← Chapters

အခန်း (၈၂၈)

Vol. 56 Ch. 828

အခန်း (၈၂၈)

Vol. 56 Ch. 828

အမည်မသိဒေသ၏ လွင်ပြင်တစ်ခုအတွင်း၌လောချင်းချွမ်တစ်‌ယောက် များစွာသောသူလျှိုများထံမှ တင်ပြချက်များကိုလက်ခံရရှိပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“သခင်လေးဖုန့် သခင်လေး မျှော်လင့်ထားတဲ့တိုင်းပဲ…ရွှမ်းယွမ်မြို့ရဲ့စစ်သည်တွေအားလုံးက အတူတကွစုစည်းနေကြပါတယ်.. စုစုပေါင်းသုံးသိန်းကျော်ပြီး သူတို့ကို ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ် စစ်သူကြီး ယွမ်ကျင်းတစ်ယောက်တည်းက ဦးဆောင်တာပါ”

“ဒီအချိန် ယွမ်ကျင်းရဲ့အမိန့်အောက်က လူပေါင်းသုံးသိန်းကျော်က ကျွန်တော်တို့ကိုရှာဖွေနေတယ်.. ကျွန်တော်တို့နောက်ထပ်ဘာလုပ်ကြမလဲ. သခင်လေးဖုန့် ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုအမိန့်ပေးပါ”

“ဒါဆိုတို့တွေသူတို့အလာကို ဒီမှာပဲစောင့်တာပေါ့.. တို့တွေဖွဲ့စည်းပုံကိုရိုတ်သိမ်းပြီး သူတို့နဲ့တိုက်မယ်.ယွမ်ကျင်းကိုသတ်မယ်..”

ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။

ဤဧရိယာတွင် သူနှင့်သူ၏စစ်သည်ခြောက်သောင်းကျော်အား

ဖုံးကွယ်ထားရန်အတွက် စိတ်လှည့်စားမှုအစီအရင်တစ်ခုကိုရှစ်ဖုန့်ကခင်းကျင်းထားခဲ့သည်။ အကယ်၍တစ်စုံတစ်ယောက်ကဤဒေသအား

ကြည့်မည်ဆိုလျှင် ၎င်းကလူသားလက္ခဏာတစ်စွန်းတစ်စမျှရှိမနေသော ကျက်တီးလွင်ပြင်ဒေသကြီးတစ်ခုဖြစ်နေလိမ့်မည်ဖြစ်သည်။

ထိုသို့သာမဟုတ်ခဲ့ပါက သူတို့မည်မျှပင်ပုန်းဖို့ကြိုးစားပါစေ အခြားတစ်ဖက်က သူတို့အား ရှာတွေ့လိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က စောင့်ဆိုင်းရန်အမိန့်ပေးထားခဲ့သောကြောင့် စစ်သည်ခြောက်သောင်းနှင့် လောချင်းချွမ်တို့က ရှစ်ဖုန့်နှင့်အတူဆိတ်ငြိမ်စွာစောင့်ဆိုင်းနေကြသည်။

ရုတ်ခြည်းဤဒေသတစ်ခုလုံးက ပုံမှန်မဟုတ်စွာ ငြိမ်သက်လာသည။ မုန်တိုင်းတစ်ခု လာနေသကဲ့သို့ အရမ်းကိုဆိတ်ငြိမ်ကျသွားခြင်းဖြစ်သည်။ ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ အေးစိမ့်သောအော်ရာတစ်ခုပင်ရှိနေသည်။

အချိန်တို့ကားဖြည်းညှင်းစွာကုန်ဆုံးသွားသည်။

“ဝုန်း.ဝုန်း.ဝုန်း..ဝုန်း”

ရုတ်တရက် ရှေ့ဘက်မှ တုန်ခါမှုတိုက်ဆက်တိုက်ဖြစ်ပေါ်လာပြီး မြေပြင်ပင်စတင်လှုပ်ခတ်လာသည်။

“နောက်ဆုံးတော့ သူတို့ဒီကိုရောက်လာပြီ”

ရှစ်ဖုန့်၏ဘေး၌ရပ်နေသော လောချင်းချွမ်က ပျော့ပျောင်းစွာပြောလိုက်သည်။

“သူတို့ရောက်လာကြပြီပဲ”

ရှစ်ဖုန့်ကလည်း တီးတိုးရေရွတ်လိုက်သည်။ သူ၏အကြည့်က သူ၏ရှေ့သို့ရေပြင်ညီအတိုင်းကျရောက်သွားသည်။ ထို့နောက်လိုက်ပါ၍ များစွာသောရွှေရောင်ပုံရိပ်များကဒီရေလှိုင်းလုံးကဲ့သို့ထွက်ပေါ်လာပြီး ဤဦးတည်ဘက်ခြမ်းသို့ တစ်ဟုန်ထိုးအပြင်းနှင်လာနေသည်။

“တိုက်ကြ”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။

“တိုက်”ဟူသောစကားလုံးက ကောင်းကင်ယံသိုထိုးတက်သွားပြီး ကောင်းကင်နှင့်မြေကြီးကြားထဲ၌ရိုက်ခက်သွားကာ သူ့နောက်ရှိလူတိုင်းအားနားထဲသို့ဝင်ရောက်သွားသည်။

ထို့နောက်ရှစ်ဖုန့်၏လက်တို့က လေထဲ၌လှုပ်ရှားလိုက်ပြီး ရှစ်ဖုန့်ကြောင့် စိတ်လှည့်စားမှုအစီအရင်က ကျိုးပျက်သွားသည်။

“သတ်.သတ်ကြ..သတ်ကြ..သတ်”

ရှစ်ဖုန့်၏နောက်ဘက်ရှိ စစ်သည်ခြောက်သောင်းကလည်း ကြုံးဝါးလိုက်ကြသည်။ ထို့နောက် လောချင်းချွမ်၏ဦးဆောင်မှုအောက်တွင် သူတို့က သူတို့၏ရှေ့၌ပေါ်လာသော ရွှမ်းယွမ်စစ်တပ်ထံသို့အပြင်းချီတက်သွားကြသည်။

သူတို့၏စိတ်ထဲ၌လက်သင့်မခံချင်သော်လည်း ၎င်းတို့ကြားထဲ၌ညီအကိုများ၊ရဲဘော်ရဲဘက်များပါရှိနေသော်လည်း ၎င်းနတ်ဆိုး၏ထိန်းချုပ်မှုအောက်တွင် ၎င်း၏အမိန့်အားမနာခံရဲဘဲမနေရဲကြချေ။

မည်သူမျှ သေသည်ထက်ဆိုးရွားလှသော ညှင်းပန်းနှိပ်စက်မှုမျိုးကို တွေ့ကြုံခံစားလိုခြင်းမရှိပေ။

“သတ်”

“သတ်ကြ”

“သတ်”

“သတ်”

အော်သံများနှင့်ကြုံးဝါးသံများက ကောင်းကင်တစ်ခွင်ကိုပင်လှုပ်ခတ်သွားသည်။

ရွှမ်းယွမ်စစ်တပ်၏အထက်၌ဝင့်ကြွားစွာရပ်နေသော စစ်သူကြီးယွမ်ကျင်းကပတ်ဝန်းကျင်သို့အေး

စက်စွာကြည့်လိုက်ပြီး သူ့ရှေ့ရှိ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်နှင့် ကြယ်းလေးပွင့်ဧကရာဇ်နယ်ပယ်ပုန်ကန်ခြားနားသူတို့အားလျှင်မြန်စွာ တွေ့ရှိသွားသည်။

သူ့နေဖြင့် စစ်သည်ခြောက်သောင်းအားပြန်လည်ရရှိလိုလျှင် ထိုဦးဆောင်သူနှစ်ဦးအား သတ်ဖို့သာလိုသည်ဖြစ်သည်။

အောက်ဘက်တွင် ရွှေရောင် စီးကြောင်းနှစ်ခုတို့က တစ်ဖက်နှင့်တစ်ဖက်အပြင်းချီတက်လာပြီး သံမဏိလက်နှစ်ဖက်ကဲ့သို့ ပြင်းထန်စွာထိပ်တိုက်တွေ့သွားကြသည်။ သို့သော်ယွမ်ကျင်းမှာ အောက်ဘက်ရှိ စစ်မြေပြင်အားထပ်မံစိတ်ဝင်စားခြင်းမရှိပေ။

ယခုဓားပြခေါင်းဆောင်နှစ်ဦးအား ရှာတွေ့ပြီဖြစ်သောကြောင့် တိုက်ပွဲကအဆုံးသတ်သို့ရောက်ရှိလာပြီဖြစ်သည်။

ယွမ်ကျင်း၏ကိုယ်ကလှုပ်ရှားသွားပြီး ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်လူငယ်ထံသို့ဦးတည်လိုက်သည်။

“အမ်”

ပျံသန်းနေရင်းလမ်းတစ်ဝက်အ‌ရောက်တွင် ယွမ်ကျင်းရုတ်တရက်အံ့အားသင့်စွာ အာမေဋိတ်ပြုလိုက်သည်။ ပုန်ကန်သူခေါင်းဆောင်နှစ်ဦးက သူကစစ်တပ်အားဦးဆောင်လာသည်ကို တွေ့သောအခါတွင် ထွက်ပြေးခြင်းမရှိပေ။ ထိုအစား ၎င်းက ယွမ်ကျင်းထံသို့သေရန် ပျံသန်းလာသည်။

“ဟမ့်”

ဤသည်အားမြင်လိုက်ရသောအခါတွင် ယွမ်ကျင်းက သရော်လိုက်သည်။ မူလက သူ့အနေဖြင့်ကြောင်နှင့်ကြွက်ကစားပွဲကိုကစားလိုခဲ့သည်။ လူငယ်ထွက်ပြေးသည်ကို မြင်လိုပြီးထို့နောက်မှသာသူကလိုက်ဖမ်းလိုသည်။ထို့‌နောက် သူကလူငယ်၏ထိတ်လန့်ကြောက်ရွံ့တုန်လှုပ်စွာဖြင့် သူ့အား သနားညှာတာပေးရန်တောင်းပန်ခယမှုကိုတဝကြီးရှုစားမည်ဖြစ်သည်။

သို့သော်ဤအချိန်တွင်လူငယ်က တကယ်ကြီးယွမ်ကျင်းသတ်ရန်အတွက်သူ့ကိုယ်သူ လာ‌ရောက်ပို့ပေးနေသည်။ ကြယ်လေးပွင့်ဧကရာဇ်နယ်ပယ်ကလည်း

ထွက်ပြေးခြင်းမရှိပေ။ ထိုစား သူ၏စစ်တပ်ကိုဦးဆောင်ပြီး ရွှမ်းယွမ်စစ်တပ်ထံသို့ဦးတည်နေသည်။

“ဒါလည်းကောင်းတာပဲ.ငါ့ကို အချိန်ကုန်သက်သာစေတာပေါ့..ဒီကြွက်ကို

ကိုင်တွယ်ပြီးရင် နောက်ထပ်ပမွှားတစ်ယောက်ကို ငါကိုင်တွယ်မယ်”

ယွမ်ကျင်းကဆက်လက်လှောင်ပြောင်ပြော

လိုက်သည်။

ရှစ်ဖုန့်ကလည်း ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်ကိုကြည့်၍ သရော်လိုက်သည်။ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်အား ဖောက်ထွက်ရန်သူ့အတွက်အရာတစ်ခုအားမြင်တွေ့ရသကဲ့သို့လက္ခဏာမျိုးပင်ဖြစ်သည်။

ယွမ်ကျင်းထံသို့သူပျံသန်းသွားသောအခါတွင် ကြီးမားသောသွေးနီရောင်အလင်းကြီးက ရှစ်ဖုန့်၏နောက်မှလင်းလက်လာသည။ သူက ယင်အလောင်းကောင်နှစ်ထောင့်ခြောက်ရာလုံးကို ထုတ်လိုက်ပြီး၎င်းတို့က သားရဲရိုင်းများကဲ့သို့အော်ဟစ်နေကြသည်။

ရှစ်ဖုန့်ကအလောင်းတစ်သောင်းအစီအရင်အား

လျှင်မြန်စွာခင်းကျင်းလိုက်သည်။ သူ၏ဘယ်လက်၌ငွေရောင်အလင်းတစ်ခုလင်းလက်လာပြီး ကြီးမားသောငွေရောင်တံစဉ်တစ်ခုက ရှစ်ဖုန့်၏လက်ထဲ၌ပေါ်လာသည်။

ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်တွင် သူ၏ကိုယ်အတွင်းမှစွမ်းအင်နှင့်အလောင်း

တစ်သောင်းအစီအရင်မှစွမ်းအင်တို့အား ငွေရောင်တံစဉ်အတွင်းသို့လျှင်မြန်စွာသွန်းလောင်းလိုက်သည်။

ရှစ်ဖုန့်၏လက်အတွင်းငွေ‌ရောင်တံစဉ်မှာ တုန်ခါနေသည်။

“ကောင်းကင်ရွှေမြွေသတ်ဖြတ်ခြင်း”

ယွမ်ကျင်းနှင့်ရှစ်ဖုန့်တို့နီးကပ်လာသောအခါတွင်စစ်သူကြီးယွမ်ကျင်းက ကြုံးဝါးလိုက်သည်။ရွှေရောင်အလင်းကိုကိုယ်

စားပြုသော သူ၏ရွှေ‌ရောင်လှံကပေါက်ကွဲပစ်လွှတ်သလိုထွက်သွားသည်။ ၎င်းက ယွမ်ကျင်း၏လက်ထဲမှ ရှစ်ဖုန့်ထံသို့ထိုးဖောက်ဝင်‌ရောက်သွားသည်။

ယမ်ကျင်းကတိုက်ခိုက်သောအခါတွင် တကယ်ကြီး အားအကောင်းဆုံးသတ်ဖြတ်ခြင်းလှုပ်ရှားမှုဖြစ်သော ကောင်းကင်ရွှေမြွေသတ်ဖြတ်ခြင်းကို အသုံးပြုခဲ့သည်။ သူ့အနေဖြင့် ဝရမ်းပြေးကို ဤတိုက်ခိုက်မှုဖြင့်သတ်ပစ်ချင်ပုံရသည်။

ရှစ်ဖုန့်ထံသို့ ရွှေရောင်အလင်းကိုကိုယ်စားပြုသောရွှေရောင်

လှံကပေါက်ကွဲပစ်လွှတ်သလိုထွက်လာချိန်တွင် ဧရာမရွှေရောင်မြွေရိပ်ကြီးတစ်ခုလည်းပေါ်လာသ်ည။ အာရာအားလုံးအား ဝါးမျိုနိုင်စွမ်းရှိသကဲသို့ ဒေါသတကြီးဟိန်းဟောက်ကာ ၎င်း၏ပါးစပ်ကြီးကိုဖွင့်ဟထားသည်။

“ခုတ်ပိုင်းစမ်း”

ဤအချိန်တွင် အောက်ဘက်ရှိရှစ်ဖုန့်က လည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ယွမ်ကျင်း၏ ကောင်းကင်ရွှေမြွေသတ်ဖြတ်ခြင်းကိုရင်ဆိုင်ရသောလည်း ရှစ်ဖုန့်က ဆုတ်ခွာခြင်းမရှိပေ။ ထိုအစား ဧရာမရွှေရောင်မြွေရိပ်ကြီးရှိရာသို့ဦးတည်လိုက်သည်။

သူ၏လက်ထဲရှိငွေရောင်တံစဉ်အားမြှောက်ကာ ဧရာမမြွေကြီး၏ဦးခေါင်းရှိရာသို့ ပြင်းထန်စွာခုတ်ပိုင်းလိုက်သည်။

“ဝုန်း”

ပြင်ထန်သောမြည်ဟိန်းသံတစ်ခုက ရုတ်ခြည်းထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ရုတ်တရက်ခုတ်ပိုင်းချက်အောက်တွင် လွန်စွာကြီးမားသော ရွှေရောင်မြွေအရိပ်ကြီးမှာ ရှစ်ဖုန့်ကြောင့် ရုတ်ခြည်းအစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ ၎င်းက ကြမ်းတမ်းပြင်းထန်သော စွမ်းအင်အဖြစ်သို့ပြောင်းလဲသွားပြီး ဦးတည်ချက်ပေါင်းစုံသို့ ဖရိုဖရဲဆက်လက်ပျံ့နှံ့သွားသည်။

ရှစ်ဖုန့်၏ အမူအယာက ပြောင်းလဲခြင်းမရှိဘဲ ပြင်းထန်သောစွမ်းအင်တို့အလယ်တွင်ရပ်နေသကဲ့သို့ စွမ်းအင်များကသူ့အားတိုက်ခိုက်လာခြင်းကိုလည်းခွင့်ပြုထား၏။ ကောင်းကင်ရွှေမြွေမှာသတ်ဖြတ်ခြင်းမှာ ကျိုးပျက်သွားခဲ့ပြီဖြစ်၏။ ယခုစွမ်းအင်က ယခင်ကနှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိတော့ပေ။ ရှစ်ဖုန့်၏လက်ရှိကာယခန္ဓာ၏ ခုခံနိုင်စွမ်းဖြင့် ၎င်းက သူ့အားလုံးဝထိခိုက်စေခြင်းမရှိပေ။

“ကောင်းကင်ရွှေမြွေသတ်ဖြတ်ခြင်းက တကယ်ကြီးကျိုးပျက်သွားတယ်”

အခြားတစ်ဖက်တွင် ‌ရှေ့သို့ကြည့်နေသော ယွမ်ကျင်းမှာ မယုံကြည်နိုင်မှုတို့ဖြင့် လွန်စွာတုန်လှုပ်အံ့အားသင့်နေသည်။ သူ၏အစွမ်းကုန်တိုက်ခိုက်မှုဖြစ်သော ကောင်းကင်ရွှေမြွေသတ်ဖြတ်ခြင်းက ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်လူငယ်တစ်‌ယောက်ကြောင့်တကယ်ကြီး ကျိုးပျက်သွားခဲ့သည်။

သူက ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ဖြစ်၏။

ယွမ်ကျင်းသည်သာမကဘဲ ထျန်းဟန်တိုက်ကြီးအတွင်းရှိ ရှစ်ဖုန့်၏သရုပ်မှန်အားမသိသည့်မည်သူမဆို ဤမြင်ကွင်းအားမြင်တွေ့သောအခါတွင် တုန်လှုပ်အံ့အားသင့်ကြပြီး မယုံကြည်နိုင်ဖြစ်ကြလိမ့်မည်ဖြစ်သည်။

ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်တစ်ဦးက ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏တိုက်ခိုက်မှုကို ချိုးဖျက်ခဲ့ခြင်းဖြစ်သည်။ ဤသည်ကား သိုင်းတာအို၏ ယေဘုယျအမြင်ကို ဆန့်ကျင်နေခြင်းဖြစ်သည်။

“မင်းတုန်လှုပ်နေပြီလား”

ရှစ်ဖုန့်က ရှေ့သို့အေးစက်စွာကြည့်လိုက်သည်။ သူက စစ်သူကြီးယွမ်ကျင်းကို ကြည့်၍ အေးစက်စွာပြောလိုက်၏။

“ဒီလောက်နဲ့မင်းက အရမ်းကိုတုန်လှုပ်အံ့အားသင့်နေပြီ. အရင်တုံးက ဒီသခင်လေး ရွှမ်းယွမ်ဝူမင်ကိုသတ်ခဲ့တုံးကဆိုရင် ထျန်းဟန်တိုက်ကြီးတစ်ခုလုံး တုန်လှုပ်အံ့အားသင့်သွားတာ. အဲ့အချိန်တုံးက မင်းဘာကောင်လဲဆိုတာတောင် ဒီသခင်လေးမသိသေးဘူး”

ရှစ်ဖုန့်ကစကားပြောနေသကဲ့သို့ သူ၏ရပ်နေသောပုံရိပ်က ရုတ်ခြည်း ရှေ့သို့ထပ်မံဦးတည်လိုက်သည်။

“သတ်..ရွှမ်းယွမ်ဝူမင်ကို သတ်တယ်”

ရှစ်ဖုန့်၏ စကားတို့အား ကြားလိုက်ရသောအခါတွင် သူပို၍ တုန်လှုပ်သွားသည်။ ထိုအချိန်က ရွှမ်းယွမ်မြို့အပေါ်တွင် သူ၏ သစ္စာတရားကို ကတိကဝတ်ပြုထားခဲ့ခြင်းမရှိသေးသော်လည်း သူကရွှမ်းယွမ်မြို့၌ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သောကြောင့် ဤကိစ္စကိုသူ ကြားဖူးသည်ဖြစ်သည်။

ရွှမ်းယွမ်ဝူမင်အားထိုအချိန်ကသတ်ဖြတ်ခဲ့သည့်သူမှာ ငရဲဘုံကိုးခုဧကရာဇ် ယိုမင်ပင်ဖြစ်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters