အခန်း (၈၂၇)
Vol. 56 Ch. 827
ရွှမ်းယွမ်မြို့အရှင်သခင်၏ ပရဝုဏ်အတွင်း၌ဖြစ်သည်။
ရွှမ်းယွမ်ချန်ယွင်တစ်ယောက် သူကိုယ်တိုင်ကိုယ်ကျ သွားရောက်လိုသည်အထိ ဒေါသထွက်နေသည်ကို တွေ့လိုက်ရသောအခါတွင် မှူးမတ်အရာရှိများမှာ တိတ်ကျသွားပြီး ၎င်းအား ဖျောင်းဖျရန်ကြိုးစားခြင်းကို ရပ်လိုက်ကြသည်။
ရွှမ်းယွမ်ချန်ယွင်၏နောက်သို့နှစ်ပေါင်းများစွာလိုက်လာခဲ့ပြီးသည့်နောက် ရွှမ်းယွမ်ချန်ယွင်၏ ပင်ကိုစရိုက်အားသိကြပြီးဖြစ်သည်။ သူဆုံးဖြတ်ချက်ချပြီးသွားလျှင် သူ့အားဖျောင်းဖျရန်ကြိုးစားခြင်းက အသုံးမဝင်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့သာ၎င်းအားဒေါသထွက်စေခဲ့လျှင် သူတို့ကိုယ်သူတို့ ဆိုးရွားသောပျက်ကိန်းတစ်ခုယူဆောင်ခြင်းသာအဖက်တင်လိမ့်မည်ဖြစ်သည်။
သို့သော် ဤအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သည့် မှူးမတ်အရာရှိများ၏ထိပ်ဆုံး၌ရပ်နေသော ကျွေ့ရှောင်းက အားလုံးတိတ်ကျသွားသည်ကိုမြင်လိုက်ရသောအခါတွင် စကားဟလိုက်သည်။ သူ၏အထက်၌လက်သီးလက်မောင်းတန်းကာ ရပ်နေသော ရွှမ်းယွမ်ချန်ယွင်ထံသို့ တည်ငြိမ်စွာဖြင့်ပင်အော်ပြောလိုက်သည်။
သူကရွှမ်းယွမ်ချန်ယွင်ကို ပြောလိုက်၏။
“အရှင်.. အရှင်မြို့ကနေ ကိုယ်တိုင်ထွက်သွားလို့မရပါဘူး”
ကျွေ့ရှောင်းက ရှေ့သို့ထွက်လာပြီး ပြောသောအခါတွင် ရွှမ်းယွမ်ချန်ယွင်၏ မျက်နှာအမူအယာကအနည်းငယ်ပြေလျော့သွားသည်။ သူက ကျွေ့ရှောင်းအား စိုက်ကြည့်ပြီး ဟောက်လိုက်သည်။
“ဘာလို့လဲ”
ကျွေ့ရှောင်းကပြော၏။
“ မနေ့ညက ဒီလူနှစ်ယောက်က လူတစ်ယောက်ကိုလွှတ်ပြီးတော့ မိန်းကလေး ယန်ရို့ကို သုံးပြီး နေရာကူးပြောင်းအစီအရင်ကိုအသုံးပြချင်နေတယ်ပြောတယ်.. အရှင်ကဒီနေ့ဒီမှာရှိပြီးတော့ အပေါ်ယံသက်သက်သဘောတူခဲ့တာပဲရှိတာကို ခန့်မှန်းမိပြီးဖြစ်နေလောက်ပြီ.. သူတို့ရွှမ်းယွမ်မြို့ထဲကိုဝင်လာရင် သူတို့အလိုအလျောက်ကိုလွတ်နိုင်မှာမဟုတ်ဘူး”
“ဒီအရှင်က သူတို့ကို လုံးဝမလွှတ်ပေးဘူး”
ရွှမ်းယွမ်ချန်ယွင်က အော်ပြောလိုက်သည်။
“ဒါကလည်းသူတို့ရဲ့ဒီနေ့ရည်မှန်းချက်ပါပဲ”
ကျွေ့ရှောင်းကပြောလိုက်သည်။
“ သူတို့က ကျွန်တော်တို့ကို နှောက်ယှက်ဖို့အတွက်ပြင်ပမှာ ဖရိုဖရဲဗရမ်းဗတာဖြစ်အောင်ပြုလုပ်ပြီးအရှင့်ကို မြို့ပြင်ကို အတင်းအတကျပ်ထွက်စေချင်တာ.. အဲ့နောက်မှာ သူတို့ကရွှမ်းယွမ်မြို့ထဲကိုဝင်ဖို့အခွင့်အရေး
ကိုယူပြီး အရှင်ဒီမှာရှိမနေတဲ့အချိန် နေရာကူးပြောင်းအစီအရင်ကိုသုံးလိမ့်မယ်”
ကျွေ့ရှောင်း၏ စကားတို့အားကြားပြီးနောက် ရွှမ်းယွမ်ချန်ယွင်က နက်ရှိုင်းသောအသံဖြင့်ပြောလိုက်သည်။
“ ဒါဆို သူတို့ကို ပြင်ပမှာ သူတို့စိတ်ကြိုက်လုပ်ခိုင်းလိုက်.. သူတို့က ငါ့ဗိုလ်ချုပ်တွေကိုသတ်ပြီးတော့ ငါ့ရဲ့ စစ်သည်သောင်းနဲ့ချီကို အာဏာဖီဆန်အောင်လုပ်ထားတာ”
ရွှမ်းယွမ်ချန်ယွင်၏ မျက်နှာထက်မှ ဒေါသအား တွေ့ရသောအခါတွင် ကျွေ့ရှောင်းက စိတ်အနှောက်အယှက်ဖြစ်ခြင်းမရှိဘဲ ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့စစ်သည်တွေက အရှင့်ရဲ့နောက်ကို နှစ်ပေါင်းများစွာလိုက်ပါခဲ့တဲ့ သံမဏိသွေးလိုစစ်သည်တွေပါ.. ဒီအညတရရဲ့အမြင်အရတော့ သူတို့တွေသစ္စာဖောက်ရတဲ့အကြောင်းပြချက်က အမှတ်အသားရိုက်နှိပ်ပြီးထိန်းချုပ်ခံရတာကြောင့်လို့ထင်ပါတယ်.. အချိန်ကျလာရင် ကျွန်တော်တို့အဲ့နှစ်ယောက်ကိုသတ်ပစ်နိုင်တာနဲ့ ကျွန်တော်တို့စစ်သည်တွေကအရှင့်အပေါ်မှာ သစ္စာစောင့်သိနေကြအုံးမှာပါ”
“အဲ့ဗိုလ်ချုပ်တွေအသတ်ခံလိုက်ရတာကတော့တကယ့်ကိုစိတ်မကောင်းစရာပါဘဲ”
ကျွေ့ရှောင်းက နောင်တရမှုအပြည့်ဖြင့်ခေါင်းခါယမ်းလိုက်သည်။
“ဒီအညတရအစေခံရဲ့အမြင်အရတော့ ကျွန်တော်တို့တွေ စစ်သည်အားလုံးကို စုစည်းပြီးတော့ စစ်သူကြီး ယွမ်ကျင်းကိုအားလုံးကိုအမိန့်ပေးခိုင်း
သင့်ပါတယ်.. စစ်သူကြီးယွမ်ကျင်းရဲ့ ကြီးကြပ်ကွက်ကဲနိုင်မှုအခြေအနေနဲ့ဆိုရင် စစ်သည်တွေကရှည်လျားသောမြွေအခင်းအကျင်းကိုပုံဖော်ပြီးနေရာယူဖြန့်ကျက်ကာ အဲ့သစ္စာဖောက်နှစ်ယောက်ကို ရှာဖွေသင့်ပါတယ်”
“ယွမ်ကျင်းကိုအားလုံးကို အမိန့်ပေးခိုင်းခွင့်ပြုရမှာလား”
“ဟုတ်ပါတယ်”
ကျွေ့ရှောင်းကခေါင်းညိမ့်လိုက်သည်။
“သူတို့ထဲကတစ်ယောက်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်ပြီး ကျန်တစ်ယောက်က ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ပါ.. စစ်သူကြီးယွမ်ကျင်းရဲ့ကျင့်ကြံမှုက အလယ်အလတ် ကြယ်ခုနှစ်ပွင့် ဧကရာဇ်နယ်ပယ်မှာရှိပါတယ်”
“စစ်သူကြီးယွမ်ကျင်းရဲ့ အမိန့်ပေးမှုနဲ့ဆိုရင် အဲ့အာဏာဖီဆန်သွားတဲ့စစ်သည်တွေနဲ့ ကြုံကြိုက်ရင်တောင် အလွယ်တကူပြန်လည်ဖွဲ့စည်းနိုင်ပါလိမ့်မယ်.. အဲ့တောက်ဆက်လက်နေရာယူပြီး အဲ့လူနှစ်ယောက်ကိုရှာဖွေဖို့အတွက် အဖွဲ့ကိုဆက်လက်ဖြန့်ကျက်လို့ရပါလိမ့်မယ်. သူတို့ကိုရှာတွေ့ပြီဆိုတာနဲ့ စစ်သူကြီးရဲ့ခွန်အားနဲ့ဆိုရင် သူတို့ကိုသတ်နိုင်တာထက်ကိုလုံလောက်အုံးမှာပါ..အရှင်ကိုင်တိုင်စစ်မြေပြင်ကိုသွားဖို့အထိမလိုအပ်ပါဘူး”
“ကောင်းတယ်..မင်းပြောသလိုပဲလုပ်ကြတာပေါ့.. အမိန့်ကိုဖြန့်ကျက်လိုက်.. အခုချိန်ကစပြီး ငါ့ရဲ့ရွှမ်းယွမ်မြို့ကစစ်သည်တွေဖြစ်စေ အခြားမြို့တွေကစစ်သည်တွေဖြစ်စေ ဘာပဲဖြစ်နေပါစေ စစ်သူကြီးယွမ်ကျင်းရဲ့အမိန့်အောက်မှာပဲ သူတို့ရှိလိမ့်မယ်.. မနာခံတဲ့သူမှန်သမျှ အပြစ်ပေးခံရလိမ့်မယ်”
“အရှင့်ရဲ့သဘောဆန္ဒအလိုကျအတိုင်းပါပဲအရှင်”
တောရိုင်းထဲတွင် ရှစ်ဖုန့်နှင့်လောချင်းချွမ်တို့က ရွှမ်းယွမ်ချန်ယွင်၏ ဗိုလ်ချုပ်များအားသတ်ပစ်ပြီး စစ်သည်များအားအတင်းအကျပ်အညံ့ခံစေရန်အတွက် ရက်စက်ပြင်းထန်သောနည်းလမ်းများကိုအသုံးပြုခဲ့သည်။ ဤအချိန်တွင် သူတို့၏ ထိန်းချုပ်မှုအောက်၌ စစ်သည်အရေအတွက်က ခြောက်သောင်းကိုရောက်ရှိနေပြီဖြစ်သည်။
ကိုယ်ပိုင်အဆီအနှစ်စွမ်းအင်အား
လောင်ကျွမ်းခဲ့သောရှစ်ဖုန့်က ဧကရာဇ်နယ်ပယ်ခုနှစ်ယောက်အား
သတ်ဖြတ်ခဲ့ပြီးနောက် သူ၏ကျင့်ကြံမှုနယ်ပယ်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်အဆင့်သို့ပြန်လည်ရောက်ရှိလာသည်။
သူ၏ကိုယ်အတွင်းရှိစွမ်းအင်က ယခင်အဆင့်ထက်ပို၍ပင်သာလွန်နေခဲ့သည်။
သူ့နောက်များ များပြားလှသော စစ်သည်များကိုကြည့်ပြီး လောချင်းချွမ်က ပြုံးကာ ရှစ်ဖုန့်ကိုပြောလိုက်သည်။
“သခင်လေးဖုန့် ကျွန်တော်တို့ကိုရှာဖွေဖို့အတွက် ရွှမ်းယွမ်ချန်ယွင်ရဲ့စစ်သည်တွေနဲ့ အခြားမြို့တွေကနေစေလွှတ်လိုက်တဲ့ ဗိုလ်ချုပ်တွေနဲ့စစ်သည်တွေက အတူတကွစုစည်းနေကြတယ်လို့ သူလျှိုတစ်ယောက်ကခုဏတင်သတင်းပို့လာပါတယ်..ကြည့်ရတာ ရွှမ်းယွမ်ချန်ယွင်က ထပ်ပြီးထိုင်မနေနိုင်တော့ဘဲ သူကိုယ်တိုင်လာဖို့ပြင်ဆင်နေတဲ့ပုံပါပဲ”
လောချင်းချွမ်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က ပြုံးလိုက်ပြီး သူ၏ခေါင်းကိုခါယမ်းလိုက်သည်။ သူကပြောလိုက်၏။
“ အခုကရွှမ်းယွမ်ချန်ယွင်ကိုယ်တိုင် လာဖို့အချိန်မကျသေးဘူး”
ထို့နောက်ရှစ်ဖုန့်က ဆက်ပြောသည်။
“အဲ့နေ့ကရွှမ်းယွမ်မြို့ထဲမှာ ရွှမ်းယွမ်ချန်ယွင်ထွက်လာတဲ့အချိန် ရွှမ်းယွမ်ချန်ယွင်ထက်နည်းနည်းလေးအားပဲအားပိုနည်းတဲ့ အော်ရာတစ်ခုကို ဒီသခင်လေးခံစားမိခဲ့တယ်..အဲ့လူရဲ့ကျင့်ကြံမှုက ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်မှာရှိလောက်မယ်.. အကယ်၍ဒီသခင်လေးခန့်မှန်းတာသာ မှန်မယ်ဆိုရင် စစ်သည်အားလုံးက အဲ့လူရဲ့အမိန့်အောက်မှာ စုစည်းကြတာဖြစ်လောက်မယ်..အဲ့နောက်မှာ သူတို့ကို တို့ကိုသတ်ဖို့လာလိမ့်မယ်”
“ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ် ရွှမ်းယွမ်မြို့ရဲ့စစ်သူကြီး ယွမ်ကျင်း.”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လောချင်းချွမ်က အံ့အားသင့်စွာရေရွတ်ပြောလိုက်သည်။ ထို့နောက်သူကပြောသည်။
“ဟုတ်တယ်..ရွှမ်းယွမ်မြို့မှာ ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ရှိတယ်.. ဒါပေမဲ့ သခင်လေးဖုန့်ရဲ့လက်ရှိ တိုက်ပွဲဝင်စွမ်းအားနဲ့ ကျင့်ကြံမှုနယ်ပယ်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ကိုပြန်ရောက်လာတဲ့အချက်အရဆိုရင် ရွှမ်းယွမ်ချန်ယွင်တောင်သခင်လေးကို မကိုင်တွယ်နိုင်တာ ယွမ်ကျင်းကိုကိုင်တွယ်ဖို့က သခင်လေးအတွက်ပြဿနာတစ်ခုမဟုတ်ဘူး”
“ဒါပေါ့”
လောချင်းချွမ်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကသွားပေါ်အောင်ရယ်လိုက်ပြီး ပြောလိုက်သည်။
“ဒါပေမဲ့ ရွှမ်းယွမ်ချန်ယွင်က အဲ့တာကို မသိဘူး. ဒီသခင်လေးကကြယ်ငါးပွင့်ဧကရာဇ်
နယ်ပယ်ပဲရှိပြီးတော့ ဒီသခင်လေးကိုဖိနှိပ်ဖို့အတွက် ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်က လုံလောက်တာထက်ကိုပိုတယ်လို့သူထင်နေမှာ”
ဟားဟား..ချင်းချွမ် .တို့တွေဒီကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်ကိုသတ်ပြီးသွားရင် ရွှမ်းယွမ်မြို့ထဲကို ထပ်ပြီးခိုးဝင်ဖို့မလိုတာဖြစ်ကောင်းဖြစ်လောက်တယ်.. အဲ့အချိန်ကျရင် တို့တွေရဲ့စစ်တပ်ကိုတိုက်ရိုက်ဦးဆောင်ပြီး
လမ်းမှာရှုပ်တဲ့သူအကုန်သတ်သွားမယ်..
ဒီသခင်လေးကိုယ်တိုင်ရွှမ်းယွမ်ချန်ယွင်ကိုသတ်မယ်”
“ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်.ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်”
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် လောချင်းချွမ်က ရှစ်ဖုန့်၏စကားတို့အတိုင်းချက်ချင်းပြန်တုန့်ပြန်လိုက်သည်။ သူကဟက်ဟက်ပက်ပက်ရယ်မောပြီးပြောလိုက်၏။
“ဒီကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်ကိုဝါး
မျိုပြီးသွားရင် သခင်လေးဖုန့်တော့ ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်ကိုဝင်တော့မှာပဲ”
“အင်း”
ရှစ်ဖုန့်က ဝင့်ကြွားစွာပြောလိုက်သည်။
ထို့နောက်လောချင်းချွမ်က လှည့်လိုက်ပြီး သူ့နောက်ရှိများစွာသောရွှေရောင်ချပ်ဝတ်စစ်သည်များကိုပြောလိုက်သည်။
“ရွှမ်းယွမ်မြို့နဲ့အခြားဘက်ခြမ်းကတပ်ဖွဲ့တွေရဲ့ လှုပ်ရှားတွေကို ပိုပြီးနီးနီးကပ်ကပ်အာရုံစိုက်နိုင်ဖို့ လူတွေထပ်ပြီးစေလွှတ်ထား. ဘယ်သူက အမိန့်ပေးတဲ့သူလဲဆိုတာကိုရှာ.. အဲ့လိုမှမဟုတ်.. အကယ်၍ရွှမ်းယွမ်ချန်ယွင်မြို့ထဲကထက်ခွာလာတယ်ဆိုရင် မြန်မြန်ပြန်ပြီးသတင်းပို့ကြ”
“ဟုတ်”
သူ၏လက်အောက်၌ကျွမ်းကျင်သူများစွာရှိသောကြောင့်ရွှမ်းယွမ်ချန်ယွင်ကိုယ်တိုင်မြို့ထဲမှမခွာဟု ရှစ်ဖုန့်ကခန့်မှန်းခဲ့သော်လည်း လုံခြုံမှုရှိရန်အတွက်အလို့ငှာ သူတို့အနေဖြင့် ဂရုမထားဘဲနေ၍မရပေ။
ရွှမ်းယွမ်မြို့အပြင်ဘက်တွင် များစွာသော မြို့များမှစစ်သည်များလာရောက်တွေ့ဆုံရန်အတွက် အချိန်သိပ်မကြာလိုက်ပေ။ တစ်ချက်ကြည့်ရုံဖြင့် သတ်မှတ်ထားသည့်တိုက်ပွဲချပ်ဝတ်တို့ကိုဝတ်ဆင်ထားသည့်ဗိုလ်ချုပ်စုစုပေါင်းသုံးဆယ်ကျော်သည်မြင်တွေ့နိုင်သည်ဖြစ်သည်။
ဤစစ်တပ်ကြီး၏ စစ်သည်ပေါင်းသုံးသိန်းအား လူတစ်ယောက်တည်းက ဦးဆောင်မှုပြုလုပ်ခြင်းဖြစ်၏။ ဤလူမှာ ရွှမ်းယွမ်မြို့၏ စစ်သူကြီး ယွမ်ကျင်းပင်ဖြစ်သည်။
ယွမ်ကျင်းကကောင်းကင်ထဲ၌ဝင့်ကြွား
စွာရပ်နေပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။ သူ၏ခံ့ညားသောမျက်နှာထက်တွင် ပျော်ရွှင်မှု သို့မဟုတ်ဝမ်းနည်းမှုအလျဉ်းရှိမနေပေ။
ထို့နောက်ယွမ်ကျင်းကအော်ပြောလိုက်သည်။
“အားလုံးပဲ. တစ်မီတာရှည်တဲ့ ရှည်လျားသောမြွေအခင်းအကျင်းကို ခင်းကျင်းပြီး သစ္စာဖောက်တွေကိုရှာဖို့အတွက် ဒီစစ်သူကြီးနောက်ကိုလိုက်ခဲ့ကြ.. အကယ်၍ သစ္စာဖောက်ဘယ်သူ့ကိုမဆိုမင်းတို့တွေ့ရင် ချက်ချင်းအချက်ပြကြ”
“ဟုတ်ကဲ့”
စစ်သည်သုံးသိန်းကျော်က ပြိုင်တူ ပြန်တုန့်ပြန်လိုက်ကြသည်။ ဤအော်သံ၏အောက်၌ မြေပြင်ပင်တုန်ခါသွားသည်။
“ချီတက်ကြ”
ယွမ်ကျင်းကသူ၏လက်ထဲမှရွှေရောင်လှံအားရှေ့သို့ထိုးညွှန်လိုက်သည်။ ယွမ်ကျင်း၏အော်သံအောက်တွင် စစ်သည်သုံးသိန်းကျော်က ခမ်းနားကြီးကျယ်သောအသွင်အပြင်တစ်ခုဖြင့်ရှေ့သို့ချီတက်နေကြသည်။
တလိပ်လိပ်ထနေသောဒီရေလှိုင်းလုံးတစ်ခုကဲ့သို့ ရှေ့သို့တလိပ်လိပ်ချီတက်နေပြီး မြေပြင်ကိုပင်ထပ်မံပြင်းထန်စွာတုန်ခါ
စေပြန်သည်။
စာဖောက်နှစ်ကောင်..ဒီတစ်ကြိမ် မင်းတို့ကို ဒီစစ်သူကြီးကိုယ်တိုင် ကိုယ့်လက်နဲ့ကိုယ်တိုင်ကိုယ်ကျသတ်ပစ်မယ်”
ဆက်ရန်………
ဘာသာပြန်သူ-ARISE