သခင်ပေထင်းဟွမ်ကို သွားထောက်ပံ့လိုက်
Vol. 58 Ch. 1160
ပေထင်းဟွမ်သည် ပြတင်းပေါက်ကို မှီထားကာ ထိုလူအားခေါင်းညိတ်ပြ လေသည်။ သူမ စကားမပြောခင်မှာပင် ရထားလုံးများစွာချဉ်းကပ်လာကာ အားကောင်းသောလူများတစ်ယောက်ပြီး တစ်ယောက်ဆင်းလာကြလေသည်။ အားလုံးနီးပါးသည် ကောင်းကင်အဆင့်များဖြစ်ကြသည်။ မြင့်မားသော ရောင်ဝါများကို တစ်ချက်တည်းကြည့်ရုံနှင့်တင်မြင်နိုင်ပြီး ယန်ကောဝမ်နှင့် ဘေးချင်းယှဉ်ရပ်နိုင်သည်မှာ ထိုလူများ၏သရုပ်မှန်မှာ ပင်မတိုက်ကြီးတွင် အဆင့်အတန်းမြင့်မားသည်ဟု ဆိုလိုသည်။
“သခင်ပေထင်းဟွမ် ကျုပ်က ကုသရေးအစည်းအရုံးကဥက္ကဌပါ”
“သခင်ပေထင်းဟွမ် ကျုပ်က ပစ္စည်းသန့်စင်ရေးအစည်းအရုံးဥက္ကဌပါ”
....
ထိုလူများသည် ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ဖြစ်ပြီး နတ်အဆင့်ရောက် ရန် တစ်ဆင့်မျှသာလိုတော့သည်ကို ပေထင်းဟွမ်ပြောနိုင်သည်။ မဟာမိတ် အင်ပါယာမည်မျှပင်အားကောင်းစေကာမူ သူတို့သည် သူ့ကို ဤမျှလောက် ဦးညွှတ်ရန်မလိုအပ်ပေ။ ယခုအခါ သူမသည် ဝိညာဉ်ပြန်ခေါ်ဆေးပင်ကြောင့် သာ အဂ္ဂိရတ်အစည်းအဝေးသို့ ပါဝင်ခြင်းဖြစ်သည်။ ဤလူများရောက်လာခြင်း ၏ အကြောင်းအရင်းကို သူမ ကောင်းစွာသိသည်။
နတ်အဆင့်ခွဲဆေး။
နတ်အဆင့်ခွဲဆေးတစ်လုံးသည် တိုက်ကြီးပေါ်တွင် အားကောင်းသော လူများစွာကို မွေးထုတ်ပေးနိုင်သည်။ ထိုအရာကပင် ဤတိုက်ကြီးရှိ ထိပ်ဆုံး အဆင့်လူများကို ဦးညွှတ်စေသည်။ အဂ္ဂိရတ်ပညာသည် အမှန်တကယ်ပင် အသုံးဝင်သည်ဟုဆိုရမည်။
ဝိညာဉ်အဆင့်ခွဲဆေးကို သန့်စင်နိုင်သည်မှာ သူမ၏ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားနတ်အရင်းအမြစ်ကြောင့်ပင်။ ယခုအခါ သူမ၏ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် မင်လင်ကျုံနှစ်ခုလုံးကို ဖန်ဆင်းရေးနတ် ဘုရားမှ ချန်ထားပေးခဲ့ခြင်းဖြစ်ပြီး သူမသည် ၎င်း၏ထိပ်ပိုင်းလေးကိုပင် မသုံး ကြည့်ရသေးပေ။
“နတ်ဘုရားအဆင့်ကိုတက်မှပဲ အမွေဆက်ခံနိုင်မယ်လို့ ယန်ယဲ့ပြောခဲ့ တယ်၊ ငါက နေရာထဲမှာ ၅ ရက် ၅ ညလေ့ကျင့်ခဲ့တော့ နတ်ဘုရားအဆင့်ကို တက်ဖို့ အခြေအနေတွေရှိပြီ အဲဒါကို ဘာလို့အဆင့်မတက်သေးတာပါလိမ့်” ပေထင်းဟွမ်သည် စိတ်ထဲတွင်ရှုပ်ထွေးနေသည်။ သူမသည် မျက်စိရှေ့တွင် ဦးညွှတ်နေသော အားကောင်းသည့်လူများကို မတတ်သာဘဲမျက်နှာချင်းဆိုင်ရ တော့သည်။
လမ်းမကြီးနှစ်ခုရှိရာ လမ်းတစ်ဖက်တွင် လူအုပ်များထူထပ်လျက်ရှိသည်။ ထိုအချိန်တွင် ဤမြင်ကွင်းကိုမြင်ပြီး လူအားလုံးနီးပါးသည် တိတ်ဆိတ်သွား ကာအသက်အောင့်ထားပြီး ထိုမြင်ကွင်းကို မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။ ပေထင်းဟွမ်၏ရှေ့မှ လူအိုကြီးများသည် တိုက်ကြီးတစ်ခု လုံးတွင် နာမည်ရှိသည့်ပြိုင်ဘက်ကင်းများဖြစ်သည်ကို မသိထားလျှင် တစ်ဖွဲ့မှ တာဝန်ရှိသူများဟုသာ ထင်ကြတော့မည်။
ပေထင်းဟွမ်၏ရထားလုံးရပ်သည်နှင့် သောင်မိမိသားစုအပါအဝင် သူမ၏ နောက်မှလိုက်လာသောတခြားအင်အားစုများ၏ရထားလုံးများသည် ရပ်တန့်ကြလေသည်။ ထိုအချိန်တွင် အင်အားစုများအားလုံး၏ခေါင်းဆောင် များသည် ရထားလုံးထဲမှ ခေါင်းပြူကြည့်ပြီး ရှေ့မှအခြေအနေကိုအကဲခတ်ကြ သည်။ အားလုံးသည် ထိုမြင်ကွင်းကြောင့် မှင်တက်ကြလေသည်။
သားရဲထိန်းအစည်းအရုံးသည် မည်မျှပင် အားကောင်းကြောင်းကို ပြောရန်ပင်မလိုတော့ပေ။ သားရဲတစ်ကောင်၏ ခွန်အားဆွဲဆောင်မှုကို မည်သည့် သမားတော်မှ ခံနိုင်ရည်မရှိပေ။ သာမန်သားရဲဆိုလျှင်တောင် သမား တော်သည် မငြင်းဆန်နိုင်ပေ။ သားရဲများကို ထိန်းကျောင်းလိုပါက သားရဲထိန်း များကို မှီခိုရမည်ဖြစ်သည်။
သားရဲထိန်းအစည်းအရုံးသည် ပြည်မကြီးတွင် နှစ်ပေါင်းသိန်းချီတည်ရှိ လာကာ တခြားသောအင်အားစုများသည် သူတို့ကို လာရောက်တောင်းဆိုကြရ သည်။ သားရဲထိန်းများသည် တခြားသူကို ဦးညွှတ်သည်ကို သူတို့မမြင်ဖူးကြ ပေ။
ထိုအခိုက်တွင် အားလုံးသည် အားကောင်းသောအဂ္ဂိရတ်ပညာရှင်၏ စက်ဝန်းအောက်တွင် သခင်ပေထင်းဟွမ်သည် အမြင့်ဆုံးသားရဲထိန်းဖြစ်သည် ကို မေ့လျော့နေခဲ့ကြသည်။ ခဏကြာသည်အထိ ဆွေးနွေးချက်များရှိနေ၏။
“မိုးနတ်မင်းရေ ငါ ဒီတစ်ခုကိုမေ့တော့မလို့ပဲ သခင်ပေထင်းဟွမ်က ငါ့ကို မွန်မြတ်သောသားရဲထိန်းကျောင်းပေးမယ့်ကံကို ဘာလို့မစမ်းကြည့်ရမှာလဲ”
“မွန်မြတ်သောသားရဲဟုတ်လား၊ အမြင့်ဆုံးသားရဲက မွန်မြတ်သော သားရဲကို ထိန်းကျောင်းပေးပါ့မလားလို့ မေးကြည့်ပါဦး မင်းခေါင်းက တံခါးနဲ့ ညပ်လာတာထင်တယ်၊ သူက အမြင့်ဆုံးနတ်သားရဲကို ထိန်းကျောင်းနိုင်တဲ့ သားရဲထိန်းနော်”
“နတ်သားရဲ နားထောင်လို့ကောင်းလိုက်တာ၊ သခင်ပေထင်းဟွမ်ဘေးမှာ ဆိုရင် နတ်သားရဲကိုဖမ်းနိုင်တဲ့ အရည်အချင်းရှိတဲ့သူတွေရှိမှာပဲ”
“ဟုတ်တယ်”
လမ်းပေါ်မှ ရုတ်တရက်ပေါ်ထွက်လာသော ဆွေးနွေးချက်များကိုကြားပြီး နောက် ပေထင်းဟွမ်၏နေရာထဲတွင် သားရဲများသည် အပြင်အားအထင်သေး သောမျက်လုံးများဖြင့် ကြည့်ကြလေသည်။ အဲလူတွေတော့.. အမြင့်ဆုံးသားရဲ ထိန်းဟုတ်လား။ ခေတ်ကုန်နေပြီ။