Chapters

မင်းက သခင်ပေထင်းဟွမ်လို့ သူတို့ပြောနေကြတာ လား

Vol. 58 Ch. 1157

မင်းက သခင်ပေထင်းဟွမ်လို့ သူတို့ပြောနေကြတာ လား

Vol. 58 Ch. 1157

ထိုအချိန်တွင် အားလုံးသည် လေးစားမှုများဖြင့် ပြည့်နှက်နေကာ သခင် ပေထင်းဟွမ်သည် သခင်ပေထင်းဟွမ်ပီသသည်ဟု ရုတ်တရက် သတိရသွား လေ၏။ ကိစ္စများသည် ပုံမှန်လိုပင်။ မည်မျှပင် ဆိုးသွမ်းသည့်အရာများပြုလုပ် စေကာမူ ပေထင်းဟွမ်ဖြစ်နေသရွေ့ ကိစ္စမရှိပေ။

ထို့ကြောင့် နောက်ဆုံးတွင် လူအများအပြားသည် သက်ပြင်းရှူထုတ်ကာ စောဒကတက်ကြလေသည်။

“ပြောရဦးမယ် သခင်ပေထင်းဟွမ်ကလွဲပြီး ဘယ်သူကများ ဒီလို အစွမ်းအစရှိမှာလဲ”

“အိုး မိုးနတ်မင်းရေ သခင်ပေထင်းဟွမ်ဖြစ်နေတာပဲ၊ ငါ ကြောက်လွန်းလို့ သေတော့မယ်၊ တခြားသားရဲ တစ်နေရာရာကများ ထွက်လာတာလားလို့”

“ပင်မတိုက်ကြီးမှာ သားရဲတစ်ကောင်ရှိတာနဲ့တင် လုံလောက်နေပြီ နောက်ထပ်တစ်ကောင်ထွက်လာတာကို ကြည့်ချင်တာလား”

“သခင်ပေထင်းဟွမ်ဆိုရင်တော်သေးတာပေါ့ တခြားသူဆိုရင် ငါ တကယ် ခံနိုင်ရည်မရှိတော့ဘူး”

ထိုဆွေးနွေးချက်များကို နားထောင်ပြီးနောက် ရှေ့တွင်ရှိသောလူကို ရင်းနှီးသောမျက်လုံးတစ်စုံဖြင့် မိုလိသည် ခေါ်လိုက်၏ “ရှောင်ကျို့”

“ကျွန်တော်ပါ အစ်ကိုမိုလိ” ပေထင်းဟွမ် အလျင်အမြန်ပင် နှုတ်ဆက်ရန် သွားလိုက်ပြီး သဘာဝကျကျပင် ပြောလေသည် “တောင်းပန်ပါတယ် ကျွန်တော် ထွက်လာတာနောက်ကျသွားတယ်”

မနေ့ညက သူမသည် လေဟာနယ်ထဲသို့ဝင်ပြီးနောက် ပင်မတိုက်ကြီးနှင့် တစ်ညတာ အချိန်စီးဆင်းမှုတူညီသည့် ငါးရက်ငါးညတိုင် တိုင်လေ့ကျင့်ခဲ့သည်။ ထွက်မလာခင်တွင် ရေပူစမ်း၌ ရေချိုးရာ မတော်တဆအိပ်ပျော်သွားသဖြင့် နိုးလာချိန်တွင် အနည်းငယ်နောက်ကျနေခြင်းပင်။

“ရှောင်ကျို့ မင်းက သခင်ပေထင်းဟွမ်လို့ သူတို့ပြောနေကြတာလား” မိုလိသည် လက်မခံနိုင်သေးပေ။ မည်သို့များ ပေထင်းဟွမ်ဖြစ်နိုင်မည်နည်း။ ပေထင်းဟွမ်သည် မည်သူနည်း။ ဟွမ်ချန်း၏ မြို့စား၊ မဟာမိတ်အင်ပါယာ၏ ခေါင်းဆောင်ပင်။ မိုလိ၏စိတ်ထဲတွင် ဤကဲ့သို့အဆင့်အတန်းမြင့်မားသော လူ သည် အနည်းဆုံးတော့ အလွန်မောက်မာရမည်ဟု တွေးထင်ထားသည်။ သို့သော် ရှောင်ကျို့သည် ထိုသို့မဟုတ်ပေ။

ရှောင်ကျို့သည် သူ့ကို ထူးဆန်းသောမျက်လုံးများဖြင့် မကြည့်သည့် ပထမဆုံးလူဖြစ်သည်။ သူသည် သနားစိတ်မရှိဘဲ ညီတူညီမျှပင်။ သူ့ကို ဘီးတပ်ကုလားထိုင်နှင့်မြင်ရသည်မှာ ပုံမှန်လိုပင်။ ရှောင်ကျို့၏ မျက်လုံးထဲ တွင် အနည်းငယ်အံ့ဩမှုကို မြင်လိုက်ရ၏။

ရှောင်ကျို့တွင် အလွန်သန်မာသည့် အသည်းနှလုံးရှိသည်။ ဤကဲ့သို့လူ မျိုးသည် မဟာမိတ်အင်ပါယာ၏ ခေါင်းဆောင်ဖြစ်ထိုက်သည်။ သူသည် အံ့ဩ လောက်ကစရာ အရည်အချင်းရှိသည်ဟု ပြောကြသော်လည်း ရှောင်ကျို့နှင့် ယှဉ်လျှင် နောက်ကောက်ကျနေခဲ့သည်။

ပေထင်းဟွမ်သည် သူမ၏သရုပ်မှန်ကို မိုလိမေးမြန်းသည်ကို ကြားသည့် တိုင်အောင် တည်ငြိမ်နေဆဲပင်။ သူမသည် သရုပ်မှန်ကို သူငယ်ချင်းများကို ဖုံးကွယ်ရာတွင် ရှက်ရွံ့မှုမရှိပေ။ အစကတည်းကပင် မိုလိနှင့် မိတ်ဆွေဖွဲ့ပြီး အဂ္ဂိရတ်ပညာရှင်အစည်းအရုံးသို့သွားပြီး ယွဲ့ကျို့ဟုသောနာမည်ကို ပြောရန် အစီအစဉ်မရှိခဲ့ပေ။ ပေထင်းဟွမ်ဆိုသည့်နာမည်နှင့် သတင်းပို့လျှင် ပြဿနာ ဖြစ်မည်ဟုသာ တွေးခဲ့ခြင်းပင်။

ထို့အပြင် တိုက်ကြီးတစ်ခုလုံးတွင် သူမနှင့်ယန်ယဲ့သာ အဆင့်တက်ရေး အတွက် ဆေးများသန့်စင်နိုင်ကြပြီး သူကတော့ လိုက်မမှီခဲ့ပေ။ သို့သော် သူမ၏ သရုပ်မှန်ပေါ်ပေါက်သွားပြီး မနေ့က ကျူလင်လိုက်ခြင်းကိုခံရသဖြင့် သူမ၏ သရုပ်မှန်ကို သိသွားကြပြီဖြစ်ရာ ဆက်၍ဖုံးကွယ်ရန်မလိုအပ်တော့ပေ။

“အစ်ကိုအိုလိ ကျွန်တော်ကပေထင်းဟွမ်ပါ တမင်ဖုံးကွယ်ဖို့မရည်ရွယ်ပါ ဘူး” ပေထင်းဟွမ်သည် ရှေ့တစ်လှမ်းတိုးပြီး မိုလိ၏လက်ကိုယူလိုက်သည် “အစက ကျွန်တော့်သရုပ်မှန်ကို အစ်ကိုကြီးကိုပြောဖို့ အချိန်ကောင်းစောင့်နေ တာပါ၊ ဒါပေမဲ့ အချိန်မရလိုက်ဘူး”

ကြက်သွေးနှင့်အရိုက်ခံလိုက်ရသည့်အလား ပေထင်းဟွမ်ဆီသို့ ပြေးလာ နေကာ ပွက်ပွက်ညံနေသည့်လူအုပ်ကြီးမှာ ပေထင်းဟွမ်အား ရင်ထဲမှ နတ်ဘုရားတစ်ပါးကဲ့သို့ သဘောထားသည်ကိုမြင်ပြီးနောက် ပေထင်းဟွမ်၏ သရုပ်မှန်ကိုဖုံးကွယ်ရသည့်ရည်ရွယ်ချက်ကို မိုလိနားလည်သွား၏။

“ကံကောင်းလို့ ရှောင်ကျို့ကို မနေ့က ဘယ်သူမှမမှတ်မိဘူး၊ မဟုတ်ရင် ငါတို့လမ်းပေါ်မှာ လမ်းလျှောက်နေတုန်း ရူးသွပ်နေတဲ့လူတွေ ငါတို့နှစ်ယောက် ကိုဝိုင်းရိုက်ကြတော့မှာပဲ” မိုလိသည် ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်သည်။ ရှန့်ကျိတည်းခိုဆောင်၏ အစောင့်များ၏ ကာကွယ်မှုအောက်တွင် ရထားလုံး ပေါ်သို့တက်လိုက်ကြသည်။