တစ်နေ့ ထိပ်ဆုံးမှာ ရပ်ရမယ်
Vol. 58 Ch. 1154
တစ်ယောက်နှင့်တစ်ယောက် စကားပြောပြီးနောက် ရှီမန်ရုန်သည် များစွာစိတ်အေးသွားရကာ ဖခင်ဖြစ်သူကို စိတ်မပူတော့ပေ။ သူ၏ဖခင်ဖြစ်သူ သည် နာကျင်မှုကို တောင့်ခံအံတင်းလိုက်ပါက အစ်ကိုကြီးပြောသလို ခြေထောက်ပြန်ကောင်းလာနိုင်သည်ကို သူ ယုံကြည်သည်။
သူသည် ပျော်ရွှင်စွာ စားသောက်နေ၏။ ရှီမန်ရုန်သည် မွေးလာကတည်း ကပင် ဤကဲ့သို့ အရသာရှိသောအစားအသောက်ကို မစားဖူးပေ။ ကောင်လေး သည် မျက်နှာတစ်ခုလုံး ထမင်းလုံးများကပ်သည်အထိ စားသောက်လေသည်။ ပေထင်းဟွမ်သည် လက်ကိုင်ပုဝါယူပြီး ကလေးငယ်၏မျက်နှာမှ စွပ်ပြုတ်နှင့် ထမင်းလုံးများကို သုတ်ပေးနေချိန်တွင် သီးသန့်အခန်းတံခါးသည် ရုတ်တရက် ပွင့်လာလေသည်။
လူကြီးနှင့်ကလေးတို့နှစ်ယောက်သည် တံခါးဆီသို့ အတူတကွကြည့် လိုက်ကြလေသည်။ ရှီမန်ရုန်၏မျက်နှာနှင့် ခပ်ဆင်ဆင်ရှိသော အရပ်မြင့်မြင့် နှင့်ပုံရိပ်သည် သူတို့ရှေ့တွင် လာရပ်လေသည်။
သူ၏ဆံပင်ကို သပ်ရပ်စွာဖြီးလိမ်းထားကာ အဖြူရောင်သခင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ရင်ဘတ်တွင် ဝိညာဉ်သခင်တံဆိပ်ပြားကို တပ်ထား ပြီး ဓား ၅ လက်ကြယ်ဝိညာဉ်သခင်ဆိုသည့် အရင်နှင့်လက်ရှိခွန်အားကို ပြသ နေသည်။ အရေးအကြီးဆုံးကိစ္စမှာ သူသည် တံခါးဘောင်ကိုပင်မကိုင်ဘဲ ရပ် နေခြင်းပင်။
အစ်ကိုကြီးရှီမန်ပိုင်သည် ခြေထောက်အရင်အခြေအနေအတိုင်း ပြန် ရောက်သည်နှင့် ချက်ချင်းရပ်နိုင်မည်ကို သိသော်လည်း သူမရှေ့တွင်ရပ်နေ သည်ကိုမြင်သောအခါ ပေထင်းဟွမ်သည် အံ့ဩမိလေသည် “ကောင်းတယ် ငါ့ မဟာမိတ်အင်ပါယာမှာ နောက်ထပ်ကောင်းကင်ပညာရှင်ရှိလာပြီ”
ရှီမန်ပိုင်သည် လျင်မြန်စွာပင်လျှောက်လာပြီး ပေထင်းဟွမ်ကိုဆွဲထူကာ ရင်ခွင်ထဲထည့်ဖက်လေသည်။ ခင်မင်ရင်းနှီးမှုသည် နှစ်ယောက်လုံး၏ ရင်ထဲ တွင် ပေါက်ဖွားလာသည်။ ရှီမန်ပိုင်သည် ရင်ထဲမှ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပေ။ ထို့နောက် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ရိုက်လေသည် “ရှောင်ကျို့ ကျေးဇူးတင်ပါတယ်”
လုံးထွေးသောနှာမှုတ်သံနှင့်အတူ ပေထင်းဟွမ်သည် သတိလက်လွတ် ဖြစ်သွားလေသည်။ သူမသည် ရှီမန်ပိုင်ကို တွန်းဖယ်ကာ ပခုံးကိုနောက်သို့ ပြန် ရုန်းလိုက်ပြီး မျက်နှာကိုရှုံ့မဲ့လိုက်သည် “အစ်ကိုကြီး ဒါက ကျေးဇူးရှင်ကို ကျေးဇူးတင်ကြောင်းပြတဲ့ပုံစံလား”
“ဟားဟားဟား” ရှီမန်ပိုင်သည် ကျယ်လောင်စွာရယ်မောလေသည်။ ရှီမန်ရုန်ပင်လျှင် ခုံပေါ်မှ ထခုန်ကာ သူ၏ပခုံးကို မျောက်လေးတစ်ကောင်ကဲ့သို့ ပွေ့ဖက်လိုက်သော်လည်း လျစ်လျူရှုခံလိုက်ရ၏။ သူ၏ရင်ဘတ်ထဲတွင် ရယ်မောသံလှိုက်တက်လာခဲ့သည်။ ၅ နှစ်လုံးလုံးရှိလာခဲ့သော ရင်ဘတ်အတွင်း ထဲမှ အရှက်ရမှုသည် ဤအချိန်တွင် ပျောက်ကွယ်သွားပြီဖြစ်ရာ စိတ်သက်သာ ရာရသွားလေသည် “ငါ ရှီမန်ပိုင်က တစ်နေ့ မတ်တတ်ပြန်ရပ်နိုင်ပြီး ခွန်အား ပြန်ပြည့်လာလိမ့်မယ်လို့ထင်မထားဘူး၊ ငါ တကယ်တွေးတောင်မတွေးမိဘူး”
တံခါးတွင် လှုပ်ရှားသံများကြားရပြီးနောက် ရောက်လာသော ဘဏ္ဍာထိန်းသည် တံခါးပေါက်တွင်ရပ်ကာ တန့်ကာမြို့တွမ် ဆင်းရဲသည်၊ အထီးကျန်သည်၊ မသန်စွမ်းသူ၊ ခွေးတစ်ကောင်ကဲ့သို့ နေထိုင်နေသူ၊ မုဆိုးမပင် လျှင် အနိုင်ကျင့်နိုင်သူ အစရှိသည့်ဂုဏ်ပုဒ်များဖြင့် ကျော်ကြားသော ထိုလူကို ကြည့်နေမိသည်။ သူသည် ဓာ ၅ လက်ကြယ်ဝိညာဉ်သခင်၊ ပြည်မကြီးတွင် အားကောင်းသော ကောင်းကင်သခင်ဖြစ်နေလိမ့်မည်ဟု မည်သူမှထင်မထား ကြပေ။
ပိုမမျှော်လင့်ထားသည်မှာ ဤလူသည် တိုက်ကြီးတစ်ခုလုံးကို လှုပ်ခါစေ သည့် မိသားစုကြီးလေးခုထဲမှ တစ်ခုဖြစ်သည့် ရှီမန်မိသားစု၏ တိုက်ရိုက် ဆက်ခံသူဖြစ်နေသည်။ ဤသတင်းသာထွက်သွားပါက တန့်ကာမြို့တစ်မြို့လုံး သည် အိပ်ပျော်နိုင်ပါ့မလားဟု ဘဏ္ဍာထိန်းသည် တွေးနေရသည်။
“အစ်ကိုကြီး အခုခွန်အားက ပြန်ကောင်းလာပြီဆိုတော့ စိုးရိမ်ဖို့မလို တော့ဘူး၊ အစ်ကိုကြီးတို့ ဇာမဏီမြို့ကိုပြန်ဖို့ လျှပ်စီးကို လိုက်ပို့ခိုင်းဖို့လုပ်ထား တာ ကြည့်ရတာ မလိုတော့ဘူးထင်တယ်” ပေထင်းဟွမ် ပြောလေသည်။
“အစ်ကိုကြီး ဟွမ်ချန်းကိုပြန်မယ်ဆိုရင်တောင် မနက်ဖြန် အဂ္ဂိရတ် အစည်းအဝေးပြီးတဲ့အထိစောင့်မှာပါ၊ ရှောင်ကျို့ အနိုင်ရတာကို မမြင်ရရင် မပြန်ဘူး” ရှီမန်ပိုင်သည် ရှီမန်ရုန်ကို ပခုံးပေါ်မှဆွဲပြီး ပြုံးကာပြောလေသည် “ဟုတ်တယ် မင်းရဲ့အထွတ်အမြတ်သားရဲလျှပ်စီးလေ၊ သူ အပြင်မထွက်ရတာ ကြာလို့ အပြင်လျှောက်လည်ချင်တယ်ပြောနေတာ၊ မင်းတစ်ခုခုလုပ်စရာရှိရင် သူ့ကိုခေါ်လိုက်ပါလို့ စကားပါးသွားတယ်”
ရှီမန်ပိုင်၏စကားများကိုကြားပြီးနောက် ပေထင်းဟွမ် မတုံ့ပြန်နိုင်ပေ။ နေရာထဲမှ သားရဲများသည် ပုန်ကန်ပြီး အပြင်ထွက်ချင်ကြသည်။ အထူးသဖြင့် ကင်းကောင်သည် အရေးအကြီးဆုံးဖြစ်သည် “သခင် ဒီနေရာထဲက မိန်းကလေး တွေက ချစ်ဖို့မကောင်းဘူး၊ သက်ညှာသောအားဖြင့် အချစ်ဆုံးကင်းကောင် လေးကို လူသားဘုံကိုခေါ်သွားပြီး လူသားမိန်းကလေးတွေ အရသာကို မြည်းခိုင်းပေးပါလား”