ထက်မြက်တဲ့လူ
Vol. 58 Ch. 1155
ရှန့်ကျိတည်းခိုဆောင်တွင် အထူးဧည့်သည်အခန်းကို ဝန်ဆောင်မှုပေးရန် စားပွဲထိုးများ တာဝန်သီးသန့်ခွဲပေးထားသည်။ ရှီမန်ပိုင်သည် ကိုယ်တိုင်ပင် ဘီးတပ်ကုလားထိုင်သယ်လာပြီး တာဝန်ခံကို ရောင်းချရန်ပြောနေသည်။ သို့သော် ယနေ့တွင် သခင်မိုလိ မတ်တတ်ရပ်နိုင်သည့်သတင်းသည် ကောင်းကင်တခွင်ပျံ့နှံ့နေပြီး ရှီမန်ပိုင် အခန်းထဲမှတစ်ယောက်တည်းထွက်လာ သည်ကို မြင်သောအခါ ထိုမြင်ကွင်းသည် အားလုံး၏မျက်လုံးထဲတွင် ထိတ်လန့် စရာဖြစ်နေသည်။
တည်းခိုဆောင်တစ်ခုလုံးတွင် ဟိန်းသံများထွက်ပေါ်လာသည်။
ရှန့်ကျိတည်းခိုဆောင်သည် ပင်မတိုက်ကြီးတစ်ခုလုံးတွင် ထိပ်တန်း အဆင့်စီမံနိုင်သည့် တည်းခိုဆောင်ဖြစ်သည်။ သို့သော် ယနေ့တွင် တည်းခို ဆောင်တစ်ခုလုံးမှ စားပွဲထိုးများသည် ဧည့်သည်တချို့ကို စားသောက်ဆိုင်သို့ သွားရန် တောင်းဆိုကြသည်။ ချက်ချင်းဆိုသလိုပင် အထဲရှိဧည့်သည်များသည် အံ့အားသင့်ကုန်ကြသည်။ စူးစမ်းလေ့လာပြီးနောက် နှစ်ပေါင်းများစွာ ကြွက်သားပျက်စီးပြီး အရိုးများကျိုးနေသည့် နောက်လူတစ်ယောက်သည် မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရပြန်သည်။
“သခင်ယွဲ့ကျို့က ဒီမှာနေနေတာလေ ဘာများထူးဆန်းနေလို့လဲ”
“မိုးနတ်မင်းရေ ငါ တကယ် သခင်ယွဲ့ကျို့နဲ့ တွေ့ချင်လိုက်တ”
“သခင်ယွဲ့ကျို့က မင်းတွေ့ချင်တိုင်းတွေးလို့ရမယ့်လူထင်နေတာလား”
တည်းခိုဆောင်၏ စီးပွားရေး မထိခိုက်သည့်အပြင် ဆန့်ကျင်ဘက်အနေ နှင့် ထိုအကြောင်းအရင်းကြောင့်ပင် ပိုပို၍ကောင်းလာသည်။ ကံကောင်းစွာပင် ဘဏ္ဍာထိန်းသည် ပေထင်းဟွမ် သောင်မိကုန်သွယ်ရေးရုံးသို့ ပေးလိုက်သော ဆေးများပို့ဆောင်ပြီးနောက် သတင်းပျံ့သွားလေသည်။ သောင်မိကုန်သွယ်ရေး ရုံးသည် ဝိညာဉ်ခွဲဆေးနှင့် ကောင်းကင်ဝိညာဉ်ဆေးများ ပိုင်ဆိုင်သည့်ဆိုသည့် သတင်းသည် တောမီးအလားပျံ့သွားကာ ဆေးလောကတစ်ခုလုံးတွင် ရေပန်း အစားဆုံး အကြောင်းအရာဖြစ်လာသည်။ ပင်မတိုက်ကြီးတစ်ခုလုံးတွင်ပင် ဤကဲ့သို့ အဆင့်မြင့်ဆေးမျိုး တစ်ခုသာရှိသည်ဟုပင် ကောလာဟလထွက်လေ သည်။
ရှန့်ကျိတည်းခိုဆောင်ပေါ်ရှိ ဖိအားသည် ပြောင်းသွားလေသည်။ သောင်မိ ကုန်သွယ်ရေးရုံး၏ သတ်မှတ်ချက် ကျိုးပေါက်သွားလေသည်။ တချို့လူများ သည် ဆေးဝယ်ရန် ပိုက်ဆံအမြောက်အမြားသုံးလာကြပြီး တစ်ချို့သည် လေ့လာချင်ကြသည်။ ထို့အပြင် ဟွမ်ချန်းမှလွဲပြီး မည်သည့်ဆေးကမှ ဤဆေး ကဲ့သို့ စွမ်းအားမရှိဟုလည်း သတင်းထွက်နေသည်။
အတိအကျပင် သောင်မိကုန်သွယ်ရေးရုံးသည် ဟွမ်ချန်းနှင့် အဆက်အသွယ်မရှိဘဲ ဤကဲ့သို့နာမည်ကြီးဆေးကို မည်သို့ရမည်နည်း။
သောင်မိကုန်သွယ်ရေးရုံး၏ခေါင်းဆောင်သည် တန့်ကာမြို့သို့ရောက်လာ သည်။ သူသည် အသက် ၄၀ နှစ်အစောပိုင်း အမျိုးသားတစ်ယေဦက်ဖြစ်သည်။ သူသည် ဝတ်ရုံနှစ်ထပ်ကိုဝတ်ဆင်ထားပြီး ဆံပင်ရှည်သည်။ အလွန်ပင် ခမ်းနားတင့်တယ်သူဖြစ်သည်။
မီဖန်းသည် လက်ထဲတွင် ပုလင်းနှစ်လုံးကိုင်ထားသည်။ ပုလင်းတစ်လုံးစီ တွင် ဝိညာဉ်ခွဲဆေးနှင့် ကောင်းကင်အဆင့်ဆေး သုံးလုံးစီပါ၇ျိသည်။ ဤဆေး ၏ အာနိသင်အရ ကြယ် ၅ ပွင့်၊ ဓား ၅ လက်အထက်သာ သောက်လိုက်ပါက ကြယ်ဝိညာဉ်သခင်နှင့် ဝိညာဉ်ဂိုဏ်းအဖြစ် အဆင့်တက်မည်မှာ သံသယဝင် စရာမရှိပေ။
မီဖန်းသည် ပြည်မတိုက်ကြီးရှိ ဤဆေးနှစ်ပုလင်း၏ တန်ဖိုးကိုသိရှိထား သည်။ ၎င်းသည် ကောင်းကင်ဆေးဆိုလျှင်တောင် အဓိကအင်အားစုများသည် စည်းစိမ်အားလုံးပုံပေးရလျှင်တောင် ဝယ်လိုကြသည်။ ဤဆေးကို မည်သို့ သန့်စင်နိုင်မည်နည်း။
“သခင် ဒီဆေးတွေကို ထုတ်ပြီး ကျွန်တော်တို့ အဂ္ဂိရတ်ပညာရှင်တွေကို လေ့လာခိုင်းရမလား” သောင်မိကုန်သွယ်ရေးဘဏ္ဍာတိုက်မှ စီမံသူသည် တခြားအင်အားစုများ ဤဆေးကိုမရခင် အခွင့်အရေးကို အရယူရန် အကြံပြု လေသည်။
မီဖန်းသည် ဆေးကိုကိုင်ပြီး ခေါင်းခါလေသည် “အသက် ၁၄ နှစ်မှာ ဓား ၉ လက်သိုင်းပညာရှင်ဖြစ်နေတာလေ ပြီးတော့ သူက နတ်ဘုရားတစ်ဝက်ဖြစ်နေ ပြီလို့ကြားတယ်၊ ဒီလိုလူမျိုးက သာမန်လူလို့ထင်လား၊ သူက ဒီဆေးကို ရုတ်တရက်ပေးတာက ဒီဆေးကိုလိုက်တုမှာကို မစိုးရိမ်လို့ပဲ၊ ငါ့သောင်မိ ကုန်သွယ်ရေးရုံးက ပြည်မကြီးမှာ ရပ်တည်နိုင်တာက စီးပွားရေးလုပ်ပြီး အဆက်အသွယ်လုပ်နိုင်ရုံတင်မဟုတ်ဘူး ကိုယ့်တာဝန်ကိုယ်လည်း ကျေလို့ပဲ၊ တချို့လူတွေက အပြစ်မှားဘဲ မျက်နှာသာပေးရမယ်”
ထင်ရှားစွာပင် မီဖန်း၏ပါးစပ်ထဲမှ 'သူ' ဆိုသည်မှာ သခင်ယွဲ့ကျို့ဖြစ်ပြီး သခင်ယွဲ့ကျို့သည် ပေထင်းဟွမ်ပင်ဖြစ်လေသည်။ ယခုအခါ သိသည့်သူ များများစားစားမရှိပေ။ သူတို့သည် ရှန့်ကျိကုန်သွယ်ရေးအဖွဲ့နှင့် ဖြေရှင်းရ၍ သာသိခြင်းဖြစ်သည်။
သောင်မိကုန်သွယ်ရေးရုံးမှ တာဝန်ခံသည် သူတို့သခင်ပြောသည့်စကား များမှာ အကျိုးအကြောင်းသင့်သည်ကိုသိသည်။ ထို့ကြောင့် အလျင်အမြန်ပင် မေးလေည် “ဒါဆို တန်ဖိုးကြီးတဲ့ဆေးပစ္စည်းတွေကရော”