အခန်း (၈၂၆)
Vol. 56 Ch. 826
“မင်းတို့ကရော..မင်းတို့ရဲ့စိတ်ကို ဘယ်လိုလုပ်မှာလဲ”
ရှစ်ဖုန့်က သူ၏ရှေ့ရှိ ရွှေရောင်ချပ်
ဝတ်စစ်တပ်ကို ကြည့်လိုက်ပြီး ၎င်းတို့အား ဂရုမထားစွာမေးလိုက်သည်။
ဤအခိုက်အတန့်တွင် ရွှေရောင်ချပ်ဝတ်စစ်သည်တစ်သောင်းတို့မှာ ပြိုင်တူလှုပ်ရှားလိုက်ပြီး ဟင်းလင်းပြင်ထဲရှိ ရှစ်ဖုန့်ထံသို့ ဒူးထောက်ခစားလိုက်သည်။၎င်းတို့က ပြိုင်တူအော်ဟစ်လိုက်ကြ၏။
“ကျွန်တော်တို့တွေ သခင့်ဆီမှာ ကျွန်တော်တို့ရဲ့အသက်ကို အာမခံထားဖို့ဆန္ဒရှိပါတယ်”
ဤအော်သံများအားကြားသောအခါတွင် ရှစ်ဖုန့်က ထပ်မံအေးစက်စွာပြုံးလိုက်ပြီး ဘာမှထပ်ပြောကြားခြင်းမရှိချေ။ ဤအဆုံးသတ်က သူ၏ မျှော်မှန်းထားချက်အတွင်း၌သာရှိသည်ဖြစ်သည်။
၎င်းတို့ကသေရမည်ကိုကြောက်မည်မဟုတ်ပေ။ စစ်မြေပြင်တလင်းအား အတွေ့အကြုံရှိသော ဤစစ်သည်များအတွက် သေခြင်းက နာကျင်မှုနှင့်သူတို့၏မျက်လုံးတို့အား
ပိတ်လိုက်ရသည့်ကိစ္စတစ်ခုသာဖြစ်သည်။
သို့သော်၎င်းတို့အနေဖြင့် သေဆုံးနိုင်ခြင်းမရှိဘဲ သေသည်ထက်ဆိုးရွားသော ဘဝတစ်ခု၌ရှင်သန်ရခြင်းကိုတော့ကြောက်ရွံ့ကြသည်ဖြစ်သည်။
“မင်းတို့အားလုံးထလို့ရပြီ”
ရှစ်ဖုန့်က ရွှေရောင်ချပ်ဝတ်စစ်တပ်ကိုပြောလိုက်သည်။ သူစကားပြောပြီးပြီးချင်း ရွှေရောင်ချပ်ဝတ်စစ်တပ်က စွေ့ခနဲထရပ်လိုက်သည်။၎င်းတို့အား
ကောင်းစွာလေ့ကျင့်ပေးထားသည်ကို မြင်ရနိုင်သည်ဖြစ်သည်။
“ကောင်းပြီ.. သူတို့တွေ အရိုးထဲအထိစွဲသွားလောက်ပြီထင်ပါတယ်”
ထို့နောက်ရှစ်ဖုန့်က သူ၏ခေါင်းအားထပ်မံမော့လိုက်ပြီး ကောင်းကင်ထဲ၌အော်ဟစ်မြည်တမ်းနေသော လူတစ်ရာ့သုံးယောက်တို့အားကြည့်လိုက်သည်။ အတွေးတစ်ချက်နှင့် ၎င်းတို့၏ခန္ဓာကိုယ်များမှ ပုရွက်ဆိတ်တစ်သောင်းကိုက်ခဲခံရသော နာကျင်မှုတို့က ပျောက်ကွယ်သွားသည်။
“ဟောဟဲ..ဟောဟဲ..ဟောဟဲ..ဟောဟဲ”
ဤလူတစ်ရာ့သုံးယောက်လုံးသေခြင်း
ထက်ဆိုးရွားသည့်ခံစားချက်
ပျောက်ကွယ်သွားသည့်တိုင် လေထုအတွင်းလဲနေပြီးသေမင်း၏တံခါးဝ၌ရုန်းကန်နေရဆဲဖြစ်ကာ တစ်ပိုင်းသေသည့်ပုံစံဖြင့်လေတို့အားပါးစပ်ဖြင့်အဝအဆက်မပြတ်ရှူရှိုက်နေရသည်။
“ကျေး..ကျေးဇူးတင်ပါတယ်..သခင်”
“ကျေး..ကျေးဇူးတင်ပါတယ်.သခင်”
သူတို့၏နှလုံးသားများအတွင်း၌ မကျေမချမ်းဖြစ်လင့်နေသော်လည်း သေခြင်းထက်ဆိုးရွားစွာအသက်ရှင်နေထိုင်ရ
သည့်အတွေ့အကြုံကို သူတို့ထပ်မံမခံစားလိုပေ။ သူတို့အားရှစ်ဖုန့်က ခွင့်လွှတ်ပေးလိုက်သည်ကို မြင်တွေ့ရသောအခါတွင် တစ်ယောက်ပြီးတစ်ယောက်အလျှင်
အမြန်ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
“ကောင်းပြီ.မင်းတို့အားလုံးကောင်းကောင်း
အနားယူကြ.. ဒီသခင်လေးနောက်ကျမင်းတို့ကို စမ်းသပ်ချက်တစ်ခုပေးမယ်.. မင်းတို့တွေအဲ့တာကိုထမ်းဆောင်ရမယ်…မဟုတ်ရင် မင်းတို့တွေဖြစ်လာမဲ့အကျိုးဆက်ကိုသိမယ်လို့ ဒီသခင်လေးထင်တယ်”
“နား.နားလည်ပါပြီ”
“နားလည်ပါပြီ”
ရှစ်ဖုန့်စကားပြောပြီးပြီးချင်း ကောင်းကင်ထဲမှလူတစ်ရာ့သုံးယောက်နှင့် အောက်ဘက်ရှိ ရွှေရောင်ချပ်ဝတ်စစ်သည်တို့က လျှင်မြန်စွာပြိုင်တူပြန်တုန့်ပြန်လိုက်ကြသည်။
“သခင်လေးဖုန့်”
ဤအချိန်တွင် ရှစ်ဖုန့်၏အောက်ဘက်မှ မကျယ်သောအသံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်က ငုံ့ကြည့်လိုက်ပြီး အောက်ဘက်တောအုပ်ထဲမှပျံသန်း
ထွက်လာသောအဖြူရောင်ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ လောချင်းချွမ်ပင်ဖြစ်သည်။
လောချင်းချွမ်ပျံသန်းထွက်လာပြီးနောက် များစွာသောရွှေရောင်ချပ်ဝတ်ပုံရိပ်များ
လည်းပျံသန်းထွက်လာသည်။
တောအုပ်အတွင်း၌ ရှစ်ဖုန့်အာရုံခံမိခဲ့သောလူငါးထောင်မှာ လောချင်းချွမ်အားအညံ့ခံလိုက်ကြခြင်း
ဖြစ်ပုံရသည်။
လောချင်းချွမ်ကရှစ်ဖုန့်ရှိရာဘက်သို့ ပျံသန်းလာပြီး ရပ်တန့်လိုက်သည်။ အစောပိုင်းကပျံသန်းထွက်လာကြသော ရွှေရောင်ချပ်ဝတ်စစ်သည်ငါးထောင်မှာလည်း ရှစ်ဖုန့်အစောပိုင်းကအညံ့ခံစေခဲ့သည့် ရွှေရောင်ချပ်ဝတ်စစ်သည်တစ်သောင်းနှင့် လျှင်မြန်စွာပေါင်းစည်းသွားသည်။ ဤအချိန်တွင်သူတို့၏ထိန်းချုပ်မှုအောက်၌
လူပေါင်းတစ်သောင်းခွဲရောက်ရှိနေပြီဖြစ်သည်။
ရှစ်ဖုန့်ကလောချင်းချွမ်အားပြောနေရင်း သူ့ရှေ့ရှိ ရွှေရောင်ချပ်ဝတ်စစ်သည်တစ်သောင်းခွဲကို ကြည့်လိုက်သည်။
“အခု ရွှမ်းယွမ်ချန်ယွင်ထွက်လာအောင် ဆွဲဆောင်ရမဲ့အချိန်ပဲ..တို့တွေကသူတို့ကိုဦး
ဆောင်ပြီးရွှမ်းယွမ်မြို့အပြင်ဘက်ကိုစစ်တပ်
ကိုခေါ်ထုတ်ပြီးတော့ ရွှမ်းယွမ်ချန်ယွင်ရဲ့ လက်ပါးစေအားလုံးကိုသတ်ပစ်မယ်.. ရွှမ်းယွမ်ချန်ယွင်ဆက်ပြီးထိုင်နေနိုင်အုံးမလားဆိုတာကိုကြည့်ကြသေးတာပေါ့”
ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် လောချင်းချွမ်က လှောင်ပြုံးပြုံးလိုက်ပြီး ရှစ်ဖုန့်ပြောရမည့်စကားများကိုဆက်ပြောသည် ။
“ရွှမ်းယွမ်ချန်ယွင်မြို့ထဲကထွက်လာရင် ကျွန်တော်တို့က လမ်းကြောင်းကိုပြောင်းမယ်..ယင်အ
လောင်းကောင်တွေကိုသုံးပြီးတော့ မြေအောက်လမ်းကြောင်းတစ်ခုကိုဖွင့်ပြီး ရွှမ်းယွမ်မြို့အရှင်သခင်အိမ်တော်ရဲ့ နေရာကူးပြောင်းအရင်စီကိုရောက်သွားမယ်”
“အင်း”
ရှစ်ဖုန့်ကသရော်၍ခေါင်းညိမ့်လိုက်သည်။
“ရွှမ်းယွမ်ယန်ရို့ကိုရောဘယ်လိုလုပ်မလဲ.. အခုသူ့ကိုကျွန်တော်တို့ဘာလုပ်သင့်လဲ”
လောချင်းချွမ်ကရှစ်ဖုန့်ကိုမေးလိုက်သည်။
“ဒီမိန်းမက အခုအသုံးမဝင်တော့ဘူး. ဒီသခင်လေးဒီလိုမိန်းမမျိုးတွေကိုမုန်းတယ်.. သူ့ကိုသတ်ပြီး ခန္ဓာကိုယ်ကိုမီးရှို့ပစ်လိုက်.”
ရှစ်ဖုန့်ကဂရုမထားစွာပြောလိုက်သည်။ ရှစ်ဖုန့်၏အပြောကောအမူအယာကပါခြားနားခြင်းအလျဉ်းမရှိပေ။ ရွှမ်းယွမ်ယန်ရို့အားသတ်ခြင်းက ခွေးတစ်ကောင်အားသတ်သည့်နှယ်သာဖြစ်သည်။ သူ၏မျက်နှာထက်၌ဘာခံစားချက်မှရှိမနေပေ။
“နားလည်ပါပြီ”
လောချင်းချွမ်ကခေါင်းညိမ့်ပြီး အောက်ရှိတောအုပ်အတွင်းသို့အပြင်းသွားလိုက်သည်။
“အား”
ထို့နောက်ချက်ချင်း ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ မိန်းမတစ်ယောက်၏စူးစူးဝါးဝါး
အော်ဟစ်သောအသံတစ်ခုထွက်ပေါ်လာသည်။
အသံမှာတစ္ဆေတစ်ကောင်၏အော်သံကဲ့သို့ပင်ဖြစ်သည်။ ၎င်းကအရမ်းကိုစိတ်မချမ်းမြေ့ဖွယ်ကောင်းပြီး လူတိုင်း၏ဆံပင်တို့ကိုထောင်မတ်သွားအောင်ပြုလုပ်နိုင်စွမ်းရှိသည်။
ရှစ်ဖုန့်ကလှည့်လိုက်ပြီး ရွှမ်းယွမ်မြို့ရှိရာဘက်သို့ကြည့်လိုက်သည်။ သူကတီးတိုးရေရွတ်လိုက်၏။
“ရွှမ်းယွမ်မြို့..ရွှမ်းယွမ်ချန်ယွင်”
ရွှမ်းယွမ်မြို့အရှင်သခင်အိမ်တော်၏
ပင်မခန်းမဆောင်တွင်ဖြစ်သည်။ နဂါးကိုးကောင်ဝတ်ရုံကိုဝတ်ဆင်ထားသော ရွှမ်းယွမ်ချန်ယွင်က နဂါးပလ္လင်ထက်တွင်အေးစက်သောမျက်နှာဖြင့်ထိုင်နေသည်။ သူ၏မျက်ခုံးတို့ကို တင်းနေအောင်ကျုံ့ထားပြီး သူ၏မျက်နှာထက်တွင်ဒေါသတို့ဖြင့်ပြည့်နှက်နေသည်။
အစောပိုင်းကသူ၏ဗိုလ်ချုပ်လုရှန်းတစ်ယောက် တိုက်ပွဲအတွင်းကျဆုံးသွားသည်ဟူသောသတင်းကိုရခဲ့သည်။လုရှန်းဦးဆောင်သွားသောစစ်သည်တစ်သောင်းခွဲကလည်းသူ့ကိုသစ္စာ
ဖောက်သွားကြ၏။
“တင်ပြပါတယ်”
ဤအချိန်တွင်နောက်ထပ် ရွှေရောင်ချပ်ဝတ်အစောင့်တစ်ဦးက ပင်မခန်းမဆောင်သို့ဝင်ရောက်လာပြီး ဒူးထောက်ကာ ရွှမ်းယွမ်ချန်ယွင်အားတင်ပြလိုက်သည်။
“အရှင်.သခင်မလေးရွှမ်းယွမ်ယန်ရို့ အသတ်ခံလိုက်ရပါပြီ.. သူမရဲ့ ဝိညာဉ်ကျောက်တုံးက ခုဏတင်ကွဲကြေသွားပါတယ်”
သူ၏လက်အောက်ခံထံမှတင်ပြမှုကိုကြားရသော်လည်း ရွှမ်းယွမ်ချန်ယွင်ကအေးစက်ဒေါသ
ထွက်နေဆဲဖြစ်ပြီး အေးစက်စွာပြောလိုက်သည်။
“ထားလိုက်.. ဒီအသုံးမကျတဲ့အမှိုက်ကနေ့တဒူဝ ငါ့ကိုပြဿနာရှာဖို့ပဲသိတာ.. အခုသူကငါ့မျက်နှာအိုးမဲသုတ်ခဲ့တယ်.. ဒီတစ်ကြိမ်တည်းနဲ့အားလုံးကိုအဆုံးသတ်ပါစေ.. မင်းသွားလို့ရပြီ”
“ဟုတ်ကဲ့”
“တင်ပြပါတယ်”
ရွှေရောင်ချပ်ဝတ်အစောင့်ကထရပ်ပြီး
ထွက်သွားတော့မည့်အချိန်တွင် အခြားရွှေရောင်ချပ်ဝတ်စစ်သည်တစ်ဦးကလည်း ပင်မခန်းမအတွင်းအပြင်းဝင်ရောက်လာပြီးဒူးတစ်ဖက်ထောက်ချလိုက်သည်။
အပြင်းဝင်ရောက်လာသော ရွှေရောင်ချပ်ဝတ်စစ်သည်အားတွေ့
လိုက်ရချိန်တွင်ရွှမ်းယွမ်ချန်ယွင်၏ မျက်လုံးတို့ကကျဉ်းမြောင်းသွားသည်။ ဆိုးရွားသောအရာတစ်ခုခုဖြစ်ခဲ့ပြီဟုသည့် ကြိုတင်ခံစားချက်ကိုသူရလိုက်၏။
“အရှင်. ဗိုလ်ချုပ်ဝေ့ယာဦးဆောင်တဲ့ စစ်သည်တစ်သောင်းလုံးကသူ့ကိုသစ္စာ
ဖောက်သွားတယ်လို့အစောကတင်ကျွန်တော်မျိုးသတင်းရပါတယ်.. ဗိုလ်ချုပ်ဝေ့ယာကလည်း သေသွားပါပြီ”
“ဘာကွ”
ဤတင်ပြချက်အားကြားသောအခါတွင် ရွှမ်းယွမ်ချန်ယွင်၏မူလက ခက်ထန်သော အမူအယာမှာ ပို၍ခက်ထန်လာသည်။ ဘန်းဟူသောအသံတစ်ခုနှင့်အတူ ရွှမ်းယွမ်ချန်ယွင်ကသူ၏လက်ထရှိဝိုင်ခွက်အား ရုတ်ခြည်းခြေမွပစ်လိုက်သည်။
“နောက်ထပ်သစ္စာဖောက်တာ. နောက်ထပ်သစ္စာဖောက်တာ..
ဒီသောက်ခွေးကောင်တွေ.. ငါသူတို့ကိုဆိုးဆိုးဝါးဝါးမဆက်ဆံခဲ့ဘူး. ငါသွားပြီးဒီသစ္စာဖောက်တွေအားလုံးကို အရှင်လတ်လတ်မြေမြှုပ်ပစ်မယ်”
ရွှမ်းယွမ်ချန်ယွင်က ခက်ထန်စွာအော်ဟစ်လိုက်ပြီး သူ၏အသံက ခန်းမတစ်ခုလုံးပဲ့တင်ထပ်သွားသည်။
“တင်ပြပါတယ်..ဗိုလ်ချုပ်ချင်ယွမ်ဦးဆောင်တဲ့စစ်သည်ငါးထောင်ကသစ္စာဖောက်သွားပါတယ်.. ဗိုလ်ချုပ်ချင်ယွမ်က သေသွားပါပြီ”
“တင်ပြပါတယ်..ဗိုလ်ချုပ်လုံကောင်းဦးဆောင်တဲ့စစ်သည်ခြောက်ထောင်က သစ္စာဖောက်သွားပါတယ်.
ဗိုလ်ချုပ်လုံကောင်းက ကျဆုံးသွားပါပြီ”
ထို့နောက်ချက်ချင်း ပင်မခန်းမအတွင်းသို့ ရွှေရောင်ချပ်ဝတ်စစ်သည်များပို၍ဝင်ရောက်လာသည်။၎င်းတို့၏အော်သံများက ပင်မခန်းမအတွင်းအဆက်မပြတ်ထွက်ပေါ်နေ၏။ ၎င်းတို့တင်ပြသော အချက်အလက်သတင်းများက ရွှမ်းယွမ်မြို့အတွက် သတင်းဆိုးချည်းဖြစ်သည်။
“ချီးပဲ.ချီးပဲ.ချီးပဲ. သစ္စာဖောက်..သစ္စဖောက်.သစ္စာဖောက် ထပ်ပြီးသစ္စာဖောက်.. ဒီလူတွေအကုန်လုံးသေဖို့ထိုက်တန်တယ်..”
ရွမ်းယွမ်ချန်ယွင်မှာ ကြီးမားသောအာဏာကိုကိုင်ဆောင်ထားပြီး လူသန်းပေါင်းများစွာ၏အသက်တို့အားထိန်းချုပ်ထားကာ နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက်သူ၏ ပင်ကိုယ်စရိုက်က သံမဏိကဲ့သို့မာကျောလာသည်ဖြစ်သည်။
သို့သော် သူ၏တပ်ဖွဲ့များကသူ့အားသစ္စာဖောက်သည်ကို ကြားရသောအခါတွင် သူ၏ဒေါသကြောင့် ကောင်းကင်နှင့်မြေပြင်ပင်လှုပ်ခတ်သွား
အောင်ကျယ်လောင်စွာအော်ဟစ်
လိုက်ဆဲဖြစ်သည်။
“အရှင်.ကျေးဇူးပြုပြီးစိတ်ကိုထိန်းပါ.. အရှင်..ကျေးဇူးပြုပြီးစိတ်ကိုထိန်းပါ”
ဘေးနှစ်ဖက်တွင်ရပ်နေကြသောမှူးမတ်
အရာရှိများက ရွှမ်းယွမ်ချန်ယွင်၏ ဒေါသအမျက်ချောင်းချောင်းထွက်နေမှုအားမြင်ရသောအခါတွင် အလျှင်အမြန်အကြံပေးတိုက်တွန်းကြည်။
“စိတ်ထိန်းရမယ်..ငါကဘယ်လိုစိတ်ထိန်းရမှာလဲကွ”
ရွှမ်းယွမ်ချန်ယွင်က အောက်ဘက်ရှိ မှူးမတ်အရာရှိများအား ကြည့်လိုက်ပြီး အော်ဟစ်ပြောလိုက်သည်။
ထို့နောက်သူကထပ်မံအော်ဟစ်လိုက်၏။
“တစ်ယောက်ယောက်ငါ့လက်နက်ကိုယူလာပြီးငါ့စီးနင်းတော်သားရဲကိုခေါ်လာခဲ့. အဲ့တိရစ္ဆာန်နှစ်ကောင်ကို ငါကိုယ်တိုင်သွားသတ်မယ်”
ဆက်ရန်……………..
ဘာသာပြန်သူ-ARISE