← Chapters

သခင် ၉၊ ပြည်မကြီးမှာ တစ်ဦးတည်းသောသူ

Vol. 58 Ch. 1156

သခင် ၉၊ ပြည်မကြီးမှာ တစ်ဦးတည်းသောသူ

Vol. 58 Ch. 1156

“သူပြောသလိုလုပ်လိုက်ပါ၊ ပြီးတော့ အရှားပါးဆုံးဆေးပစ္စည်းတွေကို သူ့ အတွက်ထားပေးထားလိုက်၊ ဒီတစ်ခါ နှစ်တစ်ထောင်ပျံလွှားအမြီးဆေးပင်ဝယ် ပြီး သခင်ယွဲ့ကျို့ကို ပို့ပေးလိုက်မယ်၊ အခုကစပြီး သခင်ယွဲ့ကျို့ ဘယ်လို အမိန့် မျိုးပဲပေးပေး ဘာလုပ်ရမယ်ဆိုတာကို ငါ့ကိုမေးဖို့မလိုဘူး သူ့သဘောအတိုင်း လုပ်ပေးလိုက်” မီဖန်းသည် ပြောပြီးသည့်နောက်တွင် ဆေးပုလင်းနှစ်လုံးကို သူ့ လက်ထဲသို့ထည့်လိုက်သည်။

ဘဏ္ဍာထိန်းသည် အလွန်အံ့ဩသွားလေသည်။ ထိုအဓိပ္ပာယ်အရ သခင် ယွဲ့ကျို့သည် သောင်မိကုန်သွယ်ရေးရုံးတွင် သခင်မီဖန်းနှင့် တူညီသေ အာဏာ ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။ သခင်ယွဲ့ကျို့သည် သောင်မိကိုတာဝန်ယူ ရန် အာဏာရှိသည်ဟုဆိုလိုခြင်းမဟုတ်ပါလား။

သို့သော် မဟာမိတ်အင်ပါယာ၏ ရှင်သန်မှုအင်အားစုနှင့် ပြည်မကြီးပေါ် တွင် စွမ်းအားများသောင်းကျန်းနိုင်မှုအရ မဟာမိတ်အင်ပါယာအား တွယ်ကပ် ချင်သော်လည်း မရနိုင်သည့်အင်အားစု မည်မျှရှိနေသနည်း။ တာဝန်ခံသည် ဘယ်သောအခါမှ ဆုံးဖြတ်ချက်မမှားခဲ့ပေ။ ၎င်းသည် သူ့အတွက် အထက်မြက် ဆုံးရွေးချယ်မှုဖြစ်လိမ့်မည်။

မီဖန်းမမျှော်လင့်မိသည်မှာ ဘဏ္ဍာထိန်း နှစ်တစ်ထောင်ပျံလွားအမြီး ဆေးပင်ပို့လိုက်ချိန်တွင် ယွဲ့ကျို့သည် မြေကြီးဆေး ဆယ်လုံးကိုပင် ရက်ရက် ရောရောပြန်ပေးလိမ့်မည်ကို ထင်မထားခဲ့ပေ။ ဆိုလိုသည်မှာ မိသားစုတစ်ခုလုံး ၏ လူငယ်မျိုးဆက်သည် ခွန်အား တစ်ဆင့်လုံးတက်သွားသည်ဟုပင်။

မီဖန်းသည် အလွန်အံ့ဩမိသည်။ ခက်ခဲသည့်နေ့ရက်များ ရောက်လာ တော့မည်။

အရေးပါသည့် အင်အားစုများမှ ဆေးကို ကိုယ်တိုင်ကိုယ်ကျ လာရောက် တောင်းယူရာတွင် မီဖန်းအလွန်ထိုင်းမှိုင်းမိ၏။ သူသည် ခြေထောက်ကို အားပါ ပါ ဆောင့်လေသည် “သခင်ယွဲ့ကျို့က ကြင်နာတယ် ဒါပေမဲ့ ကုန်သွယ်ရေးရုံး က ကောက်ကျစ်လွန်းတာ၊ ဒီလိုကိစ္စကြီးကို ဘယ်လိုလုပ် ဘာမှမဖြစ်သလို ပြောနိုင်ရတာလဲ၊ တုန်မိကုန်သွယ်ရေးရုံးကို မီးပုံထဲတွန်းပို့တာမဟုတ်ဘူးလား”

ကံကောင်းစွာပင် အဂ္ဂိရတ်အစည်အဝေးလုပ်မည့်ရက်ရောက်လာပြီဖြစ် သည်။

နောက်နေ့မနက်အစောတွင် သောင်မိသည် အစည်းအဝေးသို့သွားလေ ၏။ ကုန်သွယ်ရေးအစည်းအရုံးနှင့် မဟာမိတ်အင်ပါယာနှင့် ရင်းနှီးချင်သော တခြားအင်အားစုများသည် တည်းခိုဆောင်ရှေ့သို့ ရောက်လာကြလေသည်။ သေချာပေါက်ပင် ထိုလူများသည် မနက်အစော တံခါးတွင်လာစောင့်နေသည့် မိုလိကို တွေ့ကြရလေသည်။ အဂ္ဂိရတ်အစည်းအရုံးဥက္ကဌ၏ အချစ်ဆုံး တပည့် တစ်ယောက်အနေနှင့် ပြည်မကြီးရှိ အင်အားကြီးများအားလုံးနီးပါးကို မိုလိ သိ သည်။

ချောင်ရှန့်သည် ဤတပည့်ဖြစ်သူကို ထနိုင်ရန် နှစ်ပေါင်းများစွာ ကြိုးစား ခဲ့သော်လည်း မလုပ်နိုင်ခဲ့သည်ကို အားလုံးသိကြသည်။ သို့သော် မနေ့က သခင် ယွဲ့ကျို့သည် ခြင်ဆီအသစ်လောင်းဆေးကို နေရာတွင်ပင် သန့်စင်ပြီး သခင်မိုလိကို ရပ်နိုင်အောင် လုပ်ပေးခဲ့ရုံသာမက အရင်ကအဆင့်နှင့်တူသော ခွန်အားကိုပင် ပြန်ရစေခဲ့သည်။

နောက်ဆုံးတွင် တံခါး၌ လှုပ်ရှားမှုဖြစ်ပေါ်လာသည်။ အားလုံး၏မျက်လုံး များကြည့်လိုက်ကြသည်။ သူတို့၏ စူးရှသောအကြည့်များသည် သခင်ယွဲ့ကျို့ ၏ အကြည့်နှင့်ဆုံမိစေရန် အခွင့်အရေးကိုမျှော်လင့်နေကြသည်။

“သခင် ၉ ရထားလုံးနဲ့မြင်းတွေ အသင့်ဖြစ်ပါပြီ သခင်မိုလိလည်းရောက် ပါပြီ အခုထွက်ကြမလား” ရှန့်ကျိတည်းခိုဆောင်၏ ဘဏ္ဍာထိန်းသည် ပေထင်းဟွမ်အား ကိုယ်တိုင်လိုက်ပို့လေသည်။

သူသည် 'သခင် ၉' ဟု ခေါ်လိုက်သဖြင့် အားလုံး၏နားရွက်များကို ချက်ချင်းပင် အေးခဲသွားစေသည်။ 'သခင် ၉' ဟုတ်လား ဒီနာမည်ကို တော်တော်ရင်းနှီးနေသလိုပဲ။ ပင်မတိုက်ကြီးမှာ 'သခင်လေး ၉' ဟုခေါ်သည့် လူတိုင်းသည် အရည်အချင်းရှိလှသည်မဟုတ်ပါလား။ နောက်ဆိုလျှင် သူတို့ လည်း 'သခင် ၉' ဟုခေါ်ရတော့မည်လား။

နူးညံ့သောအနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး လရောင်အောက်တွင် ပင့်ကူနှင်းပန်း ၉ လွှာသည် ပေထင်းဟွမ်၏ခြေလှမ်းအတိုင်း လင်းလက်နေကာ ငွေရောင်လှိုင်းများ တက်လာလေသည်။ အနက်ရောင်ဆံပင်များကို စုချည်ထား ပြီး ခရမ်းရောင်ဖဲပြားဖြင့် ချည်နှောင်ကာ ကျောတွင်ချထားကာ လေထဲတွင် ကနေလေ၏။

မျက်နှာပေါ်မှ ငွေရောင်မျက်နှာဖုံးသည် သူ၏မျက်နှာအစိတ်အပိုင်း တော်တော်များများကို ဖုံးအုပ်ထားကာ နူးညံ့လှသည့် မေးစေ့ကိုသာ ဖော်ထား ပြီး အနည်းငယ်တွန့်ကွေးသည့် နီရဲသောနှုတ်ခမ်းများ ညဉ့်ယံကောင်းကင်ကဲ့သို့ မည်းနက်သော မျက်လုံးတစ်စုံ၊ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်နေသော ရွှေရောင်အလင်းခပ်ဖျော့ဖျော့တို့သည် အလင်းရောင်အောက်တွင် တုန်လှုပ် သည့်ခံစားချက်ကို ပေးစွမ်းလေသည်။

ဒီကောင်လေးကို ဘာလို့ ဒီလောက်ရင်းနှီးနေတာပါလိမ့်။ သူတို့ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။

“သခင်ပေထင်းဟွမ်လား” လူအုပ်ထဲတွင် ရုတ်တရက် မည်သူမည်ဝါက ထအော်လိုက်သည်တော့မသိပေ။

All Chapters