← Chapters

အခန်း (၈၂၉)

Vol. 56 Ch. 829

အခန်း (၈၂၉)

Vol. 56 Ch. 829

“မင်း.မင်းကယိုမင်လား.ငရဲဘုံကိုးခု ဧကရာဇ် ယိုမင်လား..မဟုတ်တာ. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”

ထိုလူငယ်က ၎င်း၏ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ခွန်အားကိုအသုံးပြု၍ သူ၏အစွမ်းကုန်ထည့်သွင်းတိုက်ခိုက်မှုကို ချိုးဖျက်ခဲ့ပြီး၎င်းကရွှမ်းယွမ်ဝူမင်အား

သတ်ခဲ့သည်ဟု ပြောဆိုနေ၏။

လက်ထဲ၌ကြီးမားသော ငွေရောင်တံစဉ်ကြီးကိုကိုင်ထားပြီး သူ့ထံသို့တစ်ဟုန်ထိုးပျံသန်းလာနေသော ထိုပုံရိပ်ကိုကြည့်၍ ယွမ်ကျင်း၏မျက်နှာထက်တွင်တုန်လှုပ်

အံ့အားသင့်မှုတို့ဖြင့်ပြည့်နှက်နေသည်။

ငရဲဘုံကိုးခုဧကရာဇ်ယိုမင်က ရွှမ်းယွမ်မြို့၏အရှင်သခင်ဖြစ်သောရွှမ်းယွမ်ဝူမင်ကိုသတ်ခဲ့သည်။ ဤသည်ကားဤကမ္ဘာရှိလူအားသိသောအရာဖြစ်၏။

ထို့နောက်ချက်ချင်း ယွမ်ကျင်းလှုပ်ခါသွားပြီး သူ၏မျက်နှာထက်ရှိ တုန်လှုပ်အံ့အားသင့်မှုကလည်း ပျောက်ကွယ်သွားသည်။ ထိုအစား စိတ်ပိုင်းဖြတ်မှုနှင့် သူ၏အတိတ်က ခမ်းနားထည်ဝါမှုတို့က ပေါ်လာသည်။ သူက အော်ဟစ်ပြောလိုက်သည်။

“မင်းဘယ်သူလဲဆိုတာကို ငါဂရုမစိုက်ဘူး .. အကယ်၍မင်းကတကယ်ပဲ ငရဲဘုံကိုးခုဧကရာဇ်ဖြစ်နေတယ်ဆိုရင်တောင် အဲ့တော့ဘာဖြစ်လဲ ..ငါ့ရဲ့ရွှမ်းယွမ်မြို့ကိုဆန့်ကျင်တဲ့ ဘယ်သူမဆို သေရလိမ့်မယ်”

သူကကြုံးဝါးအော်ဟစ်လိုက်သကဲ့သို့ ယွမ်းကျင်း၏ကိုယ်မှ ရွှေရောင်အလင်းတန်းတစ်ခုက ရွှတ်ခနဲထွက်လာပြီး ကောင်းကင်ထဲသို့ထိုးတက်သွားသည်။ ရွှေရောင်အလင်းတန်းက ယွမ်ကျင်း၏ ကိုယ်ကို လုံးဝလွှမ်းခြုံသွားပြီး ကောင်းကင်အား ထွင်းဖောက်နိုင်သော ကြီးမားသည့် ရွှေ‌ရောင်လှံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“အန္တိမ သတ်ဖြတ်ခြင်းနည်းစနစ်.. ကောင်းကင်ထွင်းဖောက် နတ်ဘုရားလှံ “

ဤအခိုက်အတန့်တွင် ရွှေရောင်အလင်းတန်းအတွင်းမှ စစ်သူကြီးယွမ်ကျင်း၏ ခက်ထန်သောကြုံးဝါးသံကထွက်ပေါ်လာသည်။ ထို့နောက်ချက်ချင်း ဧရာမရွှေရောင်လှံကြီးက ကောင်းကင်ထဲသို့ထိုးတက်သွားပြီး

ရုတ်တရက်ပြောင်းပြန်ဖြစ်သွားသည်။ လှံ၏ထိပ်ဖျားက အောက်သို့ထိုးစိုက်ထား၏။ ရုတခြည်းလှံက သူထံသို့ပျံသန်းလာနေသော ရှစ်ဖုန့်အားလွှမ်းခြုံသွားပြီး ၎င်းအား အဆက်မပြတ်တိုက်ခိုက်လိုက်သည်။

ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်ယွမ်ကျင်းက သူ၏အန္တိမသတ်ဖြတ်ခြင်းနည်းစနစ်ဖြစ်သော ကောင်းကင်ထွင်းဖောက်နတ်ဘုရားလှံကို သုံးလိုက်သည်။ တိုက်ခိုက်မှု၌ပါဝင်သောစွမ်းအားတို့က ကောင်းကင်အားဖျက်ဆီးပစ်နိုင်သည့်စွမ်းအားတို့ပါရှိပုံရ၏။

ရှစ်ဖုန့်၏ပျံသန်းနေသောပုံရိပ်က ရပ်တန့်ပြီးဖြစ်သည်။ သူ၏ခေါင်းကိုမော့လိုက်ပြီး သူ့ထံသို့ပြင်းထန်စွာတိုက်ခိုက်ကျဆင်းလာသောဧရာမ‌ရွှေရောင်လှံကြီးကိုကြည့်လိုက်သည်။ သူကသရော်၍ပြောလိုက်၏။

“မင်းကနောက်ဆုံးရုန်းကန်မှုကိုတောင်လုပ်နေပြီလား.ဒီသခင်လေးကမင်းရဲ့အရင်တိုက်ခိုက်

မှုကိုတောင်ချိုးဖျက်နိုင်မှတော့ ဒီတိုက်ခိုက်မှုကိုလည်းချိုးဖျက်နိုင်စွမ်းရှိတယ်”

စကားပြောနေသကဲ့သို့ ရှစ်ဖုန့်၏ပုံရိပ်ကလည်းကောင်းကင်ထဲသို့ထိုးတက်သွားသည်။ ဧရာမရွှေရောင်လှံကြီးနှင့်သူနီးကပ်လာသောအခါတွင်သူ၏လက်ထဲရှိငွေရောင်တံစဉ်အား အပေါ်သို့လှန်ခုတ်လိုက်၏။

“ဝုန်း”

နောက်တစ်ကြိမ် ကောင်းကင်ထဲ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာသည်။ ငွေရောင်တံစဉ်နှင့် ဧရာမ‌ရွှေရောင်လှံကြီးတို့က ပြင်းထန်စွာပစ်ဆောင့်သွားပြီး ကောင်းကင်နှင့်မြေပြင်အား တုန်ခါသွားစေသည်။

အောက်ဘက်ရှိစစ်မြေပြင်ပင် အပေါ်ဘက်မှတိုက်ပွဲ၏သက်ရောက်မှုကိုခံလိုက်ရသည်။ နှစ်ဖက်သောရန်သူတို့ကမြေပြင်ထက်တွင်ပြင်းထန်စွာတိုက်ခိုက်နေသကဲ့သို့ မြေငလျှင်တစ်ခုကလည်းဖြစ်ပေါ်လာသည်။

အောက်ဘက်တွင် စစ်တပ်အားဦးဆောင်သောလောချင်းချွမ်မှာ ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ် ဗိုလ်ချုပ်တစ်ဦးနှင့်ရင်ဆိုင်နေသည်။

“ဒါ..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ. ငါယွမ်ကျင်းကတကယ်ကြီးရှုံးနိမ့်သွားတာလား.ငါကကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်ကိုရှုံးနိမ့်တယ်.ငါ..ယွမ်ကျင်း..ဒါကို လက်သ့င်မခံနိုင်ဘူး”

ထို့နောက်မကြာခင် လက်သင့်မခံနိုင်မှုတို့ပြည့်နှက်နေသော စစ်သူကြီးယွမ်ကျင်း၏ဒေါသတကြီး အော်ဟစ်သံက ကောင်းကင်အားရိုက်ခတ်သွားသည်။

“စစ်သူကြီးရှုံးသွားပြီ”

“စစ်သူကြီးကရှုံးနိမ့်သွားပြီ”

ဒေါသတကြီးအော်ဟစ်သံအား

ကြားသောအခါတွင် အောက်ဘက်ရှိပြင်းထန်သောတိုက်ပွဲမှာ

ရုတ်ခြည်းရပ်သွားသည်။ အားလုံးက ခေါင်းကိုမော့ကြည့်လိုက်၏။ ရှစ်ဖုန့်၏ရွှေရောင်ချပ်ဝတ်စစ်သည်များဖြစ်စေ ရွှမ်းယွမ်မြို့မှစစ်သည်များဖြစ်စေ အားလုံးက ကောင်းကင်ထက်သို့မော့ကြည့်နေသကဲ့သို့ ယုံရခက်သောအမူအယာများဖြစ်နေကြသည်။

စစ်သူကြီးယွမ်ကျင်းမှာ ရွှမ်းယွမ်မြို့အောက်ရှိ ကျယ်ပြောလှသော နယ်မြေအတွင်း ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ရွှမ်းယွမ်မြို့၏အရှင်သခင်မှလွဲ၍ မည်သူကမှ၎င်းနှင့်ယှဉ်နိုင်ခြင်းမရှိပေ။ သူတို့၏ နှလုံးသားထဲတွင် ၎င်းက အံ့ဖွယ်ကောင်သောတည်ရှိမှုမျိုးဖြစ်သည်။

“ဒါ.ဒါပေမဲ့. သူကတကယ်ကြီး လက်သင့်မခံနိုင်ကူကယ်ရာမဲ့စွာနဲ့ အောဟစ်ခဲ့တယ်.. ဒါ.ဒါကငါတို့အရင်ကတွေ့ဖူးတဲ့စစ်သူကြီးယွမ်ကျင်းရောဟုတ်ရဲ့လား..သူက အံ့ဖွယ်ကောင်းတဲ့ကျွမ်းကျင်သူရောဟုတ်ရဲ့လား”

ထို့နောက်အားလုံး၏အကြည့်တို့အောက်တွင် ရွှေရောင်လှံက ရုတ်ခြည်းသလင်းကျောက်တို့ကဲ့သို့ကွဲကြေသွားသည်။စုတ်ပျက်နေသော ချပ်ဝတ်နှင့်ရှုပ်ပွနေသော ဆံပင်တို့နှင့်ပုံရိပ်တစ်ခုက ဒူးတစ်ဖက်ထောက်လျက်သားအားလုံး၏ မျက်လုံးထဲ၌ပေါ်လာသည်။

တစ်ချက်ကြည့်ရုံနှင့် သူကပြင်းထန်စွာဒဏ်ရာရထားပြီး တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားကြောင်းကိုအားလုံးသိကြသည်ဖြစ်သည်။

ဤစုတ်ပျက်နေသောပုံရိပ်က စစ်သူကြီးယွမ်ကျင်းပင်ဖြစ်သည်၊။ ဤအချိန်တွင် စုတ်ပျက်နေသောယွမ်ကျင်းမှာ ယင်ခင်ကကဲ့သို့ထည်ဝါသောရွှမ်းယွမ်မြို့

၏စစ်သူကြီးတစ်ဦးဟုတ်မနေတော့ပေ။

“ဟမ့်. မင်းကမင်းကိုယ်မင်းမမှားနိုင်တဲ့လူတစ်ယောက်လို့ထင်နေတယ်. ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ်ဖြစ်တာနဲ့ပဲ ဒီသခင်လေးကိုအနိုင်ယူနိုင်မယ်မင်း

ကထင်နေတယ်. အဆုံးသတ်မှာမင်းကသာဒီသခင်လေးဆီသေခြင်းကိုလာရှာတာပဲ. အခု ဒီသခင်လေးမင်းရဲ့ဆန္ဒကိုဖြည့်ပေးမယ်”

ရှစ်ဖုန့်က အထင်သေးမှုအပြည့်ဖြင့်နှာခေါင်းရှုံ့သရော်လိုက်သည်။ သူ၏ကိုယ်ကပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်းယွမ်ကျင်း၏ရှေ့သို့ရောက်ရှိသွားကာလက်သီးတစ်လုံးကို

ပစ်သွင်းလိုက်သည်။

“ဘန်း”

တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားသောယွမ်ကျင်း၏ဦးခေါင်းမှာရှစ်ဖုန့်၏လက်သီးချက်အောက်၌ ရုတ်ခြည်းပေါက်ကွဲသွားသည်။

စစ်ပွဲကားအရမ်းကိုရက်စက်လှ၏။ မည်သည့်ညှာတာထောက်ထား

မှုမှရှိနေခြင်းမရှိပေ။ လူတစ်ယောက်၌မည်မျှပင် အဆင့်အတန်းတို့ရှိနေပါစေ မည်မျှ အဆင့်မြင့်သောနေရာတစ်ခုကိုရထားပါစေ အနိုင်ရသူကသာဘုရင်ဖြစ်ပြီး ရှုံးနိမ့်သူကတော့အပြစ်သားဖြစ်သည်။

ရှုံးနိမ့်သူအတွက်စောင့်ဆိုင်း

နေသည်ကားသေခြင်းတရား

တစ်ခုတည်းသာရှိ၏။

ရှစ်ဖုန့်၏လက်သီးချက်က ကြယ်ခုနှစ်ပွင့်ဧကရာဇ်နယ်ပယ် ပြိုင်ဘက်ကင်းစစ်သူကြီး ၏အသက်ကိုဇီဝိန်ချုပ်ပေးလိုက်သည်။

“စစ်သူကြီးယွမ်ကျင်းကျဆုံးသွာပြီ”

“သေပြီ.. စစ်သူကြီး.ယွမ်ကျင်. အသတ်ခံလိုက်ရပြီ”.

“စစ်သူကြီးသေသွားပြီ”

“စစ်သူကြီးသေပြီ”

အောက်ရှိလူများမှာ ယွမ်ကျင်း၏ဦးခေါင်းမဲ့ကိုယ်အားမြင်တွေ့လိုက်ရသောအခါတွင် ရုတ်ခြည်းဝမ်းနည်းကြေကွဲစွာဖြင့်အော်ဟစ်လိုက်သည်။ စစ်သူကြီး၏ ကျဆုံးမှုက ရွှမ်းယွမ်မြို့မှစစ်သည်များ၏စိတ်ဓာတ်ကိုလဲပြိုသွားစေသည်။

ရှစ်ဖုန့်ကမြေပြင်ထက်သို့ပြုတ်ကျတော့မည့်ယွမ်ကျင်း၏အလောင်းကို ဆုပ်ကိုင်လိုက်သည်။ရှစ်ဖုန့်၏လက်အတွင်း၌ယွမ်ကျင်း၏ ဦးခေါင်းမဲ့ကိုယ်က လျှင်မြန်စွာရှုံ့တွသွားသည်။

မကြာခင်၎င်းက ခြောက်သွေ့သောအလောင်းတစ်ခုဖြစ်သွား၏။

“ဟမ်”

ယွမ်ကျင်း၏သေခြင်းစွမ်းအင်၊ဝိညာဉ်နှင့်သွေးတို့အားဝါးမျိုပြီးနောက်ရှစ်ဖုန့်က

ရုတ်ခြည်းမျက်မှောင်ကြုတ်လိုက်သည်။ယခင်က သူ့နေဖြင့်ကောင်းကင်မီးတောက်နှင့်

ပေါင်းစပ်ထားသောသူ၏ဒန်တန်ကိုနားလည်မှုလွဲခဲ့သည်။

ဤကဲသို့ ပေါကြွယ်လှသောစွမ်းအင်တို့ကို

ဝါးမျိုပြီးသည့်နောက် သူက အဆင့်ချိုးဖျက်လုဆဲဆဲအခြေအနေသို့သာရောက်ရှိခဲ့၏။

“ကြည့်ရတာ ဒီစစ်ပွဲကိုငါတို့ရပ်လို့မရတဲ့ပုံပဲ”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်ပြီး ဦးခေါင်းမဲ့ပြီးရှုံ့တွနေသောအလောင်းအားဘေးသို့ သာမန်ကာလျှံကာ ပစ်ထုတ်လိုက်ကာ အောက်သို့ကြည့်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က မရေတွက်နိုင်သောသူတို့အားကြောက်ရွံ့တုန်လှုပ်စေသည့် အမိန့်တစ်ခုကိုပေးလိုက်သည်။

“သတ်. .ဒီသခင်လေးအတွက်မညှာမတာသတ်ကြ. ရွှမ်းယွမ်မြို့ရဲ့စစ်သည်သုံးသိန်းကိုသတ်.

ဒီသခင်လေးဘယ်ရှင်ကျန်သူကိုမှမမြင်ချင်ဘူး”

“ရွှမ်းယွမ်မြို့ရဲ့စစ်သည်သုံးသိန်းကိုသတ်.ဒီသခင်လေးဘယ်ရှင်ကျန်သူကိုမှမမြင်ချင်ဘူး”

“ရွှမ်းယွမ်မြို့ရဲ့စစ်သည်သုံးသိန်းကိုသတ်.ဒီသခင်လေးဘယ်ရှင်ကျန်သူကိုမှမမြင်ချင်ဘူး”

သူ၏အသံကအားလုံး၏နားထဲသို့ရိုက်ခတ်သွားသည်။

“သတ်”

ဤအချိန်တွင် လောချင်းချွမ်က ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ဗိုလ်ချုပ်၏ ရင်ဘက်အား သူ၏ဓားလက်ချောင်းဖြင့်ထိုးသွင်းလိုက်သည်။ ထို့နောက်သူကကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“သတ်ကြ.သတ်..သတ်..သတ်ကြ”

တိုက်ပွဲကြွေးကြော်သံတို့ကရုတ်ခြည်း ကောင်းကင်အားဖြတ်သန်းသွားပြီး ကမ္ဘာကြီးအားအဆက်မပြတ်ဖြတ်သန်းရိုက်ခတ်သွားသည်။

လက်နက်များကိုနောက်တစ်ကြိမ်ထပ်အသုံးပြုပြီး ရန်သူ၏ကိုယ်ထဲသို့အညှာ

တာမဲ့ထိုးသွင်းကြသည်။

“သတ်”

ဤအချိန်တွင်ရှစ်ဖုန့်ကလည်း အေးစက်စွာအော်ဟစ်လိုက်သည်။ သူ၏ကိုယ်ကရန်သူများကြားထဲနတ်ဆိုးတစ်ပါးဆင်းသက်လာသကဲ့သို့ ထိုးဆင်းပြီးသူ၏လက်ဝါးကို အောက်သို့ရိုက်ချလိုက်သည်။

အေးစက်သောသွေးနီရောင်မီးတောက်တို့တောက်လောင်နေသည့် ကြီးမားသော လက်ဝါးရိပ်ကြီးတစ်ခုက ရန်သူထံသို့ပေါက်ကွဲကျဆင်းသွားသည်။ စစ်သည်ရာပေါင်းများစွာမှာ ကြီးမားသောလက်ဝါးရိပ်ကြီး ၏ရုတ်ခြည်းဝါးမျိုမှုကိုခံရပြီး ပြင်းထန်သော မီးတောက်အတွင်း၌ပြာအဖြစ်ပြောင်းလဲသွားသည်။

သွေးနီရောင်မီးတောက်တို့က ဤစစ်သည်များအားဝါးမျိုပြီးနောက်ရပ်တန့်ခြင်းမရှိပေ။ ထို့နောက်မကြာခင် ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့ ဦးတည်ချက်အနှံ့ပျံ့နှံ့သွားပြီး တစ်ယောက်ပြီးတစ်ယောက်၏ အသက်အား လောင်ကျွမ်းပြာချပစ်နေသည်။

“အား.အား.အား.အား.အား”

ဤရက်စက်သောတိုက်ပွဲအတွင်း၌ သွေးပျက်ဖွယ်အော်ဟစ်သံများကအဆက်မပြက်ထွက်ပေါ်နေသည်။ အချိန်များကုန်ဆုံးသည်နှင့်အမျှ အသက်များကလည်းအဆက်မ

ပြတ်ဆုံးရှုံးနေသည်။

ရှစ်ဖုန့်ကသေခြင်းတရားအတွင်းရုန်းကန်နေသည့် လူများအား သွေးအေးစွာဖြင့်ငုံ့ကြည့်နေသည်။ သူကလုံးဝဂရိုစိုက်ခြင်းရှိမနေပေ။

ဤသည်ကား စစ်ပွဲပင်ဖြစ်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters