← Chapters

အကြောက်အလန့်မရှိ ရှင်သန်ခြင်း

Vol. 58 Ch. 1159

အကြောက်အလန့်မရှိ ရှင်သန်ခြင်း

Vol. 58 Ch. 1159

ရထားလုံးပေါ်တွင်ထိုင်ပြီးနောက် မိုလိသည် ပေထင်းဟွမ်အား မမေးဘဲ မနေနိုင်တော့ပေ “ရှောင်ကျို့ အစ်ကိုကြီးရှီမန်ပိုင်က အဲလူတွေကို ခွင့်မလွှတ် ဘဲ တရားမျှတမှုကိုရှာမယ်ဆိုရင် ရှောင်ကျို့က ကူညီမှာလား”

“အင်းလေ” ပေထင်းဟွမ်သည် မိုလိရှိရာဘက်သို့ တွေဝေခြင်းမရှိ ကြည့် ကာ ခေါင်းညိတ်ပြီး သူ့ရှေ့တွင် ပွင့်လင်းကြောင်းကို ပြသလေသည်။ “ကျွန်တော်တို့တွေ သန်မာချင်တဲ့အကြောင်းအရင်းက အကြောင်းတရားကင်း ကင်းနဲ့ ကိုယ်တိုင်နေသွားချင်လို့ဖြစ်တယ်လို့ တစ်ယောက်ပြောဖူးတယ်”

အကြောက်တရားကင်းကင်း နေရမယ်။

ထို့ကြောင့်ပင် သူသည် သန်မာလာခြင်းပင်။ ကံကောင်းစွာပင် မနေ့က သူသည် ပေထင်းဟွမ်နှင့် သိကျွမ်းရန် အခွင့်အရေးရခဲ့ပြီး ပေထင်းဟွမ် ရောက် လာသည့်အချိန်ကို စောင့်ဆိုင်းရင်းနှင့် သူ၏ခြေထောက်ပြန်ကောင်းလာခဲ့၏။ ထို့အခါ အားလုံးသည် ထိုက်တန်လွန်းသည်။

နှစ်ပေါင်းများစွာအတွင်းတွင် သူ၏ခွန်အားသည် မတိုးတက်ခဲ့ပေ။

မိုလိ၏ခန္ဓာကိုယ်မြင့်ချည်နိမ့်ချည်ဖြစ်နေသည်ကိုကြည့်ပြီး ပေထင်းဟွမ် ၏ မျက်လုံးများသည် အပြုံးများဖြင့်ပြည့်သွားကာ မိုလိအတွက် ပျော်ရွှင်မိလေ သည် “ကျွန်တော့်မှာ အရည်အချင်းရှိတယ်လို့ အကုန်လုံးပြောကြတယ်၊ အစ်ကိုမိုလိအရည်အချင်းလည်း တော်ပါတယ်၊ တစ်ညတည်းရှိသေးတယ် ဓား ၁ လက်ဝိညာဉ်သခင်ကနေ ဓား ၂ လက်ဖြစ်သွားတာ အရမ်းမြန်တာပဲ”

“မင်းက ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် ချီးကျူးနေတာ လား” မိုလိသည် ခေါင်းကို သဘောကျစွာနှင့် ခါယမ်းလေသည် “တခြားသူတွေ မသိဘူး၊ ဒါပေမဲ့ မင်းသန့်စင်တဲ့ ခြင်ဆီအသစ်လောင်းဆေးမှာ ဘယ်လောက် အားကောင်းတဲ့စွမ်းအင်တွေပါနေလဲဆိုတာ မင်းမသိဘူးလား”

အထဲတွင် လျှပ်စီးစွမ်းအင်ပါရာ ၎င်းကို စုပ်ယူရန် မိုလိအတွက် ညတစ် ဝက်နီးပါးကြာမြင့်လေသည်။

“အာ..” မိုလိသည် အာစောင်းထက်လိမ့်မည်ဟု ပေထင်းဟွမ်ထင်မထား ပေ။ သူသည် ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် နှာခေါင်းကိုထိလိုက်သည် “အဲလိုမဆိုလိုပါဘူး”

ယနေ့သည် အဂ္ဂိရတ်အစည်းအဝေးနေ့ဖြစ်သည်။ လမ်းပေါ်တွင် လူများ ပြားနေသည်မှာ မည်သည့်စကားလုံးနှင့် ဖော်ပြရမည်ကိုမသိတော့ပေ။ လူထူ ထပ်လွန်းသည်။ ပုံမှန်အခြေအနေအောက်တွင် ရထားလုံးဖြတ်သွားရန် လမ်း မရှိပေ။ သို့သော် ကံကောင်းစွာပင် ရှန့်ကျိမိသားစု၏ရထားလုံးဖြစ်နေသလို ရှန့်ကျိမိသားစု၏ရထားလုံးထဲတွင် ပေထင်းဟွမ်လိုက်ပါလာသည်ကိုလည်း သိကြရာ ရထားလုံးလာသည်ကိုမြင်သည့်လူတိုင်း တစ်ယောက်ချင်းစီ ဖယ်ပေး ကြလေသည်။

ပေထင်းဟွမ်အပြင် အဂ္ဂိရတ်အစည်းအဝေးသို့ ပါဝင်ကြမည့် တခြားသော အဂ္ဂိရတ်ပညာရှင်များသည်လည်း ရင်ဘတ်တွင်ရွှေရောင်တံဆိပ်ပြားများ ချိတ် ဆွဲကာ အဖြူရောင်အဂ္ဂိရတ်ဝတ်ရုံများကိုဝတ်ဆင်ကာ ကိုယ်စီအသင်းများကို ဦးဆောင်ပြီး မြို့၏ကွင်းဆီသို့သွားကြလေသည်။ ပြီးခဲ့သည့်အဂ္ဂိရတ်အစည်း အဝေးကို မြို့စားအိမ်တော်၏ရှေ့ကွင်းပြင်တွင် ကျင်းပခဲ့ကာ ရှန့်ကျိတည်းခို ဆောင်နှင့် ၂ ဘလောက်ခန့်ကွာဝေးလေသည်။

ပုံမှန်အားဖြင့် လူများသည် အဓိကပညာသုံးခုကို မြင်ရခဲသည်။ ယနေ့ တိုက်ကြီးတစ်ခုလုံးမှ အဂ္ဂိရတ်ပညာရှင်များအားလုံးသည် တန့်ကာမြို့တွင် လာ စုကြသည်။ ၎င်းသည် ရံဖန်ရံခါဖြစ်ပေါ်လေ့မရှိသည့် ပုံမှန်မဟုတ်သည့်ကိစ္စ တစ်ခုပင်။

ထို့အပြင် ဤအဂ္ဂိရတ်အစည်းအဝေးတွင် မဟာမိတ်အင်ပါယာ၏ ခေါင်းဆောင် သခင်ပေထင်းဟွမ်သည် ကိုယ်တိုင်ကိုယ်ကျ ပါဝင်မည်ဖြစ်သည်။ ဤသတင်းသည် တိုက်ကြီးတစ်ခုလုံးကို ရူးသွားလောက်အောင် ဖြစ်စေသည် ရက်အနည်းငယ်ကြာပြီးနောက် တန့်ကာမြို့သည် သန်မာသောလူများနှင့် စည်ကားနေပြီး တချို့အင်အားစုများ၏ခေါင်းဆောင်များလည်း ကိုယ်တိုင် လာရောက်ကြသည်။ နှစ်တစ်ထောင်တွင်ကျင်းပသည့်ပွဲကို မည်သူမှ အလွတ် မခံချင်ကြပေ။

ရထထားလုံးသည် အတန်ကြာမောင်းနှင်ပြီးနောက် ထောင့်တစ်ထောင့် သို့ကွေ့တော့မည်ဖြစ်သည်။ ရထားလုံးသည် လမ်းတစ်ဖက်တွင်ရပ်လိုက်ပြီး ပေထင်းဟွမ်သည် ရထားလုံးကို ရပ်လိုက်သည်။ ရှန့်ကျိတည်းခိုဆောင်၏ ဘဏ္ဍာထိန်းသည် ပေထင်းဟွမ်အတွက် ကိုယ်တိုင်မောင်းနှင်ပေးလေသည်။ သားရဲထိန်းအစည်းအရုံးမှ ရထားလုံးကိုမြင်သောအခါ သူ အလျင်စလိုရပ်လိုက် သည်။

တစ်ဖက်လူ၏ရထားလုံးထဲမှ လူအိုကြီးတစ်ဦးထွက်လာပြီး ပေထင်းဟွမ် ၏ ရထားလုံးထဲသို့ ခြေလှမ်းအနည်းငယ်လျှောက်လာကာ လက်အုပ်ချီလေ သည် “သခင်ကြီးပေထင်းဟွမ် ကျုပ်လည်း မင်းနောက်ကိုလိုက်ပြီး နေရာတစ်ခု ပေးချင်ပါတယ်”

ပေထင်းဟွမ်သည် ရထားလုံးကန့်လန့်ကာကို မ,ကာ သူ့အားငုံကြည့် လိုက်သည်။ သူသည် အဆင့်မြင့်ဓားဝိညာဉ်ဂိုဏ်းရှိသည်ကလွဲပြီး သူ့ကိုမသိ ပေ။ မိုလိဘေးတွင်ရှိနေရာ သူမအား တိုးတိတ်စွာပြောပြလေသည် “သားရဲ အစည်းအရုံးရဲ့ဥက္ကဌပဲ၊ ပြည်မကြီးမှာ ဒုတိယအဆင့်ပညာရှင် ယန်ကောဝမ်ပဲ”

All Chapters