သူတို့တွေက မင်းလက်စားချေတာကို လက်ခံဖို့ အရည်အချင်းမရှိဘူး
Vol. 58 Ch. 1158
အားလုံးပေါင်းရထားလုံးနှစ်စင်းရှိသည်။ တစ်စင်းကို ရှီမန်ပိုင်နှင့် သူ၏ သားဖြစ်သူတို့အတွက် ပြင်ဆင်ပေးထားခြင်းပင်။ ရှီမန်ပိုင်ထွက်လာသည်ကို ကြည့်လျှင် တစ်ကိုယ်လုံးမှထွက်လာသော သန်မာသောရောင်ဝါကြောင့် လူအုပ်ထဲမှလူများသည် မျက်လုံးထဲတွင် အကြောက်တရားများ လင်းလက် သွားကာ တိတ်ဆိတ်စွာပင် နောက်ဆုတ်ကြလေသည်။
ထိုလူများသည် လူနည်းစုမဟုတ်ကြပေ။ အားလုံးသည် တန့်ကာမြို့မှ မြို့ခံများဖြစ်ကြသည်။ ထို့အပြင် ထိုလူများသည် အတိတ်က ရှီမန်ပိုင်နှင့် သား ဖြစ်သူကို အနိုင်ကျင့်ခဲ့သူများဖြစ်ကြသည်။
“အာ အဖေ ကြည့်လိုက် အဲဒါရှောင်ထွန်းဇီရဲ့အဖေမလား၊ သူက ကျွန်တော်တို့ကို ကျိန်ဆဲပြီး ကျွန်တော့်ကိုရိုက်ခဲ့တာ” ရှီမန်ဆုန်းသည် ရှီမန်ပိုင် ၏ရင်ခွင်ထဲတွင်ရှိနေပြီး လက်ချောင်းလေးကိုမြှောက်ကာ လူအုပ်ထဲတွင် ပုန်းအောင်းနေသူ ခပ်ဝဝနှင့်လူတစ်ယောက်ကို ညွှန်ပြပြီး အော်လေသည်။
ပေထင်းဟွမ်သည် ရထားလုံးပေါ်သို့ တက်မည်အပြုတွင် ထိုစကားကို ကြားသောအခါ ခြေလှမ်းများရပ်ကာ ရှီမန်ရုန်၏လက်ချောင်းအတိုင်း လိုက် ကြည့်လေသည်။
ဒုန်း
ထိုလူသည် ပေထင်းဟွမ်နှင့် ရှီမန်ပိုင်၏ စူးရှသောအကြည့်အောက်တွင် ဒူးထောက်လျက်သားဖြစ်ကာ သိုးငယ်တစ်ကောင်လိုမျိုး တစ်ကိုယ်လုံးတုန် ယင်လေသည်။ သူ့အနားမှလူများသည် ပါဝင်မည်ကို ကြောက်ရွံ့သဖြင့် တစ် ယောက်ချင်းစီ ဖယ်ပေးကြလေသည်။ ဤလူသည် လမ်းပေါ်တွင် ဒူးထောက် နေသည်မှာ ထင်ရှားလွန်းသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ထွက်ပြေးချင်သည့်တခြားသူများသည် မလှုပ်ရဲ ကြပေ။ ရှီမန်ပိုင်နှင့် သားဖြစ်သူတို့မြင်မည်ကိုစိုးသဖြင့် ရှေ့မှလူများ၏နောက် တွင် ပုန်းကွယ်ရန် ကြိုးစားနေကြသည်။
အမြဲတမ်းခေါင်းငုံ့ပြီးနေလာခဲ့သော ရှီမန်ပိုင်သည် သခင်ပေထင်းဟွမ်နှင့် တွေ့ပြီးနောက် အသက်ပြန်ဝင်လာကာ ရွှံ့နွံထဲမှ မြေကြီးပေါ်သို့တက်လာနိုင် ပြီး ကောင်းကင်အား မာန်ဟိန်းနိုင်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ။
ပေထင်းဟွမ်၏မျက်လုံးထဲတွင် ဓားသွားသဖွယ် အေးစက်သောအလင်း တစ်ခုသည် ထိုလူ၏လည်ပင်းဆီသို့ ထပ်ခါထပ်ခါ ဖြတ်သွားလေသည်။ သို့သော် သူမမလှုပ်ပေ။ ဤအချိန်တွင် သူမသည် ဘာမှထပ်လုပ်ရန်မလိုတော့ ပေ။ အစ်ကိုရှီမန်ပိုင်သည် ဤလူများကို ရှင်းလင်းရန် လုံလောက်သောခွန်အား ရှိပြီဖြစ်သည်။
အရှက်ကွဲမှုကို သွေးနှင့်ဆေးကြောခြင်း သို့မဟုတ် အဆင့်အတန်းရှိရှိ ဖြေရှင်းရမည်။
ထင်ရှားစွာပင် ရှီမန်ပိုင်သည် နောက်တစ်ခုကိုရွေးခဲ့သည်။ သူသည် သားဖြစ်သူ့ကို ပွေ့ထားကာ ရှန့်ကျိတည်းခိုဆောင်ဝင်ပေါက်အနားမှ လူအုပ်ကို ဝေ့ဝဲကြည့်နေသည်။ အင်အားကြီးများမှလွဲပြီး တန့်ကာမြို့မှ မြို့ခံများပင်။ သူတို့ သားအဖကို ရင်းနှီးကြသူများပင်။ “သား ဒီလူတွေက မင်းကို အနိုင်ကျင့် ခဲ့ရင်ကျင့်လိမ့်မယ်၊ ဒါပေမဲ့ အခု သူတို့က မင်း လက်စားချေတာကို လက်ခံဖို့ အရည်အချင်းမပြည့်မှီဘူး၊ သူတို့ကို မင်းရဲ့ဖိနပ်ခုံကို လျှက်ခိုင်းရင်တောင် အဲဒါ က သူတို့အတွက် လက်ဆောင်ပဲ၊ မင်းက ပိုင်ရုန်မဟုတ်တော့ဘဲ မဟာမိတ် အင်ပါယာအဖွဲ့ဝင် ရှီမန်ရုန်ဖြစ်နေလို့ပဲ၊ မင်းရဲ့အဘိုးက မဟာမိတ်အင်ပါယာရဲ့ သခင်ကြီးလေးယောက်ထဲကတစ်ယောက်ဖြစ်ပြီး ဒီတိုက်ကြီးမှာ နတ်ဘုရားထဲ ကတစ်ယောက်ပဲ”
နတ်ဘုရားအဆင့်... နတ်ဘုရားသွေးသည် သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်း နေသည်။ ပင်မတိုက်ကြီးမှလူများ၏မျက်လုံးထဲတွင် ထိုမြို့ခံများသည် ရှီမန်ရုန် ၏ ဖိနပ်ကိုပင်လျှက်ရန် အရည်အချင်းမမှီပေ။
ရှီမန်မိသားစုသည် ဝိညာဉ်သခင်ကြီးလေးခု၏ တိုက်ရိုက်ဆက်ခံသူဖြစ် သည်။ ဤသရုပ်မှန်သည် လူအများ လေးစားလောက်စရာပင်။
ထိုသားအဖသည် နတ်ဘုရားအဆင့်၏ ဆက်ခံသူများဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ လူဝကြီးသည် လမ်းအလယ်တွင် ဒူးထောက်ထား ရင်းပိုပိုပြီးတုန်ယင်လာသည်။ တခြားသူများနောက်တွင် ပုန်းကွယ်နေသူများ သည် မရပ်နိုင်တော့ပေ။ ထိုအချိန်တွင် ထိုလူများသည် ထိုသားအဖဘာမှမလုပ် နိုင်အောင် ပျောက်ကွယ်သွားချင်မိသည်။
ဂုဏ်သရေသည် ကလေးငယ်၏ရင်ထဲသို့ တဖြည်းဖြည်းဝင်ရောက်လာ သည်။ ငါးနှစ်သားအရွယ်ကလေးသည် မည်မျှပင် နှိမ့်ချခဲ့စေကာမူ ဤအခိုက် တွင် အလွန်ဂုဏ်ယူမိသည်။ သူသည် ခေါင်းကိုမြင့်မြင့်မော့ထားကာ ကလေး၏ ဖြူစင်မှုအပြည့်နှင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ထိုလူများကို ဂုဏ်ယူသောလေသံဖြင့်ပြောလေ၏ “ဟင်း ငါ့အဘိုးက နတ်ဘုရားအဆင့်ပဲ၊ ငါ လည်းနောက်ဆိုရင် နတ်ဘုရားဖြစ်လာမှာ မင်းတို့လူတွေရဲ့ အသက်ကို သက်ညှာပေးလိုက်မယ် နောက်ဆိုရင် မင်းတို့ကို ဂရုစိုက်မနေတော့ဘူး”
ထိုအချိန်တွင် ထိုလူများသည် သားအဖနှစ်ယောက်လုံးကို ဒူးထောက်ပြီး ဦးညွှတ်ကာ ကျေးဇူးတင်ကြောင်းပြရတော့လေသည်။