးလုံးနှင့် ဝိညာဉ်ခွဲဆေးသုံးလုံးတို့သည် သောင်မိကုန်သွယ်ရေးရုံးသို့ ခေါင်းမော့ဝင်သွားရန် လုံလောက်သည်ဟု ဘဏ္ဍာထိန်းအာမခံနိုင်သည်။

ဆေးပစ္စည်းများသည် ကောင်းသော်လည်း နတ်ဘုရားအဆင့်အဂ္ဂိရတ် ပညာရှင်နှင့်မတွေ့လျှင် အလဟဿဖြစ်သွားလိမ့်မည်။ မဟုတ်လျှင် နှစ်ပေါင်း များစွာအတွင်းတွင် သောင်မိကုန်သွယ်ရေးရုံးသည် ဤဆေးပစ္စည်းများကို ဘာကြောင့် မရောင်းဘဲ သိမ်းထားမည်နည်း။

“သခင်လေး ၉ နဲ့တွေ့ရတာ သူတို့အတွက် ကောင်းချီးပါပဲ” ဘဏ္ဍာထိန်း သည် လေ၏အရှိန်နှင့်အတူလျှောက်သွားလေသည်။

ပေထင်းဟွမ်သည် တံခါး၌ရပ်ပြီး လက်ကိုင်ကိုကိုင်ကာ တံခါးကိုဆွဲဖွင့် လိုက်သည်။ ပုံရိပ်လေးတစ်ခုသည် သူမဆီသို့တိုးဝင်လာပြီး ရင်ခွင်ထဲဝင်လေ သည် “အစ်ကိုကြီး ပြန်လာပြီ အရမ်းလွမ်းနေတာ”

“ဟား” ပေထင်းဟွမ်သည် အရင်ဘဝကို ပြန်တွေးမိသည်။ တီဗီတွင်တွေ့ ဖူးသည့် သရုပ်ဆောင်သည် စင်ပေါ်တွင်ပေါ်လာသည့်အခါတိုင်းတွင် 'အားလုံး ကိုလွမ်းတယ်' ဟုပြောလေ့ရှိသည်။ သမူသည် လက်မြှောက်ကာ ရှီမန်ရုန်၏ ခေါင်းကိုပွတ်ပြီး ကောက်ချီလိုက်သည် “အစ်ကိုကြီးလည်း မင်းကို အရမ်းလွမ်း နေတာ”

အခန်းထဲတွင် ရှီမန်ပိုင်သည် ပြတင်းပေါက်ဘေးတွင်ထိုင်ရင်းနှင့် ပေထင်းဟွမ် ဝင်လာသည်ကို ကြည့်နေသည်။ ပေထင်းဟွမ်သည် တန့်ကာမြို့မှ သခင်မိုလိကို ကုသပေးလိမ့်မည်ဟု သူထင်မထားပေ။ ဆိုလိုသည်မှာ သူ၏ ခြေထောက်အတွက်လည်း မျှော်လင့်ချက်ရှိနေသည်။

ရှီမန်ပိုင် ပါးစပ်မဟခင်မှာပ်င ပေထင်းဟွမ်သည် ရှီမန်ပိုင်ဆီသို့ ကျောက် စိမ်းပုလင်းတစ်လုံး ပစ်ပေးလိုက်သည်။ အထဲတွင် ခြင်ဆီအသစ်လောင်းဆေးရှိ နေမည်မှာတော့ သံသယဝင်ဖွယ်ရာမရှိပေ “အစ်ကိုရှီမန် ဒါသုံးလိုက်ပါ... အရမ်းတော့ နာလိမ့်မယ် စိတ်ရှည်ဖို့လည်းလိုရင်လိုလိမ့်မယ်”

နှစ်ပေါင်းများစွာ ပျက်စီးထားသော သွေးကြောများသည် သေချာပေါက် နာကျင်မှပင် ပြန်ပျောက်ကင်းလိမ့်မည်။ သို့သော် ရှီမန်ပိုင်သည် သခင်တစ် ယောက်ဖြစ်သဖြင့် ဤကဲ့သို့ နာကျင်မှုကို မခံနိုင်စရာအကြောင်းမရှိပေ။

လက်ထဲတွင် ပုလင်းကို တင်းကြပ်စွာကိုင်ထားရင်း ရှီမန်ပိုင်သည် အသက်ပြင်းပင်းရှူကာ အောက်မှဘီးတပ်ကုလားထိုင်ကို လှည့်ကာ ထွက်သွား မည်အပြုတွင် ပေထင်းဟွမ် တားလိုက်လေသည် “ဒီမှာနေလိုက်ပါ ကျွန်တော် ညီလေးကို ခေါ်သွားလိုက်မယ်၊ မဟုတ်လည်း တစ်ခုခုစားဖို့သွားကြမလို့”

စားသောက်ဆိုင်တွင် အောက်ထပ်တွင်ဖြစ်သည်။ ပေထင်းဟွမ် ကိုယ်တိုင်ထွက်စားသည်ကိုမြင်သည်နှင့် ဘဏ္ဍာထိန်းသည် သူတို့အတွက် သီးသန့်အခန်းပြင်ဆင်ပေးလေသည်။

ရှီမန်ရုန်သည် ဂနာမငြိမ်ဖြစ်နေသည်။ ဤမျှငယ်ရွယ်သော အသက်တွင် ပင် ဖခင်ဖြစ်သူ ယခုအချိန်လုပ်နေသည့်အရာကိုသိသည်။ စားနေသည့်ချိန်တွင် လည်း မေ့သွားမည်စိုးသဖြင့် ဂရုတစိုက်မေးလေသည် “အစ်ကိုကြီး အဖေက နာမှာလား၊ နာတာကို မခံနိုင်ရင်ရော”

“မဟုတ်ဘူး” ပေထင်းဟွမ်သည် သူ့အတွက် တူတစ်စုံကောက်ပေးပြီး ခေါင်းကိုပွတ်လိုက်သည် “ရှောင်ရုန် မင်းက ယောက်ျားပဲ၊ မင်းရဲ့အစ်ကိုကြီး ပြောတာကိုမှတ်ထား၊ ဒီဘဝမှာ မင်း ဘယ်လိုအခက်အခဲနဲ့တွေ့ပါစေ၊ ဘယ်လို နာကျင်မှုမျိုးပဲတွေ့ပါစေ မင်းသာ တောင့်ခံနိုင်ရင် သေချာပေါက် အောင်မြင်မှာ ပဲ”

ရှီမန်ရုန်နားလည်သလားဆိုသည်ကို မသိသော်လည်း ပေထင်းဟွမ်သည် အစ်ကိုကြီးတာဝန်ကိုယူနေတုန်းပင် “လူတစ်ယောက်က အစွမ်းအစ ဒါမှမဟုတ် နောက်ခံနဲ့ပတ်သက်လာရင် နာကျင်မှုရှေ့ရောက်တဲ့အခါမှာ အရှုံး မပေးဘဲတောင့်ခံနိုင်သရွေ့၊ သူများတွေရဲ့အဆင့်ထက်ကို ရောက်နိုင်တယ်၊ မတက်နိုင်တဲ့အမြင့်မှာ ကမ္ဘာကြီးမရောက်နိုင်တဲ့အမြင့်မှာ ရပ်နိုင်လိမ့်မယ်၊ ရှောင်ရုန် ငါပြောတာနားလည်လား”

ရှီမန်ရုန်သည် ထက်မြက်သည့်ကလေးဖြစ်သည်။ သူ နားမလည်နိုင် သော်လည်း ပေထင်းဟွမ်၏စကားများကို ရင်ထဲတွင် မြဲမြံစွာထည့်ထားပြီး ရုတ်တရက် ခေါင်းညိတ်လေသည် “အစ်ကိုကြီး ကျွန်တော် မှတ်ထားပါ့မယ်၊ ကျွန်တော်တို့ အမေ့ကိုမရှာနိုင်ဘူးလို့ အဖေပြောရင်တောင် ဟုတ်တယ် ကျွန်တော်သာ ကြိုးကြိုးစားစားလေ့ကျင့်ပြီး ဆက်ရှာရင် တစ်နေ့တော့ တွေ့နိုင် မှာပါ”

“သေချာတာပေါ့” ပေထင်းဟွမ်သည် ပြတင်းပေါက်ဆီသို့ အကြည့်ပို့ပြီး နေဝင်ဆည်းဆာမှ ရွေရောင်အလင်းတန်းကို ကြည့်ကာ ခိုင်မာစွာပြောလေ သည် “သေချာပေါက် ရှာတွေ့နိုင်တာပေါ့၊ ရှာတွေ့မှာပါ အစ်ကိုကြီးလည်း မိဘ တွေကိုရှာနေတာ၊ ကြည့်လိုက် ငါတို့တွေ ရှေ့ကိုသွားလိုက်တာနဲ့ သူတို့နဲ့ တစ်လှမ်းပိုနီးလာပြီ”

All Chapters